Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ပိုက်ဆံ ပမာဏ အများကြီးကို ကောက်ရပေမယ့်လည်း ပိုင်ရှင်ထံကိုသာ ပြန်ပေးခဲ့ကြတဲ့ သူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ကမ္ဘာကြီးပေါ်မှာ ရိုးသားတဲ့ သူတွေ အများအပြားရှိသေးတယ်ဆိုတာ ဒီဖြစ်ရပ်တွေက သက်သေပြနေတာလို့ ပြောရင် မှားမယ် မထင်ပါဘူး ။ ဒါ့ကြောင့် သူတို့ရဲ့ အကြောင်းလေးတွေကို ပြောပြပေးမှာမို့လို့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Eli Estrada
အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ် ထဲက Long Beach မှာ နေထိုင်တဲ့ Eli Estrada ဟာဆိုရင် အကြွေးဝယ် ကတ် ပြဿနာတွေ အပြင် မကြာခင် ကျင်းပတော့မယ့် သူ့ရဲ့ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်တွေကို တွေးပြီး ရင်ပူနေရသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ တစ်နေ့မှာတော့ Eli ဟာ မမျှော်လင့်ပဲ ဒေါ်လာ ( ၁သိန်း၄သောင်း ) ကျော် ထည့်ထားတဲ့ အိတ်ကို ခလုတ်တိုက်မိပြီး ရှာတွေ့မိပါတော့တယ် ။ ရှာတွေ့တုန်းကတော့ သူ့စိတ်ထဲမှာ တွေးမိတာကတော့ ထိုငွေပမာဏ နဲ့ဆိုရင် သူ့ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီဆိုပြီး ထင်လိုက်တာပါ ။ shwekhitonlinetv.com


နောက်ပိုင်းမှာတော့ သူ့ရဲ့ အတွေးတွေကို ပြောင်းလဲခဲ့ပြီး ကောက်ရခဲ့တဲ့ ငွေအိတ်ကို ရဲစခန်းဆီ သွားရောက် အပ်နှံခဲ့ပါတယ် ။ ရဲဝန်ထမ်းတွေ စစ်ဆေးကြည့်တဲ့ အခါမှာတော့ ထိုငွေကြေးရဲ့ ပိုင်ရှင် အစစ်မှန်ဟာ Brinks လို့ခေါ်တဲ့ ငွေကြေးပို့ဆောင်ရေး ကုမ္ပဏီတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတော့တယ် ။ Brink ကုမ္ပဏီရဲ့ ပြောကြားချက်အရ သူတို့ ကုမ္ပဏီက ငွေသယ်တဲ့ ကားပေါ်ကနေ မတော်တဆ ပြုတ်ကျသွားတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ် ။ ပိုင်ရှင် အစစ်အမှန်ဆီ ရိုသားစွာ ငွေတွေ ပြန်ပေးခဲ့တဲ့ Eli ကတော့ Brinks ကုမ္ပဏီက ချီးမြှင့်တဲ့ ဒေါ်လာ ( ၂ ) ထောင်ကို လက်ခံရရှိခဲ့ပါတယ် ။ shwekhitonlinetv.com


၂ ။ Christopher Montgomery
Christopher Montgomery လို့ ခေါ်တဲ့ အသက် ( ၁၉ ) နှစ် အရွယ် ကောင်လေးဟာ ရုပ်ရှင်ရုံ တစ်ခုမှာ သန့်ရှင်းရေး ဝန်ထမ်း အဖြစ် လုပ်ကိုင်နေသူ တစ်ယောက်ပါ ။ တစ်ရက်မှာတော့ ရုပ်ရှင်ကား ပြပြီးသွားလို့ ရုံအတွင်း သန့်ရှင်းရေး လုပ်နေတဲ့ အချိန်အတွင်း ဒေါ်လာ ( ၂၄၀၀၀ ) ထည့်ထားတဲ့ အိတ်လေးတစ်ခုကို ကောက်ရခဲ့ပါတော့တယ် ။ ငယ်ရွယ်ပေမယ့်လည်း စိတ်ထားဖြူစင်တဲ့ Christopher ဟာ ကောက်ရမယ့် ပိုက်ဆံကို မယူပဲ သူ့ရဲ့ မန်နေဂျာဆီ သွားရောက် အပ်နှံခဲ့ပါတယ် ။ shwekhitonlinetv.com


