ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တော်ရုံ ပိုက်ဆံရှိတဲ့သူတွေတောင် မကိုင်နဲ့တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ဖုန်းတွေ အကြောင်း ပြောပြပေးမှာပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာပါတဲ့ ဖုန်းတွေက ဘာလို့ အရမ်းစျေးကြီးကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါအုန်းနော် …. shwekhitonlinetv.com
၁ ။ Caviar iPhone 12 Pro Pure Gold

Apple ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ iPhone တွေဟာဆိုရင် နဂိုကတည်းကမှ စျေးအတော်လေးကြီးတာပဲ ဖြစ်ပါတယ် ။ ဒီလို စျေးကြီးတဲ့ ဖုန်းတစ်လုံးကို အဖိုးတန် ကျောက်မျက်ရတနာတွေနဲ့ ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ မူရင်းဖုန်းစျေးထက် အဆပေါင်းများစွာ စျေးတက်သွားမှာပါ ။ အခုပုံမှာ မြင်ရတာကတော့ နာမည်ကြီး ဇိမ်ခံပစ္စည်းတွေကို ထုတ်လုပ်တဲ့ Caviar ကုမ္ပဏီက ရွှေတွေ ၊ စိန်တွေနဲ့ ဖန်တီးထားသော iPhone 12 Pro ရဲ့ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒီဖုန်းရဲ့ တန်ဖိုးကတော့ ဒေါ်လာ ( ၁၂၂၀၀၀ ) ဝန်းကျင် တန်ဖိုးရှိပြီး Limited Edition အနေ နဲ့ အလုံးရေ ( ၇ ) လုံးကိုသာ ထုတ်လုပ်ထားတာပါ ။ Caviar ကုမ္ပဏီဟာ iPhone 12 Pro ရဲ့ ကိုယ်ထည်ပိုင်းကို ( ၁၈ ) ကာရက် ရွှေ နဲ့ စိန် တို့ကို ပေါင်းစပ်ပြီး ဖန်တီး အလှဆင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဖုန်းရဲ့ အပြင်ပိုင်း ကိုယ်ထည်ပိုင်းကိုသာ ပြင်ဆင်ပေးထားတာဖြစ်ပြီး အတွင်းပိုင်း Software တွေကတော့ မူလ iPhone 12 Pro ဖုန်းတွေနဲ့ အတူတူပါပဲ ။ shwekhitonlinetv.com


၂ ။ Galaxy S21 Ultra Caviar Edition

နောက်ထပ်ပြောပြပေးမယ့် ကမ္ဘာ့စျေးအကြီးဆုံး ဖုန်းကတော့ Caviar ကုမ္ပဏီကနေပဲ ပြန်လည် ပြုပြင်ပြီး ဖန်တီးထုတ်လုပ်ပေးထားတဲ့ Galaxy S21 Ultra Caviar Edition ပဲ ဖြစ်ပါတယ် ။ Galaxy S21 Ultra စမတ်ဖုန်းဟာ ယခုနှစ်ထဲမှာ Samsung ကုမ္ပဏီကနေ ထွက်ရှိထားတဲ့ နောက်ဆုံးပေါ် ဖုန်းမော်လ်ဒယ်တွေထဲက တစ်ခုပါ ။ ဒါကိုမှ Caviar ကုမ္ပဏီရဲ့ ထုံးစံအတိုင်း Galaxy S21 Ultra စမတ်ဖုန်းကို ရွှေ ၊ စိန် ၊ တိုက်တေနီယမ် နဲ့ သားရေ တို့ကို ပေါင်းစပ်ဖန်တီးထားပြီး Limited Edition အနေနဲ့ မတူညီတဲ့ ဒီဇိုင်း ( ၅ ) မျိုးသာ ထွက်ရှိထားပါတယ် ။ shwekhitonlinetv.com

ဒီလို ဖန်တီးပေးထားတဲ့ ဒီဇိုင်း ( ၅ ) ခုတွေထဲက တစ်ခုဆိုရင် ဖုန်းရဲ့ နောက်ကျောဘက်မှာ ရွေ နဲ့ တိုက်တေနီယမ် ကို ပေါင်းစပ်ဖန်တီးပေးထားတဲ့ 3D ပုံစံ နှာခေါင်းကွင်း တပ်ပေးထားတဲ့ နွားခေါင်းပုံစံ ဒီဇိုင်းကိုတွေ့ရမှာပါ ။ နောက်ပြီး နွားရဲ့ မျက်လုံးတွေကို အရောင်လက်နေစေဖို့ တောက်ပတဲ့ စိန် ( ၂ ) လုံးကို တစ်ဖက်စီ ထည့်ပေးထားပါသေးတယ်။ စျေးကွက်ထဲမှာတော့ ဒီဖုန်းရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ( ၂၀၈၃၀ ) တန်ကြေးရှိပါတယ်တဲ့ ။ shwekhitonlinetv.com


