ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဘီလျံနာ သူဌေးကြီး Elon Musk နဲ့ ပတ်သတ်လို့ လူတွေ သိပ်မသိကြသေးတဲ့ အကြောင်းအရာတစ်ချို့ပဲ ဖြစ်ပါတယ် ။ ကမ္ဘာကျော် ဘီလျံနာ သူဌေးကြီး Elon Musk ရဲ့ ထူးဆန်းတဲ့ အချက်က ဘာတွေ ဖြစ်မလဲဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ….shwekhitonlinetv.com
၁ ။ Tesla စက်ရုံမှာပဲ အိပ်လေ့ရှိတဲ့ Elom Musk

( ၂၀၂၀ ) ခုနှစ်တုန်းက Tesla ကုမ္ပဏီဟာဆိုရင် လျှစ်စစ် ကားအစီးရေ ( ၅ ) သိန်းကျော် ထုတ်လုပ်နိုင်ဖို့ ရည်မှန်းခဲ့တာပါ ။ ဒါပေမယ့်လည်း ကုမ္ပဏီရဲ့ ထုတ်ကုန် တစ်ခု ဖြစ်တဲ့ Model X ဟာ ထုတ်လုပ်မှု နှောင့်နေးခြင်း နဲ့ လုံခြုံ စိတ်ချရမှု ပိုင်း အားနည်း ခြင်း စတဲ့ ဝေဖန်မှု များစွာကို ကြုံတွေ့ခဲ့ရပါတယ် ။ ဒါ့ကြောင့်ပဲ Elon Musk ဟာ ကွန်ဖရန့် အစည်းအဝေး တစ်ခုကို ခေါ်ယူခဲ့ပြီး ထုတ်လုပ်မှု လုပ်နေတဲ့ ကာလအတွင်း သူ့ရဲ့ အလုပ်စားပွဲ ပေါ်မှာ အချိန်ပြည့် ရှိနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ တစ်ကယ်လည်း Elon Musk ဟာ Model X အတွက် ထုတ်လုပ်ရေး ကာလအတွင်း Tesla စက်ရုံ ထဲမှာ အချိန်ပြည့်ရှိနေပေးခဲ့ပြီး အစည်းအဝေးခန်းမ ထဲမှာ သူ့ရဲ့ sleeping bag ကို ယူလာပြီးတောင် အိပ်ခဲ့ပါတယ်တဲ့ ။ shwekhitonlinetv.com

၂ ။ Tesla ကုမ္ပဏီအတွက် အလုပ် လုပ်ပေးရင် လစာ ( ၁ ) ဒေါ်လာသာ ယူခဲ့သူ

( ၂၀၁၄ ) ခုနှစ်တုန်းကဆိုရင် Elon Musk ဟာ Tesla ရဲ့ CEO တစ်ယောက် ဖြစ်သော်လည်း လစာ အပြင် တစ်ခြားသော အကျိုးခံစားခွင့်တွေကို ယူဖို့ ငြင်းဆန်ခဲ့ပါတယ် ။ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်တွေ ထင်ထားတာက Elon Musk ဟာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ သတ်မှတ်ထားတဲ့ အခြေခံလစာ ( ၃၅၃၆၀ ) ဒေါ်လာ ကို တောင်းယူမယ်လို့ ထင်ခဲ့ကြပါသေးတယ် ။ တစ်ကယ်တမ်းမှာတော့ Elon Musk သူ့ရဲ့ အခြေခံလစာ ကို Tesla ကုမ္ပဏီဆီကနေ ( ၁ ) ဒေါ်လာပဲ ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ် ။ ဒါ့ကြောင့်ပဲ Elon Musk ဟာ Goggle ကို တည်ထောင်သူတွေ ဖြစ်တဲ့ Sergey Brin နဲ့ Larry Page တို့လိုမျိုး လစာ ( ၁ ) ဒေါ်လာပဲ ယူတဲ့ Silicon Valley က CEO ထဲမှာ ပါဝင်လာခဲ့ပါတယ် ။ shwekhitonlinetv.com

၃ ။ တစ်ပတ်ကို နာရီပေါင်း ( ၁၀၀ ) အလုပ်လုပ်တဲ့ Elon Musk

စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ယောက် ဖြစ်တဲ့ Elon Musk ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားချက်အရ သူဟစာ တစ်ပတ်ကို နာရီပေါင်း( ၈၀ ) ကနေ ( ၁၀၀ ) အထိ အလုပ်လုပ်ပါတယ်တဲ့ ။ ဒါ့အပြင် လုပ်ငန်း လုပ်ရာမှာ ပိုပြီး အကျိုး ဖြစ်ထွန်းစေဖို့အတွက် Elon Musk ဟာ အစည်းဝေးလုပ်နေတဲ့ အချိန်မှာတောင် အစာစားပြီး အလုပ်လုပ်ပါတယ်တဲ့ ။ ဒီလို လုပ်တဲ့ အတွက်ကြောင့် သူ့မှာ နေ့လည်စာ အတွက် သက်သက်အချိန်ပေးနေစရာ မလိုတော့ပါဘူး ။ shwekhitonlinetv.com

