မင်္ဂလာပါ ရွှေခေတ်ပရိတ်သတ်ကြီးရေ။ ဒီတခေါက်မှာတော့ ဖုန်းထဲမှာ လုံးဝ တင်မထားသင့်တဲ့ Application တွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ App တွေ သင့်ဖုန်းထဲမှာ Install လုပ်မိထားပြီလားဆိုတာ သတိထား စစ်ဆေးကြည့်လိုက်ပါဦးနော်။ shwekhitonlinetv.com
၁။ (အခမဲ့ဂိမ်းများ) Free Games

ဒီနေ့ နာမည်ကျော်လူကြိုက်များနေတဲ့အွန်လိုင်းဂိမ်းတွေဖြစ်တဲ့ Mobile Legends , PUBG တို့လိုဂိမ်းတွေဟာ ဆော့ကစားတဲ့သူတွေအတွက်တော့ သက်ဆိုင်ရာ App Store တွေကနေ အခမဲ့ Download လုပ်ပြီးဆော့ကစားလို့ရတာမှန်ပေမယ့် ဒီဂိမ်းတွေကို ရေးဆွဲထုတ်လုပ်ခဲ့ကြတဲ့ ကုမ္ပဏီတွေကတော့ ငွေကြေးအင်အား စိုက်ထုတ်မှုများစွာပြုလုပ်ထားရတာ့ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် သူတို့အတွက်ဝင်ငွေ ပြန်လည်ရရှိ နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေစဉ်းစားကြရပါတယ်။ နာမည်ကျော်ဂိမ်းအများစုကတော့ ဂိမ်းအတွင်းမှာအသုံး ပြုလို့ရမယ့် အရာတွေကို ငွေကြေးနဲ့ရောင်းချခြင်းတွေကသာ ပြန်လည်ရှာကြပါတယ်။ shwekhitonlinetv.com
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ Mobiles Legends ဂိမ်းမှာ Skins တွေ နဲ့ တခြား Items တွေကို စိန်နဲ့ဝယ်ယူရခြင်း လိုမျိုးဖြစ်ပါတယ်။ ဒီ စိန် တွေကိုရရှိဖို့အတွက် ဂိမ်းကစားသူတွေက ဖုန်းဘေလ် ဒါမှမဟုတ် ငွေကြေးနဲ့ တစ်ဆင့် ကိုယ်စားလှယ်တွေဆီကဝယ်ယူကြရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် တစ်ချို့မသမာတဲ့ နည်းလမ်းတွေနဲ့ ဝင်ငွေကိုဖန်တီးတဲ့ ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီတွေကတော့ ဂိမ်းအတွင်း ကြော်ငြာလို ပုံစံမျိုးတွေထည့်သွင်းတက်ကြပါတယ်။ ဖုန်းကိုသာနေ့တိုင်း အသုံးပြုနေပြီး နည်းပညာ ပိုင်းနဲ့ အလှမ်းဝေးတဲ့သူတွေအတွက်တော့ ဒါကအလွန်အန္တရာယ်များလှပါတယ်။ shwekhitonlinetv.com
ဘာလို့လဲဆိုတော့ အဲ့ဒီကြော်ငြာတွေကို ကြည့်မိတာနဲ့ သင့်ဖုန်းရဲ့ Storage ထဲကို သူတို့စီစဉ်ရေးဆွဲထားတဲ့ လျှို့ဝှက်ဖိုင်တွေရောက်ရှိသွားမှာပါ။ အဲ့ဒီဖိုင်တွေက တစ်ဆင့် သင့်ဖုန်းထဲက ကိုယ်ရေးကိုယ်တာအချက်အလက်တွေအကုန်လုံးကို သူတို့က တရားမဝင်ခိုးယူလို့ရသွားမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ပြီးရင်တော့ နာမည်ကျော်ကြားတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အတွင်းရေးသတင်းတွေ ရောင်းစာတာမျိုး နဲ့ ငွေကြေးနဲ့ဆိုင်တဲ့ လျှို့ဝှက်အချက်အလက်တွေကို အလွဲသုံးစားပြုပြီး ဝင်ငွေပြန်လည်ရှာကြတာကြောင့် အထူးသတိပြုသင့်ပါတယ်။ shwekhitonlinetv.com

အကောင်းဆုံးအကြံပေးချင်တာကတော့ စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ တွေ့ကရာ ဂိမ်းတိုင်းကို Install လုပ်ပြီးမဆော့သင့်သလို ဂိမ်းအသစ်တစ်ခုကို ဆော့မယ်ဆိုရင်လည်း Install မလုပ်ခင်မှာ အဲ့ဒီဂိမ်းနဲ့ ပတ်သတ်တဲ့ Review နဲ့ User Agreement လိုမျိုးကို သေချာဖတ်သင့်တယ်ဆိုတာပါပဲ။ shwekhitonlinetv.com
၂။ (ဘက္ကထရီအားသွင်းမှုကို လျှင်မြန်စေမည့် App များ) Fast Charge Apps

