ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ ပုံမှန် အရွယ်အစားထက်ကြီးမားလွန်းနေတဲ့ အကောင်ကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ဘယ်လို အကောင်တွေ ပါဝင်မလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ ခွေးနဲ့ဝံပုလွေ မျိုးစပ်ထားတဲ့ အိမ်မွေးခွေး

ပထမဦးဆုံး ပြောပြပေးချင်တာကတော့ Yuki အမည်ရှိ မျိုးစပ်ထားတဲ့ Wolfdog အမျိုးအစား ခွေးကြီး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီခွေးကြီးရဲ့ ပုံစံဟာ Alaskan နဲ့ Husky တို့လို ပုံစံမျိုး ရှိပြီး ဝံပုလွေနဲ့လည်း အတော်လေးကို ဆင်တူပါတယ် ။ တစ်ချို့ ပြည်နယ်တွေမှာတော့ Wolfdog အမျိုးအစား ခွေးတွေကို မွေးမြူတာဟာ တရားမဝင်ပေမယ့်လည်း ကမ္ဘာ့နေရာ အတော်များများမှာတော့ အတော်လေးကို ဝယ်လိုအား ကောင်းပါတယ်တဲ့ ။ အိမ်မွေးခွေး မျိုးစိတ် နဲ့ ဝံပုလွေ မျိုးစိတ်တွေကို ပေါင်းပြီး မျိုးစပ်ထားတာကြောင့် Wolfdog တွေဟာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေလည်း ရှိပါသေးတယ် ။shwekhitonlinetv.com

၂ ။ ကုန်းခရုကြီး

အာဖရိကမှာရှိတဲ့ ဧရာမ ကုန်းခရု ဟာဆိုရင် ယုန် အကောင်ပေါက် အရွယ်အစားလောက် ရှိပါတယ် ။ သူတို့ဟာ ကုန်းပေါ်က ပိုးမွှားလေးကို စားသောက်ရတာ အတော်ကြိုက်ပြီး ဥ ဥတဲ့ အခါမှာလည်း အတော်လေး မြန်ပါတယ်တဲ့ ။ ကုန်းခရုတွေကို အစောပိုင်းတုန်းက အာဖရိက အရှေ့ပိုင်းမှာ တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်စျေးကွက်ထဲမှာ စတင်မိတ်ဆက်ခဲ့ပါတယ် ။ နောက်တစ်ချက်က ကုန်းခရုတွေရဲ့ အရွယ်အစားဟာ အရွယ်ရောက်ပြီးသား အကောင်ဆိုရင် ( ၈ ) လက်မ အရှည်ရှိပြီး လုံးပတ်ကတော့ ( ၅ ) လက်မ ရှိပါတယ် ။ shwekhitonlinetv.com

၃ ။ ဧရာမ ပိတုန်းကောင်ကြီး

နောက်ထပ် ပြောပြပေးမှာကတော့ အာဖရိက မှာရှိတဲ့ ဧရာမ ပိတုန်းကောင်ကြီး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီဧရာမ ပိတုန်းကောင်ကြီးတွေဟာဆိုရင် scarab ပိုးမွှား အုပ်စုထဲမှာတော့ အကောင်အကြီးဆုံး လို့ ပြောလို့ရပါတယ် ။ သူတို့ရဲ့ အရွယ်အစားဟာ အလွန်ဆုံး ( ၁၂ ) စင်တီမီတာ အရှည် အထိ ကြီးထွားပါနိုင်ပါတယ်တဲ့ ။ ဧရာမ ပိတုန်းကောင်ကြီးတွေ ရဲ့ အစာကတော့ များသောအားဖြင့် သကြားပမာဏ ပါဝင်မှုများတဲ့ သစ်ရည်တွေ နဲ့ သစ်သီး အပုပ်တွေကို စားကြပါတယ် ။ shwekhitonlinetv.com

၄ ။ ငှက်ကလားအုတ် ဥ

ငှက်ကုလားအုတ်တွေရဲ့ ဥ ဟာဆိုရင် လက်ရှိကမ္ဘာပေါ်က ငှက်ဥတွေထဲမှာတော့ အကြီးဆုံး ငှက်ဥ အဖြစ် သတ်မှတ်ခံထားရပါတယ် ။ နောက်ပြီး သူတို့ရဲ့ ဥ ဟာ ကမ္ဘာ့အကြီးဆုံး ကလာပ်စည်း အဖြစ် မှတ်တမ်းတင်ထားပြီး ဥ ရဲ့ အရွယ်အစား ဟာ အလျား ( ၆ ) လက်မ နဲ့ အချင်း ( ၅ ) လက်မ အထိ ရှိပါတယ် ။ နောက်ပြီး ငှက်ကုလား အုတ် ဥ ရဲ့ အလေးချိန်ဟာ ( ၁.၃ ) ကီလိုဂရမ် အထိရှိပြီး အခုမြင်နေရတာကတော့ ငှက်ကုလားအုတ် ဥ နဲ့ ကြက်ဥ ကို နှိုင်းယှင်ပြထားတဲ့ ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ဇင်းကြောလိပ်ကြီး

ဒီတစ်ခါ ပြောပြပေးမှာကတော့ ပင်လယ်လိပ် အမျိုးအစား ဖြစ်တဲ့ ဇင်းကြောလိပ်ကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဇင်းကြောလိပ်ကြီးတွေဟာ အရှည် ( ၇ ) ပေအထိ ကြီးထွားနိုင်ပြီး အလေးချိန်ကတော့ ပေါင် (၂၀၀၀) ဒါမှမဟုတ် ( ၉၁၀ ) ကီလိုဂရမ် အထိတောင် ရှိပါတယ် ။ အရင်ကာလတွေတုန်းကတော့ ဒီလိပ်ကြီးတွေဟာ အာတိတ် နဲ့ အန္တာတိက တိုက် က သမုဒ္ဒရာတွေမှာ အတွေ့ရများပြီး အခုအခါမှာတော့ အကောင်ရေ နည်းပါးလာပြီး မျိုးတုန်းနိုင်ခြေရှိတဲ့ သတ္တဝါ စာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ခံထားရပါတယ် ။ shwekhitonlinetv.com

၆ ။ ဂျပန် ပင့်ကူ ဂဏန်း

ဂျပန် ပင့်ကူ ဂဏန်းတွေဟာ အကောင် ပေါက်ကာစ က ( ၀.၃ ) လက်မ သာ ရှိပေမယ့် အရွယ်ရောက်လာချိန်မှာတော့ (၁၂.၅ ) ပေ အထိ ကြီးထွားနိုင်ပါတယ် ။ ဂဏန်း မျိူးစိတ်ထဲမှာတော့ အကြီးဆုံး သတ်မှတ်ခံထားရတဲ့ ပင့်ကူ ဂဏန်းတွေဟာ နှစ်ပေါင်း ( ၁၀၀ ) အထိတောင် အသက်ရှင်နိုင်ပါတယ်တဲ့ ။ ဒါ့အပြင် ပင့်ကူ ဂဏန်း တွေဟာ ပင်လယ် အကောင်ကြီးတွေထဲမှာတော့ ယဉ်ပါးတဲ့ အကောင်တွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဂျပန်နိုင်မှာဆိုရင် ဒီ ပင့်ကူ ဂဏန်းတွေ ဟာ နာမည်ကြီးလှတဲ့ ဟင်းလျာ စာရင်းထဲမှာ ပါဝင်လို့နေပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ပုံမှန် အရွယ်အစားထက်ကြီးမားလွန်းနေတဲ့ အကောင်ကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com