ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ထိုင်းနိုင်မှာ တည်ရှိတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာလေးတွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ် ။ လည်ပတ်စရာတွေ များလွန်းတဲ့ ထိုင်းနိုင်ငံရဲ့ နေရာတွေထဲမှာမှ ဘယ်လိုနေရာတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလဲ ဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Mo Hin Khao
အခုပြောပြမယ့် နေရာလေးကိုတော့ Mo Hin Khao လို့ ခေါ်ပြီး တောတောင် ဒေသကြားထဲမှာ ကျောက်တုံးကြီးတွေ က ထိုးထိုး ထောင်ထောင် နဲ့ တည်ရှိနေတာပဲ ဖြစ်ပါတယ် ။ ကျောက်တုံးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု ပုံစံ မတူ ကြပဲ တစ်ချို့ကျောက်တုံးကြီးတွေဟာ မှို ပုံစံ ၊ လှေပုံစံ ၊ ဆင်ပုံစံ နဲ့ လိပ်ပုံစံ မျိုးတွေလည်း ရှိပါသေးတယ် ။ နောက်ပြီး ဒီနေရာလေးဟာ မျက်စိ အမြင်ကို အေးစေမယ့် အပြင် သဘာ၀ ရှုခင်းတွေ ကြားထဲမှာ စခန်းချပြီး အပန်းဖြေချင်သူတွေ အတွက်လည်း အဆင်ပြေစေမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


နောက်ထပ် ထူးခြားတာတစ်ခုက ဒီနေရာလေးမှာ ထိုင်းနိုင်ငံရဲ့ Stonehenge တင်စားပြီး ခေါ်ဝေါ်တဲ့ နေရာလေး တစ်ခုလည်း ရှိပါသေးတယ် ။ ထို နေရာလေးမှာ ကျောက်တုံးကြီး ( ၅ )ခုဟာ စုဖွဲ့နေသလို မျိုး ရှိနေပြီး စိတ်ဝင်စားဖို့ကောင်းတာက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုသ်နေ့ ညတွေမှာဆိုရင် ဒီကျောက်တုံးကြီးတွေက နေ အဖြူရောင် လင်းနေတယ်လို့လည်း ပြောကြပါသေးတယ် ။ shwekhitonlinetv.com


၂ ။ Talay Whag
နောက်ထပ် ပြောပြမယ့် နေရာလေးကတော့ ရွှေရောင်နဂါး တစ်ကောင်ရဲ့ ကျောရိုး ဆိုပြီး တင်စား ခေါ်ကြတဲ့ Talay Whag အမည်ရှိ ကမ်းခြေ အကြောင်းပဲ ဖြစ်ပါတယ် ။ တင်စားရတဲ့ အကြောင်းကတော့ နေ့ဘက်တွေမှာ ဒီကမ်းခြေလေးကို အပေါ်ကနေ ကြည့်လိုက်မယ်ဆိုရင် ရွှေရောင် နဂါးတစ်ကောင် ကျောရိုး ဆန့်ထားတဲ့ ပုံစံလိုမျိုး ခပ်ရေးရေးလေး မြင်တွေ့ရတာကြောင့်ပါ ။ နောက်ပြီး ကျွန်းရဲ့ ကွေးကောက်တဲ့ လမ်းကြောင်းတွေဟာ ( ၃ ) ကီလိုမီတာလောက် ရှည်လျားပြီး ဘေးပတ်ပတ်လည်မှာလည်း သဘာ၀ အလှတွေနဲ့ လွှမ်းခြုံထားပါသေးတယ် ။ shwekhitonlinetv.com


ဒါ့အပြင် ဒီ ကျွန်းနဲ့ ပတ်သတ်ပြီး ဒေသခံတွေ ပြောပြတဲ့ စိတ်ဝင်စားစရာ အကြောင်း တစ်ခုလည်း ရှိပါသေးတယ် ။ ဒါကတော့ ဒဏ္ဍာရီအရ ဒီကျွန်းလေးရဲ့ နဂါး ကျောရိုးလို့ ခေါ်ကြတဲ့ လျှောက်လမ်းပေါ်ကနေ လမ်းလျှောက်သွားသူတိုင်းဟာ ပင်လယ် ကနေ သန့်စင်တဲ့ အစွမ်းတွေကို ရရှိပြီး အတွင်းစိတ်ကို ကြည်လင်စေနိုင်တယ်လို့ အဆိုရှိပါတယ်တဲ့ …. shwekhitonlinetv.com


၃ ။ Mae Klong Railway Market
အခု ပြောပြမယ့် နေရာလေးကတော့ စျေးဝယ်ထွက်ရတာကို သဘောကျ နှစ်သက်သူတွေ အတွက် ထိုင်းနိုင်က မဲခေါင် မီးရထားလမ်း စျေး လေး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီ စျေးလေးကိုတော့ ရထားသံလမ်း ရဲ့ တစ်ဖက်စီတိုင်းမှာ ပြွတ်ပြွတ်သိပ်သိပ် နေရာချပြီး ရောင်းချနေတာပဲ ဖြစ်ပါတယ် ။ ထိုင်းနိုင်ငံရဲ့ ရိုးရာ စျေးတစ်ခုလို ဖြစ်နေတဲ့ ဒီစျေးလေးဟာဆိုရင် လာရောက် လည်ပတ်သူတိုင်းကို အမြဲဆွဲဆောင်ထားနိုင်တဲ့ နေရာတစ်ခုမှာ ပါဝင်လို့နေပါတယ် ။ shwekhitonlinetv.com


