အမျိုးသမီးစစ်သည်တစ်ဦးနဲ့ မော်ဒယ်မင်းသမီး တစ်ဦးမှာ ဘယ်သူက ရုပ်ဆင်းသွင်ပြင်ချောမောလှပ သလဲလို့မေးလာခဲ့ရင် လူအတော်များများကတော့ မင်းသမီးက ပိုလှတယ်လို့ပဲဖြေကြမှာပါ။ ဒီအဖြေက ရာနှုန်းပြည့်တော့မှန်ကန်မှု မရှိပါဘူး။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့နိုင်ငံအချို့က စစ်တပ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးစစ်သည်တွေက အံ့အားသင့်လောက်အောင် ဆွဲဆောင်မှုရှိပြီး ချောမောလှပကြလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီလိုပြောတာကို သင့်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်ဘူးလို့ ထင်နေမယ်ဆိုရင်တော့ အခုတင်ဆက်ပေးမယ့် ကမ္ဘာပေါ်က အချောမောအလှပဆုံး အမျိုးသမီးစစ်သည်တွေရှိတဲ့ နိုင်ငံတွေအကြောင်းကို ဆက်လက်ကြည့်ရှု လိုက်ပါဦးနော် … shwekhitonlinetv.com
၁၀။ ပါကစ္စတန်

ကမ္ဘာပေါ်မှာ အမျိုးသမီးစစ်သည်တော်တွေရှိတဲ့ တစ်ခုတည်းသော အစ္စလာမ်နိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံ ကတော့ ဒီစာရင်းရဲ့ အဆင့် (၁၀) နေရာမှာရှိပါတယ်။

ကမ္ဘာပေါ်မှာ အရဲရင့်ဆုံးအမျိုးသမီး စစ်သည်တွေလို့ သတ်မှတ်ခံထားရတဲ့ ပါကစ္စတန် အမျိုးသမီးစစ်သည်တွေဟာ ရန်သူကိုဘယ်လိုတိုက်ခိုက်ရမယ် ဆိုတာကို ကောင်းစွာ သိရှိကြသလို တစ်ဖက်မှာလည်း အရှက်အကြောက်ကြီးမားလှသူတွေဖြစ်ကြပါတယ်။ shwekhitonlinetv.com
၉။ နော်ဝေး

အဆင့် (၉) နေရာမှာတော့ စကန်ဒီနေးဗီးယန်း နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ နော်ဝေး နိုင်ငံကရပ်တည်နေပါတယ်။ နော်ဝေး နိုင်ငံရဲ့ စုစုပေါင်း စစ်သည်အင်အားမှာ (၁၀) ရာခိုင်နှုန်းလောက်က အမျိုးသမီးစစ်သည်တွေဖြစ်ကြပါတယ်။

သူတို့တွေဟာ နှစ်သက်စရာကောင်းတဲ့ ရုပ်ဆင်းသွင်ပြင်ရှိပြီး မိမိတိုင်း ပြည် ကာကွယ်ရေးမှာ ပါဝင်ကူညီနေကြတဲ့သူလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ အမေရိကန်

ကမ္ဘာ့ပေါ်မှာ စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကတော့ အဆင့် (၈) နေရာမှာရှိနေပါတယ်။ အမေရိကန် နိုင်ငံရဲ့ စစ်တပ်မှာ အမျိုးသမီးတွေကို စတင်အမှုထမ်းခွင့်ပြုခဲ့တာကတော့ ၁၇၇၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ရဲရင့်ပြတ်သားပြီး စတိုင်ကျတာကြောင့်အမေရိကန် အမျိုးသမီးစစ်သည်တွေက နာမည်ကျော်ကြား တာလည်းဖြစ်ပါတယ်။

အမေရိကန်စစ်တပ်မှာ အမျိုးသမီးစစ်သည်အရေအတွက်က (၁၇၀,၀၀၀) လောက်ပါဝင်နေပြီး ဒီအထဲက (၃၅,၀၀၀) လောက်ကတော့ အရာရှိတွေအဖြစ် အမှုထမ်းနေကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ဆွီဒင်

ဆွီဒင်အမျိုးသမီးစစ်သည်တွေကလည်း တစ်ကယ်ကိုလှပကျော့ရှင်းပြီး ကြည့်ကောင်းလှပါတယ်။ ဆွီဒင် အစိုးရအနေနဲ့တော့ အမျိုးသမီးတွေကို ၁၉၈၉ ခုနှစ်ကမှ စတင်အမှုထမ်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ဘက်ဆိုင်ရာ ကဏ္ဍအားလုံးမှာ အမျိုးသမီးတွေကို ပါဝင်နိုင်ဖို့ အခွင့်အရေးပေးထား ပါတယ်။

နိုင်ငံ့တပ်မတော်ရဲ့ စစ်အင်အားမှာ အရေအတွက်အရ (၅) ရာခိုင်နှုန်းလောက် ပါဝင်နေတဲ့ ဆွီဒင်အမျိုးသမီးတွေဟာ ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာ ရပ်တည်နေပါတယ်။ shwekhitonlinetv.com
၆။ ချက်

