ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မျက်နှာခွဲ စိတ်ပြုပြင်ပြီး မယုံနိုင်အောင် ပြောင်းလဲ သွားကြတဲ့ ကမ္ဘာတစ်ဝှမ်း က အမျိုးသမီးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့ ဘယ်လို ပြောင်းလဲ သွားကြလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Tara Reid
တစ်ချိန်က နာမည်ကြီး ရုပ်ရှင်ကားဖြစ်တဲ့ America Pie ဇာတ်ကားထဲမှာ Vicky အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Tara Reid ကို တော်တော်များများ မှတ်မိကြမယ် ထင်ပါတယ် ။ (၂၀၀၄ ) ခုနှစ်မှာတော့ Reid ဟာ အရေပြား အောက်က အဆီတွေ စုပ်ထုတ်တာနဲ့ ရင်သား အလှကို ခွဲစိတ်ပြုပြင်တာတွေကြောင့် ပိုပြီး နာမည်ကြီးလာပါတော့တယ် ။ အဆိုပါ ရင်သားခွဲစိတ်မှုကြောင့် သူမရဲ့ ရင်သားမှာတော့ အမာရွတ် အနည်းငယ် ထင်ကျန်ခဲ့ပေမယ့် ဒါက သူမကို အနေမခက်စေဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ် ။ Reid ဟာ ( ၂၀၀၆ ) ခုနှစ်မှာတော့ ပလတ်စတစ် ဆာဂျရီ နည်းဖြင့် ပြန်လည် ပြုပြင် ခွဲစိတ်ခဲ့ပြီး ( ၂၀၀၉ ) ခုနှစ်မှာတော့ PlayBoy မဂ္ဂဇင်းရဲ့ သရုပ်ဖော်မျက်နှာမှာ သူမရဲ့ ခွဲစိတ်ပြုပြင်ပြီးသွားတဲ့ အလှဓာတ်ပုံကို ပထမဦးဆုံး အကြိမ် ပြသခဲ့ပါတယ် ။ shwekhitonlinetv.com



၂ ။ Donatella Versace
နာမည်ကြီး Brand တစ်ခုဖြစ်သော Versace ရဲ့ ဒုဥက္ကဌဖြစ်သူ Versace, Donatella ဟာဆိုရင် ( ၁၉၉၀ ) ခုနှစ်တွေထဲက ခွဲစိတ်ပြုပြင်မှု များစွာကို ပြုလုပ်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ အခုလို ခွဲစိတ်မှုတွေ ထဲမှာမှ ထင်ထင်ရှားရှား ပြောင်းလဲ ပြုပြင်ထားတာတွေကတော့ သူမရဲ့ နှာခေါင်း နဲ့ နှုတ်ခမ်းပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် Donatella တစ်ယောက်ကတော့ သူမရဲ့ ခွဲစိတ်ပြုပြင်ထားတာတွေကို လုပ်ခဲ့ပြီးမှ မပျော်မရွှင် ဖြစ်နေရတယ်လို့လည်း ကောလဟာလ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ shwekhitonlinetv.com



၃ ။ CARDI B
နာမည်ကြီး ရက်ပ်ပါ အဆိုတော် တစ်ယောက်ဖြစ်တဲ့ Cardi B ကတော့ (၂၀၁၇ ) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးဦးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ် ။ Cardi B ဟာ သူမရဲ့ ပလတ်စတစ် ဆာဂျရီ အပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပြီး ကလေးမွေးပြီးတဲ့နောက် သူမရဲ့ ခန္ဓာကိုယ်က အဆီတွေကို စုပ်ထုတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ် ။ ဒါ့အပြင် သူမဟာ တစ်ခြားသော ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှုတွေကို အနည်းငယ် ပြုလုပ်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com



၄ ။ Kyle Jenner
နောက်ထပ် နာမည်ကြီ: Celebrity တစ်ယောက်ဖြစ်တဲ့ Kyle Jenner ဟာဆိုရင် အသက် ( ၁၇ ) နှစ်မှာ သူမရဲ့ ပထမဦးဆုံး ပလတ်စတစ် ဆာဂျရီ ပြုလုပ်ခဲ့ပါတယ် ။ ခွဲစိတ်ပြုပြင် လိုက်ပြီးတဲ့ နောက် Kyle ရဲ့ ခန္ဓာကိုယ်ဟာ ထင်မထားလောက်အောင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ် ။ သူမရဲ့ မျက်နှာ အသွင်အပြင်ဟာ လုံး၀ကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့တာဖြစ်ပြီး သူမကို အားပေးကြတဲ့ တစ်ချို့ Fans တွေဟာဆိုရင် Kyle က ပလတ်စတစ်ဆာဂျရီ မလုပ်ထားဘူးလို့တောင် ထင်ရတယ်လို့ လူမှုကွန်ယက်တွေမှာ ပြောကြားခဲ့ပါတယ် ။ shwekhitonlinetv.com



