ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ အလှဆုံးရယ်လို့ သတ်မှတ်ခံထားရတဲ့ ငှက် မျိူးစိတ်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ အခုပြောပြမယ့် ငှက်မျိုးစိတ်လေးတွေဟာ ကမ္ဘာအနှံ့က ငှက်လေးတွေကို စာရင်းပြုစုပြီး ဖော်ပြထားတာမှာမို့လို့ ဘယ် ငှက်ကလေးတွေ ပါမလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။Blue Birds of Paradise
Blue Birds of Paradise လို့ အမည်ရတဲ့ ငှက်လေးတွေကို နယူးဂီနီ ကျွန်း နဲ့ အနီးတစ်ဝိုက်မှာ တွေ့ရှိရပြီး ကမ္ဘာ့အလှဆုံး ငှက်အဖြစ် သတ်မှတ် ခံထား ရပါတယ် ။ ဒီငှက်မျိုးစိတ်ထဲမှာမှ ငှက် အထီးလေးတွေ မှာ ဆိုရင် အပြာရောင်တောက်နေတဲ့ အမြှီးရှိပြီး နှုတ်သီးကတော့ ဆင်စွယ်ရောင် ဖြစ်ကာ မျက်လုံးအရောင်ကတော့ အဖြူရောင် ဖြစ်ပေမယ့်လည်း ခေါင်းပိုင်းကတော့ အနက်ရောင် တောက်တောက် အရောင် အဆင်းရှိတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


ငှက်အမလေးတွေကတော့ ငှက်အထီးတွေလိုမျိုး အမြှီးမရှိပေမယ့်လည်း အရောင်အဆင်းကတော့ ငှက်ထီးတေွ နဲ့ အတော်လေးကို ဆင်တူပါတယ် ။ နောက်တစ်ခုကတော့ Blue Birds of Paradise ငှက်လေးတွေကို Vogelkop လို့လည်း ခေါ်ကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ မိတ်လိုက်တဲ့ ရာသီ ရောက်ပြီဆိုရင် Vogelkop ငှက်အထီးလေးတွေဟာ ငှက်အမလေးတွေကို ပိုးပန်းတဲ့ အက ကပြပြီး ဆွဲဆောင်ကြပါတယ်တဲ့ ။ shwekhitonlinetv.com


၂ ။ Blue Jay
Blue Jay လို့ အမည်ရတဲ့ ငှက်လေးတွေကို လက်တင် ဘာသာစကားမှာတော့ Cyanocitta cristata ဆိုပြီး ခေါ်ကြပါတယ် ။ ဒီငှက်လေးတွေရဲ့ မူလ ဇာစ်မြစ်ကတော့ မြောက်အမေရိကတိုက်ကနေ လာတာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ အမေရိက အလယ်ပိုင်း နဲ့ အရှေ့ပိုင်းတွေမှာပါ တွေ့လာရပါတယ် ။ Blue Jay ငှက်လေးတွေရဲ့ အရွယ်အစားဟာ ( ၁၀ ) လက်မရှိပြီး အလေးချိန်ကတော့ ( ၃ ) အောင်စ ပဲ ရှိတာပါတဲ့ ။ အရောင်အဆင်းအနေနဲ့ ပြောရမယ်ဆိုရင် ငှက်လေးတွေရဲ့ ခန္ဒာကိုယ် တစ်လျှောက်ဟာ အပြာရောင် တောက်တောက်ဖြစ်ပြီး ရင်ဘတ်ပိုင်းကတော့ မီးခိုးဖျော့ရောင် ရှိကာ ခေါင်းပိုင်းကတော့ အဖြူအနည်းငယ် စပ်ပါတယ် ။ shwekhitonlinetv.com


