Cosplay ဆိုတာကတော့ ဒီဘက်ခေတ် လူငယ်တွေနဲ့ ရင်းနှီးပြီးသား စကားရပ်တစ်ခု (ဒါမှမဟုတ်) ယဉ်ကျေးမှုတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ shwekhitonlinetv.com
အစပိုင်းမှာတော့ ဂျပန် Animie ဇာတ်ကောင်တွေကို အတုယူဖန်တီးခဲ့ပြီး Cosplay ယဉ်ကျေးမှုကို လူသိများလာခဲ့ပါတယ်။ ဒီယဉ်ကျေးမှုဟာ တစ်စ တစ်စ ကမ္ဘာအနှံ့ကို ပျံ့နှံ့လာတာနဲ့အမျှ Cosplay ပြုလုပ်တဲ့ Cosplayer တွေဟာလည်း နာမည်ကျော်လူသိများလာခဲ့ပါတယ်။ shwekhitonlinetv.com

အထူးသဖြင့် မိန်းကလေး Cosplayer တွေဖြစ်ပြီး တစ်ချို့တွေဆို ကမ္ဘာကျော် Cele တွေထက်တောင် လူမှုကွန်ယက်စာမျက်နှာတွေမှာ အားပေးသူအရေအတွက်ပိုမို ရရှိထားတယ်လို့ သိရပါတယ်။ အခုဖော်ပြပေးသွားမှာက တော့ ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ Cosplayer (၁၀) ဦးပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Alodia Gosiengfiao – Philippines

သူမကတော့အသက် (၃၁) အရွယ်ရှိပြီဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ Cosplay လောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပြီး မော်ဒယ်လ်၊ သရုပ်ဆောင် နဲ့ အဆိုတော်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ကတော့ (၅) ကားအထိရှိပါတယ်။ shwekhitonlinetv.com
၂။ Calssara – Germany

စာကြည့်တိုက်မှုးတစ်ဦးဖြစ်တဲ့အပြင် ပွဲစီစဉ်သူတစ်ဦးလည်းဖြစ်တဲ့ သူမကတော့ Cosplay လောကထဲကို ဝင်ရောက်လာတာ (၇) နှစ်ရှိပြီဖြစ်ပြီး ဆုတွေလည်း အများအပြားရရှိဖူးတယ်လို့သိရပါတယ်။ ဂျာမဏီလို ခေတ်မီတဲ့ဥရောပနိုင်ငံသူတစ်ဦးဖြစ်ပေမယ့် ရိုးရိုးရှင်းရှင်းနေထိုင်တက်ပြီး လဘက်ရည်သောက်ရင်း စာဖတ်ရတာကို နှစ်သက်သူတစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Anna Faith Carlson – United States

နာမည်ကျော် Frozen ကာတွန်းကားထဲက ရေခဲမင်းသမီးလေးပုံစံ၊ Wonder Woman ရုပ်ရှင်ထဲက မင်းသမီးပုံစံ တွေကတော့ သူမကို လူသိများစေတဲ့ Cosplay Style တွေဖြစ်ပါတယ်။ Instagram Model တစ်ဦးဖြစ်တဲ့သူမကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ကဖြစ်ပြီး အသက်ကတော့ (၂၃) နှစ်ပါ။ shwekhitonlinetv.com
၄။ Verisa – Russia

ထူးခြားဆန်းပြားတဲ့ ဇာတ်ကောင်တွေပုံစံ လုပ်ရတာ ကြိုက်နှစ်သက်တဲ့ Cosplayer တစ်ဦးပါ။ သူမ ပြုလုပ်တဲ့ ဇာတ်ကောင်တွေလိုပဲ သူမရဲ့ ပုံသဏ္ဍာန်ဟာအများအားဖြင့် သွေးအေးတည်ငြိမ်လွန်းလှပါတယ်။ ဒါပေမယ့်လည်း ဒီစာရင်းမှာ အဆင့် (၄) ချိတ်တဲ့အထိ လူကြိုက်များတဲ့ ရုရှားမလေးပါ။ shwekhitonlinetv.com
၅။ Grellka Loli – Ukarine

