ပန်းဆိုတာကတော့ အများအားဖြင့်လှပတဲ့အဆင်းသွင်ပြင်ရှိတာကြောင့် လူအများနှစ်သက်မြတ်နိုးခြင်းကို ခံရတဲ့အရာတစ်ခုပါ။ ဒါ့အပြင် အိမ်တိုင်းနီးပါးမှာလည်းတစ်နည်းမဟုတ်တစ်နည်း အဆင်းသဏ္ဍန်မျိုးစုံနဲ့ ပန်းပင်တွေ၊ ပန်းတွေကို မြင်တွေ့နိုင်ပါတယ်။ shwekhitonlinetv.com

တစ်ချို့ပန်းပင်တွေရဲ့ အစိတ်အပိုင်းတွေဟာ စားလို့ရပေမယ့်လည်း အတော်များများပန်းပင်တွေကတော့စားလို့ရတဲ့ အရာတွေမဟုတ်တာကိုလည်း အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်။
ဒါကြောင့် အခု ဆောင်းပါးလေးမှာ တင်ဆက်ပေးသွားချင်တာကတော့ စားမိရုံ၊ ထိမိရုံ နဲ့ အသက်အန္တရာယ်စိုးရိမ်ရနိုင်တဲ့ပန်းပင်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီထဲမှာပါဝင်တဲ့ ပန်းပင်တော်တော်များများက ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့နေမြင်နေရတဲ့ အပင်တွေဖြစ်တာကြောင့် မသိသေးတဲ့သူတွေအဖို့ အထူးဂရုပြုကြဖို့တိုက်တွန်းချင်ပါတယ်။ shwekhitonlinetv.com
ဘယ် ပန်းပင်တွေပါဝင်နေလဲဆိုတာသိရအောင် ဆက်လက်ဖတ်ရှုပေးပါနော် …
၁။ အီစတာလီလီပန်း (Easter Lilly)

လီလီပန်းလေးတွေက လူတွေအတွက်သိပ်အန္တရာယ်မရှိဘူးဆိုပေမယ့် တစ်ချို့ကလေးတွေနဲ့ ဓာတ်မတဲ့ဘူးလို့သိရပါတယ်။ ကြောင်လို သတ္တဝါတွေအတွက်ကတော့ စားမိရင် (၁၈) နာရီအတွင်းကျောက်ကပ် ပျက်စီးပါမယ် ပြီးရင်တော့ အသက်ရှုရပ်ပြီး သေဆုံးမှာပါ။ shwekhitonlinetv.com
၂။ ရွှေလာငွေလာဂမုန်း၊ တိုက်ကပ်ပိန်းနွယ် (The Pothos)

ဥရောပမှာတော့ မိစ္ဆာနွယ်ပင်၊ လာဘ်ကောင်းစေတဲ့မှော်နွယ်ပင် စသဖြင့်ခေါ်ကြပြီး မြန်မာနိုင်ငံမှာတော့ ရွှေလာငွေလာ ဂမုန်းလို့သာလူသိများကြပါတယ်။ သူ့အပင်နဲ့ အရွက်တွေကို စားမိရင်တစ်ခဏအတွင်း ပါးစပ်နဲ့ခံတွင်းအစိတ်အပိုင်းတွေ ရောင်ယမ်းလာမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ရှင်သီဝလိဂမုန်း (Peace Lily) – Lucky Dollar

ဒီပန်းလေးတွေကို မြင်ဖူးကြတယ်မဟုတ်လား Shwe Khit ပရိသတ်ကြီးရေ။ အိမ်မှာစိုက်ထားရင် အလွန်လာဘ်ရွှင်စေတယ် ဆိုတဲ့အယူအဆ တစ်ချို့တွေက စိုက်ကြပါတယ်။ ကလေး နဲ့ တိရိစ္ဆာန်ငယ်လေးတွေအတွက် အလွန်အန္တရာယ်ကြီးတဲ့ အပင်ဖြစ်ပါတယ်။ လူကြီးတွေမှာတော့ ဖြစ်ခဲတယ်လို့သိရပါတယ်။ ဒီအပင်ရဲ့အစိတ်အပိုင်းတွေကို စားမိမယ်ဆိုရင်တော့ သူ့မှာပါတဲ့ Calcium Oxalates ဆိုတဲ့ဓာတ်ကြောင့် ခန္ဒာကိုယ်အတွင်း သွေးဆိပ်သင့်စေမှာပါ။ ဝမ်းသွား အန် ခေါင်းကိုက် မစာမစားချင် နှုတ်ခမ်းရောင် သွေးဆိပ်သင့်စေနိုင်ပါတယ်။ shwekhitonlinetv.com
၄။ ကုန်းဗေဒါ ခတ္တာဗေဒါ တောင်ခတ္တာ (Hyacinth)

ဒဏ္ဍာရီတွေမှာတော့ အပိုလိုရဲ့ချစ်သူလေး သေတော့ အပိုလိုက ကုန်းဗေးဒါပန်းလေးအဖြစ် ဖန်ဆင်ပေးခဲ့တယ်လို့ဆိုပါတယ်။ ရနံ့မွှေးကြိုင်ပြီး လှပပေမယ့် အဆိပ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ကိုင်တွယ်တာများရင် အရေပြားတွေ ယောင်ရမ်းဆုတ်ပြဲတက်ပါတယ်။ ခွေးလို သတ္တဝါတွေစားမိရင် သေနိုင်ပေမယ့် လူတွေဆိုရင်တော့ ဝမ်းသွား၊ အော့အန်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ သွေးပါ ပါတက်တယ်ဆိုတော့ ကြောက်ဖို့အတော်ကောင်းတယ်လို့ ဆိုရမှာပါ။ စိတ်ကျရောဂါ ရစေမှာဖြစ်ပြီး ကြွက်သားတွေအားနည်းတတ်ပါသေးတယ်။ shwekhitonlinetv.com
၅။ ခရစ္စမတ်ပန်း (Poinsettia)

စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ အရောင်အဆင်းရှိတဲ့ ဒီပန်းလေးတွေကိုတော့ မြန်မာလူမျိုးတွေက ဂနိုင့်ကျက်သရေ၊ တောလင်းလွန်း စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ခရစ်စမတ်ကာလမှာ ပွင့်တာကြောင့် အချို့ကတော့ ခရစ္စမတ်ပန်းလို့ ခေါ်ကြပါသေးတယ်။ shwekhitonlinetv.com
၆။ ရေနတ်သမီးပန်း၊ အဆိပ်ခတ္တာ (Daffodil)

အပွင့်တွေပွင့်ရင်အရမ်းလှသလောက် လူနဲ့တိရိစ္ဆာန်တွေကို အသက်အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေလည်းရှိပါတယ်။ အထူးသဖြင့်ကြက်သွန်ဥနဲ့ အတော်လေးဆင်တူတဲ့ သူ့ရဲ့ဥတွေကို စားမိမယ်ဆိုရင်တော့ အစာအိမ်သွေးကြောပေါက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း တို့ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုးဆုံးရုတ်တရက်သွေးပေါင်ထိုးတက်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ အိုင်းရစ်ပန်း (Iris)

အိုင်းရစ်ပန်းရဲ့ အမြစ်တွေကဆေးဖက်ဝင်သလို အဆိပ်လဲရှိပါတယ်။ ရမ်းသမ်းပြီး စားမိမယ်ဆိုရင်တော့ သွားရေတမြားမြားကျပြီး အမြုပ်တွေထွက်လာမှာ ဖြစ်ပါတယ်။ စားမိတဲ့ ပမာဏများရင်တော့ သွေးအန်တာတွေ သွေးဝမ်းသွားတာမျိုးတွေအထိ ဖြစ်စေမှာပါ။ ဒီလိုပြောလို့ အမြစ်မှာပဲအဆိပ်ရှိတယ်မထင်ကြနဲ့နော် သူရဲ့ အစေ့နဲ့အရွက်ကလဲ အဆိပ်တွေရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၈။ မယ်တော်ဂမုန်း (Dumb Cane)

ဒီဂမုန်းတွေကလည်း နေရာတော်တော်များများမှာ မြင်တွေ့နိုင်ပါတယ်။ တစ်ချို့အိမ်တွေဆို ပန်းအိုးတွေနဲ့ (၄၊၅၊၆) ပင်လောက်စိုက်ထားတက်ကြပါတယ်။ သူ့ရဲ့အဆိပ်ကလည်းစားမိရင် ပါးစပ်၊ လည်ချောင်း၊ အာခေါင် အကုန်ရောင်ရမ်းကုန်မှာဖြစ်ပြီး နောက်ဆုံး အသက်ရှုလမ်းကြောင်းပိတ်ကာ သေဆုံးစေမယ့်အဆိပ်ပါ။ shwekhitonlinetv.com
၉။ တောင်ဇလပ်ပန်း (Rhododendron)

မြန်မာနိုင်ငံမှာဆို ချင်းပြည်နယ်ဘက်မှာ အများဆုံးတွေရတက်တဲ့ တပင်လုံးအဆိပ်ရှိပါတယ်။ အရွက်မှာတော့ အဆိပ်ပါဝင်မှုနည်းလို့ တစ်ချို့က သေချာစီမံပြီး ဝိုင်လုပ်သောက်ကြပါတယ်။ ဒီအတိုင်း စားကြည့်မယ်ဆိုရင်တော့ အော့အန် သားရေကျ သွေးခုန်နှုန်းမြန် သွေးဖိအားကျလာပြီး မေ့မျောစေနိုင်ပါတယ်။ shwekhitonlinetv.com
၁၀။ နွယ်သာကီပန်း (Oleander)

နွယ်သာကီပန်းပင်တွေက အကြမ်းခံလှပြီး သူ့ရဲ့အပွင့်တွေက တစ်နှစ်ပတ်လုံးလှလှပပ ပွင့်တာကြောင့် ပန်းချစ်တဲ့သူတွေက ဒီပန်းပင်တွေကို စိုက်ကြပါတယ်။ သူ့ရဲ့အပင်ကနေထွက်တက်တဲ့ အစေးတွေကတော့ တော်တော်အဆိပ်ပြင်းတယ်လို့သိရပါတယ်။ မိမိရဲ့အရေပြားပေါ်မှာ ဒဏ်ရာအနာတရ ရှိတယ်ဆို ဒီအစေး နဲ့မထိအောင် သတိထားစေချင်ပါတယ်။ မဟုတ်ရင် အဲ့ကနေတစ်ဆင့် တစ်ကိုယ်လုံးကို အဆိပ်သင့်စေမှာ့ဖြစ်ပါတယ်။ ပါးစပ်ထဲဝင်ရင်တော့ သွေးနဲ့အသည်းကိုအဆိပ်သင့်ကာ နှလုံးရပ်ပြီးသေမှာဖြစ်ပါတယ်။ shwekhitonlinetv.com
ဟုတ်ကဲ့ ဒီနေ့ ဆောင်းပါးလေးကိုဖတ်ရှုပြီး အားလုံးပဲကျေနပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။