ဒီကနေ့ ကမ္ဘာပေါ်မှာကတော့ စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေ အများအပြားရှိနေပါတယ်။ ဒီလိုဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးအဖြစ် အဲ့ဒီနိုင်ငံတွေမှာ စစ်ဘေးဒုက္ခသည်တွေဟာလည်း အများအပြားရှိလာပါတယ်။ shwekhitonlinetv.com
ဒီနေ့ ဆောင်းပါးလေးမှာတော့ ကမ္ဘာပေါ်မှာ စစ်ဘေးဒုက္ခသည်အများဆုံး ရှိနေတဲ့ နိုင်ငံတွေအကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေ ဒီစာရင်းမှာပါဝင်နေမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော် … shwekhitonlinetv.com
၁။ ဆီးရီးယား – (၆.၇) သန်း

ကမ္ဘာပေါ်မှာ မငြိမ်အသက်ဆုံးနိုင်ငံ အဖြစ်သတ်မှတ်ခြင်းခံထားရတာကတော့ အရှေ့အလယ်ပိုင်းဒေသက ဆီးရီးယားနိုင်ငံပဲဖြစ်ပါတယ်။ ဆီးရီးယား နိုင်ငံဟာ ၂၀၁၁ ခုနှစ်ကစပြီး ယနေ့ချိန်ထိ ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံ အတော်များများနဲ့ပါ စစ်ဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်လည်းပဲ နိုင်ငံအတွင်းမှာနေထိုင်တဲ့ ပြည်သူတော်တော်များများဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့ အထိစစ်ဘေး ဒုက္ခသည်တွေဖြစ်နေကြရပါတယ်။ အချက်အလက်တွေအရ ဆီးရီးယားနိုင်ငံရဲ့ စစ်ဘေးဒုက္ခသည်စုစုပေါင်း ဟာ (၆.၇) သန်းအထိတောင်ရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၂။ အာဖဂ္ဂန်နစ္စတန် – (၂.၇) သန်း

အာဖဂ္ဂန်နစ္စတန်ဟာလည်း ၁၉၇၈ ခုနှစ်ကနေ ယနေ့အချိန်ထိ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နှစ်ပေါင်း (၄၀) ကျော်ကြာမြင့်တဲ့တိုင်အောင် စစ်မီးမငြိမ်းနိုင်သေးတဲ့ အာဖဂ္ဂနစ္စတန် နိုင်ငံဟာ အိုစမာဘင်လာဒင် လိုမျိုး ကမ္ဘာကျော် အကြမ်းဖက်သမားတွေအများ အပြား အခြေကုပ်ပုန်းခိုနေတဲ့ နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီအကျိုးဆက်တွေကိုတော့ နိုင်ငံနေပြည်သူတွေက ခါးစည်းခံနေရပြီး လက်ရှိအချိန်မှာ စစ်ဘေးကြောင့် ဒုက္ခသုတ်ခ ရောက်နေကြရသူ အရေအတွက်ကတော့ (၂.၇) သန်းကျော် ရှိနေပါတယ်။ shwekhitonlinetv.com
၃။ တောင်ဆူဒန် – (၂.၃) သန်း

၂၀၁၁ ခုနှစ်ကမှ ကိုယ်ပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် လွတ်လပ်ရေးရခဲ့တဲ့ တောင်ဆူဒန်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ သက်တမ်းအားဖြင့် အနုနယ်ဆုံးနိုင်ငံဖြစ်ပါတယ်။ လွတ်လပ်ရေးရရှိတယ်ဆိုပေမယ့်လည်း ပြည်တွင်းသူပုန်တွေ ရဲ့ ဆူပူအုံကြွမှုတွေကတော့ ယနေ့တိုင် ရှိနေဆဲဖြစ်လို့ မငြိမ်မသက်သေးတဲ့ အာဖရိကနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

တောင်ဆူဒန်နိုင်ငံရဲ့ ပြည်သူအများစုကတော့ အစိုးရစစ်တပ်တွေနဲ့ သူပုန်တပ်တွေရဲ့ တိုက်ပွဲတွေ အကြားမှာ မြေစာပင်လိုဖြစ်နေခဲ့ပြီး လက်ရှိအချိန်ထိတော့ စစ်ဘေးဒုက္ခသည် (၂.၃) သန်းကျော်အထိ ရှိနေပါတယ်။ shwekhitonlinetv.com
၄။ မြန်မာ – (၁.၁) သန်း

