အခု တစ်ခါမှာတော့ ပရိသတ်ကြီးကို ပြောပြပေးမယ့် အကြောင်းအရာက တိရိစ္ဆာန်တွေကို လက်ထပ်လိုက်တဲ့ ထူးထူးခြားခြား လူ တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ပါတဲ့ လူတွေ က ဘယ်လို အကောင်လေးတွေ နဲ့ လက်ထပ်ခဲ့ကြလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ ကြောင် နဲ့ လက်ထပ်ချင်တဲ့ ဖက်ရှင် ဒီဇိုင်နာ

အခု ပထမဦးဆုံး ပြောပြပေးမှာကတော့ ကြောင်နဲ့ လက်ထပ်ချင်တဲ့ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ နာမည်ကတော့ Karl Lagerfeld ဖြစ်ပြီး ဖက်ရှင်ဒီဇိုင်နာ တစ်ယောက် ဖြစ်ကာ သူမွေးထားတဲ့ ကြောင်မလေး ကို လက်ထပ်ချင်ကြောင်း ( ၂၀၁၃ ) ခုနှစ်တုန်းက ကြေငြာခဲ့ပါတယ် ။ အသက် ( ၇၇ ) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဖက်ရှင် ဂုရုကြီးဟာဆိုရင် Choupette အမည်ရှိ ( ၂၂ ) လ အရွယ် ကြောင်မလေးကို တော်တော်လေး ချစ်မိသွားတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ် ။ shwekhitonlinetv.com

နောက်ပြီး Lagerfeld ရဲ့ ပြောပြချက်အရ ကြောင်မလေးရဲ့ မျက်လုံးဟာ လက်ရှိ သူ ဦးစီးနေတဲ့ Chanel ရဲ့ ဖက်ရှင် ပရောဂျက် တစ်ခု အတွက် လှုံ့ဆော်မှု တစ်ခုခု ရစေခဲ့တယ်လို့ ပြောခဲ့ပါတယ် ။ ဒါ့အပြင် Lagerfeld ဟာ အပြင်သွားရတဲ့ အချိန်တွေမှာဆိုရင်လည်း အိမ်မှာရှိတဲ့ အလုပ်သမားတွေကို သူ့ရဲ့ ကြောင်မလေး ဘာတွေ လုပ်လဲဆိုတာ စာအုပ်ထဲ အသေးစိတ် ချရေးခိုင်းထားပါတယ် ။ အကြောင်းကတော့ သူ အိမ်ပြန်ရောက်လာတဲ့ အခါကျရင် ဒီ စာအုပ်လေး ဖတ်ပြီး ကြောင်မလေး ဘာတွေ လုပ်ထားလဲဆိုတာ သိချင်လို့ပါတဲ့ ။ shwekhitonlinetv.com


၂ ။ ခွေးလေးနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး

( ၂၀၀၉ ) ခုနှစ်တုန်းက Emily Mabou လို့ ခေါ်တဲ့ အသက် ( ၂၉ ) နှစ် အရွယ် အမျိုးသမီး တစ်ယောက်ဟာ သူမ မွေးထားတဲ့ ခွေးလေးကို လက်ထပ်ခဲ့ပါတယ် ။ ဒီ လက်ထပ်ပွဲကိုတော့ ရိုးရာ ဘုန်းကြီးတစ်ပါး နဲ့ စပ်စုချင်တဲ့ ဒေသခံ ရွာသားတစ်ချို့ တက်ရောက်ခဲ့ကြပါတယ် ။ Mabou ရဲ့ ပြောပြချက်အရ ခွေးလေးဟာ သူမ အပေါ် ကြင်နာပြီး သစ္စာရှိတဲ့ အပြင် လေးစားမှုလည်း ရှိတယ်လို့ ပြောပြခဲ့ပါတယ် ။ သူမရဲ့ မိသားစုတွေ ကတော့ Mabou ဟာ အထီးကျန်မှုကို ဖြေဖျောက်ချင်လို့ ဒီလိုမျိုးတွေ လျှောက်လုပ်တယ်ဆိုပြီး ထင်မြင်ခဲ့ကြပါတယ် ။ shwekhitonlinetv.com

