အခုတစ်ခေါက်တင်ဆက်မယ့် အကြောင်းအရာလေးကတော့ ပရိသတ်တွေအတွက် အတော်လေးကို ထူးဆန်းအံ့သြဖို့ကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်သက်မှာတစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုရလောက်အောင်သာမန် အရွယ်အစားထက် သိသိသာသာ ကြီးမားနေတဲ့ သတ္တဝါတွေအကြောင်းပဲဖြစ်ပါတယ်။

တစ်ချို့တွေကတော့ ဒါဟာအတုအယောင်လုပ်ဇာတ်တွေလို့ ဆိုကြပေမယ့် နာမည်ကျော် အင်တာနက်စာမျက်နှာတွေကတော့ အမှန်တကယ်ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် Shwe Khit ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော် …
Coconut Crab

အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ တွေရဲ့အနီးတဝိုက်မှာ နေထိုင်ကျက်စားကြတဲ့ ဒီဂဏန်းတွေကိုတော့ Coconut Crab လို့အမည်သတ်မှတ်ထားကြပါတယ်။ ထူးခြားတဲ့ ဂဏန်းမျိုးစိတ်တစ်မျိုးဖြစ်ပြီး အရှည် (၃) ပေ လောက်ထိရှိတယ်လို့သိရပါတယ်။

သြစတြေးလျ နဲ့ မာဒါဂတ်စကာ နိုင်ငံကကမ်းခြေ တွေမှာလည်းတွေ့ရတက်ပါတယ်။ တစ်ခါတစ်ရံ အုန်းပင်တွေပေါ်မှာတက်ပြီး နေထိုင်တတ်လို့ Coconut Crab လို့ ဒေသခံတွေက အမည်ပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com
Flemish Giant Rabbit

မျက်လှည့်ဆရာတွေအနေနဲ့ မျက်လှည့်ပြပွဲတွေမှာ ပြသတဲ့ယုန်ဖြူလေးတွေ နဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီယုန်ကြီးက အဆတန်ကြီးနေမှာအမှန်ပါပဲ။ အလေးချိန် (၁၅) ပေါင်ရှိပြီး ပွေ့ပိုက်ထားချင်စဖွယ်ကောင်းတဲ့ ဒီယုန်ကြီးအတွက် လှောင်အိမ်ခပ်ကြီးကြီးကိုလည်း ပြုလုပ်ထားရတယ်လို့သိရပါတယ်။

ဒါပေမယ့်လည်းသူက လူတွေနဲ့ လက်ပွန်းတတီး နေရတာထက် လယ်ကွင်းထဲမှာ မုန်လာဥတွေပတ်စားပြီး ဇိမ်ကျနေတက်တယ်လို့ သူ့သခင်ကဆိုပါတယ်။ shwekhitonlinetv.com
The Merlin Jellyfish

Jelly Fish တွေဟာပင်လယ်ကြီးရဲ့အလှအပတွေကို ဖော်ကျူးပေးနေတဲ့ သက်ရှိရေသတ္တဝါလေးတွေဆိုတာ အားလုံးသိပြီးသားအကြောင်းအရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် Merlin လို့အမည်ရတဲ့ ဒီ Jelly Fish ကိုမြင်ရင်တော့ မအံ့သြပဲနေနိုင်ကြမယ်မထင်ပါဘူး။

သာမန် Jelly Fish တွေထက်အရွယ်အစားက မယုံနိုင်အောင်ကြီးမားနေတာဟာ ထူးဆန်းလွန်းမနေဘူးလား ပရိသတ်ကြီးရေ …shwekhitonlinetv.com
Harpy Eagle

Harpy Eagle (ဟာပေးလင်းယုန်) လို့ခေါ်တဲ့ ဒီလင်းယုန်ငှက်တွေဟာ ချွန်ထက်လက်သည်းတွေနဲ့ တိရိစ္ဆာန်ငယ်တွေကို ဖမ်းယူစားသောက်တက်တဲ့ အသားစားငှက်မျိုးစိတ်တွေဖြစ်ပါတယ်။ တစ်ခါတစ်ရံ လူသားတွေကိုတောင် ရန်မူပြီးတိုက်ခိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် သူတို့ဟာ ညဏ်ရည်မြင့်မားတာကြောင့် တစ်ချို့မုဆိုးတွေက ယဉ်ပါးအောင်သင်ယူပြီး အမဲလိုက်ဖို့မွေးမြူတာကြ မျိုးတွေတော့ရှိပါတယ်။ shwekhitonlinetv.com

