လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူသားတွေဟာ မိမိတို့ ဘဝတစ်လျောက် အသက်ရှင်နေထိုင်ဖို့အတွက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် ကြံ့ကြံ့ခံ ရင်ဆိုင်အန်တုကာ ကျော်ဖြတ်လာခဲ့ကြတဲ့ သူတွေပါ။ shwekhitonlinetv.com

ဒါကြောင့်လည်း ထူးဆန်းအံ့အားသင့်ဖွယ် ဖန်တီးတီထွင်မှုတွေနဲ့အတူ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာပြီး ဒီနေ့လိုအခြေအနေမျိုးကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ လူသားတွေဖန်တီးထားတဲ့ ကမ္ဘာပေါ်က ထူးခြားအံ့သြဖွယ်ရာ မြို့ (၅) မြို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Ronda (Spain)

စပိန်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ မာလာဂါဒေသမြောက်ပိုင်းက ရွန်ဒါ လို့အမည်ရတဲ့ မြို့ငယ်လေးဟာလည်း တောင်ကမ်းပါး နံရံပေါ်မှာ အသည်းယားဖွယ် တည်ထားတာဖြစ်လို့ ထင်ရှားလှပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အတော်လေးဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် ဒီမြို့ငယ်လေးဟာ ချောက်ကမ်းပါးနှစ်ခုပေါ်မှာ တစ်ခြမ်းစီဖြစ်နေပြီး အလယ်မှာ နှစ်ပေါင်း (၂၀၀) လောက်သက်တမ်းရှိတဲ့ တံတား တစ်စင်းနဲ့ ဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။ တံတားက အိုမင်းနေသော်ပေမယ့် ထိန်းသိမ်းပြုပြင်မှုများ တွေအမြဲအပြတ်ဆောင်ရွက်ထားတာကြောင့် အန္တရယ်တစ်စုံတစ်ရာ ဖြစ်မှာကို စိတ်ပူစရာမလိုတဲ့အပြင် လမ်းတွေနဲ့ အဆောက်အအုံတွေကို လည်း ဆေးသုတ်မွမ်းမံခြင်းတွေ အစဉ်ပြုလုပ်ထားတာက တော့အတုယူစရာပါပဲ။ shwekhitonlinetv.com

အထူးခြားဆုံးကတော့ ရွန်ဒါမြို့မှာနေထိုင်တဲ့ ဒေသခံတွေဟာ မိမိတို့ရဲ့ အိမ်တွေမှာ အောက်ကို ခုန်ချနိုင်ဖို့ ဒိုင်ဗင်ဘုတ်တွေကို အိမ်အပြင်ဘက်မှာ ပြုလုပ်ထားကြတာပဲဖြစ်ပါတယ်။
၄။ Mirny (Russia)

ငရဲမုခ်ဝမြို့တော်လို့ထင်ရှားတဲ့ ဒီနေရာမှာတော့ ကျင်းနက်ကြီးတစ်ခုရှိနေတာကြောင့် အင်တာနက်မှာ သတင်းတွေအမျိုးမျိုးထွက်ခဲ့ဖူးပါတယ်။ ဒါဟာတစ်ချိန်က ကမ္ဘာကိုဥက္ကာခဲတစ်ခုခု ဝင်တိုက်ခဲ့တာကြောင့်ဆိုပြီး အင်တာနက်ပေါ်မှာ သတင်းတွေထွက်ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေပိုမို စိတ်ဝင်စားလာပြီး ယခင်ကထက်လည်း ပိုမိုလူသိများလာတာဖြစ်ပါတယ်။ shwekhitonlinetv.com

အမှန်တကယ်ကတော့ ဒီကျင်းဟာ တစ်ချိန်က ကမ္ဘာ့အကြီးဆုံးစိန်တွင်းဖြစ်ခဲ့ပြီး (Mir) လို့အမည်ရတဲ့ စိန်တွင်းဟောင်းတစ်ခုပါ။ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ မှာတည်ရှိတဲ့ ဒီနေရာကိုတော့ ၁၉၅၀ နှစ်ခန့်က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အေးခဲနေတဲ့ ရေခဲပြင်အောက်မှာ စိန်သတ္တုသိုက်ကြီးတစ်ခုရှိတာကို သိရှိခဲ့တဲ့ ရုရှားတွေဟာ ဒီနေရာမှာ နှစ်အတန်ကြာ စိန်တွေထုတ်ယူတူးဖော်နိုင်မှာကို ကြိုတင်တွက်ဆမိတာကြောင့် စိန်တွင်းတူးမယ့် အလုပ်သမားတွေကိုလည်း စိန်တွင်းအနီးမှာပဲ နေရာချထားခဲ့ပါတယ်။ shwekhitonlinetv.com