သူတို့ စားတဲ့ အစားအစာလေးတွေကတော့ များသောအားဖြင့် ဝက်သစ်ချသီး ၊ အစေ့အဆံတွေနဲ့ အခွံမာသီးတွေကို စားပေမယ့် တစ်ခါတစ်လေမှာတော့ နှံကောင် ၊ ကျိုင်းကောင်း နဲ့ ပိုးကောင်လိုမျိုး အကောင် သေးသေးလေးတွေကိုလည်း စားကြပါသေးတယ် ။ Blue Jay ငှက်လေးတွေနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုကတော့ သူတို့ ကြောက်လန့်တဲ့အခါ ( ဒါမှမဟုတ် ) ရန်မူချင်လာတဲ့အခါမျိုးတွေမှာ သူတို့ရဲ့ ခေါင်းပေါ်မှာရှိတဲ့ ငှက် အမောက်လေးက ထောင်လာတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၃ ။ Red Crested Turaco
The Red-crested Turaco လို့ ခေါ်တဲ့ ငှက်လေးတွေကို လက်တင်ဘာသာ စကားမှာတော့ Tauraco erythrolophus လို့ အမည်ရပါတယ် ။ ဒီငှက်လေးတွေ ရဲ့ မူလ နေရာကတော့ အာဖရိက တိုက် က ဖြစ်ပြီး ဆာဗာနား မြက်ခင်းပြင် ၊ သစ်တောအုပ်တွေနဲ့ အာဖရ်ိက ဆာဟာရ အစားထိုး သစ်တောတွေ နားမှာ တွေ့နိုင်မှာပဲ ဖြစ်ပါတယ် ။ Red-crested Turaco ငှက်လေးတွေရဲ့ အရွယ်အစားကတော့ လက်မ ( ၂၀ ) ခန့်ရှိပြီး အလေးချိန်ကတော့ ( ၁ ) ပေါင် အောက် သာ ရှိပါတယ် ။ shwekhitonlinetv.com


သူတို့ စားတဲ့ အစားအစာတွေကတော့ အစေံတွေ ၊ အသီးအရွက်တွေ ၊ ပန်းတွေနဲ့ ခြကောင်တွေကို အစာ အဖြစ် စားသုံးကြပါတယ် ။ နောက်တစ်ခုကတော့ Red Crested Turaco ငှက်လေးတွေဟာ ပျံသန်းတာ အကောင်းဆုံး မဟုတ်ပေမယ့်လည်း အပြေးတော့ တော်တော်လေးကို မြန်ပါတယ် ။ ဒါ့အပြင် တောတွင်းမျောက်လိုမျိုး အသံမျိုးကို လုပ်တတ်ပါသေးတယ်တဲ့ ။ အရောင်အဆင်းအနေနဲ့ကတော့ အစိမ်းရောင် ခန္ဓာကိုယ် ၊ အဖြူရောင် မျက်နှာ နဲ့ ငှက်အမောက် ကတော့ အနီရောင် ဖြစ်ပါတယ် ။ shwekhitonlinetv.com


၄ ။ Golden Pheasant
Golden Pheasants ငှက်လေးတွေရဲ့ လက်တင်နာမည်ကတော့ Chrysolophus pictus လို့ ခေါ်ပြီး rainbow pheasant ၊ Chinese pheasant လို နာမည်အမျိူးမျိုးလည်း ရှိပါသေးတယ် ။ ဒီငှက်လေးတွေကို တရုတ်နိုင်ငံ အနောက်ပိုင်း နဲ့ အလယ်ပိုင်းရှိ တောင်တန်းတွေမှာ တွေ့နိုင်ပါတယ် ။ Golden Pheasants ငှက်လေးတွေရဲ့ အရွယ်အစား ဟာဆိုရင် ငှက်အထီးတွေဟာ ( ၃ ) ပေ ကျော်အထိ ရှိပြီး ငှက်အမလေးတွေဟာဆိုရင် ( ၂ ) ပေ ကျော် အထိ ရှိတတ်ပါတယ် ။ shwekhitonlinetv.com


