ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးမယ့် အကြောင်းအရာ ကတော့ ရေနေသတ္တဝါတွေထဲမှာမှ အဆိပ်အပြင်းဆုံး အကောင်တွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘယ်လို အကောင်တွေက ရေနေသတ္တဝါတွေထဲမှာ အဆိပ်အပြင်းဆုံးအဖြစ် သတ်မှတ်ခံထားရတာလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Box Jellyfish

Box Jellyfish တွေ အကြောင်းပြောရမယ်ဆိုရင် သူတို့မှာ ကွဲပြားခြားနားတဲ့ မျိုးစိတ်တွေရှိပြီး ကမ္ဘာအနှံ့မှာ ရှင်သန်ကြပါတယ် ။ Box Jellyfish တွေကို ဩစတေးလျ ၊ ဖိလစ်ပိုင် ၊ ဟာဝိုင်အီ နဲ့ ဗီယက်နမ် တို့မှာ အများဆုံးတွေ့ရမှာပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ ပုံစံလေးက အန္တရာယ်မပေးတတ်ပဲ အပြစ်ကင်းပုံပေါ်ပေမယ့် Box Jellyfish တွေဟာ လက်ရှိမှာတော့ ရေနေသတ္တဝါတွေထဲမှာ အဆိပ်အပြင်းဆုံး အဖြစ် သတ်မှတ်ခံထားရဲ့ အကောင်ပါ ။ shwekhitonlinetv.com

Sea wasps လို့လည်း ခေါ်ကြတဲ့ ဒီ အကောင်လေးတွေဟာဆိုရင် သူတို့ရဲ့ များပြားလှတဲ့ လက်တံတွေထဲမှာ သားကောင်ကို ချက်ချင်း မူးမေ့ပြီး သေစေနိုင်တဲ့ အဆိပ်တွေ ပါရှိတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Box Jellyfish ရဲ့ လက်တံတွေထဲက တစ်ခုကို ထိမိလိုက်တာနဲ့တင် ချက်ချင်း နှလုံးခုန် ရပ်သွားတာတောင် မျိုးတောင် ဖြစ်စေနိုင်ပါတယ် ။ Box Jellyfish တွေကြောင့် အသက်အန္တရာယ် ဖြစ်ခဲ့ရသူ အတော်များများဟာ ဒီ အကောင်လေးတွေရဲ့ လက်တံတွေကို ထိမိပြီး မူးမေ့ကာ ရေနစ် သွားကြရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၂ ။ Stonefish

နောက်ထပ်ပြောပြပေးမယ့် Stonefish အကောင်လေးတွေဟာဆိုရင်လည်း အဆိပ်အပြင်းဆုံး ရေနေသတ္တဝါ တွေထဲမှာ ပါဝင်တာပဲ ဖြစ်ပါတယ် ။ သူတို့ကို အင်ဒို – ပစိဖိတ် ဒေသတစ်လျှောက်မှာ ရှိတဲ့ ကမ်းရိုးတန်းတွေ ၊ သန္တာကျောက်တန်းတွေမှာ တွေ့ရမှာပါ ။ Stonefish တွေဟာ အတော်လေးကို ဖုံးကွယ်ပြီး နေကြတဲ့ အကောင်တွေ ဖြစ်ပြီး သူတို့ရဲ့ ကျောရိုးမှာ ရှိတဲ့ ဆူးတောင်တွေကနေ အတော်လေးကို ပြင်းထန်သော neurotoxins လို့ခေါ်တဲ့ ဓာတုအဆိပ်တွေကို လွှတ်ထုတ်နိုင်ပါတယ် ။ ဒါပေမယ့် ဒီ အဆိပ်ကျောရိုးတွေဟာ Stonefish တွေအတွက် ခုခံတဲ့နေရာမှာသာ အဆင်ပြေပြီး သားကောင်ကို အမဲလိုက်လို့ မရပါဘူး ။ shwekhitonlinetv.com