၅ ။ KRIS JENNER
နောက်ထပ် ပြောပြပေးမယ့်သူကတော့ Kardashian/Jenner မိသားစုတွေရဲ့ မိခင်ဖြစ်သူ Kris Jenner ရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ Kris Jenner ဟာဆိုရင် E Channel မှာ ထုတ်လွှင့်ပြသနေတဲ့ သူမတို့ မိသားစု အကြောင်းကို ရိုက်ကူးထားသော “Keeping Up With The Kardashians.” အမည်ရှိ Reality Tv show အစီစဉ်ရဲ့ producer တစ်ယောက်လည်း ဖြစ်ပါတယ် ။ အသက် ( ၆၃ ) နှစ် ရှိပြီဖြစ်တဲ့ Kris Jenner ဟာဆိုရင်လည်း ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှု များစွာကို ပြုလုပ်ခဲ့ပြီး သူမရဲ့ အလှအပကို ယနေ့အချိန်အထိ ထိန်းထားနေဆဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com



၆ ။ Ashlee Simpson
အမေရိကန် လူမျိုး အဆိုတော် ၊ သီချင်းရေးသူ နဲ့ သရုပ်ဆောင် အဖြစ်ပါ လုပ်ကိုင်နေတဲ့ Ashlee Simpson ကတော့ ( ၂၀၀၆ ) ခုနှစ်မှာ သူမရဲ့ နှာခေါင်းကို ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ် ။ ဒါ့အပြင် နောက်ပိုင်း နှစ်တွေမှာ Ashlee ဟာ အသေးစား ခွဲစိတ်ပြုပြင်မှုလေးတွေကို ပြုလုပ်ခဲ့ပြီး ပြောင်းလဲပြီး ချောမောလာတဲ့ သူမ ရဲ ရုပ်ရည်အပေါ် ပရိသတ်တွေက တအံ့တအား ဖြစ်နေကြပါတယ် ။ shwekhitonlinetv.com



၇ ။ Larissa Dos Santos Lima
နာမည်ကြီး အစီအစဉ်တစ်ခု ဖြစ်တဲ့ “90 DAY FIANCE ” ရဲ့ စတား တစ်ယောက် ဖြစ်သော Larissa Dos Santos Lima ကတော့ သူမရဲ့ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှု ပြုလုပ်ထားတာတွေကို အင်တာဗျူး တစ်ခုမှာ ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ် ။ သူမဟာ ခန္ဓာကိုယ် အဆီထုတ်တာတွေ ၊ ရင်သား ၊ နှာခေါင်း ၊ နှုတ်ခမ်း ၊ မေးစေ့ကို ခွဲစိတ် အလှပြင်တာအပြင် Botox ထိုးတာတွေအတွက် ဒေါ်လာ ( ၇၂၀၀၀ ) နီးပါး အကုန်အကျခံကာ ပြောင်းလဲခဲ့ရတာပဲ ဖြစ်ပါတယ် ။ အခုလို ပြောင်းလဲခဲ့ပြီးနောက် သူမကိုယ်သူမ စိတ်သစ် ၊ လူသစ် ဖြစ်သွားသလို ခံစားရပြီး အရမ်းလည်း ပျော်ရွှင်ရပါတယ်လို့ ပြောခဲ့ပါသေးတယ် ။ shwekhitonlinetv.com



၈ ။ Sonja Morgan
“The Real Housewives of New York City” Tv အစီအစဉ် ရဲ့ နာမည်ကြီး စတား တစ်ယောက်ဖြစ်သူ Sonja Morgan ကတော့ ( ၂၀၂၀ ) ခုနှစ် တုန်းက သူမရဲ့ မခွဲစိတ်မှီ မျက်နှာ နဲ့ ခွဲစိတ်ပြုပြင်ပြီး မျက်နှာ အသွင်အပြင်တို့ကို နှိုင်းယှဉ် ပြသခဲ့ပါတယ် ။ Morgan ဟာ သူမရဲ့ မျက်နှာ နဲ့ လည်ပင်း ကို ပြုပြင်ပြောင်းလဲပြီး ခွဲစိတ်ထားတာပါလို့ ဝန်ခံထားပါတယ် ။ ဒါ့အပြင် သူမဟာ အခုလိုမျိုး ပြုပြင်ခွဲစိတ်ခဲ့တာဟာ သူမကိုယ် သူမ ပြန်လည် စိတ်ဓာတ်မြှင့်တင်ပေးရာ ရောက်ပြီး လူတွေက ဒါကို ရူးတယ်လို့ ထင်ကြပေမယ့် သူမ အတွက်တော့ လုံး၀ ရူးတယ်လို့ မထင်ပါဘူးဆိုပြီး Instagram မှာ Post တင်ပြီး ပြောခဲ့ပါတယ် ။ shwekhitonlinetv.com



အခုဖော်ပြပေးထားတာကတော့ မျက်နှာခွဲ စိတ်ပြုပြင်ပြီး မယုံနိုင်အောင် ပြောင်းလဲ သွားကြတဲ့ ကမ္ဘာတစ်ဝှမ်း က အမျိုးသမီးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှု ပေးကြပါဦးနော် …. shwekhitonlinetv.com