ကမ္ဘာဂြိုဟ်ပေါ်မှာ အသက်ရှင်နေထိုင်ကျက်စားနေတဲ့ သတ္တဝါတွေထဲမှာ ဘယ်သတ္တဝါက အမြန်ဆုံးဖြစ်မလဲ ဆိုတာသင့်အနေနဲ့ တွေးကြည့်ဖူးပါသလား။
မတွေးကြည့်ဖူးဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒီအကြောင်းအရာလေး ကိုဆက်လက်ဖတ်ရှုလိုက်ရင် သင့်အနေနဲ့ ကမ္ဘာဂြိုဟ်ပေါ်က အလျှင်မြန်ဆုံးသတ္တဝါက ဘာဖြစ်မယ်ဆိုတာကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Brown Hare

အစေ့အဆံနဲ့မြက်ကိုသာအဓိက စားတက်ပြီး ရှည်လျားတဲ့ခြေထောက်တွေကိုပိုင်ဆိုင်ထားတဲ့ Brown Hare ယုန်မျိုးတွေကတော့ တစ်နာရီကို (၇၇) ကီလိုမီတာလောက်ထိပြေးနိုင်ကြပါတယ်။ ဒီနှုန်းက သူတို့ရဲ့ရန်သူဖြစ်တဲ့ အနီရောင်မြေခွေးတွေရဲ့ ပြေးလွှားနှုန်းနဲ့ တူညီနေပါတယ်။ shwekhitonlinetv.com
၉။ Blue Wildebeest

အာဖရိကတောင်ပိုင်းဒေသက နိုင်ငံတွေမှာတွေ့ရတက်တဲ့ Blue Wildebeest ဆိုတဲ့ နွားတစ်မျိုးကလည်း အတော်လေးကို လျင်မြန်စွာပြေးနိုင်ကြပါတယ်။ သူတို့ဟာ တစ်နာရီကို (၈၀) ကီလိုမီတာနှုန်းနဲ့ ပြေးလွှားနိုင်ကြပြီး တောဘုရင်ဖြစ်တဲ့ ခြင်္သေ့တွေလို ပဲအပြေးသန်လှပါတယ်။ shwekhitonlinetv.com
၈။ Marlin

အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ အဓိကနေထိုင်ရှင်သန်ကြတဲ့ Marlin လို့ခေါ်တဲ့ငါးတစ်မျိုးဟာလည်း အလွန်ရေကူးမြန်ပါတယ်။ သူတို့ဟာရေထဲမှာ တစ်နာရီကို ကီလိုမီတာ (၈၀) ကနေ (၁၀၀) လောက်ထိအောင် ကူးခတ်သွားလာနိုင်ပြီး ရေနေသေတ္တဝါထဲမှာ ဒုတိယအမြန်ဆုံးအဖြစ်သတ်မှတ်ခံထားရပါတယ်။ shwekhitonlinetv.com
၇။ Pronghorn Antelope

Antelope ဆိုတာကတော့ သမင်နဲ့ဆင်တဲ့ တောဆိတ်တစ်မျိုးလို့ အလွယ်သတ်မှတ်နိုင်ပါတယ်။ သူတို့ရဲ့ ထူးခြားချက်ကတော့ အလွန်အပြေးမြန်တာပဲဖြစ်ပါတယ်။ မြောက်အမေရိကတိုက်မှာနေထိုင်တဲ့ Pronghorn Antelope တွေကတော့ တစ်နာရီကို (၉၈) ကီလိုမီတာလောက် ပြေးနိုင်ကြပါတယ်။ shwekhitonlinetv.com
၆။ Sail Fish

Sail Fish ကတော့ ရေနေသတ္တဝါတွေထဲမှာ အမြန်ဆုံးလို့ဆိုရမယ့် ငါးတစ်မျိုးဖြစ်ပါတယ်။ သူတို့တွေက တစ်နာရီကို ကီလိုမီတာ (၁၁၀) နှုန်းလောက်ရေထဲမှာကူးခတ်သွားလာနိုင်တာကြောင့် ရေထဲမှာဆိုရင်သူ့ကိုလိုက်မှီနိုင်တဲ့ သတ္တဝါရှိမယ်မထင်ပါဘူး။ shwekhitonlinetv.com
၅။ Cheetah