ဒီစျေးလေးမှာ များသောအားဖြင့် ရောင်းချကြတာတွေကတော့ ဟင်းသီးဟင်းရွက် ၊ စားစရာတွေ နဲ့ သစ်သီးတွေကို အများဆုံး ရောင်းကြတာပါ ။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်လေးကတော့ ထိုင်းနိုင်ငံမှာ နေတဲ့သူတွေက ဒီစျေးလေးကို Talat Rom Hoop လို့ ခေါ်ကြပြီး အဓိပ္ပါယ်ကတော့ ထီးပိတ်တဲ့စျေး လို့ အဓိပ္ပါယ်ရပါတယ် ။ အကြောင်း စျေးရောင်းကြသူတွေဟာ ရထားတစ်စီး ဖြတ်တိုင်း သူတို့ ဖွင့်ထားတဲ့ ထီးကြီးတွေကို ထပြီး ပိတ်ကြရလို့ပါတဲ့ …. shwekhitonlinetv.com


၄ ။ Doi Mon Jong
Doi Mon Jong လို့ ခေါ်တဲ့ နေရာလေးကတော့ ထိုင်းနိုင်ငံရဲ့ အလှဆုံးနေရာတွေထဲမှာ တစ်နေရာ အဖြစ် ပါဝင်လို့ နေတာပဲ ဖြစ်ပါတယ် ။ ဒီနေရာလေးဟာ သဘာ၀ တရားကြီးက လက်ဆောင် အဖြစ်ပေးထားတယ်လို့ ထင်ရအောင် ရောက်လာသူတိုင်းကို သဘောကျနှစ်သက်စေမှာပဲ ဖြစ်ပါတယ် ။ နေရာတစ်ခုလုံးမှာ တောင်ဇလပ်ပန်းတွေ အနှံ့အပြား ပေါက်ရောက်နေတာကို တွေ့ရမှာ ဖြစ်ပြီး တိမ်ကင်းစင်တဲ့ ညတွေမှာဆိုရင် Milky Way ဂလက်ဆီရဲ့ အလှကို ကြည့်နိုင်မှာ ဖြစ်ပါတယ် ။ shwekhitonlinetv.com


နောက်တစ်ခုက Doi Mon Jong နေရာလေးဟာ ထိုင်းနိုင်ငံရဲ့ landscape အလှဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ ။ ဒါ့အပြင် ဆောင်းတွင်းရောက်တဲ့ အခါကျရင် ဒီနေရာမှာ ရှိတဲ့ တောင်ဇလပ်ပန်းလေးတွေဟာ ပွင့်လာကြပြီး နေရောင်ခြည်ရဲ့ အလင်းရောင် နဲ့ ပေါင်းစပ်ပြီး လှပနေတာကြောင့် သဘာ၀ရှုခင်းအလှကို ခံစားချင်သူတွေအတွက်တော့ တစ်ကယ့်ကို သဘောကျစေမယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၅ ။ Lam Khlong Ngu National Park
Lam Khlong Ngu လို့ခေါ်တဲ့ အမျိုးသား ဥယျာဉ်လေးကတော့ တောင်ကုန်းတွေ ၊ တောင်ကြားချိုင့်ဝှမ်းတွေ နဲ့ လွှမ်းခြုံထားတဲ့ သဘာ၀ အလှတရား စစ်စစ်ရှိသော နေရာ တစ်ခုပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဥယျာဉ်ထဲမှာရှိတဲ့ လှိုဏ်ဂူတွေဆီကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေအောင် အနည်းငယ်လေ့ကျင့်ထားဖို့တော့ လိုမှာပါ ။နောက်ပြီး Lam Khlong Ngu အမျိုးသားဥယျာဉ်ထဲမှာ ရှိတဲ့ ရေတံခွန်တွေဟာ အတော်လေးကို လှပပြီး အုပ်စုလိုက် ခရီးထွက်သူတွေ အဖို့တော့ အတော်လေးကို ပျော်ရွှင်စေမှာပါ ။ shwekhitonlinetv.com


ဒါ့အပြင် ထုံးကျောက် လှိုဏ်ဂူတွေရဲ့ ပုံစံကိုလည်း သေသေချာချာ လေ့လာလို့ ရတဲ့အပြင် ခြေလျင်တောင်တက်ချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေမှာပဲ ဖြစ်ပါတယ်။ ဒီ အမျိုးသား ဥယျာဉ်ထဲကို သွားရောက်မယ်ဆိုရင်တော့ မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာတွေကတော့ Nang Kruan ရေတံခွန်, Kliti ရေတံခွန် နဲ့ Monolithic လှိုဏ်ဂူတွေကို သွားလည်သင့်ပါတယ်နော် …. shwekhitonlinetv.com


အခုဖော်ပြပေးထားတဲ့ ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ စိတ်ဝင်စားစရာ နေရာ အချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com