ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ ပျံသန်းနေရင်း ရုတ်တရက် ပျောက်ဆုံးသွားတဲ့ လေယာဥ်ပျံတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ အခုပြောပြမယ့် လေယာဉ်ပျံတွေဟာဆိုရင် ဘယ်လိုခြေရာခံလိုက်လို့ မရအောင် ပျောက်ဆုံးသွားခဲ့ရတာပါ ။ ဒါ့ကြောင့် လေယာဉ်တွေ ပျောက်ဆုံးသွားခဲ့ရလဲဆိုတာ ပုံလေးတွေ တစ်ပုံချင်းစီကို ဖတ်ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ Malaysia Airlines Flight 370

အခု စတင်ပြောပြပေးမယ့် လေယျာဉ်ကတော့ ( ၂၀၁၄ ) ခုနှစ်တုန်းက ပျောက်ဆုံးသွားခဲ့တဲ့ Malaysia Airlines Flight 370 အကြောင်းပဲ ဖြစ်ပါတယ် ။ ထို လေယာဉ်ဟာ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရုတ်နိုင်ငံ က ဘေဂျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပျံသန်းလာခဲ့တာပါ ။

လေယာဉ်ပေါ်မှာ လူပေါင်း ( ၂၃၉ ) ဦး ပါဝင်လာခဲ့ပြီး နိုင်ငံ ပေါင်း ( ၁၅ ) နိုင်ငံက ခရီးသည် ( ၂၂၇ ) ဦး နဲ့ လေယာဉ် အမှုထမ်း ( ၁၂ ) ဦး ပါဝင်ပါတယ် ။ ဘိုးအင်း ( ၇၇၇ ) အမျိုးအစား ဖြစ်တဲ့ ထို လေယာဉ်ဟာ ( ၂၀၁၄ ) ခုနှစ် ၊ မတ်လ ( ၂ ) ရက်နေ့မှာ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူ လေဆိပ်ကနေ ၀၀ နာရီ ၄၂ မိနစ်ခန့်တွင် စတင်ထွက်ခွာခဲ့ပြီး ဘေဂျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို (၅ နာရီ နဲ့ ၃၄ မိနစ်) ကြာ ပျံသန်းဖို့ အစီအစဉ်ဆွဲထားတာပါ ။ shwekhitonlinetv.com

ဒါပေမယ့် လေယာဉ် ပျံသန်းပြီးနောက် လေကြောင်းကွပ်ကဲရေး စင်တာနဲ့ နောက်ဆုံး အဆက်အသွယ် လုပ်ခဲ့တဲ့ အချိန်ကတော့ ( ၁ ) နာရီ ( ၁၉ ) မိနစ် တုန်းက ဖြစ်ပါတယ် ။ ဒီ့နောက်ပိုင်းမှာတော့ ဘိုးအင်း ( ၇၇၇ ) လေယာဉ် နဲ့ လုံး၀ အဆက်အသွယ် ပြတ်တောက် သွားခဲ့ပါတော့တယ် ။ ထူးဆန်းတာက ထိုလေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်း အရံ ရေဒါတွေနဲ့ စစ်တပ် ရေဒါတွေ ပေါ် မှာပါ ပျောက်သွားတာဖြစ်ပါတယ် ။

နောက်ပိုင်းမှာတော့ မလေးရှား အစိုးရက လေယာဉ် ပျောက်ဆုံးနေကြောင်း ကြေငြာချက် ထုတ်ခဲ့ပြီး ရှာဖွေရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ် ။ ထိုရှာဖွေရေးလုပ်ငန်းမှာ မလေးရှား ၊ တရုတ် ၊ အင်ဒိုနီးရှား နိုင်ငံ အပါအဝင် တစ်ခြားနိုင်ငံပေါင်းများစွာကပါ ပါဝင် ကူညီ ရှာဖွေခဲ့ကြပါတယ် ။ အဆိုပါ ရှာဖွေရေး ဟာ သမိုင်းမှာ အကြီးဆုံး နဲ့ စရိတ် အများဆုံး ရှာဖွေမှုတစ်ခုဖြစ်ခဲ့ပြီး ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျခံပြီး ရှာခဲ့ပေမယ့်လည်း လေယာဉ်နဲ့ လေယာဉ်ပေါ်ပါသူတွေကို လုံး၀ရှာမတွေ့ခဲ့ပါဘူး ။ shwekhitonlinetv.com
၂ ။ Airborne Transport DC-3

( ၁၉၄၈ ) ခုနှစ်တုန်းက Airborne Transport ပိုင် လေယာဉ် တစ်စင်း ဖြစ်တဲ့ Douglas DST ဟာ ပျံတက်ပြီး နာရီ အနည်းငယ် အကြာမှာပဲ ထူးဆန်းစွာ ပျောက်သွားခဲ့ပါတယ် ။ ထို ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို ရှာဖွေ ခဲ့ကြပေမယ့်လည်း လေယာဉ် ရော ခရီးသည်တွေကို ပါ မတွေ့ခဲ့ပါဘူး ။

