မင်္ဂလာပါ ရွှေခေတ်ပရိသတ်ကြီးရေ ….လောကမှာ ဘယ်အရာမှတည်မြဲခြင်းမရှိဘူးဆိုတဲ့ သင်္ခါရသဘောတရားကို ရွှေခေတ်ပရိသတ်တွေအနေနဲ့ လက်ခံထားမယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာကြီးတောင်အချိန်တန်ရင်ပျက်စီးသွားမှာဖြစ်လို့ ကမ္ဘာပေါ်မှာရှိတဲ့ အရာတွေဆိုရင်တော့ ဘယ်လောက်ပဲတည်တံ့ခိုင်မြဲပါတယ်လို့ဆိုဆို တစ်ချိန်ချိန်မှာတော့ ကျိန်းသေပေါက်ပျက်စီးပျောက်ကွယ်သွားမှာ အသေအချာပဲဖြစ်ပါတယ်။shwekhitonlinetv.com
ဒီကနေ့ တင်ဆက်ပေးမယ့် အကြောင်းအရာ လေးကလည်း သင်္ခါရ သဘောတရားနဲ့ ဆက်နွယ်နေတယ်လို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

ဘာလို့လည်းဆိုတော့ လက်ရှိအချိန်မှာ လှပသာယာပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတွေအဖြစ်ကနေ ကမ္ဘာမြေပုံပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားတော့မယ့် နေရာတွေအကြောင်း ဖြစ်နေလို့ပါပဲ။ shwekhitonlinetv.com
ဘယ်နေရာဒေသတွေဖြစ်မလဲဆိုတာကို တော့ ဒီဆောင်းပါး လေးကို ဆက်လက်ဖတ်ရှုလိုက်ရအောင်နော် ……. shwekhitonlinetv.com
၁။ Maldives မောလ်ဒိစ်

မောလ်ဒိစ် (Maldives) ဟာ ကမ္ဘာပေါ်ကအနိမ့်ဆုံး ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ လည်ပတ်သူတွေနဲ့ စည်းကားလှတဲ့ နေရာတစ်ခုအဖြစ်တည်ရှိနေပါသေးတယ်။ နိုင်ငံရဲ့နေရာအတော်များများဟာ ပျမ်းမျှအားဖြင့်ပင်လယ်ရေမျက်နှာပြင်အထက် (၄) ပေလောက်သာမြင့်တယ်လို့သိရပြီး လာမည့်နှစ် (၅၀) ကနေ (၁၀၀) အတွင်းရေအောက်ကိုနစ်မြုပ်သွားမယ့် ကျွန်းနိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

သတင်းတွေအရတော့ အစိုးရအနေနဲ့ ပြည်သူတွေကိုရွှေ့ပြောင်းဖို့အတွက် အခြားမြေနေရာတွေ စတင်ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၂။ Christian ruins ရူအင်းစ် of Abu အာ့ဘူ Mena မီနာ့ , Egypt

နှစ်ပေါင်း (၁၅၀၀) သက်တမ်းရှိပြီဖြစ်တဲ့ ဒီမြို့ဟောင်းနေရာလေးကလည်း ကမ္ဘာ့မြေပုံပေါ်ကနေ မကြာခင်မှာ ပျောက်ကွယ်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
တစ်ချိန်က ခရစ်ယာန်ဘုရားကျောင်းတွေ ဘုန်းတော်ကြီးတွေနဲ့ အလွန်စည်ကားတဲ့ နေရာဖြစ်ခဲ့ဖူးသလို ယခုအချိန်မှာလည်း ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အောက်ခံမြေဆီလွှာ အနေအထားအရ မကြာခင်မှာ မြေအောက်ထဲ ကျွံဝင်သွားတော့မှာ ဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၃။ Cerro Rico ဆဲရို ရီကို , Bolivia ဘိုလီဗီးယား

