ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကျော် ဖြစ်ရပ်တွေကို ကြိုတင်ပြီး ဟောကိန်း ထုတ်နိုင်တဲ့ လူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့တွေရဲ့ ဟောကိန်းက တစ်ကယ်ရော မှန်ကန်ခဲ့ရဲ့လားဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Nostradamus
Nostradamus ဟာဆိုရင် ( ၁၆ ) ရာစုနှစ်တုန်းက ပြင်သစ်နိုင်ငံမှာ ထင်ရှား ကျော်စော ခဲ့တဲ့ အကြားအမြင် ဆရာ တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူဟာဆိုရင် ကမ္ဘာကျော် ဖြစ်ရပ်ကြီးတွေ ဖြစ်လာနိုင်တာကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း ( ၄ ) ခု ကျော်လောက်တည်းက ခန့်မှန်းခဲ့တာဖြစ်ပြီး လက်တွေ့မှာလည်း တစ်ကယ်ပဲ မှန်ကန်နေခဲ့တာ ဖြစ်ပါတယ် ။ Nostradamus ရဲ့ အထင်ရှားဆုံး ဟောကိန်း တစ်ခုကတော့ ( ၁၆၆၆ ) ခုနှစ်တုန်းက လန်ဒန် မြို့မှာ အကြီးအကျယ်လောင်ခဲ့တဲ့ မီးလောင်မှု ကြီး အကြောင်းပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


Nostradamus ဟာ ဒီဖြစ်ရပ်ကြီး ဖြစ်လာမှာကို ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး ( ၁၅၅၅ ) ခုနှစ်တုန်းက ရေးသားခဲ့တဲ့ သူ့ရဲ့စာအုပ်ထဲမှာဆိုရင် “ လန်ဒန်မြို့ကြီး ဟာ ( ၁၆၆၆ ) ခုနှစ်မှာ တော်တော်နဲ့ ငြိမ်းလို့ မနိုင်တဲ့ မီးကြီး အကြီးအကျယ် လောင်လိမ့်မယ် ” လို့ ရေးသားခဲ့တာပါ ။ တစ်ကယ်လည်း နှစ်ပေါင်း ( ၁၁၁ ) နှစ် ကြာမြင့်ချိန်မှာတဲ့ သူ ပြောခဲ့တဲ့ အတိုင်း လန်ဒန်မြို့ဟာ “the Great Fire of London ” လို့ နာမည်ကြီးခဲ့တဲ့ မီးလောင်မှု ကြီး ဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း ( ၇ ) သောင်းနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရပါတယ် ။ ဒါ့အပြင် သူဟာ ပြင်သစ်နိုင်ငံမှာ ဖြစ်လာမယ့် တော်လှန်ရေးတွေ အကြောင်းကိုလည်း မှန်ကန်စွာ ဟောကိန်း ထုတ်နိုင်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com


၂ ။ Alexis De Tocqueville
( ၁၄ ) ရာစုနှစ်တုန်းက ပြင်သစ်နိုင်ငံရေး ပညာရှင် တစ်ယောက်ဖြစ်တဲ့ Alexis De Tocqueville ဟာ အမေရိကန် နဲ့ ရုရှား နှစ်နိုင်ငံကြား ဖြစ်လာမယ့် စစ်အေး တိုက်ပွဲကို ကြိုတင်ပြီး ဟောကိန်းထုတ်ခဲ့ပါတယ် ။ သူ ဟောကိန်း ထုတ်ခဲ့တဲ့ အချိန်ကဆိုရင် အမေရိကန်နိုင်ငံဟာ ဗြိတိသျှ လက်အောက်ကနေ လွတ်မြောက်ပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့တာ နှစ်ပေါင်း ( ၆၀ ) လောက်ပဲ ရှိပါသေးတယ် ။ ဒါ့အပြင် တစ်ဖက်က ရုရှားနိုင်ငံဟာဆိုရင်လည်း ဘုရင်စနစ် ရဲ့ အုပ်ချုပ်မှု အောက်မှာ နေ နေရသေးတဲ့ အချိန်ပါ ။ shwekhitonlinetv.com