၄ ။ Iron Man Film Version ဟာ Elon Musk ကို မှီငြမ်းထားတာပါ ။

Iron Man ဇာတ်ကား ကို ဇာတ်ညွှန်းရေးသူ နဲ့ ဒါရိုက်တာ ဖြစ်တဲ့ Jon Favreau ရဲ့ ပြောပြချက်အရ သူဟာ Tony Stark Film Version ဇာတ်ကောင်အတွက် Elon Musk ကို မှီငြမ်းပြီး ဖန်တီးထားတာလို့ ပြောခဲ့ပါတယ် ။ တစ်ကယ်တမ်း မှာလည်း Elon Musk ဟာ အပြင်လောကရဲ့ Tony Stark တစ်ယောက်လို ဖြစ်နေပြီး SpaceX လို့ ခေါ်တဲ့ အာကာသ လုပ်ငန်းတစ်ခုကို တည်ထောင်ထားသလို အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦး ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅ ။ အသက် ( ၁၂ ) နှစ် တည်းက ဂိမ်း ကို တီထွင်ပြီး ရောင်းချခဲ့တဲ့ Elon Musk

Elon Musk ဟာ အသက် ( ၁၀ ) နှစ် အရွယ်တည်းက စတိုးဆိုင် တစ်ခုမှာ ရောင်းချတဲ့ ကွန်ပျူတာ ဂိမ်းတစ်ခု ကို တွေ့ရှိပြီးတဲ့နောက် နည်းပညာ လောက ထဲကို စတင်ဝင်လာခဲ့ပါတယ် ။ ဒီလိုနဲ့ အသက် ( ၁၂ ) နှစ် အရွယ် ရောက်လာတဲ့ အချိန်မှာတော့ Musk ဟာ မဂ္ဂဇင်း တစ်ခုထံ သူတီထွင်ခဲ့တဲ့ ဗီဒီယို ဂိမ်းတစ်ခုကို ရောင်းချနိုင်ခဲ့ပါတယ် ။ သူ တီထွင်ခဲ့တဲ့ ဂိမ်းကတော့ အာကာသ တိုက်ခိုက်ရေးပုံစံ ဂိမ်း ဖြစ်ပြီး “ Blastar “ လို့ ခေါ်ကာ PC နဲ့ Office Technology magazine ဆီကို ဒေါ်လာ ( ၅၀၀ ) နဲ့ ရောင်းချခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆ ။ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲက ကား ကို ပိုင်ဆိုင်ထားတဲ့ Elon Musk

Elon Musk ဟာ ( ၁၉၇၇ ) ခုနှစ် တုန်းက ထွက်ရှိခဲ့သော ဂျိမ်းစ်ဘွန်း ဇာတ်ကားထဲက Lotus Esprit အမည်ရှိ ကားကို ပိုင်ဆိုင်ထားတာပါ ။ ဒီကားဟာ ဇာတ်ကားရဲ့ ရိုက်ကူးနောက်ပိုင်း သိုလှောင်ခန်း တစ်ခုထဲမှာ နှစ် အတော်ကြာတဲ့အထိ ရှိနေခဲ့တာပါ ။ ( ၂၀၁၃ ) ခုနှစ် အရောက်မှာတော့ လေလံပွဲ တစ်ခုမှာ ဒီကားကို လေလံတင် ရောင်းချခဲ့ပြီး Elon Musk က ဝယ်ယူခဲ့ပါတယ် ။ ဒါပေမယ့် လည်း Elon Musk ရဲ့ ပြောပြချက်အရ ဒီကားဟာ ရုပ်ရှင်ထဲကလိုမျိုး ရေထဲမှာပါ မမောင်းနိုင်တာကို စိတ်ပျက်မိခဲ့ပေမယ့် Tesla ရဲ့ electric powertrain ကို အသုံးပြုပြီး ရေထဲမှာ မောင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဘီလီယံနာ သူဌေးကြီး Elon Musk နဲ့ ပတ်သတ်လို့ လူတွေ သိပ်မသိကြသေးတဲ့ အကြောင်းအရာတစ်ချို့ပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com