ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ မိမိတို့ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ သတ္တဝါတွေထက် အဆများစွာကြီးတဲ့ သတ္တဝါတွေအကြောင်းပဲဖြစ်ပါတယ်။
ဒါဟာ ရုပ်ရှင်ထဲကသတ္တဝါတွေမဟုတ်သလို Photoshop နဲ့ ဖန်တီးပြုလုပ်ထားတဲ့သတ္တဝါတွေလည်း မဟုတ်ပါဘူး။ အပြင်ကမ္ဘာမှာ အမှန်တစ်ကယ်ရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ကဲ … မြင်ဖူးအောင်လို့ ကြည့်ရှုလေ့လာလိုက်ကြပါဦးနော်… shwekhitonlinetv.com

၁။ ပုရွက်ဆိတ်၊ ပျားတို့ ဆိုတာ ဘုရင်မနဲ့ လုပ်သားဆိုပြီးခွဲခြားဖြစ်တည်နေတဲ့ အင်းဆက်တွေဖြစ်ပါတယ်။ သင်ကောအပြင်မှာ ပျားဘုရင်မတို့ ပုရွက်ဆိတ်ဘုရင်မတို့ကို မြင်ဖူးပါသလား။ အခုပုံမှာ ပြထားတာကတော့ သာမာန်ပုရွက်ဆိတ်တွေထက် အဆပေါင်းများစွာကြီးမားတဲ့ မျိုးတူ ပုရွက်ဆိတ်ဘုရင်မပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အရွယ်အစားကြီးမားတဲ့ နို့တိုက်သတ္တဝါတွေအများအပြားရှိပါတယ်။ ဒီအထဲမှာ အပြာရောင်ဝေလငါးကတော့ အကြီးဆုံးပေါ့။ ဒီပုံကတော့ ကြီးမားလှတဲ့ အပြာရောင်ဝေလငါးတစ်ကောင်ရဲ့ ဦးခေါင်းရိုးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ သင့်အနေနဲ့ ကိုးတောင်ကျားဆိုတဲ့ စကားကို ပုံပြင်တွေရာဇဝင်တွေထဲမှာ ကြားဖူးမှာဖြစ်ပေမယ့် အပြင်မှာတော့ တွေ့ဖူးမယ်မထင်ပါဘူး။ ဒါဆိုရင်အခုပုံကိုကြည့်လိုက်ပါဦး။ အရွယ်အစားကြီးမားလွန်းတဲ့ ဆိုက်ဘေးရီးယန်းကျားတစ်ကောင်ပါ။ သူ့အရပ်က သူ့ Trainer ထက် (၄) ပေလောက်ပိုမြင့်လို့နေပါတယ်။ shwekhitonlinetv.com

၄။ ဒါကတော့ မြောက်အမေရိကတိုက်မှာတွေ့ရတက်တဲ့ Moose လို့ခေါ်တဲ့ ဦးချိုပြားသမင်တစ်မျိုးဖြစ်ပါတယ်။ အခုပုံထဲမှာ တွေ့ရတာကတော့ ကနေဒါနိုင်ငံရဲ့ အဝေးပြေးလမ်းမပေါ်မှာ အမှတ်မထင်တွေ့ရတဲ့ သာမန်ထက်သိသိသာသာ အရွယ်အစားကြီးမားလွန်းတဲ့ Moose တစ်ကောင်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Sunfish ဆိုတာကတော့ သမုဒ္ဒရာတွေထဲမှာ ကျင်လည်ကျက်စားကြတဲ့ ငါးကြီးမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှာပြထားတဲ့ Sunfish တစ်ကောင်ကတော့ အဆမတန်ထွားကျိုင်းပြီး အလေးချိန်ပေါင် (၂၂၀၀) လောက်ထိတောင်ရှိတယ်လို့သိရပါတယ်။ သာမန် Sunfish ပေါက်စလေးတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ဒီတစ်ကောင်က ထူးခြားလွန်းတာကို အလွယ်တကူ သိရှိနိုင်ပါလိမ့်မယ်။ shwekhitonlinetv.com

၆။ Eagle Talon လို့ခေါ်တဲ့ လင်းယုန်ငှက်အမျိုးအစားကတော့ အလွန်တော်တဲ့ ကောင်းကင်ယံက မုဆိုးတွေပဲဖြစ်ပါတယ်။ ပုံမှာပြထားတာတော့ ဒီလိုလင်းယုန်တစ်ကောင်ရဲ့ (၂) လက်မကျော် ရှည်တဲ့လက်သည်းတွေဖြစ်ပါတယ်။ ဒီလက်သည်းတွေကိုကြည့်တာနဲ့တင် သူ့အရွယ်အစားကို ခန့်မှန်းလို့ ရမယ်ထင်ပါတယ်။ shwekhitonlinetv.com

