အခုတစ်ခေါက်တင်ဆက်မယ့် အကြောင်းအရာကတော့ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ့် အကြောင်းအရာဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုမျိုးအကြောင်းအရာတွေဖြစ်မလဲဆိုတာကိုတော့ ဒီစာလေးကို ဆက်လက် ဖတ်ရှုပေးကြပါဦးနော် … shwekhitonlinetv.com

လောကမှာ ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ဆိုတာက ဆန့်ကျင်ဘက်သဘောဆောင်တဲ့ အသုံးအနှုန်းလို့ ဆိုလို့ရမယ်ထင်ပါတယ်။ သူဌေးတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦးဆိုရင်လဲ နေထိုင်၊ ဝတ်စား၊ သွားလာမှုတွေမှာ ခြားနားချက်ကအတော်လေးများ မှာအမှန်ပါပဲ။
အခုဒီ ဆောင်းပါးလေးမှာ ဖော်ပြမယ့် ပုဂ္ဂိုလ်တွေက ဒီလိုအခြေအနေ (၂) ရပ်စလုံးကိုတစ်ပြိုင်တည်း ရရှိပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ သူတောင်းစားတွေလို့လည်း ဆိုရမယ်ထင်ပါတယ်။ သူတို့တွေကတော့ … shwekhitonlinetv.com
၅။ ဘာရာ့ဂျိန်း (Bharat Jain)

အိန္ဒိယနိုင်ငံသားဖြစ်တဲ့ ဂျိန်းဟာ တောင်းရမ်းစားသောက်သူတစ်ဦးဆိုပေမယ့် အထင်တော့သေးလို့မရပါဘူး။ သူက နယူးဒေလီမြို့ မှာ ရူပီး သိန်း (၈၀) တန်တဲ့ (BHK) လူနေတိုက်ခန်းတွဲ (၂) ခုကိုပိုင်ဆိုင် ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
BHK ဆိုတာကတော့ အိပ်ခန်း၊ ဟောခန်းနဲ့၊ မီးဖိုချောင်ပါဝင် တိုက်ခန်းမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး လစဉ်ရူပီး (၁၀,၀၀၀) နဲ့ ငှားရမ်းထားတဲ့ ဆိုင်တစ်ဆိုင်ကိုလည်းဂျိန်းက ပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့် ဂျိန်းရဲ့ပျမ်းမျှတစ်လဝင်ငွေက အိန္ဒိယရူပီး (၇၅,၀၀၀) လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၄။ အီရှာ (Eisha)

အီရှာကတော့အသက် (၁၀၀) အရွယ် တောင်းရမ်းစားသောက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကွယ်လွန်သွားခဲ့တာကြာပြီဖြစ်တယ်လို့သိရပါတယ်။ သူမသေဆုံးပြီးနောက်မှာသူမရဲ့ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ အားလုံးမျက်လုံးပြူးခဲ့ရပါတယ်။ shwekhitonlinetv.com
ဘာလို့လဲဆိုတော့သူမ ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာသန်းချီပြီး ကျန်ရစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ သူမရဲ့ပိုင်ဆိုင်မှုတွေမှာအဆောက်အဦး (၄) ခုအပြင် ဒေါ်လာတစ်သန်းလောက်ရှိတန်တဲ့ရတနာတွေနဲ့ရွှေဒင်္ဂါးတွေ ပါဝင်နေတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၃။ ဆိုင်မွန်ရိုက် (Simon Wright)

ဆိုင်မွန်ရိုက် (Simon Wright) ဟာ အလွန်ဆင်းရဲပေမယ့် ဗြိတိန်ရဲ့ ဥပဒေအချို့အရ သူ့အနေနဲ့တောင်းရမ်းစားသောက်ခွင့်မရှိတာကြောင့်အခက်တွေ့နေမယ်လို့ရင်တော့ မှားသွားပါလိမ့်မယ်။ ဆိုင်မွန်ရိုက်ဟာ အင်္ဂလန်နိုင်ငံ ဖူလ်ဟမ်မြို့ကတိုက်ခန်းမှာ ဇိမ်ကျကျနေထိုင်နေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