တောင်အမေရိကတိုက် ဘိုလီဗီးယားနိုင်ငံ ပေါ့တိုဆီ (Potsoi) လို့အမည်ရတဲ့ မြို့လေးအနီးက တောင်ကြီးဖြစ်ပါတယ်။ အလွန်လှပတဲ့ ဒီတောင်ကြီးကို ရှင်းလင်းပြတ်သားစွာမြင်ရတဲ့ မြင်ကွင်းက အတော်လေးကိုကြည့်ကောင်းပါတယ်။ shwekhitonlinetv.com
ဒီမြင်ကွင်းကို တွေ့မြင်ခံစားလိုတာကြောင့်လည်း ကမ္ဘာလှည့် ခရီးသွားတွေဟာ ပေါ့တိုဆီ မြို့ကိုလာရောက်ကြတာဖြစ်ပါတယ်။ လူသားစားတောင်လို့ အမည်ရတဲ့ ဒီတောင်ကြီးဟာ ငွေသတ္တုအလွန်ပေါများစွာထွက်ရှိတဲ့ တောင်ကြီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ရှေးယခင် စပိန်ကိုလိုနီ ဖြစ်ခဲ့စဉ်ကတည်းကနေ ယနေ့ချိန်ထိ မဆင်မခြင်သတ္ထုတွေတူးဖော်ခဲ့တဲ့ လူတွေရဲ့ လောဘကြောင့် မကြာခင်မှာ ဒီတောင်ကြီးဟာ လုံးပါးပါးပြီးပျောက်ကွယ်သွားရဖို့ရှိနေပါတယ်။ shwekhitonlinetv.com
၄။ Belize Barrier Reef Reserve System

ကာရစ်ဘီယံဒေသ ဘီလစ်ဇ် (Belize) နိုင်ငံရဲ့ထူးခြားပြီး လှပစွာဖြစ်တည်နေတဲ့ သန္တာကျောက်တန်းတွေဖြစ်ပါတယ်။ ကြည်လင်တဲ့ရေ၊ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ရေအောက် ထုံးကျောက်လှိုဏ်ဂူ လိုမျိုး အရာတွေကြောင့် ရေငုပ်သမားတွေ စွန့်စားရှာဖွေသူတွေ လာရောက်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။ shwekhitonlinetv.com

ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ ဒီနေရာကိုတော့ သာယာလှပတာကြောင့် အခုဆိုရင် အပန်းဖြေစခန်းစီမံကိန်း ဆောက်လုပ်လျက်ရှိပါတယ်။ shwekhitonlinetv.com
ဒါတွေကပဲ ဒီနေရာရဲ့ ဂေဟစနစ်ကိုပျက်စီးစေမယ့် အရာတွေဖြစ်ပြီး ဒီနေရာကိုလည်း တဖြည်းဖြည်းဆုတ်ယုတ်ပျက်စီး သွားစေလိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။ shwekhitonlinetv.com

၅။ Patagonia’s ပါတာဂိုနီယားစ် Glaciers ဂလက်ရှာ , Argentina

တောင်အမေရိကတိုက် အာဂျင်တီးနားလိုနိုင်ငံမှာ ရှားရှားပါးပါးတည်ရှိတဲ့ ကြီးမားပြီးလှပတဲ့တဲ့ ရေခဲတောင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုတွေဖောက်ပြန်ပြောင်းလဲလာမှုတွေကြောင့် ဒီရေခဲတောင်တွေ ရေခဲမြစ်တွေဟာလည်း ပျောက်ကွယ်ဖို့ သိပ်မလိုတော့ပါဘူး။ shwekhitonlinetv.com

၆။ Seychelles ဆေရှယ်စ်

မာဒါဂတ်စ်ကာ (Madagascar) နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသလေး တစ်ခုဖြစ်ပြီး ဟန်နီးမွန်းထွက်ဖို့ အကောင်းဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်။ အချို့ကတော့ ဒီနေရာကို အိန္ဒိယသမုဒ္ဒရာအတွင်းက သုခဘုံလို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ အထိသာယာလှပလွန်းပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဒီနေရာလေးဟာ ရေတိုက်စားမှုကြောင့် နောင်နှစ်ပေါင်း (၅၀) ကနေ (၁၀၀) အတွင်း ကျိန်းသေပေါက် ကွယ်ပျောက်သွားတော့မယ့် နေရာလေးဖြစ်နေတာကတော့ စိတ်မကောင်းစရာပါပဲ။ shwekhitonlinetv.com

၇။ Venice ဗင်းနစ်, Italy

အီတလီနိုင်ငံမြောက်ပိုင်းက ဗင်းနစ်မြို့ဟာဆိုရင် လှပပြီး ရိုမန်တစ်ဆန်တဲ့ နေချင်စဖွယ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ တူးမြောင်းတွေတံတားတွေနဲ့ ကျွန်းငယ်လေးတွေကိုဆက်သွယ်ထားတဲ့ ရေပေါ်မြို့လေးတစ်မြို့ လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ရာသီဥတုတွေဖောက်ပြန်လာမှုရဲ့ အကျိုးဆက်အဖြစ် အခုနောက်ပိုင်း ရေလွှမ်းမိုးမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေလို့ မြို့နေလူထုအတော်များများကတော့ ဒီနေရာလေးကို စွန့်ခွာတော့မယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အဆုံးထိ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။