သူတို့စားတဲ့ အစားအစာလေးကတော့ ဘယ်ရီသီး ၊ စပါးစေ့ ၊ ပြောင်းစေ့ နဲ့ တစ်ခြားသော အစေ့ အဆံတွေကို စားကြတာပဲ ဖြစ်ပါတယ် ။ အရောင်အသွေးကတော့ အတော်လေးကို ထူးခြားပြီး လှပတဲ့ ရွှေရောင် အမောက် ရှိတဲ့ အပြင် ငှက်မွှေး တွေ ဟာဆိုရင်လည်း သက်တံ့လိုမျိုး အရောင် စုံ ရှိပါတယ် ။ အမြှီးပိုင်းကလည်း အနည်းငယ် ရှည်လျှားပြီး ကမ္ဘာ့အလှဆုံး ငှက်စာရင်း ရဲ့ နံပါတ် ( ၄ ) နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၅ ။ Painted Bunting
နောက်ထပ် ပြောပြပေးမယ့် ငှက်ကလေးရဲ့ နာမည်ကတော့ Painted Bunting လို့ အမည်ရပြီး လက်တင်လို ဆိုရင်တော့ Passerina ciris လို့ ခေါ်ပါတယ် ။ ဒီငှက်လေးတွေရဲ့ မူလနေရာကတော့ မြောက်အမေရိက ရဲ့ တောင်ဘက်ပိုင်း က ဖြစ်ပြီး နောက်ပိုင်းမှာတော့ တောင် အမေရိက အလယ်ပိုင်း နဲ့ ကာရေဘီယံ ဘက်ကို ရွှေ့ပြောင်းလာကြတာကို တွေ့ရပါတယ် ။ အရွယ်အစားကတော့ ၁၂ စင်တီမီတာ ကနေ ၁၃ စင်တီမီတာ အထိရှိပြီး အလေးချိန်ကတော့ ( ၁၆ ) ဂရမ် ရှိပါတယ် ။ shwekhitonlinetv.com


သား မပေါက်တဲ့ အချိန်တွေမှာဆိုရင် Painted Bunting ငှက်လေးတွေဟာ အစေ့အဆံ နဲ့ ပြောင်းစေ့ လေးတွေကို သာ စားသုံးပြီး သားပေါက်ခံ နီး အချိန်တွေမှာတော့ အင်းဆက် မျိုးစုံ ကိုပါ စားသုံးလာကြပါတယ် ။ အရောင် အဆင်းပိုင်းမှာဆိုရင် ငှက် အထီးလေးတွေဟာ လှပပြီး တက်ကြွတဲ့ အပြာရောင် ၊ အနီရောင် ၊ အဝါရောင် နဲ့ အစိမ်းရောင် တို့ကို ပေါင်းစပ်ထားတာ ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီလို အရောင်စုံလေးတွေကို မြင်ချင်တယ်ဆိုရင်တော့ ငှက်လေးတွေရဲ့ အသက် ( ၂ ) နှစ် ရောက်မှသာ မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၆ ။ Flamingo
Flamingo ငှက်လေးတွေရဲ့ လက်တင်နာမည်ကတော့ Phoenicopterus လို့ အမည်ရပါတယ်တဲ့ ။ Flamingo ငှက်လေးတွေရဲ့ မူလ ဇာစ်မြစ် နေရာဟာဆိုရင် အမေရိက ( ကာရေဘီယံ ) ၊ အာဖရိက ၊ အာရှ နဲ့ ဥရောပ တိုက်တို့ မှာ တွေ့နိုင်မှာပဲ ဖြစ်ပါတယ် ။ အရွယ်အစား အနေနဲ့ကတော့ ( ၄ ) ပေကျော်ရှိပြီး အလေးချိန်ကတော့ ( ၇ ) ပေါင် အထိ ရှိနိုင်ပါတယ် ။ သူတို့ရဲ့ အစား အစာတွေကတော့ အင်းဆက် သေးသေးလေးတွေ ၊ ပုဇွန် နဲ့ စိမ်းပြာရောင် ရေညှိ တို့ကို စားပါတယ်တဲ့ …. shwekhitonlinetv.com


ထူးဆန်းတာ တစ်ခုကတော့ Flamingos ငှက်လေးတွေဟာ ပုဇွန်လေးတွေကို စားပြီးတိုင်း သူတို့ ကိုယ်ပေါ်မှာ လှပတဲ့ ပန်းရောင် လို အရောင်လေးတွေ ပိုင်ဆိုင်လာတာပဲ ဖြစ်ပါတယ် ။ ပုဇွန်ကို များများစားလေ သူတို့ ခန္ဓာကိုယ်က အမွှေးအတောင်တွေဟာ ပိုပြီး တောက်ပြောင်လာကာ ပုဇွန် အစား နည်းတဲ့ အကောင်လေးတွေရဲ့ အမွှေးကတော့ အဖြူရောင် ဖျော့တော့တော့ အရောင် ဖြစ်သွားတတ်ပါတယ် ။ shwekhitonlinetv.com


