ပရိသတ်ကြီးကို ဒီတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ရှေးခေတ်က အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ကမ္ဘာ့သမိုင်းထဲက ရှေးဟောင်းအမျိုးသမီးတွေရဲ့ ဘယ်လို အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ရအောင်နော် …. shwekhitonlinetv.com
၁ ။ ရှေးခေတ် အိန္ဒိယ အမျိုးသမီးတွေဟာ ကိုယ်သဘောကျတဲ့ ကြင်ယာဖက်ကို ရွေးချယ်နိုင်ပါတယ် ။

အခု ခေတ်မှာတော့ အိန္ဒိယနိုင်ငံမှာ လူကြီးတွေ စီစဉ်ပေးလို့ လက်ထပ်ရတဲ့ မင်္ဂလာပွဲတွေက တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပါ ။ ဒါပေမယ့် ရှေးကျတဲ့ အချိန်တွေတုန်းက အိန္ဒိယနိုင်ငံမှာ ကျား ၊ မ တန်းတူ အခွင့်အရေး ရှိခဲ့ပါတယ် ။ ထိုအချိန်တွေတုန်းက ဆိုရင် အိန္ဒိယ အမျိုးသမီးတွေဟာ သူတို့ သဘောကျတဲ့ အမျိုးသားကို ရွေးချယ်နိုင်တာတင် မဟုတ်ပဲ သူမ လက်ထပ်ချင်တဲ့ အချိန် လက်ထပ်လို့ ရပါသေးတယ် ။ နောက်ပြီး အမျိုးသမီးတွေဟာ အတန်းပညာ ကောင်းကောင်းကို လေ့လာသင်ကြားခွင့် ရခဲ့ပြီး ဟိန္ဒူရှေးဟောင်းစာ တစ်မျိုး ဖြစ်တဲ့ “Vedas” ကိုလည်း လေ့လာခွင့် ရခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၂ ။ ရှေးခေတ် တရုတ် အမျိုးသမီးတွေဟာ စကားအရမ်းများရင် သူမ ခင်ပွန်းရဲ့ စွန့်ပစ်ခြင်းကို ခံရပါတယ် ။

ရှေးခေတ်တုန်းက တရုတ် အမျိုးသမီးတွေဟာ လူ့အခွင့်အရေး မရှိသလောက် နည်းပါးခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်မှု တစ်ခု အဖြစ် သတ်မှတ်ခံထားရတာပါ ။ လက်ထပ် ထိမ်းမြားတဲ့ နေရာမှာလည်း ကျွမ်းကျင်တဲ့ အောင်သွယ်တော်က စီစဉ်ပေးပြီး ကိုယ့်ရဲ့ ခင်ပွန်းကို မင်္ဂလာဆောင်ကျ မှ ပထမဦးဆုံး တွေ့ဖူးကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ကွာရှင်းခံရတဲ့ အခါမှာလည်း အကြောင်းပြချက် များစွာ ရှိပြီး သားယောကျ်ားလေး မမွေးနိုင်တာ ၊ သစ္စာမရှိခြင်း ၊ ခင်ပွန်းရဲ့ မိဘတွေကို သေချာ မပြုစုပေးခြင်း ၊ ပစ္စည်းခိုးတာ ၊ ကူးစက်နိုင်တဲ့ ရောဂါရှိခြင်း ၊ မနာလို သဝန်တိုခြင်း နဲ့ စကား အရမ်းများခြင်း စတဲ့ အကြောင်းရင်းတွေ ကြောင့် ခင်ပွန်းဖြစ်သူရဲ့ ကွာရှင်းမှုကို ခံရနိုင်တာပါ ။ shwekhitonlinetv.com


