လောကမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ဦးမဟုတ်တဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ ဝင်ငွေများစွာရရှိဖို့က လွယ်ကူလွန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပညာတတ်ပြီး Professional အလုပ်တစ်ခုကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သူတွေနဲ့ နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံ ရှိမယ်ဆိုရင်တော့ ဝင်ငွေအကောင်းဆုံး ဝန်ထမ်းတွေဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ကုမ္ပဏီတစ်ချို့ကတော့ ဝန်ထမ်းတစ်ဦးကို လစာငွေအများအပြားပေးပြီး အလုပ်ခန့်ထားဖို့ အတွက်လိုအပ်တဲ့ အရည်အချင်းတောင်းဆိုချက်တွေက သိပ်အများကြီးမရှိဘူးလို့သိရပါတယ်။ ပေးတဲ့လစာကလည်း တစ်နှစ်ကို အမေရိကန် (၁) သိန်းကျော်အထိရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
နောက်ပြီးတော့ ပင်ပင်ပန်းပန်းလဲမလုပ်ဘူးဆိုတော့ ဘယ်လိုအလုပ်မျိုးတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကဲ ….ဘာအလုပ်တွေလဲဆိုတာသိချင်ရင်တော့ ဒီစာလေးကို ဆက်ဖတ်ကြည့်ပေးပါဦးနော် …
၁။ ကြက်ဥပြုတ် အခွံခွာတဲ့သူ

နိုင်ငံခြားက ကြက်ဥပြုတ်ရောင်းတဲ့ကုမ္ပဏီ တွေမှာ ပြုတ်ပြီးသားကြက်ဥတွေကို အနာအဆာ(လုံးဝ)မရှိဘဲ အခွံနွာပေးတဲ့သူတွေရှိတယ်လို့သိရပါတယ်။ သူတို့တွေက ပြုတ်ပြီးသားကြက်ဥတွေကို သပ်ရပ်စွာအခွံခွာပြီးမှ စတိုးဆိုင်တွေကို ကြက်ဥပြုတ်တွေ လိုက်လံပို့ဆောင်တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ကျွမ်းကျင်တဲ့ ကြက်ဥခွံနွှာသမားတစ်ယောက်အနေနဲ့ ဒီကုမ္ပဏီတွေမှာ အလုပ်သွားလျောက်မယ်ဆိုရင် တစ်နှစ်ဝင်ငွေ ဒေါ်လာ (၂၀,၀၀၀) ကနေ (၇၀,၀၀၀) လောက်ထိရနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း ကြက်ဥပြုတ်တစ်လုံးကို စက္ကန့်ပိုင်းအတွင်းမှာ အနာအဆာမရှိအောင် Skill ကောင်းကောင်းနဲ့ ခွာနိုင်စွမ်းရှိဖို့တော့လိုပါလိမ့်မယ်။ shwekhitonlinetv.com
၂။ ချောကလက် မြည်းစမ်းသူ

ဒီအလုပ်ကိုတော့ ချောကလက်ကြိုက်နှစ်သက်တဲ့သူတွေ တော်တော်များများကတော့ လုပ်ချင်နေကြမယ် ထင်ပါတယ်။ ဒါပေမယ့် ချောကလက်တွေကို အရသာမြည်းစမ်းပြီးတော့ အနံ့၊ အရသာ၊ အပူချိန်၊ နူးညံ့မှု စတာတွေကို အသေးစိတ်ဝေဖန်ထောက်ပြရတာပါ။ ချောကလက်တွေ ထိုင်စားနေရုံနဲ့တော့ ဝင်ငွေရမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com

နာမည်ကြီး ချောကလက်ကုမွဏီတွေက သူတို့ရဲ့အမှတ်တံဆိပ်နဲ့ အရည်အသွေးကို ထိန်းသိမ်းထားဖို့အတွက် ဒီလိုမျိုး ချောကလက်မြည်းစမ်းသူတွေကို တစ်နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ (၇၀၀၀၀) လောက်ပေးပြီးခန့်ကြပါတယ်။ shwekhitonlinetv.com
၃။ ပီကေဝါးသူ

ချောကလက် မြည်းတဲ့သူတွေလိုပဲ နောက်ထပ်ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုက ပီကေတွေကို အရသာမြည်းစမ်းပြီး ဝါးရတဲ့အလုပ်ပဲဖြစ်ပါတယ်။ ပီကေတွေကို အရသာအသစ်နဲ့ ဒါမှမဟုတ် တံဆိပ်အသစ်တစ်မျိုးနဲ့ ဈေးကွက်ထဲကို မဖြန့်ခင်မှာအဲ့ဒီ ပီကေတွေကို အစမ်းသပ်ခံအနေနဲ့ အရင်ဆုံးဝါးပြီး အရသာခံနေရတဲ့သူတွေရှိပါတယ်။ shwekhitonlinetv.com

