ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းမှာ လျှပ်စစ်မီးမသုံးတဲ့နိုင်ငံဆိုတာမရှိသလောက်ကို ရှားပါးလှပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေကလည်း သက်ဆိုင်ရာနိုင်ငံတွေက သတ်မှတ်ပြဌာန်း ထားတဲ့ လျှပ်စစ်အသုံးပြုခ (မီတာခ) ကိုပေးဆောင်နေကြရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ လျှပ်စစ်မီတာခနှုန်းထား အမြင့်မားဆုံးပေးဆောင် နေရတဲ့ နိုင်ငံတွေ အကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ ဘယ်နိုင်ငံတွေ ပါဝင်နေမလဲ ဆိုတာကိုတော့ ဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုလိုက်ပါဦးနော် … shwekhitonlinetv.com
၁၀။ ဂျပန် – (၂၉) ဆင့်

အာရှတိုက်ရဲ့ အင်အားကြီးနိုင်ငံဖြစ်ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လှတဲ့ ဂျပန်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ မီတာခ ဈေးကြီးတဲ့နိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကောက်ခံတဲ့ မီတာခကတော့ (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၂၉) ဆင့်ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ အိုင်ယာလန် – (၂၉) ဆင့်

ဥရောပတိုက်က အိုင်ယာလန်နိုင်ငံဟာလည်း ဂျပန်နိုင်ငံနည်းတူပါပဲ။ သူတို့ဆီမှာလည်း လျှပ်စစ်အသုံးပြုခအတွက် ကောက်ခံတဲ့နှုန်းထားက (၁) ကီလိုဝပ် အတွက် အမေရိကန်ဒေါ်လာ (၂၉) ဆင့်ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ကိတ်ဗာ့ဒ် – (၃၀) ဆင့်

အတ္တလန္တိတ်သမုဒ္ဒရာထဲက အာဖရိက ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ကိတ်ဗာ့ဒ် (ကိတ်ဗာဒီလို့လည်းခေါ်) နိုင်ငံဟာ ဆိုရင်လည်း မီတာခနှုန်းထား ကြီးမြင့်လှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း အားဖြင့် သေးငယ်လှတဲ့ ဒီနိုင်ငံလေးမှာတော့ မီတာခက (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၀) ဆင့်တောင် ပေးဆောင်နေရပါတယ်။ shwekhitonlinetv.com
၇။ ဘဟားမက် – (၃၁) ဆင့်

ဗြိတိသျှဓနသဟာယ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကာရစ်ဘီယံဒေသက ဘဟားမက် ကျွန်းနိုင်ငံငယ်လေးကလဲ နိုင်ငံတွင်းမှာ ဝင်ငွေခွန်လို အခွန်အခအချို့ ကင်းလွတ်ခွင့်ရှိပေမယ့် မီတာခကတော့ ဈေးကြီးလှပါတယ်။ ဘဟားမက်နိုင်ငံမှာ ပေးဆောင်ရတဲ့ မီတာခနှုန်းထားကတော့ (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၁) ဆင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ကေမန်းကျွန်းစု – (၃၁) ဆင့်

ကာရစ်ဘီယံဒေသကပဲ နောက်ထပ် ဗြိတိသျှဓနသဟာယနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကေမန်းကျွန်းစုကလည်း ဘဟားမက်နည်းတူပါပဲ။ သူတို့ဆီမှာလည်း ပေးဆောင်ရတဲ့ လျှပ်စစ်မီတာခနှုန်းထားက (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၁) ဆင့်ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ဘယ်လ်ဂျီယံ – (၃၂) ဆင့်

ဥရောပတိုက်က Low Countries (၃) နိုင်ငံမှာတစ်နိုင်ငံ အပါအဝင်ဖြစ်တဲ့ ဘယ်လ်ဂျီယံ နိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၅) နေရာမှာရပ်တည်နေပါတယ်။ (၂၀) ရာစုအတွင်း စက်မှုတော်လှန်ရေးကြောင့် ထင်ရှားလာခဲ့တဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာတော့ လျှပ်စစ်အသုံးပြုမှုအတွက် မီတာခအနေနဲ့ (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၂) ဆင့်ပေးဆောင်နေရပါတယ်။ shwekhitonlinetv.com
၄။ ပေါ်တူဂီ – (၃၂) ဆင့်

ဥရောပအနောက်တောင်ပိုင်း အိုင်ဘေးရီးယန်းကျွန်းဆွယ်ပေါ်မှာတည်ရှိတဲ့ ပေါ်တူဂီနိုင်ငံကလည်း ကမ္ဘာပေါ်မှာ ထင်ရှားလှတဲ့ သမိုင်းကြောင်းတွေနဲ့ ရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီ ဝင်ငွေအရ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲမှာ အဆင့် (၃၇) နေရာမှာရှိနေတဲ့ ပေါ်တူဂီနိုင်ငံမှာတော့ မီတာခက (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၂) ဆင့်ကျသင့်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၃။ ဒိန်းမတ် – (၃၄) ဆင့်

ဒိန်းမတ်ကတော့ ဥရောပမြောက်ပိုင်းက ငြိမ်းချမ်းပြီးနေချင်စရာကောင်းလှတဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ ဧရိယာနဲ့နှိုင်းယှဉ်မယ်ဆိုရင် လူနေသိပ်သည်းမှု မရှိလှတဲ့ ဒိန်းမတ်နိုင်ငံမှာတော့ လျှပ်စစ်မီတာခဟာ (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၄) ဆင့်အထိ ကျသင့်ပါတယ်။ shwekhitonlinetv.com
၂။ ဘာမြူဒါ – (၃၇) ဆင့်

မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲက ဗြိတိသျှဓနသဟာယ ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ဘာမြူဒါနိုင်ငံက ဒီစာရင်းရဲ့ အဆင့် (၂) နေရာမှာ ရပ်တည်လျှက်ရှိပါတယ်။ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိပြီး နိုင်ငံတကာက ဘဏ်လုပ်ငန်းပေါင်းများစွာ တည်ရှိနေတဲ့ ဘာမြူဒါမှာတော့ လျှပ်စစ်မီတာခက (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၇) ဆင့်ပေးဆောင်ရပါတယ်။ shwekhitonlinetv.com
၁။ ဂျာမနီ – (၃၉) ဆင့်

ဥရောပတိုက်က အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၁) နေရာမှာရပ်တည်နေပါတယ်။ နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေထွန်းကားပြီး လူဦးရေ သန်း (၈၀) ကျော် နေထိုင်တဲ့ ဂျာမနီနိုင်ငံရဲ့ မီတာခနှုန်းထားကတော့ (၁) ကီလိုဝပ်ကို အမေရိကန်ဒေါ်လာ (၃၉) ဆင့်အထိ ပေးဆောင်ရပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးသွားခဲ့တာကတော့ ကမ္ဘာပေါ်မှာ လျှပ်စစ်မီတာခနှုန်းထား အမြင့်မားဆုံးပေးဆောင်နေရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလို လျှပ်စစ်မီတာခကို အထိုက်အလျောက်ပေးဆောင်နေရ ပေမယ့်လည်း မီတာခလုံးဝမပေးဆောင်ရတဲ့နိုင်ငံ အနည်းငယ်လည်းရှိပါတယ်။ shwekhitonlinetv.com
အဲ့ဒီနိုင်ငံတွေကတော့ တောင်အမေရိကတိုက်က ဗင်နီဇွဲလား၊ အာဖရိကတိုက်က ဆူဒန် နဲ့ အာရှိတိုက်က အီရန်နိုင်ငံတို့ပဲဖြစ်ပါတယ်။
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။