၃ ။ ရှေးခေတ် ဂရိ အမျိုးသမီးတွေဟာ စိတ်တိုင်းကျ ကွာရှင်းနိုင်ပါတယ် ။

ရှေးခေတ် ဂရိ အမျိုးသမီးတွေဟာ နိုင်ငံသား အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရတဲ့ အပြင် လူ့အခွင့်အရေးတော်တော်များများ မှာလည်း ကန့်သတ် ခံခဲ့ရပါတယ် ။ ဒါပေမယ့် လည်း ကွာရှင်းတဲ့ ကိစ္စတွေမှာတော့ အနည်းငယ် မျှတမှု ရှိခဲ့တယ်လို့ ပြောရမှာပါ ။ အကြောင်းကတော့ အမျိုးသမီး ဖြစ်သူက သူမရဲ့ ခင်ပွန်းကို ကွာရှင်းချင်လိုတဲ့အခါ ခင်ပွန်းဘက်က ကိုယ်စားလှယ် တစ်ယောက် နဲ့ တွေ့ပြီး ကွာရှင်းစာချုပ်အတွက် လက်မှတ်ထိုးပေးရပါတယ် ။ ဂရိ အမျိုးသားတွေ အတွက်ကတော့ သူတို့ရဲ့ ဇနီးဖြစ်သူကို ကွာရှင်းချင်တဲ့အခါ သူမကို အိမ်ပေါ်ကနေ နှင်ချလိုက်တာပဲ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

၄ ။ ရှေးခေတ် အီဂျစ် အမျိုးသမီးတွေဟာ ထီးနန်းဆက်ခံခွင့်ရှိပါတယ် ။

ရှေးကာလတွေတုန်းက အီဂျစ်နိုင်ငံဟာ တစ်ခြားဘုရင့်နိုင်ငံတွေထက်စာရင် ဒီမိုကရေစီ ပိုပြီးဆန်တယ်လို့ ပြောနိုင်ပါတယ် ။ အကြောင်းကတော့ တိုင်းပြည် အုပ်ချုပ်သူရဲ့ ကလေး ဟာ ကျား ၊ မ မခွဲခြားပဲ ထီးနန်းအမွေဆက်ခံနိုင်လို့ပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အမျိုးသားတွေ နဲ့ တန်းတူ အမျိုးသမီးတွေဟာလည်း အခွင့်အရေးတွေ ရရှိကြပါသေးတယ် ။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ မျိုးရိုးစဉ်ဆက် ဇယားကို ဖော်ပြတဲ့အခါ မှာလည်း မိခင်ဘက်က ဆွေမျိုးဇယားကို သာ ဖော်ပြလေ့ရှိပါတယ် ။ shwekhitonlinetv.com


၅ ။ ရှေးခေတ်ကတည်းက ရောမ အမျိုးသမီးတွေဟာ စာသင်ကြားခွင့် ရခဲ့ပါတယ် ။

ရောမ မှာ ရှေးခေတ်ကတည်းက အမျိုးသမီးတွေဟာ ပညာရေး သင်ကြားခွင့် ရရှိခဲ့ပါတယ် ။ မိန်းကလေး အများစုဟာ ကျောင်းမှာ စာအရေး နဲ့ အဖတ် အခြေခံကို သင်ယူခဲ့ကြပါတယ် ။ တစ်ချို့သော မိသားစုတွေမှာတော့ သူတို့ရဲ့ သမီးလေးတွေကို ပညာပိုတတ်စေဖို့အတွက် အဆင့်မြင့် သဒ္ဒါပိုင်း နဲ့ ဂရိ သင်ခန်းစာတွေကို တတ်မြောက်စေဖို့အတွက် ကိုယ်ပိုင်ဆရာတွေကို ငှားရမ်းပြီး သင်ကြားစေခဲ့ပါတယ် ။ အကြောင်းကတော့ မိန်းကလေးတွေ အိမ်ထောင်ပြုတဲ့အခါ ခင်ပွန်းဖြစ်သူ အပေါ် ဩဇာလွှမ်းမိုးနိုင်စေဖို့ နဲ့ ခင်ပွန်းဖြစ်သူအတွက် အဖော်ကောင်း တစ်ယောက် ဖြစ်စေရန် ရည်ရွယ်ပြီး သင်ကြားစေခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ရှေးခေတ်က အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာ တစ်ချို့ကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။