တကယ်လည်း ဒီနေရာမှာ နှစ် (၄၀) လောက်အထိစိန်တွေကို ထုတ်ယူတူးဖော်ခဲ့တာဖြစ်လို့ တဖြည်းဖြည်း စည်ကားလာပြီး မြို့တစ်မြို့အသွင်ဖြစ်လာတာလို့ မှတ်တမ်းတွေမှာတော့ ဖော်ပြထားပါတယ်။ (Mir) ဆိုတဲ့ စိန်တွင်းကို အကြောင်းပြုပြီး ဖြစ်တည်ခဲ့တာကြောင့် မြို့ရဲ့ နာမည်ကိုလည်း (Mirny) ဆိုပြီးခေါ်တွင်ခဲ့ကြတာလို့လည်းသိရပါတယ်။ shwekhitonlinetv.com
စိန်တွင်းကြီး ဧရိယာကအတော်ကျယ်ပြီး အတော်လေးလဲ နက်လွန်းလှတာကြောင့် ဒီပေါ်ကနေ ရဟတ်ယာဉ်တွေ ဖြတ်သန်းပြီး ပျံသန်းလို့မရဘူးလို့ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ တွင်းပေါ်ကနေ ဖြတ်ပျံတဲ့ ရဟတ်ယာဉ်အချို့ဟာ တွင်းထဲကို ဆွဲအားတစ်ခုကြောင့် ပျက်ကျခဲ့ဖူးတာကြောင့်ပါ။ ၂၀၀၄ ခုနှစ်မှာတော့ ရုရှားအစိုးရကနေပြီး စိန်တွင်းကို ပိတ်သိမ်းခဲ့တာကြောင့် (Mirny) မြို့ဟာ ခြောက်ကပ်တိတ်ဆိတ်ခဲ့ တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ James Town (Norway)

နော်ဝေးနိုင်ငံဟာ ပထဝီအနေအထားအရ တောင်တန်းတွေ အများအပြားရှိပြီး မြေပြန့်အလွန်ရှားပါးလှတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် နော်ဝေးနိုင်ငံရဲ့ မြို့အများစုကို တောင်တွေပေါ်မှာ တည်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါပေမယ့် စိန့်ဟယ်လီနာ ကျွန်းမှာရှိတဲ့ James Town မြို့သူမြို့သားများတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ တောင်တွေရဲ့အောက် ဧရိယာအလွန်ကျဉ်းမြောင်းလွန်းတဲ့ မြေနိမ့်အောက်ပိုင်းနေရာမှာနေထိုင်ကြပါတယ်။ စိန့်ဟယ်လီနာဟာ မီးတောင်တွေပတ်ပတ်လည်မှာရှိနေတဲ့ မြို့လို့သိရပြီး လူပေါင်း (၄၂၀၀) ကျော်ဟာ ဒီမီးတောင်တွေကြားမှာနေထိုင်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီနေရာဟာ သေးငယ်တဲ့ ကျွန်းတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဥက္ကာခဲတွေ ဝင်တိုက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ထူးခြားတာကတော့ လက်ကိုင်ဖုန်းပြော လို့ အဆင်မပြေသလို့ ခရက်ဒစ်ကဒ်တွေလည်း သုံးလို့ မရသေးဘူးပါဘူး။ မြို့ရဲ့ပတ်လည်ကို ကျောက်သားနံရံများက ကာဆီးထားတာကြောင့် ကြီးမားတဲ့ မြင်ကွင်းတွေလည်းမရှိပါဘူး။ shwekhitonlinetv.com

ဂျိမ်းစ်တောင်း ကိုသွားရောက်လိုသူတွေအနေနဲ့တော့ တစ်လကို တစ်ကြိမ် ထွက်တဲ့ စာပို့ သင်္ဘောနဲ့သာ သွားရောက်နိုင်ကြမှာဖြစ်ပါတယ်။ သမိုင်းမှာနာမည်ကျော်ကြားခဲ့တဲ့ စစ်ဘုရင် နပိုလီယံ နယ်နှင်ခဲ့ရစဉ်က နေထိုင်ခဲ့သည့် အိမ်ကို ဒီနေ့ထက်တိုင်ကောင်းစွာ ထိန်းသိမ်းထားတာကြောင့် James Town ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com
၂။ IJburg (Netherland)