၃ ။ Vertu Signature Cobra

အခု ပြောပြပေးမယ့် ဖုန်းလေးကတော့ ဗြိတိသျှ အခြေစိုက် ထုတ်လုပ်သူ နဲ့ လက်လီရောင်းချသူ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Vertu ကုမ္ပဏီကနေ ဖန်တီးထားတဲ့ Vertu Signature Cobra ဖုန်းလေးပဲ ဖြစ်ပါတယ် ။ Vertu ဟာ အရင်တုန်းက Nokia ရဲ့ နာမည်ကျော် အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပြီး Signature Cobra ဖုန်းဟာ သူတို့ ဖန်တီးခဲ့သမျှတွေထဲမှာ လက်ရာ အကောင်းဆုံး ဖုန်းမော်လ်ဒယ် တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ် ။ ဒီလို လက်ရာကောင်းမွန်လှတဲ့ ဖုန်းလေးကို ပြင်သစ်နိုင်ငံက လက်ဝတ်ရတနာ ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Boucheron ဆိုင် ကနေ ကျောက်မျက်ရတနာတွေ နဲ့ ထပ်မံပြုပြင်ပေးလိုက်တဲ့ အခါမှာတော့ အတော်လေးကို လှပသွားခဲ့ပါတော့တယ် ။ shwekhitonlinetv.com

Boucheron လက်ဝတ်ရတနာ ဆိုင်ကနေ ဖန်တီးထားတဲ့ ဒီဖုန်းလေးဟာ Limited Edition အနေနဲ့သာ ရောင်းချပေးခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာမှ ( ၈ ) လုံးပဲ ရှိတာပါ ။ ဖုန်းရဲ့ ကိုယ်ထည်ပိုင်းကို ရွှေ နဲ့ ဖန်တီးပေးထားပြီး အထူးခြားဆုံး ပုံစံကတော့ ရတနာတွေ နဲ့ ပေါင်းစပ်ပေးထားတဲ့ မြွေဟောက် ဒီဇိုင်းပဲ ဖြစ်ပါတယ်။ မြွေဟောက် ဒီဇိုင်းကို ရွှေ ၊ စိန်ဖြူ ၊ မြ ၊ ပတ္တမြား တို့နဲ့ လက်ရာ မြောက်စွာ ဖန်တီးပေးခဲ့ပြီး စျေးနှုန်းကတော့ ဒေါ်လာ ( ၃၁၀၀၀၀ ) ရှိပါတယ်တဲ့ ။ shwekhitonlinetv.com


၄ ။ Goldvish Le Million

Goldvish Le Million ဆိုတာ ဆွီဒင် အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Goldvish ကုမ္ပဏီကနေ ဖန်တီးထားတဲ့ လက်ရာမြောက် ဇိမ်ခံ တန်ဖိုးကြီး ဖုန်းပဲ ဖြစ်ပါတယ် ။ ( ၂၀၀၆ ) ခုနှစ်တုန်းကဆိုရင် Goldvish Le Million ဖုန်းဟာ ကမ္ဘာ့စျေးအကြီးဆုံး ဖုန်းအဖြစ်တောင် ဂင်းနစ်စံချိန် တင်ထားခဲ့တာပါ ။ စျေးကွက်ထဲမှာတော့ Goldvish Le Million ဖုန်းရဲ့ တန်ဖိုးဟာ ဒေါ်လာ ( ၁.၃ ) သန်းကျော် တန်ကြေးရှိပါတယ်တဲ့ ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ဒီဖုန်းကို Limited Edition အနေနဲ့သာ ထုတ်လုပ်ပေးခဲ့ပြီး တစ်ကမ္ဘာလုံးမှာမှ ( ၃ ) လုံးပဲ ရှိပါတယ်။ shwekhitonlinetv.com

ဖုန်းရဲ့ ကိုယ်ထည်ပိုင်းကို ( ၁၈ ) ကာရက် ရွှေကိုယ်ထည် နဲ့ ပြုလုပ်ထားပြီး စိန်အလုံးပေါင်း ( ၁၂၀၀၀၀ ) အပြင် သားရေ စစ်စစ်တို့နဲ့ ပေါင်းစပ်ဖန်တီးပေးထားပါတယ် ။ ဒီဇိုင်းပိုင်းမှာတော့ ဓားမြှောင် ပုံစံဖန်တီးပေးထားပြီး အလင်းရောင် ကောင်းတဲ့ နေရာမှာ ဒီဖုန်းလေးကို ကိုင်ပြီးသွားမယ်ဆိုရင် ဘေးနားက တစ်ခြားသူတွေကိုပါ မျက်စိကျိန်းသွားစေမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com