ဒါ့ကြောင့်ပဲ မိသားစုဝင်တွေ ဟာ ဒီ လက်ထပ်ပွဲကို လက်မခံနိုင်တာကြောင့် သပိတ်မှောက်ခဲ့ပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါသေးတယ် ။ ဒါပေမယ့်လည်း ဘုန်းတော်ကြီးကတော့ Mabou ရဲ့ လက်ထပ်ပွဲကို မလှောင်ပြောင်ကြဖို့ ရွာသားတွေကို သတိပေးလိုက်ပြီး နောက်ဆုံးမှာတော့ Mabou တစ်ယောက် သူမရဲ့ ပျော်ရွှင်မှုကို တွေ့ရှိသွားလို့ ဝမ်းသာပေးလိုက်ကြပါလို့ ပြောခဲ့ပါတယ် ။ shwekhitonlinetv.com


၃ ။ ဖား နဲ့ လက်ထပ်လိုက်တဲ့ မိန်းကလေး ( ၂ ) ဦး

နောက်ထပ်ပြောပြပေးမှာကတော့ ( ၂၀၀၉ ) ခုနှစ် ဇန်နဝါရီလတုန်းက ဖား နဲ့ လက်ထပ်ထားတဲ့ မိန်းကလေး နှစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ အိန္ဒိယနိုင်ငံ အတွင်း ဝေးလံခေါင်သီတဲ့ အရပ်က Pallipudupet အမည်ရှိ ရွာလေးမှာ နေထိုင်တဲ့ အသက် ( ၇ ) နှစ် အရွယ် မိန်းကလေး ( ၂ ) ယောက်ဟာ ဖား တွေကို လက်ထပ်ခဲ့ပါတယ် ။ ဒီလို အခမ်းအနားကို ကျင်းပရတဲ့ အကြောင်းရင်းကတော့ ရွာမှာ ထူးထူးဆန်းဆန်း ရောဂါတွေ မဖြစ်အောင် ကာကွယ်တဲ့ အနေနဲ့ ကျင်းပကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

မိန်းကလေး ( ၂ ) ယောက်ရဲ့ နာမည်ကတော့ Vigneswari နဲ့ Masiakanni တို့ဖြစ်ပြီး အခမ်းအနားနေ့မှာ ရွှေရောင် လက်ဝတ်ရတနာတွေ အပြင် ရိုးရာ သတို့သမီး ဆာရီကို ဝတ်ဆင်ခဲ့ရပါတယ် ။ ဒီ့နောက်မှာတော့ ဖားမင်းသားလို့ သတ်မှတ်ထားတဲ့ ဖား တစ်ကောင် စီကို လက်ထပ်ကြကာ အခမ်းအနားကိုတော့ အသေးစိတ် စီစဉ်ထားတဲ့ ဘုရားကျောင်းနှစ်ခုအတွင်း ရာနဲ့ ချီတဲ့ ရွာသူ၊ရွာသားတွေ ရှေ့မှောက်မှာ ကျင်းပခဲ့ပါတယ် ။ သတို့သမီးရဲ့ ဆွေမျိုးတွေ အဖြစ် ရွာ အနောက်ခြမ်းမှာ နေထိုင်သူတွေက ပါဝင်ပေးခဲ့ကြပြီး သတို့သား ဆွေမျိုးတွေ အဖြစ် ရွာ အရှေ့ပိုင်းမှာ နေထိုင်သူတွေက သရုပ်ဆောင်ပေးခဲ့ကြပါတယ် ။ shwekhitonlinetv.com