Stonefish တွေရဲ့ အဆိပ်ဟာဆိုရင် နှလုံးခုန် ရပ်တာမျိုး ၊ လေငန်းဆွဲတာမျိုး နဲ့ တစ်သျှူးတွေကို ပျက်စီးစေတာမျိုးတွေ ဖြစ်စေပါတယ် ။ တစ်ကယ်လို့ Stonefish ရဲ့ အဆိပ်ကို ထိမိပြီး သေချာ မကုပဲ ထားမယ်ဆိုရင် အရွယ်ရောက်ပြီးသား လူတစ်ယောက် ဆိုရင်တောင် နာရီဝက် ကနေ တစ်နာရီအတွင်း အသက်အန္တရာယ် ရှိမှာပဲ ဖြစ်ပါတယ် ။ ဒါ့အ့ပြင် Stonefish တွေဟာ ကျောက်တုံးတွေ ၊ ပင်လယ်ကြမ်းပြင်တွေ နဲ့ သန္တာကျောက်တန်းတွေ အနားမှာ ပုန်းအောင်း နေတတ်ကြလို့ ထိုနေရာတွေကို သွားမယ်ဆိုရင် သေချာ သတိထားဖို့တော့ လိုပါလိမ့်မယ် ။ shwekhitonlinetv.com


၃ ။ Blue-Ringed Octopus

အပြာရောင် အကွင်းများ နဲ့ ရေဘဝဲလို့ ခေါ်ကြတဲ့ Blue-Ringed Octopus တွေကိုတော့ ပစိဖိတ် သမုဒ္ဒရာ ၊ ဩစတေးလျ နဲ့ ဂျပန်နိုင်ငံတို့မှာ အများဆုံး တွေ့နိုင်ပါတယ် ။ သူတို့ရဲ့ အဓိက အစားအစာတွေကတော့ ဂဏန်း နဲ့ ပုဇွန်တို့ကို စားသုံးကြတာ ဖြစ်ပါတယ် ။ အပြာရောင် ရေဘဝဲ လေးတွေဟာ အကောင်ပေါက်စ အရွယ်မှာတောင်မှ အဆိပ်ပြင်းပြင်း နဲ့ ကိုက်နိုင်ပါတယ်တဲ့ ။ ဒါ့ကြောင့်ပဲ သူတို့ရဲ့ ခန္ဓာကိုယ်က လှပတဲ့ အရောင်တွေဟာ ရန်သူတွေကို ဝေးဝေးနေဖို့အတွက် သတိပေးတဲ့ ပုံစံတောင် ပေါက်နေပါတယ် ။ shwekhitonlinetv.com

အပြာရောင် ရေဘဝဲတွေရဲ့ အဆိပ်ထဲမှာဆိုရင် တံတွေး ဂလင်း ကနေ ထုတ်လုပ်တဲ့ ဓာတု အဆိပ် neurotoxin ထဲက အမျိုးအစား တစ်မျိုး ဖြစ်သော tetrodotoxin ပါဝင်ပါတယ် ။ ဒီ အဆိပ်ဟာဆိုရင် ဆိုင်ယန်နိုက် အဆိပ်ထက် အဆပေါင်း ( ၁၀၀၀ ) ပိုပြင်းပြီး အရွယ်ရောက် ပြီးသား လူ ( ၂၆ ) ယောက်ကို မိနစ် ပိုင်းအတွင်း အသက် အန္တရာယ် ပေးနိုင်တာပဲ ဖြစ်ပါတယ် ။ သတိထားရမှာကတော့ အခုအချိန်အထိ အပြာရောင် ရေဘဝဲ တွေရဲ့ အဆိပ်ကို ကုသပေးနိုင်တဲ့ ဖြေဆေး မထွက်ပေါ်သေးပါဘူး ။ shwekhitonlinetv.com


၄ ။ Beaked Sea Snake

Beaked Sea Snake တွေကိုတော့ အိန္ဒိယ ၊ ဩစတေးလျ ၊ အာဖရိက နဲ့ အာရေဗျ ပင်လယ် ကမ်းလွန်တွေမှာ တွေ့နိုင်ပါတယ် ။ များသောအားဖြင့် ဒီ မြွေတွေဟာ ရန်လိုတတ်တဲ့ အကောင်တွေ ဖြစ်ပေမယ့် ရန်ပြု တိုက်ခိုက်လာရင် အတော်လေးကို ကြောက်စရာ ကောင်းပါတယ် ။ ဒါ့အပြင် Beaked Sea Snake မြွေတွေရဲ့ အဆိပ်ဟာ မြွေဟောက် ရဲ့ အဆိပ်ထက် ( ၈ ) ဆ နီးပါး ပိုပြင်းပါတယ်တဲ့ ။ နောက်ပြီး ဒီ မြွေရဲ့ အဆိပ် ( ၁.၅ ) မီလီဂရမ်ဟာဆိုရင် လူတစ်ယောက်ကို အသက်အန္တရာယ် ပေးနိုင်ပါတယ် ။ shwekhitonlinetv.com