ရှမ်းပြည်နယ်က အင်းလေးဒေသကို သိကြမယ်ထင်ပါတယ်။ ဥရောပတိုက်က နယ်သာလန်နိုင်ငံမှာလည်း ဒီလိုမြို့လေးတစ်မြို့ရှိပါတယ်။ IJburg လို့အမည်ရတဲ့ ဒီမြို့လေးဟာဆိုရင် နယ်သာလန်နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ အမ်စတာဒမ် ရဲ့ အနားက IJmeer ဆိုတဲ့ရေကန်အတွင်းမှာ တည်ရှိတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

မြေပြင်ပေါ်အဆောက်အအုံများပြည့်ကျပ်လာမှုကို လျှော့ချဖို့အတွက် ရေပေါ်ကမ္ဘာငယ်များ ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။ ဒီမြို့လေးရဲ့ထူးခြားချက်ကတော့ တည်ဆောက်ထားတဲ့အိမ်တွေကို တစ်နေရာတည်းမှာ အစဉ်အမြဲတွေ့မြင်ရမှာ မဟုတ်ဘဲနဲ့ အိမ်တွေဟာ ရေအတက် အကျနှင့်အတူလိုက်ပါ ရွေ့လျားနေကြတာပဲဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်ဖို့ အတွက် အိမ်တွေကို ကြီးမားတဲ့ ရေမြုပ်တွေနဲ့အင်္ဂတေ ပြားတွေကို အသုံးပြုထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

အဆိုပါရေပေါ်အိမ်တွေဟာ ရေဝင်ပေါက်မရှိ သလို ရေလှိုင်းဒဏ်ကို လည်းခံနိုင်ရည်ရှိအောင်ဖန်တီးထားတဲ့အတွက် နစ်မြုပ်မှာကိုတော့ စိုးရိမ်ဖို့ မလိုဘူးလို့သိရပါတယ်။ မြို့တွင်းမှာတော့ တစ်နေရာမှ တစ်နေရာကိုသွားလာနိုင်ဖို့အတွက် တည်ဆောက်ထားတဲ့ တံတားတွေကို အသုံးပြုနိုင်သလို လျှပ်စစ်မော်တော်ဘုတ်တွေလည်းရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
တစ်ခါတစ်ရံ ကန်ထဲကရေတွေ ခဲတဲ့အထိအေးတဲ့ ဆောင်းတွင်းမျိုးမှာတော့ ရေခဲပြင်စကိတ်စီးခြင်းမျိုးကိုပါ ပြုလုပ်နိုင်သေးတယ်လို့လည်းသိရပါတယ်။
၁။ Nordlingen (Germany)

ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယား ပြည်နယ်မှာရှိတဲ့ နော့ဒ်လင်ဂန်မြို့ကိုတော့ တွင်းထဲကမြို့လို့ လူသိများကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ နှစ် (၁၄) ဒဿမ (၅) သန်းလောက်က ကမ္ဘာမြေပြင်ကို ဝင်တိုက်ခဲ့တဲ့ ဥက္ကာခဲတစ်ခုရဲ့ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကျင်းကြီးအတွင်းမှာ မြို့တည်ထားကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

မူလက ဒီနေရာကို မီးတောင်သေ တစ်ခုဖြစ်မယ်လို့ ယူဆထားခဲ့ကြပေမယ့် ၁၉၆၁ ခုနှစ်မှာ အမေရိကန် သိပ္ပံပညာရှင် ယူဂျင်းန်ရှုးမေကာ နဲ့ အက်ဒ်ဝပ် ချောင် တို့က ဒီနေရာဟာ ဥက္ကာခဲဝင်တိုက်ခဲ့တဲ့ နေရာတစ်ခုဖြစ်ကြောင်း သီအိုရီများ နှင့်တကွဖော်ထုတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ဥရောပ အလယ်ခေတ်လောက်က တည်ထောင် ခဲ့တဲ့ နော့ဒ်လင်ဂန် မြို့မှာတော့ လူဦးရေ (၁၉,၀၀၀) ဝန်းကျင်လောက်နေထိုင်ကြ တယ်လို့သိရပါတယ်။
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။