၇ ။ Hyacinth Macaw
နောက်ထပ်ပြောပြမယ့် ငှက်ကလေး ရဲ့ နာမည်ကတော့ Hyacinth Macaw ဖြစ်ပြီး လက်တင် နာမည်ကတော့ Anodorhynchus hyacinthinus လို့ အမည်ရပါတယ် ။ ဒီငှက်လေးတွေကိုတော့ တောင် အမေရိကတိုက် အလယ်ပိုင်း နဲ့ အရှေ့ပိုင်း မှာ တွေ့ရများပြီး အိမ်မွေး တိရစ္ဆာန် အဖြစ် နဲ့ မွေးမြူကြတာ များပါတယ်တဲ့ ။ အရွယ်အစားကတော့ အလျား ( ၃ ) ပေခန့်ရှိပြီး အလေးချိန်ကတော့ ( ၃ ) ပေါင်ခန့် ရှိပါတယ် ။ shwekhitonlinetv.com


Hyacinth Macaw ငှက်လေးတွေ ရဲ့ အစားအစာကတော့ အခွံမာသီး နဲ့ အစေ့ အဆံ တွေကို အများဆုံး စားကြပါတယ် ။ ဒါ့အပြင် သူတို့ ရဲ့ နှုတ်သီးဟာဆိုရင် အုန်းသီး တစ်လုံးကို ဖောက်နိုင်လောက်တဲ့ အထိ မာကျောလှပါတယ် ။ အရောင်အဆင်း ကတော့ တောက်ပတဲ့ အပြာရောင် အမွှေး အတောင်တွေ ရှိပြီး မျက်လုံး နဲ့ နှုတ်ခမ်းနား တစ်ဝိုက်မှာတော့ အဝါရောင် အနည်းငယ် ပါရှိတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Hyacinth Macaws ငှက်လေးတွေဟာ ကြက်တူရွေး မျိုးစိတ်ထဲမှာ အကြီးဆုံး ဖြစ်ပြီး သိမ်သိမ်မွေ့မွေ့ ရှိပေမယ့် အသံတော်တော်လေး ကျယ်တာကြောင့် နာမည်ကြီးပါတယ် ။ shwekhitonlinetv.com


၈ ။ Quetzal
Quetzal ငှက်လေး တွေရဲ့ လက်တင် နာမည်ကတော့ Pharomachrus mocinno လို့ ခေါ်ကြပါတယ်။ ဒီငှက်လေးတွေကိုတော့ မက္ကစီကို ကနေ ပနားမား နိုင်ငံ ကြားမှာ ရှိတဲ့ သစ်တောအုပ်တွေ မှာ တွေ့နိုင်မှာပဲ ဖြစ်ပါတယ် ။ Quetzal ငှက်လေးတွေရဲ့ အရွယ်အစားဟာ ( ၁ ) ပေ ကျော်သာ ရှိပြီး အလေးချိန်ကတော့ ( ၁ ) ပေါင်ခွဲ ခန့် သာ ရှိပါတယ် ။ သူတို့ စားတဲ့ အစား အစာတွေကတော့ သစ်သီးတွေ ၊ အိမ်မြှောင် တွေ ၊ အင်းဆက် တွေနဲ့ အခြားသော အကောင်သေးသေးလေးတွေကို စားသုံးကြပါတယ် ။ shwekhitonlinetv.com


Quetzal ငှက်လေးတွေရဲ့ အရောင်ကတော့ အနီရောင် ၊ အပြာရောင် ၊ အစိမ်းရောင် တို့နဲ့ လှပ စွာ ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ် ။ ထူးခြားချက်တော့ Quetzal ငှက်အထီးလေးတွေဟာ သူတို့ရဲ့ လက်တွဲဖော် ငှက်မတွေကို ဆုံးရှုံးရတဲ့ အခါ အတော်လေးကို လှပပြီး ထူးခြားတဲ့ အမြှီး ( ၂ ) ခု ထွက်လာပါတယ်။ ဒါပေမယ့် ငှက် အမလေးတွေ မှာတော့ အခုလိုမျိုး အမြှီး ( ၂ ) ခွ ထွက်မလာ တတ်ပါဘူး ။ shwekhitonlinetv.com