၄ ။ ခွေးလေးနဲ့ လက်ထပ်လိုက်တဲ့ အမျိုးသား

( ၂၀၁၀ ) ခုနှစ် ဒီဇင်ဘာလ တုန်းက ဩစတေးလျ နိုင်ငံမှာ နေထိုင်တဲ့ အသက် ( ၂၀ ) အရွယ် Joseph Guiso အမည်ရှိ အမျိုးသားဟာ သူမွေးထားတဲ့ ခွေးလေးနဲ့ လက်ထပ်ခဲ့ပါတယ် ။ ခွေးလေးဟာ အသက် ( ၅ ) နှစ် အရွယ်ရှိ Labrador ခွေးမျိုးစိတ်ပဲ ဖြစ်ပါတယ် ။ ဒီလက်ထပ်ပွဲကို ဩစတေးလျနိုင်ငံ အတွင်းမှာရှိတဲ့ Laurel Bank ပန်းခြံထဲမှာ ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

စိတ်ဝင်စားဖို့ကောင်းတာက Joseph Guiso နဲ့ ခွေးလေး တို့ရဲ့ လက်ထပ်ပွဲကို သူငယ်ချင်း အယောက် ( ၃၀ ) အပြင် မိသားစုဝင်တွေကပါ အသိသက်သေ အနေနဲ့ တက်ရောက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ Guiso ရဲ့ ပြောကြားချက်အရ သူဟာ Horney အမည်ရှိ ခွေးလေးနဲ့ လက်မထပ်ပဲ အတူနေ နေတာ ဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားမိစေပါတယ်တဲ့ ။ နောက်ပြီး အခုလို လက်ထပ်တာကလဲ လိင်စိတ်ကြောင့် မဟုတ်ပဲ ဖြူစင်ပြီး စစ်မှန်တဲ့ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါသေးတယ် ။ shwekhitonlinetv.com


၅ ။ လင်းပိုင်နဲ့ လက်ထပ်ထားတဲ့ အမျိုးသမီး

( ၂၀၀၅ ) ခုနှစ်တုန်းက အသက် ( ၄၀ ) အရွယ် Sharon Tendler လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ လင်းပိုင်လေး တစ်ကောင်ကို လက်ထပ်ခဲ့ပါတယ် ။ ဗြိတိန်လူမျိုး မီလီယမ်နာ တစ်ယောက်ဖြစ်တဲ့ Tendler ဟာ အစ္စရေးနိုင်ငံထဲက စားသောက်ဆိုင် တစ်ခုမှာ Cindy လို့ ခေါ်တဲ့ လင်းပိုင်လေးကို လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ် ။ သူတို့ နှစ်ယောက် တွေ့ဆုံ ပုံကတော့ လွန်ခဲ့တဲ့ နှစ် ( ၁၅ ) လောက်တုန်းက ဒီ စားသောက်ဆိုင်ကို ရောက်လာရင်း စတင်တွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ Tendler ဟာ လင်းပိုင်လေးကို ချစ်သွားပြီး တစ်နှစ်ကို ( ၂ ) ကြိမ် ၊ ( ၃ ) ကြိမ်လောက် လင်းပိုင်လေးရှိရာ အစ္စရေးနိုင်ငံကို အလည် သွားခဲ့ပါတယ် ။ shwekhitonlinetv.com

ဒီလိုနဲ့ အချိန်အတော်ကြာသွားတဲ့ နောက် Tendler ဟာ လင်းပိုင်လေးကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။ လက်ထပ်ပွဲမှာတော့ Tendler ဟာ အဖြူရောင် သတို့သမီး ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး လင်းပိုင်လေးရဲ့ ရှေ့မှာ ဒူးထောက်လိုက်ပြီး လက်ထပ်ပွဲ ကိုကျင်းပခဲ့ပါတယ် ။ ထို့နောက်မှာတော့ Tendler ရဲ့ သူငယ်ချင်းတွေက သူမကို ရေကန်ထဲ တွန်းလိုက်ပြီး လင်းပိုင်လေးနဲ့ အတူ ရေကူးနိုင်ဖို့ စီစဉ်ပေးခဲ့ကြပါတယ် ။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ တိရိစ္ဆာန်တွေကို လက်ထပ်လိုက်တဲ့ ထူးထူးခြားခြား လူ ( ၅ ) ဦး အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com