Christopher ကောက်ရခဲ့တဲ့ ပိုက်ဆံပိုင်ရှင် အစစ်ကတော့ အသေးစား လုပ်ငန်း ပိုင်ရှင် တစ်ဦးဖြစ်တဲ့ RoseMarie Limoncelli ဆိုသူပဲ ဖြစ်ပါတယ် ။ သူမဟာ ရုပ်ရှင် ကြည့်ပြီးသွားလို့ ထလိုက်ရာက အမှတ်မထင် ပိုက်ဆံထည့်ထားတဲ့ အိတ်လေးကို ကျကျန်ခဲ့တာပါ ။ RoseMarie ဟာ သူမရဲ့ ပိုက်ဆံတွေကို တစ်ပြား မကျန် ပြန်ရခဲ့တာကြောင့် ပိုက်ဆံကောက်ရခဲ့တဲ့ Christopher ကိုငွေကြေးတစ်ချို့ လက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ် ။ ဒါပေမယ့်လည်း Christopher ကတော့ မည့်သည့် ငွေကြေးကိုမှ လက်မခံခဲ့ပဲ စေတနာနဲ့ ကူညီတာပါလို့ ပြောခဲ့ပါတယ် ။ shwekhitonlinetv.com


၃ ။ Candace Scott
တက္ကဆက်ပြည်နယ်ထဲက ကော်လိပ်စတေးရှင်း မြို့မှာနေထိုင်တဲ့ Candace Scott ဆိုသူ အမျိုးသမီးဟာ တစ်ရက်မှာ ကားမောင်းနေရင်း လမ်းဘေးမှာ ပစ်ထားတဲ့ အိတ်တစ် အိတ်ကို ရှာတွေ့ခဲ့ပါတော့တယ် ။ အစကတော့ သူမဟာ အနှီး အစုတ်တွေ ထည့်ထားတဲ့ အိတ်လို့ ထင်ခဲ့ပေမယ့်လည်း သေချာအောင် စစ်ဆေးချင်တာကြောင့် အိတ်ကို ဖွင့်လိုက်ပါတော့တယ် ။ အိတ်ကို ကြည့်လိုက်တဲ့ အခါမှာတော့ အတွင်းထဲမှာ ဒေါ်လာ ( ၂၀၀၀၀ ) အတိအကျ ရှိနေတာကို Candace တစ်ယောက် တွေ့ရှိသွားပါတော့တယ် ။ shwekhitonlinetv.com


နောက်ထပ် စူးစမ်းကြည့်တဲ့အခါမှာတော့ ပိုက်ဆံအထုပ်တွေမှာ Chase အမည်ရှိ Bank တစ်ခုရဲ့ Logo ပါတာကိုပါ တွေ့ခဲ့ပါတယ်တဲ့ ။ Candace ဟာ သူမ ကောက်ရခဲ့တဲ့ ပိုက်ဆံကို ယူမထားပဲ အနီးအနားက Chase Bank ဆီသွားပြီး ပိုင်ရှင် အစစ်ဆီ ပြန်ပေးဖို့ စုံစမ်းခဲ့ပါတော့တယ် ။ နောက်ပိုင်းမှာတော့ ပိုင်ရှင်အစစ်ဆီ ငွေတွေကို ပြန်ပေးနိုင်ခဲ့ပြီး Candace ကိုလည်း သူမရဲ့ ရိုးသားမှု အတွက် ဒေါ်လာ ( ၅၀၀ ) တန် လက်ဆောက် ကတ်တစ်ခု ပြန်လည်ပေးခဲ့ပါတယ် ။ shwekhitonlinetv.com