စစ်တမ်းတွေအရတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာလည်း ဒီစာရင်းမှာ ပါဝင်နေပြီး အဆင့် (၄) နေရာမှာ ရှိနေပါတယ်။ ယခင်က ပြည်တွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေသာ ရှိခဲ့ပေမယ့် (၂၀၂၁) စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ဘေးဒုက္ခသည် အရေအတွက်က သိသိသာသာကို တိုးမြင့်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒါဟာ စစ်တပ်နဲ့ ပြည်သူတွေရဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပြီး စစ်တမ်းတွေအရဆိုရင် မြန်မာနိုင်ငံအနှံ့မှာ စစ်ဘေးဒုက္ခသည်ပေါင်း (၁.၁) သန်းခန့်ရှိနေပြီလို့ သိရပါတယ်။ shwekhitonlinetv.com
၅။ ဆိုမာလီယာ – (၉၀၀,၀၀၀)

ပြည်တွင်းသူပုန်တွေ၊ ခွဲထွက်ရေးအဖွဲ့တွေနဲ့ မကြာခဏထိပ်တိုက်တွေ့ပြီး စစ်ပွဲတွေဖြစ်ပွားနေတာကတော့ အာဖရိတိုက် အရှေ့ဘက်ကမ်းရိုးတန်းဒေသက ဆိုမာလီယာ နိုင်ငံပဲဖြစ်ပါတယ်။ ဆိုမာလီသောင်းကျန်းသူတွေ ဟာ မြေပြင်မှာသာ မကဘဲ အာရေဗျပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာထဲထိပါ ခြေဆန့်ပြီး ဓားပြတိုက်ခြင်း၊ လူသတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိပါတယ်။ shwekhitonlinetv.com

ဒီလိုနိုင်ငံမှာ နေထိုင်တဲ့ပြည်သူအများစုကတော့ အသက်နဲ့ ခန္ဓာအိုးစားမကွဲအောင် ရှောင်တိမ်းနေရပြီး စုစုပေါင်း စစ်ဘေးဒုက္ခသည်က (၉) သိန်းလောက်ရှိနေပါတယ်။ shwekhitonlinetv.com
၆။ ဆူဒန် – (၇၂၅,၀၀၀)

၁၉၈၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထ် (၂၁) ကြော်ကြာမြင့်အောင် ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ ဆူဒန်နိုင်ငံ ကတော့ လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည်တွေရှိနေဆဲဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အစိုးရက ပြည်တွင်းစစ်ပွဲတွေ ချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် တစ်ကယ်တမ်းတော့ တိုင်းပြည်အတွင်းမှာ ပဋိပက္ခတွေ ကရှိနေဆဲဖြစ်လို့ပါပဲ။ စစ်တမ်းတွေအရ လက်ရှိအချိန်ထိ ဆူဒန်နိုင်ငံ မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း (၇၂၅,၀၀၀) အထိ ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။ shwekhitonlinetv.com
၇။ DR ကွန်ဂို – (၇၂၃,၀၀၀)

DR ကွန်ဂို ကတော့ အာဖရိကရဲ့ အင်အားကြီးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ တွင်းထွက် သယံဇာတ ကြွယ်ဝတဲ့ DR ကွန်ဂို နိုင်ငံဟာသက်တမ်းအားဖြင့် ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီး (၂) ကြိမ်ဖြစ်ပွားခဲ့ဖူးတဲ့ နိုင်ငံဖြစ်ပြီး ယခုအချိန်ထိလည်း နိုင်ငံရဲ့ တစ်ချို့ဒေသတွေမှာ စစ်မီးတောက်လောင်နေဆဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလို တိုင်းပြည်မငြိမ်မသက်မှုတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် ကတော့ စုစုပေါင်း (၇၂၃,၀၀၀) ရှိတယ်လို့ သိရပါတယ်။
ဒါကတော့ (၂၀၂၁) ခုနှစ် ဇွန်လအထိ World Population Review ဝက်ဘ်ဆိုဒ်က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ထုတ်ပြန်ခဲ့တဲ့ စာရင်းပဲဖြစ်ပါတယ်။ ဆောင်းပါးလေးကို အဆုံးထိကြည့်ရှုပေးလို့ အားလုံးကိုကျေး ဇူးတင်ပါတယ်နော် … shwekhitonlinetv.com