WWE နပန်းလောကမှာ The Rock လို့နာမည်ကျော် လူကြိုက်များခဲ့တဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) ဟာ နပန်းလောက ကနေအနားယူပြီးနောက်ပိုင်း ဟောလိဝုဒ်ရုပ်ရှင်လောက ကိုခြေစုံပစ်ဝင်ခဲ့ပါတယ်။ shwekhitonlinetv.com

နှစ်လိုဖွယ်အပြုံးတွေ ယောကျ်ားပီသတဲ့သွင်ပြင်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာတွေကြောင့် ဒွိန်းဂျွန်ဆင် (Dwayne Johnson) ကို မသိတဲ့လူကတော့ ရှားလှပါတယ်။ ဒါပေမယ့်လည်း ခက်ခဲကြမ်းတမ်းလွန်းတဲ့ သူ့ရဲ့ငယ်ဘဝအဖြစ်အပျက် အချို့နဲ့ တစ်ချို့အကြောင်းအရာတွေကတော့ သိတဲ့သူအတော်လေးကို ရှားမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com
ဒါကြောင့်အခု ဆောင်းပါးလေးမှာ လူသိပ်မသိသေးတဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) တစ်ဖြစ်လဲ The Rock ရဲ့အကြောင်းအရာတွေကို ပရိသတ်တွေသိရှိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။
၁။ အသက် (၁၇) နှစ်မပြည့်ခင် (၉) ကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့ The Rock ရဲ့ငယ်ဘဝဖြတ်သန်းမှုတွေက ကြမ်းတမ်းလှပါတယ်။ အသက် (၁၄) နှစ်အရွယ်လောက်မှာ သူတို့မိသားစုနေထိုင်တဲ့ တိုက်ခန်းငယ်လေးကနေ နှင်ချခံခဲ့ရပြီးနောက်မှာတော့ The Rock တစ်ယောက် အချိန်တိုအတွင်း ငွေများများရဖို့ ဒုစရိုက်အလုပ်တွေကို ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း အသက် (၁၇) နှစ်မတိုင်ခင်မှာ (၉) ကြိမ်လောက်ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com
၂။ သူ့အမေရဲ့ အသက်ကိုကယ်ဆယ်ခဲ့ဖူးတဲ့ The Rock

The Rock အသက် (၁၅) နှစ်အရွယ်လောက်မှာ သူ့အမေဖြစ်တဲ့သူဟာ တိုက်ခန်းဖယ်ပေးလိုက်ရတတဲ့ အပြင်အကြွေးတွေကလည်းရှိနေတာကြောင့် အလွန်စိတ်ဆင်းရဲ့ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားဖူးပါတယ်။ တစ်နေ့မှာ The Rock နဲ့ သူ့အမေဟာ နာ့ရှ်ဗယ်လီ (Nashville) အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေရင်း သူ့အမေဟာ ရုတ်တရက် ကားကို လမ်းမပေါ်ကနေပြေးဆင်းပြီး သေကြောင်းကြံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် The Rock က အလျင်အမြန်ပဲ သူမရဲ့လက်မောင်းကိုဆွဲကာ တားထားနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ The Rock ရဲ့ထူးခြားတဲ့ နပန်းမျိုးဆက်

အဘိုးဖြစ်သူနဲ့ အဖေဖြစ်သူကလည်း နပန်းသမားတွေဖြစ်တာကြောင့် The Rock ရဲ့ခန္ဓာကိုယ်ထဲမှာလည်း နပန်းသမားသွေးကတော့ အပြည့်စီးဆင်းနေပါတယ်။ ဒါကြောင့်အချိန်တန်တော့ The Rock တစ်ယောက် နပန်းသမားတစ်ဦးဖြစ်လာခဲ့တာကလည်း မဆန်းလှပါဘူး။ ပိုထူးခြားတာက သူတို့မျိုးရိုးမှာ ယောကျ်ားလေးတွေပဲ နပန်းသမားဖြစ်ခဲ့တာမဟုတ်ဘဲ The Rock ရဲ့အဖွားဖြစ်သူကလည်း တကယ့်ကိုကြေးစား နပန်းသမားစစ်စစ် တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ကျောင်းပေါင်းများစွာပြောင်းရွှေ့တက်ခဲ့ရသူ The Rock

