လောကမှာ အများနဲ့မတူတဲ့ အမြင်တွေနဲ့ ဖန်တီးနိုင်စွမ်းရှိကြသူတွေဟာ တစ်ချိန်မှာ အားလုံးချီးကျူးလေးစားရတဲ့ သူတွေအဖြစ် နာမည်ကျော်ကြားလေ့ရှိပါတယ်။
ဒီအချက်ကို သက်သေပြခဲ့တဲ့ သူတွေထဲကမှ အခု ဆောင်းပါးလေးမှာတော့ လူအများမစဉ်းစားမိတဲ့ ရှုထောင့် အမြင် ဖန်တီးမှု တွေနဲ့ အနုပညာလက်ရာတွေ ဖန်တီးခဲ့တဲ့ လူ (၃) ဦးအကြောင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဂျွန်လိုပက်ဇ် (John Lopez)

ဟောင်းနွမ်းနေတဲ့ လယ်ယာသုံး ပစ္စည်းတွေဆိုတာအများအမြင်မှာတော့ ဘာမှစိတ်ဝင်စားဖို့မကောင်းတဲ့ စိတ်ရှုပ်ဖွယ်အရာတွေပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ်သူကမှလည်းဒီအရာတွေကို အနုပညာမြောက်လက်ရာ တွေအဖြစ်ဖန်တီးယူဖို့ တွေးမိကြမယ်မထင်ပါဘူး။

ဒါပေမယ့် ဒီအမြင်တွေကို ပြောင်းလဲအောင်ပြုလုပ်နိုင်ခဲ့တဲ့ သူတစ်ယောက်ရှိပါတယ်။ သူကတော့ ဂျွန်လိုပက်ဇ် လို့အမည်ရတဲ့ လက်မှုပညာရှင်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဂျွန်ဟာ အမေရိကန်အနောက်ပိုင်း ဒါကိုတာ ပြည်နယ်က ကြေးသွန်းထည်တွေကိုပြုလုပ်တဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ကြေးနဲ့ပြုလုပ်ထားတဲ့ အကြမ်းထည်ပစ္စည်းတွေကို လှပပြီးလက်ရာမြောက်တဲ့ အံ့အားသင့်ဖွယ် အနုပညာမျိုးဖန်တီးလို့ရတယ်ဆိုတာကို လူအများလက်ခံအောင် ပြုလုပ်ပြဖို့အမြဲကြိုးစားနေတက်သူတစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်ဟောင်းနွမ်းပြီးစွန့်ပစ်ထားတဲ့ လယ်ယာသုံးပစ္စည်းအဟောင်းတွေကို လိုက်လံစုဆောင်းပြီး သူတက်ကျွမ်းတဲ့ ကြေးသွန်းပညာနဲ့ပေါင်းစပ်ကာ အခုလို မယုံကြည်နိုင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ ရုပ်တုတွေကိုဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ သောမက်စ်ဒမ်ဘို (Thomas Dembo)

သောမက်စ်ဒမ်ဘို ဆိုတာကတော့ ဒိန်းမတ်နိုင်ငံသားလက်မှုအနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူကတော့ သူတို့မြို့ နဲ့ အနီးတစ်ဝိုက်မြို့တွေကအသုံးပြုပြီးသား သစ်သားတွေကို ပြန်လည်အသုံးချပြီး အံ့အားသင့်ဖွယ် ကောင်းပြီး ကြီးမားလှတဲ့ရုပ်တုတွေကို ပြန်လည်တည်ဆောက်ခဲ့တဲ့သူ တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