၄ ။ Jennifer Shaw
Jennifer Shaw လို့ခေါ်တဲ့ စားပွဲထိုး မိန်းကလေး တစ်ဦးကတော့ စားသောက်ဆိုင် တစ်ခုမှာ စားပွဲဝိုင်းကို သန့်ရှင်းရေး လုပ်ရင်း စာအိတ်ထဲ ထည့်ထားတဲ့ ပိုက်ဆံ ဒေါ်လာ ( ၅ ) ထောင်ကို ရှာတွေ့မိပါတော့တယ် ။ ဖြစ်ချင်တော့ သူမ သန့်ရှင်းရေး လုပ်နေတဲ့ စားပွဲဝိုင်းဟာ မကြာသေးခင်ကမှ အမျိုးသား တစ်စု လာထိုင်ပြီး ပြန်သွားတဲ့ ဝိုင်းဖြစ်တာကြောင့် ချက်ချင်းဆိုသလို ပိုင်ရှင်ထံ ပြန်ပေးခဲ့ပါတော့တယ် ။ shwekhitonlinetv.com


စာအိတ်ပိုင်ရှင် အမျိုးသားကတော့ Jennifer ရဲ့ ရိုးသားမှုကို တုန့်ပြန်တဲ့ အနေဖြင့် ဒေါ်လာ ( ၁၀၀ ) ချီးမြှင့်ခဲ့ပါတယ် ။ စားသောက်ဆိုင်ပိုင်ရှင်ကတော့ သူ့ရဲ့ ဝန်ထမ်းတစ်ဦး ဖြစ်သူ Jeniffer ရဲ့ လုပ်ရပ်ကို ချီးကျူးလိုက်ပြီး သူမကိုလည်း ဆုတစ်ချို့ ထပ်မံ ပေးခဲ့ပါသေးတယ် ။ shwekhitonlinetv.com


၅ ။ Tyler Schaefer
အသက် ( ၁၀ ) နှစ် အရွယ်သာရှိသေးတဲ့ Tyler ဟာ တစ်နေ့မှာတော့ သူ့ရဲ့ မိဘတွေနဲ့အတူ KC Hilton ဆိုတဲ့ လေဆိပ် တစ်ညတာ တည်းခိုခဲ့ပါတယ် ။ အခန်းထဲရောက်ပြီး သိပ်မကြာခင်မှာပဲ Tyler ဟာ ငွေတွေ တွေ့တယ်ဆိုပြီး အော်လိုက်တာကြောင့် သူ့ရဲ့ မိဘ ဖြစ်သူတွေက လာကြည့်ပါတော့တယ် ။ Tyler ပြောတဲ့ အတိုင်းပဲ အံဆွဲတစ်ခုထဲမှာ ပိုက်ဆံတွေ အထပ်လိုက် ထားထားတဲ့ ဒေါ်လာ ( ၂၀၀၀၀ ) ကို တွေ့ခဲ့ပါတော့တယ် ။ Tyler ရဲ့ မိဘ ဖြစ်သူတွေကတော့ ဒီငွေတွေဟာ မှုးယစ်ဆေးဝါး ( ဒါမှမဟုတ် ) တစ်ခြား တရားမဝင်တာတွေ နဲ့ ဆက်စပ်နေတဲ့ ငွေတွေ ထင်ပြီး ရဲကို ခေါ်ကာ ငွေတွေ အပ်နှံခဲ့ပါတော့တယ် ။ shwekhitonlinetv.com


ရဲဌာန ထံ အချိန် အတော်ကြာသွားတဲ့ အထိ ပိုင်ရှင် တစ်ယောက်မှ လာမယူကြပါဘူးတဲ့။ ဒါ့ကြောင့်ပဲ မစ်ဆူရီ ပြည်နယ်ရဲ့ ဥပဒေအရ ပစ္စည်းတစ်ခုကို ပိုင်ရှင် ဖြစ်သူက ခုနှစ်လအတွင်း လာမယူရင် ကောက်ရတဲ့သူ ပိုင်ဆိုင်တယ်လို့ ပြဌာန်းထားတာကြောင့် Tyler ဟာ သူ ကောက်ရခဲ့တဲ့ ဒေါ်လာ ( ၂၀၀၀၀ ) ကို ပိုင်ဆိုင်ခဲ့ပါတော့တယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ ငွေအများကြီး ကောက်ရခဲ့ပေမယ့်လည်း ပိုင်ရှင်ထံ ရိုးသားစွာ ပြန်ပေးခဲ့ကြသူတွေ ရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် …. shwekhitonlinetv.com