Cosplay လောကထဲကို စတင်ဝင်ရောက်လာကတည်းက အများအားဖြင့် စုန်းမ လို ဇာတ်ကောင်တွေကိုသာ ရွေးချယ်ပေမယ့်လည်း သူမရဲ့ပရိသတ်တွေက ချစ်စဖွယ်ဇာတ်ကောင် မျိုးကိုသာ ရွေးချယ်ပြုလုပ်ဖို့တောင်းဆိုခြင်းခံရသူပါ။ ဒီအပြောင်းအလဲက သူမနဲ့လိုက်ဖက်တယ်လို့ ဆိုရမှာ ဖြစ်ပြီး အချိန်တိုအတွင်း လူမှုကွန်ယက်တွေမှာ Follow တွေတိုးလာခဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Ardella D’Avalon – Australia

ဖက်ရှင် နဲ့ မိတ်ကပ် ပညာရှင်တစ်ဦးဖြစ်တဲ့ သူမကတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပုရိသပရိသတ်တွေရဲ့ ဝန်းရံခြင်းကို ခံရသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုအချက်မျိုးကြောင့် ညစ်ညမ်း Video ကုမ္ပဏီအများအပြားက သူမကို ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် ပြတ်ပြတ်သားသားငြင်းဆန်ခဲ့တဲ့ သြစတြေးလျ သူလေးပါ။ shwekhitonlinetv.com
၇။ Tasya Starkova – Russia

Dota (2) ဂိမ်းကစားတဲ့ သူတွေကတော့ သူမနဲ့စိမ်းမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ သူမက Dota (2) ထဲက ဟီးရိုးတစ်ကောင်ဖြစ်တဲ့ Windranger ပုံစံနဲ့ အားလုံးရဲ့ အာရုံတွေကို သိမ်းပိုက်ဖူးတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Koyuki – Thailand

ထိုင်း Cosplayer တစ်ယောက်ဖြစ်ပြီး အာရှရဲ့ Cosplay လောကမှာ သူမကို မသိတဲ့သူ မရှိလောက်အောင်ပါပဲ။ ချစ်စဖွယ်အမူအရာ နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်တွေကိုပြုလုပ်လေ့ရှိတဲ့ သူမကိုတော့ ပရိသတ်တွေက ကြောင်မလေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ shwekhitonlinetv.com
၉။ Enako – Japan

သူမပြုလုပ်မယ့် ဇာတ်ကောင်တွေကို အသေးစိတ်လေ့လာတက်ပြီး တစ်ချက်ကလေးမှ မလွဲအောင် အသေးစိတ်ဖန်တီးတက်သူတစ်ဦးအဖြစ် နာမည်ကျော်ပါတယ်။ ဂျပန် Cosplayer တစ်ဦးဖြစ်တာနဲ့ အညီ လုပ်သမျှ ဇာတ်ကောင်တိုင်းက သူမနဲ့လိုက်ဖက်ပြီး သပ်ရပ်လွန်းလှတယ်လို့ ဆိုကြပါတယ်။ shwekhitonlinetv.com
၁၀။ Saida – South Korea

အသက် (၂၂) နှစ်အရွယ် တောင်ကိုရီးယားမလေးတစ်ဦးဖြစ်တဲ့ သူမကတော့ Cosplay လောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့် အချိန်တိုအတွင်း အောင်မြင်ကျော်ကြားလာတဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် K-Pop လောကမှာလည်း အနုပညာလှုပ်ရှားမှုတွေပြုလုပ်ထားတာကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း ဒီထက်ပိုကျော်ကြားလာဖို့ရှိပါတယ်။ shwekhitonlinetv.com
သူတို့တွေကတော့ လက်ရှိအချိန်မှာ တကယ့်ဒိတ်ဒိတ်ကြဲ Cosplayer တွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို Cosplayer တွေရှိပေမယ့် သူတို့လို ဇောက်ချလုပ်ကိုင်တဲ့သူတော့ ရှားပါတယ်။
ပရိသတ်ကြီးအနေနဲ့ အခု ဆောင်းပါးလေးကိုကြည့်ပြီး ကျေနပ်ကြမယ်လို့ထင်ပါတယ်။
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။