Beaked Sea Snake မြွေတွေရဲ့ အဆိပ်ဟာ ခန္ဓာကိုယ် အတွင်းပိုင်းထဲက ကြွက်သားတွေကို တိုက်ခိုက်တာဖြစ်ပြီး ( ၂၄ ) နာရီ အတွင်း မကုသရင် အသက်အန္တရာယ် ရှိပါတယ် ။ နောက်တစ်ခုက ဒီ မြွေတွေဟာ ပင်လယ် ရေအောက် မီတာ ( ၁၀၀ ) အထိ သွားနိုင်ပြီး ငါးတွေကို အမဲလိုက်ဖို့အတွက် ရေအောက်မှာ ( ၅ ) နာရီ အထိ နေနိုင်ပါတယ် ။ များသောအားဖြင့် ထိုမြွေတွေဟာ ငါးဖမ်းသမားတွေရဲ့ ပိုက်ကွန်တွေထဲ ပါလာတတ်ပြီး လူကို အဆိပ်သင့်စေတဲ့ အန္တရာယ် ပေးနိုင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၅ ။ Marbled Cone Snail

ကမ်းခြေမှာ ခရုလှလှလေးတွေ တွေ့ရင် လူ အများစုက သဘောကျစွာနဲ့ ပြေးပြီး ကောက်တတ်ကြပါတယ်။ ဒါပေမယ့် ပုံထဲမှာ မြင်ရတဲ့ Marbled Cone Snail လို ခရုလေးတွေကို တွေ့ရင်တော့ သတိထားပြီးမှ ကောက်ပါလို့ပဲ အကြံပေးချင်ပါတယ် ။ အကြောင်းကတော့ ဒီခရုလေးတွေရဲ့ နှာမောင်းလိုမျိုး အတံကောက်ကောက်လေးကနေ လူကို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ neurotoxins အဆိပ်အရောအနှောတွေနဲ့ တိုက်ခိုက်တတ်လို့ပဲ ဖြစ်ပါတယ် ။ Marbled Cone Snail လေးတွေကို အိုကီနာဝါ ၊ အိန္ဒိယ တောင်ပိုင်း ၊ New Caledonia နဲ့ ဆာမိုအာ ကျွန်းတွေ တွေ့မှာ တွေ့ရများပါတယ် ။ shwekhitonlinetv.com

ဒီ ခရုလေးတွေရဲ့ အဆိပ်ဟာ အတော်ပြင်းပြီး ခန္ဓာကိုယ်က ကြွက်သားတွေကို တုံ့ဆိုင်းသွားစေနိုင်သလို အသက်ရှု လမ်းကြောင်း ဆိုင်ရာ ချို့ယွင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ် ။ လက်ရှိအချိန်အထိတော့ Marbled Coin ခရု ရဲ့ အဆိပ်ကို ပျောက်စေမယ့် ဖြေစေ မရှိသေးပါဘူး ။ ဒါပေမယ့်လည်း အဆိပ်အတောက် ပျယ်အောင်တော့ ကွဲပြားတဲ့ ကုသနည်းတွေ နဲ့ ကုသနိုင်ပါတယ်လို့ ပညာရှင် တစ်ချို့က ပြောကြားထားပါတယ် ။ shwekhitonlinetv.com


၆ ။ Portuguese Man o’ War

The Portuguese man-of-war လို့ ခေါ်တဲ့ အကောင်တွေဟာဆိုရင်လည်း ရေနေ သတ္တဝါတွေထဲမှာ အဆိပ်အပြင်းဆုံး အကောင်တွေထဲက တစ်ကောင် အဖြစ် သတ်မှတ်ခံထားရပါတယ် ။ လူအများစုကတော့ ဒီ အကောင်လေးတွေကို Jelly Fish လို့ ထင်ကြပေမယ့်လည်း တစ်ကယ်တမ်းကတော့ Portuguese Man o’ War တွေဟာ siphonophore လို့ ခေါ်တဲ့ မျိုးစိတ်တွေထဲမှာ ပါဝင်တဲ့ အကောင်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