တစ်ချိန်တစ်ခါတုန်းကတော့ ချက်နိုင်ငံဟာ အမျိုးသမီးတွေကို စစ်တပ်မှာပါဝင်ခွင့် မပြုတဲ့နိုင်ငံတစ်နိုင်ငံ အဖြစ်လူသိများခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ မျိုးချစ်စိတ် ရှိတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ပေးထားပြီး စစ်တပ်ရဲ့ ဘယ်အပိုင်းမှာ မဆို ဝင်ရောက်တာဝန်ထမ်းဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ ချက်နိုင်ငံရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးလေးတွေရဲ့ စမတ်ကျမှုကြောင့် ဒီစာရင်းမှာ အဆင့် (၆) အဖြစ်ရှိနေပါတယ်။ shwekhitonlinetv.com
၅။ တရုတ်

တရုတ်နိုင်ငံကလည်း ချောမောလှပပြီး ညဏ်ရည်ထက်မြက်တဲ့ မိန်းမလှလေးတွေကို နိုင်ငံတော်ကာကွယ်ရေးရဲ့ ဘယ်အခန်းကဏ္ဍ ဘယ်ဌာနမှာ မဆိုပါဝင်ခွင့်ပြုထားပါတယ်။ ဒါကြောင့် နှစ်လိုဖွယ်ကောင်းပြီး ချောမောတဲ့ တရုတ်အမျိုးသမီးစစ်သည် အရာရှိတွေကို နျူကလီယားနဲ့ ဒုံးကျည်ဆိုင်ရာ လိုဌာနမျိုးမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ သူတို့ရဲ့ လှပမှုကြောင့် ဒီစာရင်းရဲ့ အဆင့် (၅) နေကိုရရှိထားပါတယ်။ shwekhitonlinetv.com
၄။ တောင်ကိုးရီးယား

တောင်ကိုးရီးယား အမျိုးသမီးစစ်သည်တွေကလည်း ရုပ်ရှင်သရုပ်ဆောင်မင်းသမီးတွေနဲ့တောင် မှားချင်စရာပါပဲ။ ဒီလိုမိန်းမချောလေးတွေဟာ စစ်တပ်အတွင်းမှာတော့ မထင်မှတ်ထားလောက်အောင် သန်မာကြတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ကိုးရီးယားစစ်တပ်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ပိုလန်

ဥရောပတိုက်က ပိုလန်နိုင်ငံရဲ့ စစ်တပ်မှာတော့ ထူးချွန်ထက်မြက်ပြီး စတိုင်ကျလှပတဲ့ အမျိုးသမီးဖိုက်တာတွေ ရှိနေပါတယ်။ ၁၉၃၈ ခုနှစ်ကစပြီး အမျိုးသမီးတွေအနေနဲ့ ပိုလန်စစ်တပ်ရဲ့ ဆက်သွယ်ရေး၊ ဆေးဝါး၊ လေတပ် စတဲ့အပိုင်းတွေမှာ ပါဝင်အမှုထမ်းခဲ့ကြတာလည်းဖြစ်ပါတယ်။

သူတို့ရဲ့ထူးချွန်ထက်မြက်မှုကြောင့် စစ်တပ်ရဲ့ အထက်ပိုင်း အရာရှိတွေအဖြစ်လည်း ဖြေဆိုလျောက်ထားဖို့ အခွင့်အရေးပေးထားပါတယ်။ shwekhitonlinetv.com
၂။ ဗြိတိန်

ဗြိတိန် အမျိုးသမီးစစ်သည်တွေကတော့ ထူးခြားတဲ့ အလှတရားတွေပိုင်ဆိုင်ထားသလို သစ္စာတရားနဲ့ သတ္တိရှိမှုတို့ကြောင့် နာမည်ကျော်ကြားသူတွေဖြစ်ကြပါတယ်။ ၁၉၉၀ ခုနှစ်ကမှ စစ်တပ်ထဲ ဝင်ရောက်ခွင့် ပေးခဲ့ပေမယ့် မင်းသမီးတွေအလားထင်မှတ်မှားလောက်တဲ့ သူတို့ရဲ့ရုပ်ရည် နဲ့ ထက်မြက်မှုတို့ကြောင့် စပိုင်လိုမျိုး အရေးကြီးလှတဲ့တာဝန်တွေကိုပေးခံရသူတွေဖြစ်ပါတယ်။

သူတို့ကတော့ ဒီစာရင်းမှာ အဆင့် (၂) အဖြစ် သတ်မှတ်ခံထားရပါတယ်။ shwekhitonlinetv.com
၁။ ရိုမေးနီးယား

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေတာကတော့ ရိုမေးနီးယား အမျိုးသမီးစစ်သည်တွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ ချစ်ခင်နှစ်လိုဖွယ်ကောင်းလှသလို အကြောက်တရားမရှိတဲ့ သူတွေလည်းဖြစ်တယ်လို့ သတ်မှတ်ခံထားရပါတယ်။ ချောမောလှပပေမယ့် လိုအပ်ရင် ကြမ်းတမ်းခက်ထန်ပြီး နိုင်ငံတော်အတွက် အသက်ပေးဖို့ အသင့်ရှိနေတဲ့သူတွေဖြစ်တာကြောင့် ရိုးမေးနီးယား အမျိုးသမီးစစ်သည်အများစုဟာ နိုင်ငံတော်အဆင့် ဂုဏ်ပြဘွဲ့တွေ အပ်နှင်းချီးမြှင့်ခြင်းခံ ခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစာလေးကိုအဆုံးထိ ဖတ်ရှုပြီးရင်တော့ ဘယ်နိုင်ငံက အမျိုးသမီး စစ်သည်တော်တွေကို သဘောအကျဆုံးလဲ ဆိုတာလေးကို ကွန်မန့်မှာ ပြောပြပေးသွားခဲ့ပါဦးနော် …
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။