ဒီလို ပီကေဝါးတဲ့သူတွေက သေသေချာချာကို ဝါးပြီး အကဲဖြတ်၊ ပြီးတော့ လိုအပ်တာတွေကိုဖြည့်စွက်နိုင်ဖို့ ညွန်ကြားမှုတွေကိုလည်းလုပ်ရတယ်လို့ သိရပါတယ်။ ဝင်ငွေကလည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ (၅၀၀၀၀) အထက်မှာရှိလို့ အထင်မသေးသင့်ပါဘူးနော် … shwekhitonlinetv.com
၄။ ခွေးစာ အရသာခံသူ

လမ်းပေါ်ကခွေးတွေဆိုတာ အစားအစာသိပ်မရွေးဘဲ ဘယ်လိုအစာမျိုးမဆိုစားတက်ကြပါတယ်။ ဒါပေမယ့်လည်း တယုတယ မွေးမြူထားတဲ့ အိမ်မွေးခွေးလေးတွေကတော့ နည်းနည်း ချေး (ဂျီး) များပြီး အစာရွေးတက်ကြပါတယ်။ ဒါကြောင့်လည်း ခွေးစာထုတ်လုပ်တဲ့ Company တွေဟာ သူတို့ထုတ်လိုက်တဲ့ ခွေးစာရဲ့ အရသာကကောင်းမကောင်း ခွေးလေးတွေရဲ့ အကြိုက်ဖြစ်မဖြစ်ဆိုတာ သိနိုင်ဖို့အတွက် သုတေသနတွေပြုလုပ်လာကြရပါတယ်။ shwekhitonlinetv.com

ဒီလို သုတေသနပြုလုပ်တဲ့နေရာမှာ အရသာခံကျွမ်းကျင်သူတွေ လိုအပ်လာပါတယ်။ သူတို့တွေက ခွေးစာကို အရင်မြည်းစမ်းကြည့်ပြီး ခွေးစာရဲ့ နူးညံ့မှု၊ အနံ့အရသာ အဆင်ပြေမပြေ စတာတွေကို အကဲဖြတ်ပေးကြရပါတယ်။ ဒီအတွက်သူတို့ရတဲ့ လစာကတော့မနည်းလှပါဘူး ။ ခွေးစာမြည်းစမ်းတဲ့သူတွေအနေနဲ့ တစ်နှစ်ကို ဒေါ်လာ (၄၀,၀၀၀) ကနေ (၁) သိန်းနီးပါးလောက် အရသာမြည်းစမ်းမှု ကျွမ်းကျင်မှုပေါ်မူတည်ကာရကြပါတယ်။ shwekhitonlinetv.com
၅။ ကြက်ထီး၊ကြက်မခွဲခြားသူ

ဗြိတိန်မှာ ဒီအလုပ်အတွက် တစ်နှစ်ဝင်ငွေအနိမ့်ဆုံး ပေါင် (၅၀,၀၀၀) ကနေ (၉၀,၀၀၀) လောက်ပေးပြီး အလုပ်သမားတွေ ကိုခေါ်ယူနေတယ်လို့သိရပါတယ်။ ဘာအတွက်ကြောင့် ဒီအလုပ်မျိုးကိုလစာ ဒီလောက်ပေးပြီးခေါ်သလဲဆိုတာ အသေးစိတ်မသိသလို လျောက်ထားတဲ့ အရေအတွက်ကလည်း မရှိသလောက်နည်းပါးလှတာကတော့ အနည်းငယ်ထူးခြားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဂျပန်မှာလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီလိုအလုပ်မျိုး ခေါ်ဖူးပါတယ်။ ဒါပေမယ့် သူတို့ကတော့ကြက်မွေးမြူရေးမှာ မျိုးကောင်းမျိုးသန့်ခွဲခြားဖို့ ခေါ်ယူခြင်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
ဒီစာလေးကို အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော် …. Shwe Khit ပရိသတ်ကြီးလည်း ဒီအလုပ်တွေထဲက အကြိုက်ဆုံးအလုပ်ကို ကွန်မန့်မှာ ပြောပေးခဲ့ပါဦးနော်။
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။