Man-of-wars လို့ နာမည်ပေးထားရတဲ့ အကြောင်းရင်းကတော့ ဒီ အကောင်လေးရဲ့ ပုံစံဟာ ( ၁၈ ) ရာစုနှစ်တုန်းက စပိန် စစ်သင်္ဘော ပုံစံတွေ နဲ့ တူတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်တဲ့ ….. သူတို့ရဲ့ လက်တံကနေ အဆိပ်တွေကို ထုတ်လွှင့်ပြီး ငါးအသေးလေးတွေ နဲ့ တစ်ခြားသော ရေနေသတ္တဝါလေးတွေကို စားသောက်ဖို့အတွက် အမဲလိုက်တဲ့ အခါ အသုံးပြုတတ်ပါတယ် ။ ဒါပေမယ့် Man o’ War ရဲ့ အဆိပ်ဟာ လူတစ်ယောက် ကို အသက်အန္တရာယ် ဖြစ်စေနိုင်လောက်အထိ ထိခိုက်နိုင်တာ ရှားပေမယ့်လည်း အဆိပ်ကို ထိမိလိုက်ရင် အတော်လေး နာကျင်ရတဲ့ ဒဏ်ကို ခံစားစေရမှာပါ ။ shwekhitonlinetv.com


၇ ။ Pufferfish

Pufferfish လေးတွေကိုတော့ မြန်မာ အခေါ်မှာတော့ ငါးပူတင်း လို့ ခေါ်ကြပြီး အဆိပ်ရှိတဲ့ ရေနေသတ္တဝါတွေထဲမှာ ပါဝင်ပါတယ် ။ ငါးပူတင်း ငါးလေးတွေဟာ သူတို့ကို ရန်ပြုလာတဲ့ အခါ ခန္ဓာကိုယ်ကို ဖောင်းပွအောင် လုပ်လိုက်ပြီး ကာကွယ်တတ်ကြပါတယ် ။ ဒါပေမယ့် တစ်ချို့ ငါးပူတင်း မျိုးစိတ်တွေကတော့ ဆူးချွံတွေ ပါတာကြောင့် ခန္ဓာကိုယ် ဖြစ်တာကြောင့် သူတို့ ခန္ဓာကိုယ်ကို ဖောင်းပွလိုက်တာနဲ့ ရန်သူက စားဖို့ မလွယ်ကူတော့ပါဘူး ။ ဒါ့အပြင် ငါးပူတင်း ငါး တွေရဲ့ အဆိပ်ဟာ ကိုယ်တွင်း အင်္ဂါတွေ ထဲနဲ့ အရေပြားတွေ ပေါ်မှာ တည်ရှိပါတယ် ။ shwekhitonlinetv.com

နောက်ပြီး ငါးပူတင်း ရဲ့ အဆိပ်ထဲမှာ ပါဝင်တဲ့ neurotoxin ကြောင့် ငါး အသားရဲ့ အရသာဟာ ဆိုးရွားသွားပြီး စားမိလိုက်တာနဲ့ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ် ။ နောက်တစ်ချက်က ငါးပူတင်း ငါး တွေရဲ့ အဆိပ်ဟာ ဆိုင်ယန်နိုက် အဆိပ်ထက် အဆပေါင်း ( ၁၂၀၀ ) ပိုပြင်းပါတယ် ။ ဒါပေမယ့်လည်း ဂျပန်နိုင်ငံမှာတော့ ငါးပူတင်း ဟင်းလျာ ဟာ အကောင်းဆုံး menu တွေ ထဲမှာ ပါဝင်လို့ နေပါတယ် ။ ဒါ့အပြင် ဒီဟင်းလျာ ကို အဆင့်အမြင့် ကျွမ်းကျင် လိုင်စင်ရထားတဲ့ fugu စားဖိုမှုးတွေသာ ချက်ပြုတ်ခွင့် ရှိပါတယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ် အဆိပ်အပြင်းဆုံး ရေနေသတ္တဝါတွေအကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com