ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ရေလယ်ခေါင် ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ နေချင်စရာ အဆောက်အဦး တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအိမ်လေးတွေဟာဆိုရင် အေးအေးချမ်းချမ်း နေလိုတဲ့သူတွေ အတွက်တော့ တစ်ကယ့်ကို အဆင်ပြေစေမယ့် ပုံစံလေးတွေ ပဲ ဖြစ်ပါတယ် ။ ဘယ်လို အိမ်ဒီဇိုင်းက ပရိသတ်ကြီးရဲ့ အကြိုက်ဆုံး ပုံစံ ဖြစ်မလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Floating House ( ကနေဒါနိုင်ငံ )
Floating House လို့ နာမည်ပေးထားတဲ့ ဒီအိမ်လေးဟာဆိုရင် ကနေဒါနိုင်ငံ ၊ အွန်တေးရီးယို ပြည်နယ်ထဲက Huron အမည်ရှိ ရေကန် ပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးပဲ ဖြစ်ပါတယ် ။ ဒီ အိမ်လေးကို MOS Architects အဖွဲ့က ( ၂၀၀၅ ) ခုနှစ်မှာ အပြီးသတ် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဒေသရိုးရာပုံစံဆန်ဆန် ဒီဇိုင်းနဲ့ ဖန်တီးခဲ့တာပါ ။ အိမ်တစ်ခုလုံးရဲ့ အကျယ်အဝန်းဟာ ( ၁၈၆ ) စတုန်ရန်း မီတာ အထိ ရှိပြီး ဗိသုကာ ပညာရှင်တွေဟာ အိမ်တစ်ခုလုံးကို ခေတ်မှီတဲ့ နည်းပညာတွေ နဲ့ ဆောက်လုပ်ခဲ့ပါတယ် ။ shwekhitonlinetv.com


ဒီ အိမ် ရဲ့ တည်ဆောက်ပုံကတော့ အောက်ခြေပိုင်းကို သံမဏိ တွေနဲ့ အခြေပြု တည်ဆောက်ထားပေမယ့်လည်း ရေပေါ်မှာ ပေါ်နိုင်အောင် နည်းပညာ အသစ်တွေနဲ့ တည်ဆောက်ထားတာပါ ။ ဒါ့အပြင် ရေကန်ပေါ် တည်ဆောက်ထားတာ ဖြစ်လို့ အလွယ်တကူ မမျောသွားအောင်လည်း ရေကန်ရဲ့ အောက်ခြေမှာ ကျောက်ဆူးကြိုး ချထားပါသေးတယ် ။ အပြင်ပိုင်း ဒီဇိုင်းက လှပသလို အိမ်ရဲ့ အတွင်းပိုင်းမှာဆိုရင်လည်း အိမ်ပုံစံနဲ့ လိုက်ဖက်တဲ့ ပရိဘောဂတွေ ၊ အိမ်တွင်း အလှဆင်ထားတာတွေက အတော်လေးကို လှပ လွန်းတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com


၂ ။ Island Home ( အိုက်စလန် နိုင်ငံ )
နောက်ထပ်ပြောပြမယ့် အိမ်လေးကတော့ အိုက်စလန်နိုင်ငံ မှာတည်ရှိတဲ့ Island Home လို့ အမည်ရတဲ့ အိမ်လေးပဲ ဖြစ်ပါတယ် ။ ဒီအိမ်လေးကိုတော့ အိုက်စလန် ကမ်းရိုးတန်း တောင်ပိုင်းမှာ ရှိတဲ့ အစိမ်းရောင် တောင်ကုန်းလေးပေါ်မှာ တည်ဆောက်ထားတာပါ ။ ကောလဟာလ သတင်းများအရ အဆိုပါ အိမ်လေးကို ဘီလျံနာ သူဌေးတစ်ယောက် တည်ဆောက်ခဲ့တာဖြစ်ပြီး အခုလိုမျိုး ဆောက်ရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာကြီးပေါ်မှာ ဇွန်ဘီ ကပ်ဆိုက်လာခဲ့ရင် ထွက်ပြေးရှောင်တိမ်းဖို့ ရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တာပါတဲ့ ။ shwekhitonlinetv.com


ဒါ့အပြင် ထိုအိမ်လေးဟာ ကမ္ဘာပေါ်က အထီးကျန်ဆုံး အိမ်ကလေး အဖြစ် သတ်မှတ်ရအောင်အထိ ဘေးပတ်ပတ်လည် ဝန်းကျင်မှာ တစ်ခြား အိမ်တစ်လုံးမှ မရှိပါဘူး ။ ဒီ အိမ်လေးရဲ့ ပိုင်ရှင်နဲ့ ပတ်သတ်ပြီး ကောလဟာလ မျိုးစုံ ထွက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပိုင်ရှင် အစစ်အမှန်ကို သိခဲ့ရပါတယ် ။ ပိုင်ရှင် အစစ်ကတော့ Ellidaey လို့ အမည်ရတဲ့ အမဲလိုက် အဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်တာဖြစ်ပြီး ( ၁၉၅၀ ) ခုနှစ်တည်းက တည်ဆောက်ခဲ့တာလို့လည်း သိရပါတယ် ။ ဒါ့အပြင် တည်ဆောက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အမဲလိုက် အဖွဲ့အစည်း အတွင်းက လူတွေ ယာယီတည်းခိုနိုင်ဖို့ဖြစ်ပြီး ရေနွေးချိုးခန်းတွေပါ ထည့်သွင်းပေးထားတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com