သင့်ဖုန်းဘက္ကထရီကိုအချိန်တိုအတွင်း ပြန်လည်အားဖြည့်သွင်းနိုင်တယ်ဆိုတဲ့ အာမခံချက်မျိုစုံနဲ့ Apps တွေကို Paly Store တွေမှာတွေဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီ Apps တွေကိုယုံကြည်ပြီး Install လုပ်ထားမယ်ဆိုရင် တော့ ငါးပါးမှောက်ဖို့ကျိန်းသေပါတယ်။ shwekhitonlinetv.com

ဘာလို့လည်းဆိုတော့ ဒီလို Apps တွေက အခကြေးငွေပေးပြီး ကြည့်ရတဲ့ Livestream တွေရဲ့လှည့်ကွက်တစ်ချို့မို့လို့ပါပဲ။ သူတို့ဘယ်လို အလုပ်လုပ်သလဲဆိုတော့ သင့်ဖုန်း အင်တာနက်ကို မေ့ပြီးမပိတ်မိပဲ ဖုန်း Screen က Locked ဖြစ်နေတဲ့အခါမျိုးမှာ နောက်ကွယ်ကနေ သူတို့ရဲ့ မိနစ်ပမာဏ များပြားစွာကြာမြင့်အောင်ထုတ်လွှင့်နေတဲ့ Livestream ထုတ်လွှင့်မှုတွေကို Auto သွားရောက်ကြည့်ရှုနေမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

မိမိဖုန်း Screen ပြန်ပြီး Unlocked မလုပ်မချင်း၊ အင်တာနက်ဒေတာအသုံးပြုမှု မပိတ်မခြင်း သူ့ဘာသာ နောက်ကွယ်ကနေ Livestream တွေကိုကြည့်နေမှာ ဖြစ်ပါတယ်။ ဒီလို App တွေကြောင့် ဖုန်းဘေလ်တွေ ကုန်သွားတဲ့သူတွေရှိရင် နောက်နောင် သတိထားကြပါလို့ သတိပေးပါရစေနော်။ shwekhitonlinetv.com
၃။ (Wi-Fi Password Hack သည့် App များ) Wi-Fi Password Hacker

အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် လူသားတွေရဲ့သဘာဝအရ ဘယ်သူမဆို အလကားရရင်တော့ အနည်းနဲ့အများ လိုချင်တက်ကြပါတယ်။ shwekhitonlinetv.com
ဒီ Apps မျိုးကတော့ အဲ့ဒီလို လူတွေကို ပစ်မှတ်ထားပုံပါပဲ။ ကျွန်တော်အပါအဝင် လူတော်တော်များများဟာ ဖိုင်အရွယ်အစားကြီးလွန်းရင် မိမိဖုန်းအင်တာနက်ကို အသုံးပြုပြီး အဲ့ဒီဖိုင်ကို Download ပြုလုပ်ဖို့ထက် Wi-Fi အင်တာနက် အခမဲ့ချိတ်ဆက် သုံးလို့ရတဲ့အချိန်မျိုးမှသာ ဒီလိုဖိုင်တွေကို Download ပြုလုပ်ကြပါတယ်။ shwekhitonlinetv.com

မြန်မာနိုင်ငံမှာတော့ ရုံးတွေ၊ ကုမ္ပဏီ တွေလိုမျိုး နဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာအချို့မှာသာဒီလို Wi-Fi အင်တာနက်ကို အခမဲ့ အသုံးပြုနိုင်တာဖြစ်ပြီး တစ်ဦးချင်းစီ၊ ဒါမှမဟုတ် မိသားစုတစ်စုဆီအနေနဲ့တော့ လပေးစနစ်နဲ့ ဒေတာအသုံးပြုမှု ကန့်သတ်ထားခြင်းမရှိတဲ့ Wi-Fi အင်တာနက်စနစ်ကို အသုံးပြုကြတာရှားပါတယ်။ shwekhitonlinetv.com
ဒါပေမယ့် လည်းကိုယ့်ပတ်ဝန်းကျင် ကနေဒီလိုအသုံးပြုတဲ့ သူတွေရှိခဲ့ရင်တော့ ခိုးယူချိတ်ဆက်ပြီး အလကားအသုံးပြုချင်တဲ့ သူတွေလည်းရှိတက်ပါတယ်။ ဒါပေမယ့် တစ်ချို့ လုံခြုံရေးစနစ် ကောင်းမွန်စွာသတ်မှတ်ထားတဲ့ Wi-Fi အင်တာနက် တွေကိုတော့အလွယ်တကူ သွားရောက်ချိတ်ဆက်ဖို့မဖြစ်နိုင်ပါဘူး။ shwekhitonlinetv.com

