ရေခဲသေတ္တာဆိုတာကတော့ အစားအသောက်တွေကို ရေရှည်သိမ်းထားဖို့အတွက် သင့်တော်တဲ့ ခေတ်မီလူ့အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တာအားလုံးသိပြီးသား လည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း သစ်သီးတွေလို အစားအစာတွေကိုတော့ ရေခဲသေတ္တာထဲမှာ ရေရှည်သိမ်းထားဖို့မသင့်တော်ပါဘူး။ ဘာလို့လဲဆိုတာသိချင်ရင်တော့ ဒီစာလေးကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် … shwekhitonlinetv.com
၁။ ထောပတ်သီး

ထောပတ်သီးရဲ့ အရသာဟာ သဘာဝအတိုင်းမှည့်တဲ့အချိန်မှာစားမယ်ဆိုရင် အတော်လေးကို အရသာရှိစေပါတယ်။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ရက်အတန်ကြထားမယ်ဆိုရင်တော့ အချိန်မတိုင်ခင်မှာ ထောပတ်သီးကို မှည့်သလိုဖြစ်စေနိုင်ပြီး အတွင်းသားတွေကလည်း မည်းကုန်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သူ့ရဲ့မူလအရသာကိုလည်း ပျက်စီးစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ပန်းသီး

ပန်းသီးဟာ လည်းရေခဲသေတ္တာထဲမှာ ရက်ကြာရှည်သိမ်းထားဖို့မလိုအပ်တဲ့သစ်သီးမျိုးပါ။ အအေးခံပြီးစားမယ်ဆိုရင်လည်း အလွန်ဆုံး ၂ ရက်ထက်ပိုပြီး မထားသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် ပန်းသီးအတွင်းသားတွေရဲ့ အရောင်အသွေးနဲ့ အရသာပျက်စီးနိုင်ပါတယ်။ shwekhitonlinetv.com
၃။ ငရုပ်ဆီများ

ငရုပ်သီးပါဝင်တဲ့ဆော့ အချဉ်တွေကိုရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင်တော့ သူ့မှာပါဝင်တဲ့ အပူအစပ် ဂုဏ်သတ္တိတွေလျော့ကျသွားပါလိမ့်မယ်။ ရက်ပေါင်းကြာရှည်ထားသိုမယ်ဆိုရင် ဘက်တီးရီးယားတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com
၄။ ကော်ဖီ

သင်သာကော်ဖီကြိုက်နှစ်သူတစ်ယောက်ဖြစ်မယ်ဆိုရင်ကော်ဖီရဲ့ အရည်အသွေး အနံ့အရသာတွေကို ကောင်းမွန်စွာခွဲခြားတက်မှာအမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အေးစက်တဲ့ကော်ဖီဟာ ပူနွေးတဲ့ကော်ဖီနဲ့ အရသာနှိုင်းယှဉ်ပြီးပြောဖို့ မလိုအပ်တော့ဘူးထင်ပါတယ်နော်။ shwekhitonlinetv.com
၅။ ပေါင်မုန့်

ဘက်တီးရီးယားတွေနဲ့ မှိုတွေကိုစုပ်ယူနိုင်စေတာကြောင့် ပေါင်မုန့်တွေကို ရေခဲသေတ္တာထဲမှာ တစ်ချို့ကတော့ တမင်တကာထားတက်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်စားသုံးမယ်ပေါင်မုန့်တွေကိုတော့ ရေခဲသေတ္တာထဲကို ထည့်ထားဖို့မသင့်ပါဘူး။ ဒါဟာ ပေါင်မုန့်ကို လျင်မြန်စွာ ပျက်စီးလွယ်စေပါတယ်။ shwekhitonlinetv.com
၆။ ပျားရည်