ဒမ်ဘိုဟာ ဒီလိုရုပ်တုတွေပြုလုပ်နေရရင် ပျော်ရွှင်နေတဲ့သူတစ်ဦးဖြစ်ပြီး သူလုပ်တဲ့အရုပ်တွေကိုလည်း အဓိပ္ပါယ်အမျိုးမျိုးနဲ့ စနစ်တကျ ပြုလုပ်တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်သူ့ရဲ့ အရုပ်တွေဟာ မတူညီတဲ့နာမည်တွေနဲ့ နောက်ခံဇာတ်လမ်းလေးတွေရှိတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ဒါတင်မကသေးပါဘူး။ ဒီအရုပ်တွေရဲ့ အတွင်းမှာလည်း ဆောင်းခိုငှက်၊ ရှဉ့် အစရှိတဲ့ တိရိစ္တာန်ငယ်လေးတွေ ခိုနားဖို့ အိမ်အသေးစားလေးတွေလည်း ဖန်တီးထားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com
အဲ့ဒီလို ကြီးမားတဲ့အရုပ်တွေပြုလုပ်ဖို့အတွက် နောက်ပိုင်းမှာတော့ အဖွဲ့အစည်းတစ်ခုဖွဲ့ကာ စနစ်တကျလုပ်ဆောင်ခဲ့သလို တစ်ခါတစ်ရံမှာတော့ ကျောင်းသားတွေကိုလည်း အရုပ်ဖန်တီးရာမှာ စေတနာ့ဝန်ထမ်းအနေနဲ့ ပါဝင်လေ့လာ ဖန်တီးခွင့်ပြုခဲ့တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့် ဒိန်းမတ်နိုင်ငံရဲ့ နေရာဒေသတော်တော် များများမှ ဒမ်ဘိုနဲ့သူ့အဖွဲ့ ဖန်တီးထားတဲ့ သစ်သားရုပ်တုတွေကို အများအပြားတွေ့ မြင်နိုင်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ အီယက်ဂနီ ချက်စ် (Evgeny Ches)

ဂရက်ဖစ်တီ အက်တ် (Graffiti Art) ဆိုတာကတော့ ဒီနေ့ခေတ်မှာ မြို့ပြရဲ့ အင်္ဂါရပ်တစ်ခုလို့တောင်ဆိုလို့ရမယ်ထင်ပါတယ်။ မြို့တွေရဲ့ လမ်းမတွေ နံရံတွေလိုနေရာမျိုးမှာ ဒီလိုအနုပညာ လက်ရာတွေကို မြင်တွေ့ဖူးကြမယ်လို့လည်းထင်ပါတယ်။ shwekhitonlinetv.com

ရုရှားနိုင်ငံက အီယက်ဂနီချက် ဆိုတဲ့လူငယ်လေးတစ်ဦးကတော့ ကွဲပြားတဲ့ ဂရစ်ဖစ်တီပညာရပ်တစ်ခုကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ တီထွင်ဖန်တီးခဲ့ပါတယ်။ သူဖန်တီးတဲ့ အနုပညာက ဆယ်လိုဂရက်ဖစ်တီ ဖြစ်ပြီး ပလက်စတစ် ပေါ်မှာ ရုပ်ပုံတွေ စာသားတွေကိုရေးဆွဲတာဖြစ်ပါတယ်။ shwekhitonlinetv.com

ပြီးတော့ သူက မြို့တွင်းမှာ ရေးဆွဲတာမဟုတ်ဘဲ တောထဲမှာ ဂရက်ဖစ်တီရုပ်ပုံတွေကို သဘာဝနဲ့အနီးစပ်ဆုံးဖြစ်အောင် ဖန်တီးတာလည်းဖြစ်ပါတယ်။ သူဖန်တီးထားတဲ့ သတ္တဝါပုံတွေကတော့ ရုတ်တရက်ကြည့်လိုက်ရင်တကယ့်အစစ်တွေလို့ ထင်ရလောက်အောင် လက်ရာမြောက်လွန်းတာကိုတော့ ပရိသတ်တွေအားလုံးမြင်တဲ့အတိုင်းပါပဲ။ shwekhitonlinetv.com

ဒါကြောင့် ဒီလူငယ်လေးဟာလည်း တကယ့်ကိုချီးကျူးဖို့ကောင်းလောက်အောင် အနုပညာပါရမီ ရှိတဲ့သူဖြစ်ကြောင်း တင်ပြရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြသူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်နော်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။