အဲ့လိုလူတွေကို လှည့်စားဖို့ Apps တွေကတော့ မရေတွက်နိုင်အောင်ပဲများပြားလှပါတယ်။ ဒီ App တွေက လWi-Fi အင်တာနက်စနစ်ရဲ့ လျှို့ဝှက်ကုဒ်နံပါတ်တွေကိုကျော်ပြီးချိတ်ဖို့ ကြားခံလုပ်ဆောင်ပေးတဲ့ Third-Party Apps တွေပဲဖြစ်ပါတယ်။ ဒီလို Apps တွေကို Install လုပ်ထားတယ်ဆိုရင်တော Wi-Fi အင်တာနက်ကို အလကားချိတ်လို့ ရမရကျိန်းသေမပြောနိုင်ပေမယ့် သင့်ရဲ့ဖုန်းထဲကအချက်အလက်တွေကတော့ အဲ့ဒီ App ကိုရေးဆွဲထားသူဆီ အရင်ရောက်သွားမှာပါ။ shwekhitonlinetv.com
၄။ (ကိုယ်ရေးအချက်အလက်များ ခွင့်ပြုချက်တောင်းသည့် App များ) App with privacy issues

အွန်လိုင်း App စတိုးတွေမှာတော့ များပြားလှတဲ့ App တွေဟာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီထဲကမှတစ်ချို့ App တွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခွင့်ပြုမှုတွေကို လိုက်လျောမှသာ အသုံးပြုလို့ အဆင်ပြေတဲ့ App မျိုးတွေလဲပါဝင်ပါတယ်။ shwekhitonlinetv.com
ကိုယ့်ရဲ့ Phone number , Contacts , Text messages , Photos , Location စသဖြင့် သူ့ဘက်ကတောင်းဆိုမှုမျိုးကို အသုံးပြုတဲ့သူက Access လုပ်ပေးရတာမျိုးတွေပေါ့။ ဒီလို App တွေကလဲ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ ခိုးယူနိုင်ပါတယ်။ shwekhitonlinetv.com
၅။ ကြော်ငြာဝက်ဆိုက်များ နှင့် Music App များ

တစ်ခါတစ်ရံမှာ သင့်အနေနဲ့ Web Site တစ်ခုကို ဝင်ရောက်ကြည့်ရှုနေရင်း ကိုယ်မနှိပ်ဘဲနဲ့ တစ်ခြား Link တွေကိုရောက်ရှိသွားတက်တာမျိုးကြုံဖူးမယ်ထင်ပါတယ်။ shwekhitonlinetv.com
အဲ့လို အရာတွေက သင့်ဖုန်းထဲကို Virus လိုအရာမျိုးတွေ အလွယ်တကူဝင်ရောက်နိုင်စေပါတယ်။ ဒါ့အပြင် ထုတ်လုပ်တဲ့ရေးဆွဲတဲ့ ကုမ္ပဏီ အတိအကျ ဖော်ပြထားခြင်းမရှိတဲ့ Music Application တွေဟာလည်း အလားတူဖြစ်ရပ်မျိုးကို ဖြစ်ပေါ်စေပြီး ဖုန်းရဲ့ Operation System ကိုသွားရောက်အနှောင့်အယှက်ပေးမှာ ဖြစ်တာကြောင့် ဖုန်းရဲ့လုပ်ဆောင်မှုတွေကို နှေးကွေးလေးလံ စေမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တခါတရံမှာ ကံစမ်းမဲပေါက်တယ်ဆိုတဲ့ ကြော်ငြာစာတွေ၊ သင့်ဖုန်းအန္တရယ်ရှိနေပြီဆိုတဲ့ သတိပေးချက်အတုတွေဟာ အခုလို App တွေ ဝက်ဆိုက်တွေကနေတဆင့် ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အခုဖော်ပြပေးသွားတာကတော့ ဖုန်းအသုံးပြုသူအများစု အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်တက်တဲ့ သတိပြုဖွယ် အချက်အလက်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလိုအသေးအဖွဲကိစ္စလေးတွေက တစ်ခါတစ်ရံ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ၊ စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် မိမိဖုန်းအတွင်း App တွေကိုထည့်သွင်းတော့မယ်ဆို သေချာစစ်ဆေးပြီး သတိပြုကြဖို့ တိုက်တွန်းပါရစေနော်။ shwekhitonlinetv.com
ဒီအကြောင်းအရာလေးကို ဖတ်ရှုပေးခဲ့ကြတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်နော်။ စာဖတ်သူတို့ရဲ့ ထင်မြင်ချက်လေးတွေကိုလဲ ကွန်မန့်မှာ ရေးပေးခဲ့ပါဦးနော် …
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။