၉ ။ Hoopoe
Hoopoe ငှက်လေးတွေရဲ့ လက်တင် နာမည်ကတော့ Upupidae လို့ ခေါ်ပါတယ်တဲ့ ။ ဒီငှက်လေးတွေရဲ့ အရွယ်အစား ကတော့ အရှည် ( ၅ ) လက်မ အထိ ကြီးထွားနိုင်ပြီး အလေးချိန်ကတော့ ( ၂ ) အောင်စ ခန့်ရှိပါတယ် ။ Hoopoe ငှက်လေးတွေကိုတော့ ဥရောပ ၊ အာဖရိက နဲ့ အာရှတိုက်တို့မှာ တွေ့နိုင်ပါတယ် ။ သူတို့ရဲ့ အဓိက အစားအစာကတော့ ပုရွက်ဆိတ် ၊ ပိုးကောင် ၊ ကျိုးကောင် ၊ ပုရစ် နဲ့ အခြားသော အင်းဆက် အကောင်လေးတွေကိုလည်း စားသုံးကြပါသေးတယ် ။ shwekhitonlinetv.com


Hoopoe ငှက်လေးတွေရဲ့ အရောင်ကတော့ ရှည်လျားတဲ့ အနက်ရောင် နှုတ်သီး ရှိပြီး အဖြူရောင် နဲ့ အနက်ရောင် အစင်းကြောင်းတွေ ပါဝင်တဲ့ ငှက်မွှေးတွေ ရှိပါတယ် ။ ဒါ့အပြင် ခေါင်းအပေါ်က အမောက်မှာ ဆိုရင်လည်း အညိုရောင် ပေါ်မှာမှ အဖြူ နဲ့ အနက်ရောင် စပ်ကြား ပါဝင်ပါတယ် ။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ Hoopoe ငှက်လေးတွေ ဟာဆိုရင် အစ္စရေး နိုင်ငံ ရဲ့ အမျိုးသား ငှက် အဖြစ် သတ်မှတ် ခံထားရတာပါတဲ့ …. shwekhitonlinetv.com


၁၀ ။ Atlantic Puffin
အခုနောက်ဆုံး ပြောပြမယ့် ငှက်လေးရဲ့ နာမည်ကတော့ Atlantic Puffin ဖြစ်ပြီး လက်တင်နာမည်ကတော့ Fratercula arctica ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်အောင်ပင် ဒီငှက်လေးတွေကို အတ္တလန္တိတ် သမုဒ္ဒရာ အနားမှာ အတွေ့ရများပါတယ်တဲ့ ။ သူတို့ရဲ့ အရွယ်အစားကတော့ အမြင့် ( ၁ ) ပေခန့်ရှိပြီး အလေးချိန်ကလည်း ( ၁ ) ပေါင်လောက်သာ ရှိပါတယ် ။ shwekhitonlinetv.com


Puffin ငှက်လေးတွေ ရဲ့ အစားအစာ ကတော့ ဂဏန်း အသေးလေး တွေ နဲ့ ငါးပေါက်စနလေးတွေကို စားသုံးကြပါတယ် ။ ဒီ ငှက်လေးတွေရဲ့ အရောင်ကတော့ ခန္ဓာကိုယ် အနောက်ပိုင်းက အနက်ရောင် ဖြစ်ပြီး အဖြူရောင် ရင်ဘတ်ရှိကာ ခြေထောက်လေးတွေကတော့ လိမ္မော်ရောင် ရှိတာပဲ ဖြစ်ပါတယ် ။ Puffin ငှက်လေးတွေ ဟာ ပင်ဂွင်း ငှက် အရောင် နဲ့ ဆင်တူ သယောင် ရှိပေမယ့်လည်း ပုံစံက ကြက်တူရွေးနဲ့ ပိုပြီး တူတယ်လို့ ပညာရှင်တွေ မှတ်ချက် ပြုခဲ့ကြပါတယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးခဲ့တာကတော့ ကမ္ဘာ့အလှဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ငှက်မျိုးစိတ် ဆယ်မျိုး အကြောင်းကို ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်….. shwekhitonlinetv.com