ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ အလှဆုံး အဖြစ် သတ်မှတ် ခံထားရတဲ့ မြင်းတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ အခုဖော်ပြပေးမယ့် မြင်းတွေဟာဆိုရင် ကမ္ဘာ့ နေရာအနှံ့က မြင်းမျိုးစိတ်တွေကို စုစည်း ဖော်ပြပေးထားတာ ဖြစ်လို့ ဘယ်မြင်းတွေက အလှဆုံး ဖြစ်မလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်ပြီး ရွေးချယ်ပေးပါဦးနော် …. shwekhitonlinetv.com
၁ ။ The Clydesdale

အမေရိကန်နိုင်ငံ မှာ ရှိတဲ့ လှပပြီး အကောင်ကြီးကြီး မြင်းတွေဟာ ကြော်ငြာတွေ နဲ့ နာမည်ကြီးလာတာဖြစ်ပြီး အထူးသဖြင့် Budweiser ဘီယာ ကြော်ငြာ နဲ့ပိုပြီး နာမည်ကြီးကြတာ များပါတယ် ။ အခုမြင်ရတဲ့ မြင်းကြီးတွေကတော့ မွေးကာစ တည်းက ပေါင် ( ၁၈၀ ) အထိ ရှိပါတယ်တဲ့ ။ ဒီလိုနဲ့ အရွယ်ရောက်တဲ့ အခါမှာတော့ အကောင်က ပိုကြီးလာပြီး ပေါင် ( ၁၈၀၀ ) ကနေ ( ၂၀၀၀ ) အထိတောင် ရှိတာပဲ ဖြစ်ပါတယ် ။ လူအများစုကတော့ Clydesdale မြင်းတွေ ရဲ့ ကျော်ကြားမှု နဲ့ ပုံစံကိုကြည့်ပြီး အမေရိကန် မျိုးနွယ် လို့ အထင်မှားတတ်ကြပါတယ် ။ shwekhitonlinetv.com

တစ်ကယ်တမ်းမှာတော့ Clydesdale မြင်းတွေရဲ့ မူလမွေးဖွားရာ အရပ်ကတော့ စကော့တလန် နိုင်ငံ မှာ ဖြစ်ပြီး ရှေးခေတ်တုန်းက လယ်ကွင်းတွေထဲ မွေးမြူ ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ မှတ်တမ်းတွေ အရတော့ The Clydesdale မြင်း မျိုးစိတ်တွေဟာ မျိုးတုန်းလုနီးပါး ဖြစ်ခဲ့ပါတယ်တဲ့ ။ နောက်ပိုင်းမှာတော့ အကောင်အရေအတွက် တိုးပွားလာခဲ့သော်လည်း ယနေ့အချိန်အထိ ရှားပါး မြင်းမျိုးစိတ် အဖြစ် သတ်မှတ် ခံထားရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၂ ။ The Knabstrupper

နောက်ထပ် ပြောပြပေးမယ့် မြင်းမျိုးစိတ် ကတော့ The Knabstrupper ဆိုတဲ့ မြင်း မျိုးစိတ် အကြောင်းပဲ ဖြစ်ပါတယ် ။ The Knabstrupper မျိုးစိတ်တွေဟာ the Appaloosa မြင်းမျိုးစိတ် တွေလိုမျိုး ခန္ဓာကိုယ်ပေါ်မှာ အစက်အပြောက် ရှိပုံခြင်း တူညီကြပါတယ် ။ နောက်တစ်ခုက ဒီလိုမျိုး အစက်အပြောက်ပါတဲ့ မြင်းမျိုးစိတ်တွေကို Leopard Complex လို့လည်း ခေါ်ဆို ကြပါသေးတယ် ။ shwekhitonlinetv.com

ထူးခြားချက်ကတော့ ( ၂၀၀၂ ) ခုနှစ် ရောက်မှသာ အမေရိကန်နိုင်ငံ သို့ ရောက်ရှိ လာခဲ့တာဖြစ်ပြီး the Appaloosa မြင်းမျိုးစိတ်တွေ နဲ့ မျိုးရိုး ဆက်နွယ်မှု မရှိပါဘူးတဲ့ ။ Knabstrupper မြင်းတွေရဲ့ မူလဇာစ်မြစ်ကတော့ ဒိန်းမတ်နိုင်ငံ က ဖြစ်ပြီး နောက်ပိုင်းမှသာ အမေရိကန်နိုင်ငံ ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် Knabstrupper မြင်းတွေကို မြင်းအလှ ပြိုင်ပွဲတွေ ၊ ပွဲတော်တွေ နဲ့ မြင်းခုန် ပြိုင်ပွဲတွေမှာ အတွေ့ရများပါတယ် ။ shwekhitonlinetv.com