ဘာကြောင့်ဒီလိုနေနိုင်တာလဲဆိုတော့ အင်္ဂလန်မှာ တောင်းရမ်းစားသောက်ခွင့်မရှိတဲ့သူတွေကို အခြားသူတွေက လှူဒါန်းမှုပြုတဲ့အနေနဲ့ ပေးအပ်တဲ့ ငွေတွေသူ့မှာအမြောက်အများရှိနေလို့ဖြစ်ပါတယ်။ သူ့ဝင်ငွေကတစ်နှစ်ကို ပေါင် (၅၀,၀၀၀) ကနေ ပေါင် (၃၀၀,၀၀၀) အထိရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၂။ ရွန်ဖန်း (Rongfeng)

ရွန်ဖန်း (Rongfeng) ရဲ့ဘဝအစပိုင်းကအတော်လေးကို ဆင်းရဲနွမ်းပါး တယ်လို့သိရပါတယ်။ သူ့ဘဝရဲ့ ကယ်တင်ရှင်လို့ဆိုရမယ့် ခေါက်ဆွဲဆိုပိုင်ရှင်အမျိုးသမီးနဲ့ မဆုံတွေ့ခင်အချိန်ထိတော့ ရွန်ဖန်းဟာ လမ်းပေါ်မှာသာ အိပ်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ ရွန်ဖန်းကို အစားအစာကျွေးမွေးတဲ့အပြင် သွားစရိတ်လာစရိတ်နဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ကိုင်နိုင်ဖို့ ငွေကြေးအထောက်အပံ့တွေကိုပါ ပေးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com
ဒီလိုနဲ့ ရွန်းဖန်းဟာ ကြိုးစားပြီး ကိုယ်ပိုင်စီးပွားရေးုကိုလုပ်ကိုင်ခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ချမ်းသာလာခဲ့ပါတယ်။ ရွန်းဖန်းဟာ သူ့ရဲဘဝကို သုညကနေ ဒီအခြေအနေ ရောက်ရှိလာအောင်ကူညီပေးခဲ့တဲ့ အမျိုးသမီးကိုလည်း ကျေးဇူးဆပ်နဲ့အနေနဲ့ ဒေါ်လာ (၁၆၃,၀၀၀) ပြန်လည်ပေးခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၁။ တက်ဒ်ဝီလီယံ (Ted Williams)

အမေရိကန်အခြေစိုက် သူတောင်းစားတစ်ဦးဖြစ်တဲ့ တက်ဒ်ဝီလီယံ (Ted Williams) ဆိုတဲ့ပုဂ္ဂိုလ်ကတော့ အလွန်ဆင်းရဲတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာ အိုဟိုင်းယိုးပြည်နယ်ရဲ့ လမ်းတွေပေါ်မှာ တောင်းစားခြင်းနဲ့ အသက်မွေးတဲ့သူလည်းဖြစ်ပါတယ်။ တက်ဒ်ဟာ ထူးချွန်တဲ့အသံပါရမီရှင်တစ်ဦးဖြစ်တာကို သူ့ကိုယ်သူ မသိခဲ့ပါဘူး။ shwekhitonlinetv.com
တစ်နေ့မှာတော့ သတင်းထောက်တစ်ဦးက သူရဲ့အသံပါရမီကိုသတိပြုမိပြီး Video ရိုက်ကာ YouTube ပေါ်မှာတင်ခဲ့ပါတယ်။ ဒီ Video ဟာ Youtube မှာတင်ပြီးတစ်ရက်အကြာမှာ ကြည့်ရှုသူဦးရေများပြားလွန်းတာကြောင့် တက်ဒ်ဟာလဲကျော်ကြားသူအဖြစ်ကို နေ့ချင်းညချင်းရောက်ရှိ သွားခဲ့ပါတယ်။ ဒီ Video ကြောင့် တက်ဒ်ရဲ့ဘဝပြောင်းလဲကာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com
ဒီစာလေးကို အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။