၇။ ပုံမှာပြထားတာကတော့ သေနေတဲ့ ဝက်ဝံတစ်ကောင်ရဲ့ လက်ဖြစ်ပါတယ်။ ဒါကအရွယ်အစားကြီးမားပြီး ငါးနဲ့ အသီးအနှံတွေကို စားတက်တဲ့ Grizzy Bear လို့ခေါ်တဲ့ဝက်ဝံမျိုးထဲကမှ သာမန်ထက်အဆများစွာ ကြီးထွားတဲ့ ဧရာမ အကောင်ကြီး တစ်ကောင်ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဒါကတော့ Murder Hornets လို့ခေါ်တဲ့ နကျယ်ကောင်တွေဖြစ်ပါတယ်။ အရွယ်အစားလည်း ကြီးမားလှသလို အဆိပ်လည်းပြင်းလွန်းတာကြောင့် အတုပ်ခံရရင်တော့ မစားသာပါဘူးနော်။ shwekhitonlinetv.com

၉။ Elephant Seal ဆိုတာကတော့ အလွန်ဝဖီးတဲ့ ပင်လယ်ဖျံတစ်မျိုးဖြစ်ပါတယ်။ အခုမြင်တွေ့ရတာကတော့ ဂျပန်နိုင်ငံ အီနိုရှီးမားရေသတ္တဝါပြတိုက်က မီနာဇိုလို့ နာမည်ပေးထားတဲ့ Elephant Seal တစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဒါကတော့ ဗြဟ္မာကြက် (Brahma Chicken) လို့အမည်ရတဲ့ ကြက်တစ်မျိုးဖြစ်ပါတယ်။ အမေရိကန်မျိုးရင်းဖြစ်ပြီး အာရှဒေသအချို့မှာလည်းမွေးမြုကြပါတယ်။ အလေးချိန်အားဖြင့် အမတွေက (၈) ပေါင်ကနေ (၁၀) ပေါင်လောက်ရှိပြီး အထီးတွေကတော့ (၁၂) ပေါင်ကျော်လောက်လေးကြပါတယ်။ shwekhitonlinetv.com

၁၁။ ရွှေခေတ်ပရိသတ်တွေအနေနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆင်လိပ်ပြာဆိုတာကိုတွေ့ဖူးကြမယ်ထင် ပါတယ်။ သာမန်လိပ်ပြာတွေထက်အရွယ်အစားကြီးမားတဲ့ လိပ်ပြာတွေပေါ့။ ဒါပေမယ့် အခုမြင်ရတဲ့ လိပ်ပြာတွေနဲ့ ယှဉ်ရင်တော့ ဆင်လိပ်ပြာကအတော်လေးသေးငယ်နေမှာ အမှန်ပါပဲ။ ဒါက ပါပူအာနယူးဂီနီ နိုင်ငံမှာတွေ့ရတက်တဲ့ Queen Alexandra လိပ်ပြာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၂။ ဒါကတော့ Whale Shark လို့ခေါ်တဲ့ ဧရာမငါးအမျိုးအစား ဖြစ်ပါတယ်။ ဖိလစ်ပိုင်က ရေငုပ်သမားတစ်ဦးက ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ အာဖရိကအနောက်ပိုင်းမှာ အတွေ့ရများတဲ့ Goliath Frog လို့ခေါ်တဲ့ ဖားမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ ဖားအများစုကတော့ လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးထဲထည့်ထားလို့ ရနိုင်ပေမယ့် ဒီအကောင်တွေကတော့ အနည်းဆုံး (၂) ပေလောက်ထိကြီးထွားနိုင်တဲ့ ဖားတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၄။ ဒီပုံကိုရုတ်တရက်ကြည့်မိတဲ့သူတိုင်း လန့်သွားမယ်လို့ထင်ပါတယ်။ ပုံမှန်ထက် သိသိသာသာကြီးထွားနေပြီး ကြောက်စရာအသွင်အပြင်နဲ့ အမေရိက ပြောင်ရိုင်းကြီးတစ်ကောင်ဖြစ်ပါတယ်။ သူ့အလေးချိန်ကပေါင် (၃၀၀၀) နီးပါးရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁၅။ ဒီဓာတ်ပုံတော့ သူ့ခေတ်သူ့အခါက အတော်လေးကို ဟိုးလေးတကျော်ကျော် ဖြစ်သွားစေမယ့် ဓာတ်ပုံဆိုတာ တွေးကြည့်နေဖို့တောင်လိုမယ်မထင်ပါဘူး။ ဒီလောက်အရွယ်အစားကြီးမားတဲ့ Manta Ray (ငါးလိပ်ကျောက်မျိုးစိတ်တစ်မျိုး) မျိုးကိုတော့ ထပ်မံတွေ့ရှိဖို့ မလွယ်ကူတော့တာအမှန်ပါပဲ။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။