၃ ။ The Gypsy Vanner

Gypsy Vanner မြင်းမျိုးစိတ်တွေကိုတော့ လူ အရွယ်အစား ရှိတဲ့ မြင်းတွေ လို့ ခေါ်ကြပါတယ် ။ အစောပိုင်း ကာလတွေတုန်းကတော့ ဒီ မြင်းတွေကို ဂျစ်ပစီ လှည်းတွေကို ဆွဲတဲ့နေရာမှာ အသုံးပြုခဲ့ကြတာပါတဲ့ ။ အကြောင်းကတော့ သူတို့ရဲ့ လေးလံ လှတဲ့ အရိုးတွေ နဲ့ ပုခုံး ပြင် ကျယ်တာ တွေကြောင့် လှည်းဆွဲတဲ့ နေရာမှာ အတော်လေး အသုံးဝင်တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Gypsy Vanner မြင်းမျိုးစိတ်တွေဟာ အတော်လေး ချစ်စရာ ကောင်းတဲ့ ပုံပေါက်တာကြောင့် အမေရိကန် နိုင်ငံရဲ့ မြင်းစျေးကွက်တွေ မှာ အတွေ့ရများပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့် သူတို့ရဲ့ တန်ဖိုးကတော့ တော်တော်လေးကို များပြီး စျေးကွက်ထဲမှာဆိုရင် အရွယ်ရောက် Gypsy Vanner မြင်းတစ်ကောင်ဟာ ဒေါ်လာ ( ၁၀၀၀၀ ) တန်ကြေးရှိပါတယ် ။ နောက်ဆုံး အချက်ကတော့ အခုလိုမျိုး ချစ်စရာ ကောင်းတဲ့ Gypsy Vanner မြင်းလေးတွေရဲ့ မူလ မွေးဖွားရာ အရပ်ကတော့ ဗြိတိန် နဲ့ အိုင်ယာလန် ကျွန်းတွေမှာ မွေးခဲ့တာဖြစ်ပါတယ်တဲ့ …. shwekhitonlinetv.com


၄ ။ The Akhal-Teke

Akhal-Teke လို့ခေါ်တဲ့ မြင်းမျိုးစိတ်ကတော့ ရှားပါး မြင်းမျိုးစိတ်တွေထဲမှာ ပါဝင်ပြီး သူတို့ရဲ့ ရွှေရောင် အရေပြား ကြောင့်လည်း နာမည်ကြီး ထင်ရှားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် တာ့ခ်မင်နစ္စတန်နိုင်ငံမှာဆိုရင် ဒီမြင်းတွေကို ရှေးခေတ်အခါတုန်းက ပြိုင်မြင်းတွေ အဖြစ် အသုံးပြုခဲ့ကြပြီး အရောင်စုံ အသွေးစုံ ရှိပါတယ်တဲ့ ။ စိတ်ဝင်စားဖို့ကောင်းတာကတော့ Akhal-Teke တွေရဲ့ အရောင်ဟာ ရွှေရောင် တစ်မျိုး တည်း ရှိတာ မဟုတ်ပဲ အမဲနက်ရောင် ၊ ပင်လယ်အော် အရောင် ၊ သစ်အယ်သီး အရောင် ၊ buckskin အရောင် ၊ cremello အရောင် ၊ perlino အရောင် နဲ့ မီးခိုးရောင် တို့လည်း ရှိကြပါသေးတယ် ။ shwekhitonlinetv.com

မြင်းစျေးကွက်ထဲမှာတော့ အရွယ်ရောက်ပြီးသား Akhal-Teke မြင်း တစ်ကောင်ဟာ ဒေါ်လာ ( ၁၀၀၀၀ ) ပျှမ်းမျှ တန်ကြေးရှိပါတယ်တဲ့ ။ ဒါပေမယ့် မြင်းရဲ့ အသက်အရွယ် ၊ ကျန်းမာ သန်စွမ်းပုံ ၊ လေ့ကျင့်ပေးထားပုံနဲ့ မျိုးရိုး ကိုလိုက်ပြီး စျေးနှုန်း ကြီးမားသွားတာလည်း ရှိပါတယ် ။ အစောပိုင်းက ပြောခဲ့သလိုမျိုး Akhal-Teke မြင်းတွေ ဟာ ရှားပါး မြင်းမျိုးစိတ်တွေထဲမှာပါဝင်ပြီး လက်ရှိမှာတော့ အကောင်ရေ ( ၅၀၀၀ ) ခန့်ပဲ ရှိတော့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com


၅ ။ The Black Forest Horse

နောက်ထပ်ပြောပြပေးမယ့် မြင်းအလှ မျိုးစိတ်ကတော့ The Black Forest Horse လို့ ခေါ်တဲ့ မြင်း မျိုးစိတ် အကြောင်းပဲ ဖြစ်ပါတယ် ။ Black Forest မြင်းတွေကို လူသိများစေတဲ့ အကြောင်းကတော့ သူတို့ရဲ့ ရွှေရောင် အမွှေးတွေ ကြောင့်ပဲ ဖြစ်ပါတယ် ။ မှတ်တမ်းတွေ အရတော့ Black Forest မြင်းတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေ တည်းက တည်ရှိခဲ့တဲ့ မြင်းမျိုးစိတ်တွေထဲက တစ်မျိုးပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ Black Forest မြင်းတွေဟာ ရှားပါး မြင်းမျိုးစိတ်တွေထဲမှာ ပါဝင်နေပြီး ဂျာမနီ နိုင်ငံ ၊ Marbach stud မှာတော့ ဒီမြင်းတွေကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပြီပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

လက်ရှိမှာတော့ တစ်ကမ္ဘာလုံးမှာမှ Black Forest မူလ မျိုးရင်း မြင်း အကောင်ရေ ဟာ ( ၁၂၀၀ ) ခန့်ပဲ ရှိတော့တယ်လို့ ပညာရှင်တွေက ပြောကြားထားပါတယ် ။ ဒါ့အပြင် Black Forest မြင်းတွေဟာ တန်ဖိုးကြီးမားလှတဲ့ မြင်းတွေထဲမှာပါဝင်ပြီး စျေးကွက်ထဲမှာဆိုရင် အရွယ်ရောက်ပြီး Black Forest မြင်းတစ်ကောင်ဟာ ဒေါ်လာ ( ၂၀၀၀ ) ကနေ ဒေါ်လာ ( ၅၀၀၀ ) ကျော် တန်ကြေးရှိတယ်လို့လည်း သိရပါတယ် ။ shwekhitonlinetv.com


အခုပြောပြပေးခဲ့တာကတော့ ကမ္ဘာပေါ်က အလှဆုံး မြင်းတွေ ထဲက တစ်ချို့ မြင်းမျိုးစိတ်တွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com