The Rock ဟာ နပန်းသမားတစ်ဦးရဲ့ သားဖြစ်သလို အရွယ်နဲ့မလိုက်အောင် ထွားကြိုင်းလှတဲ့ ခန္ဓာကိုယ်ကြောင့် မထင်မှတ်ဘဲ ပညာရေးမှာပါ အဟန့်အတားဖြစ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား (California)၊ နယူးဇီလန် (New Zealand)၊ နာ့ရှ်ဗယ်လီ (Nashville)၊ ပန်ဆယ်လ်ဗေးနီးယား (Pennsylvania) စတဲ့မြို့ကကျောင်းတွေမှာ ပြောင်းရွှေ့တက်ရောက်ခဲ့ရပြီး အထက်တန်းပြီးဆုံးအောင် ပညာသင်ခဲ့ရတယ်လို့သိပါတယ်။ shwekhitonlinetv.com
၅။ FBI နဲ့ CIA မှာ အမှုထမ်းချင်ခဲ့တဲ့ The Rock

The Rock အနေနဲ့ အထက်တန်းပြီးဆုံးခဲ့ချိန်မှာ ရာဇဝတ်မှု နဲ့ ဇီဝကမ္မဗေဒ ကိုလေ့လာခဲ့ပြီး ဘာသာရပ်နှစ်ခုစလုံးမှာ ဘွဲ့ရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က အမေရိကန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Rolling Stone နဲ့ အင်တာဗျူးမှာ The Rock က သူ့အနေနဲ့ တစ်ချိန်ချိန်မှာ FBI ဒါမှမဟုတ် CIA အတွက် အလုပ်လုပ်ချင်တယ်လို့ ပြောခဲ့ဖူးကြောင်းသိရပါတယ်။ shwekhitonlinetv.com
၆။ နပန်းသမားဘဝအစမှာ လူမုန်းများခဲ့တဲ့ The Rock

The Rock ရဲ့ ရုပ်ရည်သွင်ပြင်တွေက ပရိသတ်တွေအတွက် မနှစ်မြို့စရာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတယ်လို့ သင့်အနေနဲ့ မယူဆလောက်ဘူးလို့တော့ ထင်ပါတယ်။ ဒါပေမယ့်လည်း (၁၉၉၆) ခုနှစ် မှာ WWE လောကရဲ့ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ The Rock ဟာ သူ့ရဲ့မောက်မာတဲ့ပုံစံနဲ့ ပြောလေ့ရှိတဲ့ ရော်ကီးဆပ်စ် “Rocky Sucks” ဆိုတဲ့ စကားတစ်ခွန်းကြောင့် လူမုန်းများခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၇။ အဓိပ္ပါယ်များစွာနဲ့ သူ့ရဲ့တက်တူး

၂၀၀၃ ခုနှစ်မှာတော့ The Rock ဟာ သူ့ရဲ့ဘယ်ဘက်ရင်အုံပေါ်က ကြီးမားတဲ့တက်တူးကြီးကို ပရိသတ်တွေကို ချပြခဲ့တဲ့အချိန်မှာတော့ အားလုံးအံ့အားသင့်ခဲ့ရတယ်လို့သိရပါတယ်။ ဒီတက်တူးဟာ ဆာမိုအာ ယဉ်ကျေးမှုဓလေ့အရ သူ့ရဲ့ဘိုး၊ ဘေး၊ ဘီ၊ ဘင်တွေက ပြောပြထားတဲ့ သူ့ဘဝအကြောင်းတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီတက်တူးကို ထိုးခဲ့စဉ်က နာရီ (၆၀) လောက်အချိန်ပေးခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့ အခုဖော်ပြပေးသွားတာကတော့ WWE နပမ်းလောကနဲ့ ဟောလိဝုဒ် ရုပ်ရှင်လောကမှာပါ နာမည်ကျော်လူကြိုက်များတဲ့ မင်းသားကြီး ဒွိန်းဂျွန်ဆင် (Dwayne Johnson) တစ်ဖြစ်လဲ The Rock ရဲ့လူသိပ်မသိတဲ့ ဘဝဇာတ်ကြောင်းတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။