မှတ်တမ်းတွေ အရ ထိုလေယာဉ်ဟာ ( ၁၉၄၈ ) ခုနှစ် ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့မှာ ပွာတိုရီကို နိုင်ငံ ၊ San Juan မြို့ကနေ ဖလော်ရီဒါ ပြည်နယ် ၊ မိုင်ယာမီ မြို့ကို ပျံသန်းဖို့ စီစဉ်ထားတာပါ ။ နောက်ထပ်တစ်ခုက အစောပိုင်းမှာ ထိုလေယာဉ်ရဲ့ ဆင်းသက်တဲ့ ဂီယာ သတိပေး အချက်ပြမီးဟာ ချို့ယွင်းနေပြီး လေယာဉ်ရဲ့ ဘက်ထရီကလည်း အားနည်းနေတာ ဖြစ်ပါတယ် ။ ဘက်ထရီ အားနည်းနေတာကြောင့် လေယာဉ်ရဲ့ ရေဒီယိုဟာ ကောင်းစွာ အလုပ် မလုပ်နိုင်ပါဘူး ။ shwekhitonlinetv.com

လေယာဉ်ဟာ ( ၂၂ ) နာရီ ( ၃ ) မိနစ် မှာ ပျံတက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ San Jose နဲ့ မိုင်ယာမီ က ကွပ်ကဲရေးစင်တာတွေ နဲ့ အဆက်အသွယ် ပျက်သွားပါတော့တယ် ။ နောက်ဆုံး ဆက်သွယ်ခဲ့တဲ့ အချိန်ကတော့ ( ၄ ) နာရီ ( ၃၀ ) မိနစ် က ဖြစ်ပြီး လေယာဉ်မှုးဟာ မိုင်ယာမီ ရဲ့ တောင်ဘက် မိုင် ( ၅၀ ) အကွာမှာ ရောက်နေကြောင်း ပြောခဲ့တာပါ ။ နောက်ပိုင်းမှာတော့ လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့ပြီး ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့်လည်း မတွေ့ခဲ့ကြပါဘူး ။ တစ်ချို့သော ပညာရှင်တွေကတော့ ထို လေယာဉ်ပျောက်ဆုံးမှုဟာ ဘာမြူဒါ တြိဂံ နဲ့ ဆက်စပ်မှု ရှိနေနိုင်တယ်လို့ ပြောကြားခဲ့ကြပါတယ် ။ shwekhitonlinetv.com

၃ ။ Amelia Earhart

Amelia Earhart ဟာ ( ၁၉၂၈ ) ခုနှစ်မှာ လေယာဉ်နဲ့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး အမျိုး သမီး တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် လေးစားဖို့ကောင်းတဲ့ အချက်ကတော့ Amelia ဟာ အမျိုးသမီးတွေ ရဲ့ လုပ်နိုင်စွမ်းကို ကမ္ဘာမှာ ပြသနိုင်ဖို့အတွက် ကြိုးစားခဲ့သူ တစ်ယောက်ပါ ။ ဒါပေမယ့်လည်း ( ၁၉၃၇ ) ခုနှစ် ဇူလိုင်လ အရောက်မှာတော့ သူမရဲ့ ကမ္ဘာပတ် ခရီးစဉ်မှာ အမြွှာအင်ဂျင် တပ်ထားတဲ့ Lockheed Electra လေယာဉ် နဲ့ အတူ Amelia လည်း ပျောက်ဆုံးခဲ့ပါတယ် ။ shwekhitonlinetv.com


သူမ ပျောက်ဆုံးခဲ့တဲ့ နေရာကတော့ ပစိဖိတ် သမုဒ္ဒရာ အလယ်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ Date Line အနားမှာပဲ ဖြစ်ပါတယ် ။ ထို ပျောက်ဆုံးမှုကြောင့် အရာရှိတွေဟာ ရှာဖွေရေးလုပ်ခဲ့ကြပေမယ့်လည်း သူမ နဲ့ အတူ လေယာဉ်ကိုပါ ရှာမတွေ့ခဲ့ပါဘူး ။ ကျွမ်းကျင်သူ တစ်ချို့ကတော့ သူမဟာ လူသူမရှိတဲ့ ကျွန်းပေါ်မှာ နှစ်ပေါင်းများစွာ သောင်တင်ပြီး အခြေချ နေသွားခဲ့တာလည်း ဖြစ်နိုင်သလို အခြား ခန့်မှန်းမှု များစွာ ရှိနပေမယ့်လည်း ဘယ်သူမှ တိကျစွာ အဖြေထုတ်မပေးနိုင်ခဲ့ပါဘူး ။ shwekhitonlinetv.com