ကုန်းနေသတ္တဝါတွေထဲမှာအမြန်ဆုံးအဖြစ်သတ်မှတ်ခံထားရတာကတော့ အာဖရိကကျားသစ်မျိုးဖြစ်တဲ့ Cheetah တွေပဲဖြစ်ပါတယ်။ ဒီကျားသစ်တွေဟာ သားကောင်ကိုဖမ်းတဲ့နေရာမှာ ပြေးလွှားတဲ့နှုန်းက တစ်နာရီကို (၁၁၃) ကီလိုမီတာလောက်တောင်ရှိပါတယ်။ ဒါဟာလူတစ်ယောက်အမြန်ဆုံးပြေးလွှားနိုင်တဲ့နှုန်းရဲ့ (၃) ဆနီးပါးလောက်တောင် ရှိပါတယ်။ shwekhitonlinetv.com
၄။ Spur-Winged Goose

Spur-Winged Goose ဆိုတာကတော့ ဘဲငန်းမျိုးနွယ်ဝင်တွေထဲမှာ အရွယ်အစား အကြီးဆုံးဖြစ်ပါတယ်။ အာဖရိကအနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ကျင်လည်ကျက်စားကြပြီး သူတို့ရဲ့ ပျံသန်းနှုန်းက တစ်နာရီကို (၁၄၂) ကီလိုမီတာအထိ မြန်ဆန်ပါတယ်။ shwekhitonlinetv.com
၃။ Frigate Bird

အပူပိုင်းသမုဒ္ဒရာတွေထဲမှာသာ အများအားဖြင့်နေထိုင်ကျက်စားကြတဲ့ ပင်လယ်စင်ရော် မျိုးနွယ်ဝင်ငှက်တစ်မျိုး ဖြစ်ပါတယ်။ ထူးခြားချက်ကသူတို့ရဲ့ လည်ပင်းမှာကြီးမားတဲ့ လည်ဇလုပ်ကြီးတစ်ခုရှိနေတာဖြစ်ပါတယ်။ ငှက်တွေထဲမှာ ကိုယ်ခန္ဓာအလေးချိန် အစီးဆုံးဖြစ်ပေမယ့် သူတို့ရဲ့ ပျံသန်းလှုပ်ရှားမှုကတော့ တစ်နာရီကို (၁၅၃) ကီလိုမီတာလောက်ထိ လျင်မြန်ပါတယ်။ shwekhitonlinetv.com
၂။ White Throated Needletail

အာရှတိုက်ဒေသအချို့နဲ့ သြစတြေးလျ တိုက်တို့မှာနေထိုင်ကျက်စားပြီး ထူးခြားတဲ့အသွင်သဏ္ဍာန်ရှိတဲ့ ငှက်တစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့ လေဟုန်စီးတဲ့အမြန်နှုန်းကတော့ အတော်လေးကို အံ့အားသင့်စရာကောင်းအောင်မြန်လွန်းလှပါတယ်။ တစ်ခါတစ်ရံ သူတို့လေဟုန်စီးတဲ့ အမြန်နှုန်းက တစ်နာရီကို (၁၇၁) ကီလိုမီတာလောက်ထိ ရှိတယ်လို့ စူးစမ်းလေ့လာမှုတွေအရ တိုင်းတာရရှိထားပါတယ်။ shwekhitonlinetv.com
၁။ Peregrine Falcon

ကမ္ဘာဂြိုဟ်ပေါ်မှာမှီတင်းနေထိုင်ကြတဲ့ သက်ရှိသတ္တဝါတွေထဲမှာ အမြန်ဆုံးလို့သတ်မှတ်ခံထားရတာကတော့ Peregrine Falcon လို့ခေါ်တဲ့ သိမ်းငှက်တစ်မျိုးပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ ကောင်းကင်ယံကနေ ရေထဲမှာရှိတဲ့ သူတို့ရဲ့ အစာကို အမဲလိုက်ဖို့ ထိုးသုတ်တဲ့အခါလှုပ်ရှားမှုနှုန်းက တစ်နာရီကို (၃၂၂) ကီလိုမီတာနှုန်းအထိတောင်ရှိပါတယ်။ ရေပြင်ညီအနေအထားအတိုင်း ပုံမှန်ပျံသန်းနေရင်တောင်မှ သူတို့ဟာ တစ်နာရီကို ကီလိုမီတာ (၉၀) နှုန်းနဲ့ ပျံသန်းတက်တဲ့ လင်းယုန်တွေလည်းဖြစ်ပါတယ်။ ကမ္ဘာ့နေရာအနှံ့အပြားမှ ာနေထိုင်ကြပြီးဆောင်းတွင်းဆိုရင်တော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့မှာလာရောက် ဆောင်းခိုတက်ကြပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။