ပျားရည်ကိုရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားမယ်ဆိုရင် ပျားရည်ဟာ အခဲဖြစ်သွားနိုင်ပါတယ်။ ပျားရည်ဆိုတာပ သဘာဝအရခပ်ပျစ်ပျစ်အရည် အရည်ဖြစ်ပြီး မပူလွန်းမအေးလွန်းတဲ့ အခန်းအပူချိန်မှာ သိမ်းဆည်းထားမှသာ မူလအာနိဿင်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပျားရည်ကိုလည်း ရေခဲသေတ္တာထဲမှာ သိမ်းဆည်းဖို့မသင့်တော်ဘူး လို့အကြံပြုချင်ပါတယ်။ shwekhitonlinetv.com
၇။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ရေခဲသေတ္တာထဲမှာထားမယ်ဆိုရင် အနံ့အရသာပျက်စီးနိုင်တာကြောင့် ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာသာထားသိုသင့်ပါတယ်။ ဒါတင်မကပါဘူး အခွံနွှာပြီးသား ကြက်သွန်ဖြူတွေကို သိမ်းထားမယ်ဆိုရင်တော့ အနံ့အသက်တွေ ရေခဲသေတ္တာမှာ စွဲကပ်စေနိုင်ပါသေးတယ်။ shwekhitonlinetv.com
၈။ ကြက်သွန်နီ

ကြက်သွန်နီက ကြက်သွန်ဖြူထက်ပိုဆိုးပါတယ်။ ရေခဲသေတ္တာအတွင်းစိုထိုင်းဆ ကိုမြင့်တက်စေသို မှိုနဲ့အခြား ဘက်တီးရီးယားတွေကို အလျင်အမြန်ဖြစ်ပေါ်ပေါက်ဖွားစေပါတယ်။ သူ့ရဲ့မူလအရသာကို လည်းခံစားနိုင်တော့မှာ မဟုတ်လို့ ကြက်သွန်ဖြူလိုပဲ ခြောက်သွေ့တဲ့ နေရာမှာသာသိမ်းဆည်းသိုလှောင်တာ အကောင်းဆုံးပါ။ shwekhitonlinetv.com
၉။ ဘယ်ရီသီးများ

ဘယ်ရီသီးတွေဟာ ခူးဆွတ်ပြီးပြီးချင်းမှာ စားသုံးတာအသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်စက္ကူပုံးလိုမျိုး အရာထဲမှာသာ ရက်အနည်းငယ်သိုလှောင်သင့်ပါတယ်။ ရေခဲသေတ္တာထဲမှာသိမ်းဆည်းမယ်ဆိုရင်တော့ ဘယ်ရီသီးတွေအကုန်လုံး ရက်အနည်းငယ်အတွင်းမှာ မှိုတက်ကုန်ပါလိမ့်မယ်။ shwekhitonlinetv.com
၁၀။ အာလူး

အာလူးဆိုတာ အေးမြပြီး အလင်းရောင်ဝင်ရောက်မှု နည်းတဲ့နေရာမှာ သိမ်းဆည်းဖို့အသင့်တော်ဆုံး စားသောက်ဖွယ်ရာ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေခဲသေတ္တာကတော့လိုအပ်တဲ့ အအေးဓာတ်ထက်ပိုများနေတာကြောင့် အာလူးမှာပါဝင်တဲ့ ကစီဓာတ်တွေကို ဖြိုဖျက်ပစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ အာလူးဟာစားချင်ဖွယ်ရာ အစားအသောက်မဟုတ်နိုင်တော့ပါဘူး။ shwekhitonlinetv.com
အာလူးရဲ့ အသားတွေဟာ ကြမ်းတမ်းလာမှာဖြစ်ပြီး ပျက်စီးသွားတဲ့ ကစီဓာတ်တွေက သကြားဓာတ်တွေအသွင်ပြောင်းလဲ သွားမှာဖြစ်လို့ ကျန်းမာရေးနဲ့လည်းညီညွတ်တော့မှာ မဟုတ်တော့ပါဘူးဆိုတာကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ shwekhitonlinetv.com
ဒီစာလေးကို ဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော် …
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။