၃ ။ House On A Rock ( ဆားဘီးယား နိုင်ငံ )
အခု မြင်တွေ့နေရတဲ့ အိမ်လေးကတော့ သူ့ကို ပေးထားတဲ့ နာမည်လေး အတိုင်း ရေလည်ခေါင်ပေါ်က ကျောက်တုံးတွေ ပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကလေးပဲ ဖြစ်ပါတယ် ။ ဒီ အိမ်လေးဟာဆိုရင် Drina လို့ ခေါ်တဲ့ မြစ် ရဲ့ အလယ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၄၅ ) နှစ်ကျော်လောက် ကတည်းက ဆောက်လုပ်ခဲ့တာပါ ။ ထူးဆန်းတာက ရာသီဥတုဘယ်လောက်ပဲ ဆိုးနေပါစေ အဆိုပါ အိမ်လေးဟာ ပျက်စီးမသွားပဲ ကြံကြံခိုင် ရပ်တည်နေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


အဆိုပါ အိမ်လေးကို မိသားစု တစ်ခု က ပိုင်ဆိုင်တာဖြစ်ပြီး အပန်းဖြေအားလပ်ရပ်မှာ နေထိုင်ဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် တည်ဆောက်ခဲ့တုန်းက လိုအပ်တဲ့ ဆောက်လုပ်ရေး အစိတ်အပိုင်းတွေကို စက်လှေ နဲ့ ယပ်လှေတွေကို အသုံးပြုပြီး သယ်ယူပို့ဆောင်ခဲ့ရတာပါ ။ တောအုပ် ရှုခင်းတွေကို တစ်၀ကြီး ခံစားလို့ရတဲ့ အဆိုပါ အိမ်လေးကို အခုအခါမှာတော့ Tara အမျိုးသား ဥယျာဉ်နဲ့ ယူနက်စကို အဖွဲ့အစည်းတို့က ပူးပေါင်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com


၄ ။ The Broons’ House ( စကော့တလန် နိုင်ငံ )
နောက်ထပ် ပြောပြမယ့် အိမ်လေးကတော့ စကော့တလန်နိုင်ငံ ၊ Lairg ရွာ အနားမှာရှိသော Loch Shin ရေကန် ပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်လေး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအိမ်လေးကိုတော့ Jock Broon ဆိုသူက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ နေထိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ထူးဆန်းတာက Jock Broon ဟာ ဒီအိမ်လေးထဲမှာ သူ့ရဲ့ မိသားစုဝင်တွေ အများကြီး နဲ့ အတူ နေထိုင်ခဲ့တာပါတဲ့ ။ shwekhitonlinetv.com


ကာလ အတော်ကြာသွားတဲ့ နောက်ပိုင်းမှာတော့ ဒေသခံတွေဟာ ထိုအိမ်လေးကို ဖျက်စီးပစ်လိုက်တာထက် ဒီအတိုင်း ထားလိုက်တာက ပိုပြီး သင့်တော်တယ်လို့ ဆုံးဖြတ်ပြီး ထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် ။ ဒ့ါအပြင် ( ၂၀၁၅ ) ခုနှစ် တုန်းက တိုက်ခိုက်တဲ့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ် အစိတ်အပိုင်း လေးတွေကို ပြန်တည်ဆောက်ဖို့အတွက် ဒေသခံတွေက စုပေါင်း အလှူငွေကောက်ခံပြီး ဝိုင်းဝန်း ပြင်ဆင်ပေးခဲ့ကြပါတယ်တဲ့ …. shwekhitonlinetv.com


၅ ။ The Thousand Islands House ( အမေရိကန် နဲ့ ကနေဒါနိုင်ငံ နယ်စပ် )
ဒီတစ်ခါပြောပြပေးမှာကတော့ အမေရိကန်နိုင်ငံ နဲ့ ကနေဒါနိုင်ငံ နယ်စပ်မှာ တည်ရှိတဲ့ ကျွန်းစုပေါ်က အိမ်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ထိုနှစ်နိုင်ငံရဲ့ နယ်စပ်မှာ ကျွန်းစုပေါင်း ( ၁၈၆၄ ) ကျွန်း ရှိပြီး အကြီးဆုံး ကျွန်းစု ပေါ်မှာတော့ လူပေါင်း ( ၁၅၀၀ ) ကျော်နေထိုင်ပါတယ်တဲ့ ။ ကျွန်းစု အများကတော့ သေးငယ်လွန်းလို့ ကျွန်းတစ် ကျွန်းပေါ်မှာ အိမ်တစ်လုံးပဲ ဆောက်လို့ရတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com


ဒါ့ကြောင့် ဒီနေရာမှာ ရှိတဲ့ အိမ်လေးတွေ အားလုံးကို The Thousand Islands House လို့ အမည်ပေးထားတာပါတဲ့ ။ ထူးခြားတာက ကျွန်းစု ပေါ်က အိမ်လေးတွေ အားလုံးထဲမှာ နောက်ဖေးခြံ ရှိတဲ့ အိမ်က တစ်အိမ်ပဲ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထို ကျွန်းပေါ်က အိမ်လေးတွေရဲ့ ဝန်ဆောင်မှု အားလုံးကို ကုမ္ပဏီတစ်ခုတည်းကသာ လည်ပတ်ပေးထားတာ ဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ နေချင်ပေမယ့်လည်း သီးသီးသန့်သန့် နေချင်သူတွေ အတွက်တော့ တစ်ကယ့်ကို အဆင်ပြေစေမယ့် နေရာလေးပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ ရေလယ်ခေါင် ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ နေချင်စရာ အဆောက်အဦး လေးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိူး စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com