၄ ။ Pakistan International Airlines Flight 404

( ၁၉၈၉ ) ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေယာဉ်တစ်စင်း ဖြစ်တဲ့ Flight 404 ပျောက်ဆုံးမှုကြောင့် ပါကစ္စတန် နိုင်ငံရဲ့ လေကြောင်းလုပ်ငန်းတွေ အထိနာခဲ့ရပါတယ် ။ ထိုလေယာဉ်ကို ( ၁၉၆၂ ) ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး စတင် ပျံသန်းချိန်ကနေ နောက်ဆုံး ပျောက်ဆုံးသွားတဲ့ အချိန်အထိ နာရီပေါင်း (၄၄,၅၂၄ ) ခန့် ပြေးဆွဲခဲ့ပါတယ် ။ ပျောက်ဆုံးမယ့် နေ့မှာတော့ လေယာဉ်ဟာ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ်ဘတ် ကနေ Gilgit ကို ပျံသန်းပြီး ဆင်းသက်ခဲ့ကာ ထိုကနေမှ အစ္စလာမ်ဘတ်ကို ပြန်လည် ပျံသန်းပြီး ခရီးသည် တွေကို တင်ဆောင်ခဲ့ပါတယ် ။ shwekhitonlinetv.com


ဒီလို ပျံသန်းနေတဲ့ အချိန် လေယာဉ်မှုး နဲ့ လေကြောင်းကွပ်ကဲ စင်တာတို့ရဲ့ ပုံမှန် ရေဒီယို အဆက်အသွယ် လုပ်ခဲ့တဲ့ အချိန်ဟာ ( ၇ ) နာရီ ( ၄၀ ) မိနစ်မှာ ဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ် ။ ထူးဆန်းတာက ရေဒီယို အဆက်အသွယ် ပြတ်တောက်ရုံတင် မဟုတ်ပဲ လေယာဉ်ဟာ ရေဒါပေါ်မှာပါ ပျောက်ကွယ်သွားတာပါ ။ လေယာဉ် ပျောက်ဆုံးမှုကြောင့် ရှာဖွေမှုတွေ လုပ်ဖို့အတွက် ပါက စ္စတန် စစ်တပ်ကို စေလွှတ်ပြီး ရှာခိုင်းခဲ့ပေမယ့်လည်း မတွေ့ခဲ့ကြပါဘူး ။ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ လေယာဉ်ဟာ Nanga Parbat အနားဝန်းကျင်မှာရှိတဲ့ ဟိမ၀န္တာတောင်တန်းတွေ အကြား ပျက်ကျခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ် ။ shwekhitonlinetv.com

၅ ။ Flight 19 torpedo bombers

အချိန်ကတော့ ဒုတိယ ကမ္ဘာစစ်ကြီး အရှိန်မြင့် နေတဲ့ အချိန်တုန်းက အမေရိကန် စစ်တပ်ဟာ ဘာမြူဒါ တြိဂံကို ဖြတ်သန်းပြီး လေ့ကျင့်မယ့် စစ်ဆင်ရေး တစ်ခုအတွက် တော်ပီဒို ဗုံးကြဲ လေယာဉ် ငါးစင်းကို စေလွှတ်ခဲ့ပါတယ် ။ ထူးဆန်းတာက ထို လေယာဉ် ( ၅ ) စင်းဟာ ပျံသန်းနေရင်း ကွပ်ကဲရေး စင်တာ နဲ့ အဆက်အသွယ် ပြတ်သွားကာ ထိူ လေယာဉ်တွေ နဲ့ အတူ လိုက်ပါခဲ့တဲ့ အမှုထမ်း တွေပါ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ကြပါတယ် ။ shwekhitonlinetv.com

ပျောက်ဆုံးပြီး နာရီ အနည်းငယ် အကြာမှာတော့ အမေရိကန် စစ်တပ်ဟာ ရှာဖွေရေး ပြုလုပ်ဖို့အတွက် အမှုူထမ်း ( ၁၃ ) ယောက်ပါတဲ့ စစ်တပ်သုံး ရေယာဉ်တွေကို စေလွှတ်ပြီး ရှာခိုင်းခဲ့ပါတယ် ။ ထူးဆန်းတာက ကယ်ဆယ်ဖို့ သွားပြီး ရှာဖွေတဲ့ လူတွေပါ ပျောက်ဆုံးသွားခဲ့ပြီး သတင်းအစအန လုံး၀ ရှာမရတော့အောင် ပျောက်ဆုံး သွားခဲ့တာပါ ။ ပညာရှင်တွေ ကြားမှာလည်း Flight 19 ပျောက်ဆုံးမှုကို ယနေ့အချိန်အထိ သေသေချာချာ အဖြေမရှာနိုင်ခဲ့ကြပါဘူး ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ပျံသန်းနေရင်း ရုတ်တရက် ပျောက်ဆုံးသွားတဲ့ လေယာဥ်ပျံများ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာလည်း အခုလိုမျိူး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
