ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တော်ရုံလူတွေ မကူးရဲတဲ့ ရေကူးကန်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုတွေ ကြောက်စရာကောင်းလဲဆိုတာကတော့ အောက်မှာ ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်လားဗျာ…. shwekhitonlinetv.com
- Sky Habitat swimmable bridge, Singapore

စင်ကာပူနိုင်ငံမှာ ရှိတဲ့ ဒီရေကူးကန်ဟာဆိုရင် အဆောက်အအုံ ၂ ခုကြားကို ချိတ်ဆက်ပြီး လက်ရာမြောက်စွာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နွေရာသီမှာ အပန်းဖြေဖို့အတွက် အကောင်းဆိုနေရာလို့ ပြောကြပါတယ်။ အထပ်ပေါင်း ၃၈ လွှာအမြင့်မှာ တည်ဆောက်ထားတာဖြစ်လို့ ရုတ်တရက် အောက်ကို ငုံ့ကြည့်လိုက်ရင် အူတွေ အသည်းတွေ ယားသွားစေမှာ အသေအချာပါပဲ။ shwekhitonlinetv.com


- SkyPark at Marina Bay Sands

ဒီရေကူးကန်ကတော့ မြင်တာနဲ့ကို လုံး၀ ရင်တုန်သွားနိုင်စရာကြီးပါ။ ရုတ်တရက် ကြည့်လိုက်ရင် ရေကူးကန်တစ်ဖက်ခြမ်းမှာ ဘာမှ မရှိဘူးလို့ ထင်ရအောင် တည်ဆောက်ထားပြီး ရေကူးရင်း ရှုခင်းတွေကို ငေးကြည့်ချင်သူတွေ အတွက် အတော်လေးကို သဘောကျစေမှာပါ။ အဆောက်အဦး ၃ခုပေါ်မှာ တည်ဆောက်ထားပြီး ပေပေါင်း ၆၅၀ တောင်မြင့်ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လုံး၀ Safe ဖြစ်အောင် တည်ဆောက်ထားတာလို့ သိရပြီး နှစ်စဉ်နှစ်တိုင်း လာရောက်အပန်းဖြေသူတွေ များပြားတဲ့ နေရာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

- Bandra Ohm Tower balcony pools, Mumbai

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က tower တစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ဒီရေကူးကန်ကတော့ အတော်လေးကိူ ဆန်းသစ်တယ်လို့ ပြောရမှာပါ။ သာမန်ရေကူးကန်တွေလို မဟုတ်ပဲ ၀ရန်တာပုံစံမျိုးမှာ တည်ဆောက်ပေးထားတာဖြစ်လို့ အမြင်တစ်မျိုးလေး ဖြစ်နေမှာပါ။ ၃၇ လွှာလောက်အထိ ရေကူးကန် တစ်ခုချင်းစီ တည်ဆောက်ပေးထားပြီး ဒိုင်ဗင်တော့ မပစ်သင့်ဘူးလို့ အကြံပေးပါရစေနော်။ shwekhitonlinetv.com


- The Devil’s Pool, Victoria Falls

ဒါကတော့ လူလုပ် ရေကူးကန်မဟုတ်ပဲ သဘာ၀အတိုင်းတည်ရှိနေတဲ့ Victoria ရေတံခွန်အပေါ်မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်ရဲ့ အပေါ်အစွန်းပိုင်းလေးမှာ ရှိတာဖြစ်ပြီး အာ့ရေကူးကန်ကနေ ရေတံခွန်ထဲကို ဒိုင်ဗင်ပစ်မယ်ဆိုရင်တော့ မီတာ ၁၀၀ အနက်ရှိပါတယ်။ သဘာ၀အတိုင်း တည်ရှိနေတဲ့ ရေကူးကန်ဖြစ်တာကြောင့် အောက်ခြေကြမ်းပြင်ဟယ မညီပဲ ကျောက်တုံးကျောက်ခဲတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ shwekhitonlinetv.com




- Golden Nugget, Las Vegas

အမေရိကန်နိုင်ငံ Los Vegas မှာရှိတဲ့ ဒီရေကူးကန်ကတော့ နှလုံးရောဂါရှိတဲ့သူတွေ လုံး၀မသင့်တဲ့ ရေကူးကန်ပဲ ဖြစ်ပါတယ်။ ရေအောက်ပြတိုက်ထဲမှာ ရေလွှာလျှော်စီးတဲ့ ပုံစံတည်ဆောက်ပေးထားပြီး ကန်ထဲမှာလည်း ငါးမန်းတွေအပြင် တစ်ခြားသော ရေသတ္တဝါတွေလည်း ရှိပါတယ်။ ဒီကန်ကို တည်ဆောက်ထားတဲ့သူတွေကတော့ လုံး၀လုံခြုံမှုအပြည့်ပေးတယ်လို့ အာမခံထားပြီး အတွေ့အကြုံအသစ်တစ်မျိုးလည်း ရသွားမယ်လို့ အာမခံထားပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာပေါ်က သည်းထိတ်ရင်ဖို အကောင်းဆုံး ရေကူးကန်အချို့ကို ဖော်ပြပေးထာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ်ကောင်းတာလေးတွေကို ရှာဖွေ ဖော်ပြပေးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်…. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။