၅ ။ Gresso Luxor Las Vegas Jackpot

နောက်ထပ်ပြောပြပေးမယ့် ကမ္ဘာ့စျေးအကြီးဆုံးဖုန်းတွေထဲက နောက်တစ်လုံးကိုတော့ Gresso Luxor Las Vegas Jackpot ဆိုတဲ့ ဖုန်းလေးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် Jackpot ဖုန်းဟာဆိုရင် တစ်ခြား တန်ဖိုးကြီးတွေနဲ့ မတူပဲ ထူးထူးခြားခြား အသွင်အပြင် ပုံစံရှိပါတယ် ။ ကိုယ်ထည်ပိုင်းမှာတော့ ဖုန်းရဲ့ အရှေ့ပိုင်းမှာ ( ၄၅.၅ ) ကာရက်အလေးချိန်ရှိတဲ့ အနက်ရောင် စိန်တွေကို ထည့်သွင်းပေးထားပါတယ် ။ ဖုန်းရဲ့ ဘေးဘောင်တွေ ဟာ ရွှေ ( ၁၈၀ ) ဂရမ် အလေးချိန်ရှိပြီး အနောက်ဘက်ပိုင်းကိုတော့ နှစ် ( ၂၀၀ ) သက်တမ်း ရှိ အာဖရိက သစ်ပင်ရဲ့ အသားနဲ့ ပြုလုပ်ထားပါတယ် ။ shwekhitonlinetv.com

နောက်ပြီး ဖုန်းရဲ့ ခလုတ်တွေကို နီလာ နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ခလုတ် တစ်ခုချင်းစီတိုင်းကို လေဆာ နဲ့ ပုံဖော်ပြီး အသေးစိတ် ပေါ်လစ်တင်ကာ ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖုန်းရဲ့ ခလုတ်တွေထဲမှာ ထည့်ပေးထားတဲ့ နီလာကျောက် အားလုံးပေါင်းရဲ့ အလေးချိန်ဟာ ( ၃၂ ) ကာရက် ရှိပါတယ်တဲ့ ။ တမူထူးခြားတဲ့ ဒီဇိုင်း နဲ့ အသေးစိတ် ဖန်တီးထားတဲ့ ဖုန်းဖြစ်လို့ တစ်ကမ္ဘာလုံးမှာမှ အလုံးရေ ( ၃ ) လုံးသာရှိပြီး စျေးနှုန်းကတော့ ဒေါ်လာ ( ၁ ) သန်း တန်ကြေး ရှိပါတယ် ။ shwekhitonlinetv.com


၆ ။ iPhone 12 Pro /Max GoldPhone

အခုနောက်ဆုံး ပြောပြပေးမှာကတော့ Caviar ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ iPhone 12 Pro /Max Gold Phone အမည်ရှိတဲ့ ဖုန်းပဲ ဖြစ်ပါတယ် ။ ဒီဖုန်းရဲ့ ကိုယ်ထည် တစ်ခုလုံးကို ၉၉၉.၉ စံချိန် ရှိတဲ့ 24K ရွှေနဲ့ ဖန်တီးပေးထားတာပါ ။ နောက်ပြီး ကိုယ်ထည်တစ်ခုလုံးမှာ သန့်စင်တဲ့ ရွှေသား အလေးချိန်ဟာ ( ၁ ) ကီလိုဂရမ် တောင် ရှိပါတယ်တဲ့ ။ ထူးခြားချက်ကတော့ ဖုန်းရဲ့ နောက်ဘက် ကင်မရာ တွေကို ရွှေနဲ့ ပြုလုပ်ထားတဲ့ casing နဲ့ ဖုံးပေးထားပြီး အလွယ်တကူ သုံးလို့တော့ ရမှာမဟုတ်ပါဘူး ။ shwekhitonlinetv.com

ဖုန်းရဲ့ ကိုယ်ထည်ပိုင်းကိုသာ ရွှေစစ်စစ်တွေနဲ့ ဖန်တီးပေးထားတာ ဖြစ်ပြီး အတွင်းပိုင်း software တွေကတော့ မူလ iPhone 12 Pro ပုံစံနဲ့ အတူတူပါပဲ ။ ကျောဘက် ဒီဇိုင်းမှာ Caviar ကုမ္ပဏီရဲ့ တံဆိပ်အမှတ်အသားကို ထည့်ပေးထားသလို ၉၉၉.၉ စံချိန်ရှိတဲ့ ရွေဖြစ်ကြောင်း စာသားကိုလည်း ထွင်းပေးထားပါသေးတယ် ။ ဒီဖုန်းရဲ့ စျေးနှုန်းကတော့ Caviar ကုမ္ပဏီရဲ့ website မှာ ဒေါ်လာ ( ၁၆၉၀၀၀ ) နဲ့ ရောင်းချပေးနေပြီး Limited Edition အနေနဲ့ ( ၇ ) လုံးသာ ထုတ်လုပ်ပေးထားပါတယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ ကမ္ဘာ့စျေးအကြီးဆုံး ဖုန်းတွေထဲက တစ်ချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com