အခုတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နောက်ကွယ်က behind scences တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီ အထဲမှာဆိုရင် ဇာတ်ကားတစ်ကားကို ရိုက်ကူးတဲ့ အခါ ဘယ်လို နည်းပညာတွေကို သုံးပြီး ရိုက်ကူးထားလဲဆိုတာ ဖော်ပြထားတာမို့လို့ ပုံတစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com
၁ ။ Justice League

DC Universe ထဲက hero တစ်ယောက် ဖြစ်တဲ့ Wonder Woman ကိုတော့ မသိသူ မရှိစလောက်ပါပဲ ။ ဒီအထဲမှာဆိုရင် Justice League ဇာတ်ကားထဲက Wonder Woman အဖြစ် သရုပ်ဆောင်ထားတဲ့ Gal Gadot ရဲ့ action scence ကို ဘယ်လို ပြင်ဆင်ပြီး ရိုက်ကူးခဲ့လဲဆိုတာကို တွေ့ရမှာပါ ။ shwekhitonlinetv.com
၂ ။ Suicide Squad

နောက်ထပ်ပြောပြပေးမယ့် ဇာတ်ကား ကတော့ နာမည်ကြီး Suicide Squad ဇာတ်ကား အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာဆိုရင် Joker အဖြစ် သရုပ်ဆောင်ထားတဲ့ Jared Leto နဲ့ Harley Queen အဖြစ် သရုပ်ဆောင်ထားတဲ့ Margot Robbie တို့ နှစ်ယောက် ဇာတ်ဝင်ခန်းထဲမှာ ပထမဦးဆုံး တွေ့ဆုံကြတဲ့ အခန်းကို ရိုက်ကူးနေပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၃ ။ Beauty and the Beast

အခုမြင်ရတာကတော့ Beauty and the Beast ဇာတ်ကား ထဲက ဇာတ်ဝင်ခန်း တစ်ခန်းရဲ့ ပုံပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာဆိုရင် special effect တွေ ကို မသုံးခင် နဲ့ သုံးပြီးတဲ့အခါ ဘယ်လို ပြောင်းလဲသွားခဲ့လဲ ဆိုတာကို နှိုင်းယှဉ်ပြီး ပြထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄ ။ Spider-Man: Homecoming

ဒါကတော့ Marvel Universe ထဲက ဇာတ်ကား တစ်ကား ထဲက ဖြစ်တဲ့ Spider-Man: Homecoming ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း တစ်နေရာမှာပဲ ဖြစ်ပါတယ် ။ ဒီနေရာမှာ Spider-Man အဖြစ် သရုပ်ဆောင်ထားတဲ့ Tom Holland တစ်ယောက် ပင့်ကူ အမျှင်တွေ ဘယ်လို ထုတ်ခဲ့လဲဆိုတာကို behind the scence အနေနဲ့ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၅ ။ Doctor Strange

ဒါကတော့ Marvel Universe ရဲ့ နောက်ထပ် ဇာတ်ကား တစ်ကား ဖြစ်တဲ့ Doctor Strange Movie ရဲ့ ဇာတ်ဝင်ခန်း တစ်ခန်းပဲ ဖြစ်ပါတယ် ။ ဒီဇာတ်ဝင်ခန်းထဲမှာ Doctor Strange တစ်ယောက် Christine Palmer နဲ့ နှုတ်ဆက်ပြီး ထွက်ခွါတော့မယ့် အခန်းကို ဘယ်လို special effect တွေနဲ့ သုံးပြီး ရိုက်ကူးထားလဲဆိုတာ တွေ့ရမှာပါ ။ shwekhitonlinetv.com
၆ ။ The Jungle Book

ဗားရှင်း အသစ် နဲ့ ပြန်လည် ရိုက်ကူးထားတဲ့ The Jungle Book ဇာတ်ကားဟာဆိုရင် ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့တဲ့ ဇာတ်ကား ပဲ ဖြစ်ပါတယ် ။ အခု မြင်ရတာကတော့ main character ဖြစ်တဲ့ Mogli ရဲ့ ဘေးနားက ဝံပုလွေ ကို ဘယ်လို ဖန်တီးပြီး ရိုက်ကူးထားလဲ ဆိုတာ ပြသထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၇ ။ Alice in Wonderland

နောက်ထပ် ပြောပြပေးမှာကတော့ နာမည်ကြီး ဇာတ်ကား တစ်ကား ဖြစ်တဲ့ Alice in Wonderland ဇာတ်ကား အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီဇာတ်ကား ထဲမှာ Red Queen အဖြစ် သရုပ်ဆောင်ထားတဲ့ သူကတော့ Helena Bonham Carte ဖြစ်ပြီး အခုမြင်ရတာကတော့ Red Queen ရဲ့ နန်းတော်ကြီးကို ဘယ်လို effect တွေနဲ့ ရိုက်ထားလဲဆိုတာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၈ ။ King Kong

( ၂၀၀၅ ) ခုနှစ် တုန်းက ထွက်ရှိခဲ့တဲ့ King Kong ဇာတ်ကား ကို ပရိသတ်တွေ သဘောကျ နှစ်သက်မယ်လို့ ထင်ပါတယ် ။ ဒီဇာတ်ကားထဲမှာ King Kong က မင်းသမီး Naomi Watts ကို လက် နဲ့ ဆွဲပွေ့ထားတဲ့ အခန်းမှာ ဘယ်လို ရိုက်ကူးခဲ့လဲဆိုတာကို behind the scence အနေနဲ့ တွေ့မြင်ရမှာပါ ။ shwekhitonlinetv.com
၉ ။ Sonic

နောက်ထပ်ပြောပြပေးမှာကတော့ နာမည်ကြီး Sonic ဇာတ်ကား အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ main character ဖြစ်တဲ့ Sonic the hedgehog ကို ဇာတ်ကား ရိုက်ကူးခဲ့တဲ့ တစ်လျှောက် ဘယ်လို ဖန်တီးခဲ့ကြလဲဆိုတာကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀ ။ Rampage

အခု နောက်ဆုံး ပြောပြပေးမယ့် ဇာတ်ကားကတော့ မင်းသားကြီး Dwayne Johnson ပါဝင် သရုပ်ဆောင်ထားတဲ့ Rampage ဇာတ်ကား ပဲ ဖြစ်ပါတယ် ။ ဒီဇာတ်ကားထဲမှာ Dwayne Johnson နဲ့ ဂေါ်ရီလာ တို့ ဇာတ်ဝင်ခန်းထဲမှာ ဂေါ်ရီလာ ကြီးကို special effect တွေနဲ့ အစားထိုး ရိုက်ကူးထားတဲ့ ပုံစံကို ပြသပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ နာမည်ကြီး ဇာတ်ကားတွေရဲ့ နောက်ကွယ်က ထင်မှတ်မထားတဲ့ ရိုက်ကွင်းပြင်ဆင်မှု တစ်ချို့ကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးအုန်းမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com