ဒါပေမယ့် နိုင်ငံရေး ပညာရှင် ဖြစ်တဲ့ Alexis ဟာ ရုရှား နဲ့ အမေရိကန် နိုင်ငံကြား ဖြစ်လာမယ့် စစ်အေးတိုက်ပွဲ အကြောင်းကို ( ၁၈၄၀ ) ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ သူရေးသားခဲ့သော “Democracy in America ” လို့ အမည်ရတဲ့ ခန့်မှန်းချက်ထဲမှာ ထည့်ရေးခဲ့ပါတယ် ။ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် (၁၄ ) ရာစုနှစ်တုန်းက သူပြောခဲ့တဲ့ ဟောကိန်းတစ်ခုဟာ ( ၂၀ ) ရာစု နှစ်မှာတော့ တစ်ကယ် ဖြစ်လာခဲ့ပါတယ် ။ အမေရိကန်နိုင်ငံနဲ့ ဆိုဗီယက် ရုရှားနိုင်ငံတို့ဟာ ( ၂၀ ) ရာစုနှောင်းပိုင်းမှာတော့ နှစ်နိုင်ငံကြား တင်းမာမှုကနေ စတင်ပြီး “ Cold War ” လို့ ခေါ်တဲ့ စစ်အေးတိုက်ပွဲကြီးဟာ တစ်ကယ်ပဲ ဖြစ်ပေါ်ခဲ့ပါတယ် ။ shwekhitonlinetv.com


၃ ။ Jules Verne
ပြင်သစ် ၀တ္ထု စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ Jules Verne ဟာဆိုရင် ( ၁၉ ) ရာစုနှစ်တုန်းက “Around the World in Eighty Days ” အမည်ရှိ စွန့်စားခန်း ၀တ္ထုတစ်ပုဒ်ကို ရေးသား ထုတ်ဝေခဲ့ပါတယ် ။ ( ၁၈၆၅ ) ခုနှစ်မှာတော့ Jules ဟာ “ ကမ္ဘာမြေ မှ သည် လကမ္ဘာ သို့ ” အမည်ရှိ သိပ္ပံစိတ်ကူးယဉ် ၀တ္ထုတစ်ပုဒ်ကို လည်း ရေးခဲ့ပါသေးတယ် ။ ဒီ၀တ္ထုထဲမှာဆိုရင် လူသားတွေဟာ လကမ္ဘာပေါ်ကို စတင်ပြီး ခြေချခဲ့တဲ့ အကြောင်းအရာလည်း ပါဝင်ပါတယ် ။ တစ်ကယ်လည်း ( ၁၉၆၉ ) ခုနှစ် ဇူလိုင် လ မှာတော့ နီးလ် အမ်းစထရောင်းဟာ လူသားတွေ ရဲ့ သမိုင်းမှာ တွင်စေခဲ့တဲ့ လကမ္ဘာပေါ်ကို စတင် ခြေချပြီး မှတ်တမ်း တင်ခဲ့ပါတယ် ။ shwekhitonlinetv.com


ဒီ အကြောင်း နဲ့ ပတ်သက်ပြီး Jules Verne ရဲ့ ခန့်မှန်းမှု အပေါ် ပညာရှင်များအကြား ငြင်းခုံ မှုတွေ ရှိခဲ့ပါသေးတယ် ။ ထူးဆန်းတာ တစ်ခုကတော့ သူရေးခဲ့တဲ့ “လကမ္ဘာပေါ် ခြေချ” တဲ့ စာအုပ်ထဲမှာ ပါဝင်တဲ့ အာကာသ ယာဉ်မှူး အရေအတွက်ဟာ တစ်ကယ့် အပြင်က ဖြစ်ရပ်နဲ့ တူခဲ့သလို ဖလော်ရီဒါ ပြည်နယ် ကနေ ဒုံးကျည် နဲ့ အာကာသ ထဲကို လွှတ်တင်ခဲ့တယ်လို့ ရေးခဲ့တဲ့ အချက်ဟာဆိုရင်လည်း အပြင်မှာ တစ်ကယ် လွှတ်တင်ခဲ့တဲ့ နေရာ အဖြစ် တိုက်ဆိုင်စွာ တူညီနေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၄ ။ H. G. Wells
( ၁၉၁၄ ) ခုနှစ်တုန်းက “ အချိန် ခရီးသွားစက် ” နဲ့ “ကမ္ဘာကြီးပေါ်က စစ်ပွဲ” စတဲ့ စာအုပ်တွေကို ရေးသားခဲ့တဲ့ အင်္ဂလိပ် စာရေးဆရာ H. G. Wells ဟာဆိုရင် ဒုတိယ ကမ္ဘာစစ်အတွင်း ပေါက်ကွဲမယ့် Atomic Bomb အကြောင်းကို ကြိုတင်ပြီး ဟောကိန်း ထုတ်ခဲ့ပါတယ် ။ ဒါ့အပြင် သူရေးသားခဲ့သော “The World Set Free ” အမည်ရှိ စာအုပ်မှာဆိုရင်လည်း ယူရေနီယံကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ လက်လုပ်ဗုံးတွေ ပေါ်လာနိုင်တာကိုပါ ရေးသားခဲ့ပါသေးတယ် ။ shwekhitonlinetv.com


စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ H. G. Wells ဟာဆိုရင် သူ့ခေတ် သူ့အခါတုန်းက ရေဒီယို သတ္တိကြွ ဒြပ်စင်တွေ အကြောင်း နဲ့ အက်တမ် အကြောင်းတွေကို အနည်းငယ် လေ့လာ ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ ဒါပေမယ့် နယူကလိယ ဗုံးအကြောင်းကိုတော့ ထိုခေတ်တုန်းက တီထွင်ဖို့နေနေသာသာ ဘယ်သူမှ စိတ်ကူးတောင် ယဉ်မိဖူးကြမှာ မဟုတ်ပါဘူး ။ H. G. Wells ရဲ့ ဟောပြောချက်ဟာ နှစ်ပေါင်း အတော်ကြာမှာတော့ တစ်ကယ် မှန်ကန်လာခဲ့ပြီး Little Boy နဲ့ Fat Man လို့ အမည်ပေးထားတဲ့ နယူးကလီးယား ဗုံးတွေကို ဂျပန်နိုင်ငံ ဟီးရိုးရှီးမား မြို့ နဲ့ နာဂါစာကီ မြို့တွေ အပေါ် ကျဲချခဲ့ကာ လူပေါင်း ( ၂ ) သိန်းကျော် ထိခိုက် ပျက်စီးခဲ့ရပါတယ် ။ shwekhitonlinetv.com


၅ ။ Morgan Robertson
Morgan Robertson လို့ ခေါ်တဲ့ စာရေးဆရာ တစ်ယောက်ဟာ ( ၁၈၉၈ ) ခုနှစ်မှာတော့ ‘Futility, or the Wreck of the Titan’ အမည်ရှိ ၀တ္ထုတစ်ပုဒ်ကို ထုတ်ဝေခဲ့ပါတယ် ။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာဟာဆိုရင် မြောက် အတ္တလန္တိတ် သမုဒ္ဒရာ နားက ရေခဲတုံးကြီးနဲ့ တိုက်မိပြီး နစ်မြုပ်သွားတဲ့ “ Titan ” အမည်ရှိ သင်္ဘောအကြောင်းကို ရေးသားခဲ့တာပါ ။ တစ်ကယ်ပဲ ( ၁၄ ) နှစ် ကြာမြင့်သွားချိန်မှာတော့ သူ့စာအုပ်ထဲမှာ ရေးသားတဲ့ အကြောင်းအရာ နဲ့ တိုက်ဆိုင်စွာပင် တိုက်တန်းနစ် သင်္ဘောကြီး နစ်မြုပ်သွားခဲ့တဲ့ ပုံစံဟာ အတော်လေးကို တူညီခဲ့ပါတယ် ။ shwekhitonlinetv.com


ထူးထူးခြားခြား တိုက်ဆိုင်မှုတွေကတော့ စာအုပ်ထဲ က တိုက်တန် သင်္ဘော နစ်မြုပ်တဲ့ အချိန် နဲ့ တစ်ကယ့် အပြင်က တိုက်တန်းနစ် သင်္ဘော နစ်မြုပ်ခဲ့တဲ့ အချိန်ဟာ ဧပြီလ တစ်လတည်း ဖြစ်သလို ထိခိုက် ပျက်စီးခဲ့တဲ့ ခရီးသာ် အရေအတွက်ဟာလည်း အတော်လေးကို တူညီခဲ့ပါတယ် ။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ Robertson ဟာ သူ့ရဲ့ ၀တ္ထုကို တိုက်တန်းနစ် သင်္ဘောကြီး မနစ်မြုပ်ခင်တည်းက ရေးသားခဲ့တာပါ ။ တစ်ချို့လူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့အပေါ် စွပ်စွဲမှုတွေ ရှိခဲ့ပေမယ့် Roberston ကတော့ သူ့ရဲ့ ၀တ္တုဟာ ရေလမ်းကြောင်း ဗဟုသုတတွေကို လေ့လာပြီး ရေးသားခဲ့ရုံပါပဲလို့ ဖြေကြားခဲ့ပါတယ် ။ shwekhitonlinetv.com


အခု ဖော်ပြပေးခဲ့တာကတော့ ကမ္ဘာကျော် ဖြစ်ရပ်ကြီးတွေ မဖြစ်ခင်တည်းက ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့သူတွေ ထဲက အချို့ကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com