ကမ္ဘာပေါ်မှာ အပေါများဆုံး အင်းဆက်တစ်မျိုးဖြစ်တဲ့အပြင် ရောဂါဘယတွေသယ်ဆောင်လာပြီး လူသားတွေရဲ့အသက်အန္တရာယ်ကို ရန်ရှာနေတာကတော့ ခြင် ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုး စိတ်ရှုပ်ဖွယ်ကောင်းပြီး အန္တရာယ်လည်းများတဲ့ ခြင်တွေကို နှိမ်နင်းတဲ့နည်း အများကြီးရှိပေမယ့်လည်း ခုတင်ဆက်ပေးသွားမှာကတော့ မွှေးပျံ့တဲ့ရနံလေးတွေနဲ့ ခြင်တွေကို အနားမလာနိုင်အောင်ကာကွယ်နိုင်မယ့်နည်းလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ သစ်ခွပန်း

အမှုန့်အခြေအနေရောက်အောင် ပြုလုပ်ထားတဲ့ သစ်ခွပန်း (၁) ဆ နဲ့ Baby Lotion (၁၀) ဆ ကိုရောစပ်ပြီး ရေမှာပျော်ဝင်အောင်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Spray အနေနဲ့ အဲ့ဒီအရည်တွေကို ဖြန်းပေးထားမယ်ဆိုရင်တော့ ခြင်တွေရဲ့ အန္တရာယ်က ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ လေးညင်းပွင့်

လေးညင်းပွင့် (၅) ကျပ်သားလောက်ကို ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ခဏလောက်စိမ်ပြီး (၁၅) မိနစ်လောက် အပူပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ မွှေးပျံ့တဲ့ အမွှေးဆီတစ်ခုလိုဖြစ်လာပါလိမ့်မယ်။ အဲ့ဒီအမွှေးဆီကိုသာ သင့်ခန္ဓာကိုယ်မှာ သုတ်လိမ်းထားမယ်ဆိုရင် ခြင်တွေသင့်အနားကို လာမှာမဟုတ်တော့ပါဘူး။ shwekhitonlinetv.com
၃။ သစ်ကတိုးဆီ

ရှားပါးပြီးဆေးဖက်လည်းဝင်တဲ့ သစ်ကတိုးဆီရဲ့ ရနံ့ဟာလည်း ခြင်တွေသာမကဘဲ ပိုးဟပ်လို အင်းဆက်မျိုးတွေရဲ့ အကြောက်ဆုံးရနံ့ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Basil ရွက်

Basil ဆိုတာကတော့ မြန်မာလူမျိုးတွေ ပူစီနံလို့ခေါ်တဲ့ အပင်နဲ့ ခပ်ဆင်ဆင် ပုံသဏ္ဏန်ရှိပါတယ်။ ဒီအပင်ရဲ့ အရွက်တွေကိုခူးဖြတ်ကာ အခန်းထဲမှာ ထားမယ်ဆိုရင်တော့ ခြင်တွေလာရဲမှာမဟုတ်ပါဘူး။ shwekhitonlinetv.com
၅။ မုယောစပါး

ရှေးယခင်အချိန်တွေက မုယောစပါးပင်ရဲ့ အမြစ်တွေကို ခြင်တွေ နဲ့ အခြားသော သွေးစုပ်တဲ့ အင်းဆက်တွေကို ခြောက်လှန့်ဖို့အတွက်အသုံးပြုကြတယ်လို့သိရပါတယ်။ မုယောစပါးအမြစ်တွေကို သေချာခုတ်စင်းပြီး ရေဂါလံဝက်လောက်နဲ့ (၃) ခွက် (၁) ခွက်တင်ကျိုပြီး အဝါရောင်သမ်းလာပြီဆို အပူပေးခြင်းကိုရပ်တန့်ရမှာဖြစ်ပါတယ်။
အဲ့ဒီအရည်နဲ့ မျက်နှာသစ်တာမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသုတ်လိမ်းတာမျိုးလုပ်မယ်ဆိုရင် ခြင်တစ်ကောင်တစ်လေတောင် သင့်အနားကိုကပ်မှာမဟုတ်တော့ပါဘူး။ shwekhitonlinetv.com
၆။ ဂန္ဒမာပန်းများ

ဒေစီပန်းတွေ နဲ့ ဂန္ဒမာ ပန်းမျိုးစိတ်တွေဟာလည်းခြင်တွေကို အနိုင်ယူနိုင်စွမ်းရှိပါတယ်ပရိသတ်ကြီးရေ။ ဒီပန်းတွေကို အမှုန့်ဖြစ်အောင်စီမံထားရမှာဖြစ်ပြီး ကြမ်းပြင်ပေါ်မှာ ဖြူးထားရမှာဖြစ်ပါတယ်။ သူ့ရနံ့က အင်းဆက်ပိုးမွှားတွေရဲ့ နာဗ့်ဆဲလ်တွေကို အကျိုးသက်ရောက်မှုရှိတာကြောင့် ခြင်နဲ့အင်းဆက်တွေရန်က ကင်းဝေးစေမှာပါ။ ဒါမှမဟုတ်လည်း ပန်းတွေကို စည်းပြီး ချိတ်ဆွဲထားမယ်ဆိုလည်း ရပါတယ်။ shwekhitonlinetv.com
၇။ ဆီ၊ ခေါင်းလျှော်ရည် နှင့် ရှာလကာရည်

စိတ်အနှောက်အယှက်ပေးလွန်းတဲ့ ယင်ကောင်တွေ ခြင်တွေအတွက် အကြမ်းဆုံးနည်းတစ်နည်းဆိုရင်တော့ ဒီနည်းကို ပြရမှာပဲဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာသုံးတဲ့ ဆီတစ်မျိုးမျိုး နဲ့ ခေါင်းလျှော်ရည် (Shampoo) ၊ ရှာလကာရည်အနည်းငယ်လောက်ကို ရောနှောကာအပူပေးပြီး ကျိုချက်ရမှာဖြစ်ပါတယ်။ အဲ့ဒီကထွက်ပေါ်လာတဲ့ မွှေးရနံ့ကို ရတာနဲ့ ခြင်တွေယင်တွေ အတုန်းအရုန်း ဘဝပြောင်းသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကဲအခုတင်ဆက်ပေးခဲ့တာကတော့ မိမိရဲ့ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်သလို ခြင်ဆေးခွေတွေလို အနံ့ပြင်းတဲ့နည်းတွေနဲ့ မဟုတ်ဘဲ ခြင်တွေကို အဝေးမောင်းထုတ်နိုင်မယ့် နည်းလေးတွေပဲ ဖြစ်ပါတယ်နော်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။