ဒီလို အလွန်အန္တရာယ်များတဲ့ သတ္တဝါကို မွေးမြူထားတာ အတော်လေးတော့ကြက်သီးထဖို့ကောင်းတာအမှန်ပါပဲ။ အခုပုံကို မြင်ရင်ပိုဆိုးသွားမလားမသိဘူး ပရိသတ်ကြီးရေ ….. တစ်ချို့က ဒါဟာ Harpy Eagle(ဟာပေးလင်းယုန်) ဝတ်စုံကိုလူတစ်ယောက် ဝတ်ဆင်ထားတာလို့ပြောကြပေမယ့် တကယ်တမ်းတော့ အရွယ်အစားကြီးမားတဲ့တကယ့် Harpy Eagle ကြီးတစ်ကောင်ဖြစ်တယ်လို့သိရပါတယ်။shwekhitonlinetv.com
Giant Bat

ဒီပုံကို ရုတ်တရက် ကြည့်ရင်တော့ မြေခွေးတစ်ကောင် ကောင်းကင်မှာပျံဝဲနေသလို ထင်ရမှာဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ ဧရာမလင်းနို့ကြီးတစ်ကောင်ဖြစ်ပါတယ်။ အလေးချိန် (၃) ပေါင်ရှိပြီး အတောင်နှစ်ဖက်ဖြန့်ထားချိန်မှာအရှည်က (၅) ပေခွဲလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒီကမ္ဘာ့အကြီးဆုံးလင်းနို့ကြီးကို ဖိလစ်ပိုင်နိုင်ငံက ကျွန်းတစ်ခုမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Monster Walrus

အာတိတ်ဒေသတွေမှာတော့ အစွယ်ပါတဲ့ ပင်လယ်ဖျံတွေကို အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ သာမန် ပင်လယ်ဖျံတစ်ကောင်ဟာ အလေးချိန် (၃၃) ကီလိုဂရမ်ကနေ (၈၅) ကီလိုဂရမ်အထိသာ ရှိပြီး အခုမြင်ရတဲ့ ပင်လယ်ဖျံကြီးကတော့ ခန္ဒာကိုယ်အလျားကတော့ (၃) ပေကနေ (၅) ပေခန့်အများဆုံးရှိကြတာဖြစ်ပါတယ်။

အခုမြင်ရတဲ့နှစ်ချို့ ပင်လယ်ဖျံကြီးကတော့ အလေးချိန် (၁၄၀၀) ကီလိုဂရမ်လောက်ရှိပြီး အရှည်ကလည်း (၁၂) ပေနီးပါရှိလို့ တကယ်မယုံနိုင်စရာကောင်းလောက်အောင်ကို ကြီးမားလွန်းနေပါတယ် ပရိသတ်ကြီးရေ။ shwekhitonlinetv.com
Tibet’s Mastiff

တိဗက်ဒေသမှာတော့ Mastiff အမျိုးအစားခွေးကြီးတွေကို မွေးမြူဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ သူတို့ကိုမွေးမြူဖို့ ဆုံးဖြတ်ထားရင်တော့ အတော်လေးငွေကုန်ကျေးကြများတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုကို ပြုလုပ်တာနဲ့ တူညီတဲ့သဘောကိုဆောင်ပါလိမ့်မယ်။

ဘာလို့လဲ ဆိုတော့ ဒီပေါင် (၁၆၀) လောက်အလေးချိန်ရှိတဲ့ ခွေးကြီးကို တစ်နေ့ (၃) ကြိမ်အစာကျွေးဖို့ အတွက်အစားအစာ စရိတ်က အတော်လေးကို ကြီးမားလွန်းလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။