ဒီတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးအတွက် ကမ္ဘာပေါ်က ဒီဇိုင်းအလှဆုံး အဆောက်အပုံတွေကို ပြောပြပေးချင်ပါတယ်ဗျ…တစ်ကယ်တင်စားရလောက်အောင် လှသလားဆိုတာကတာ့ အောက်မှာ ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်လားဗျာ… shwekhitonlinetv.com
- Heydar Aliyev Center, Baku

The Heydar Aliyev လို့အမည်ရတဲ့ Centerဟာ အီရတ်-ဗြိတိန်နွယ်ဖွား ဗိသုကာ ပညာရှင်ဖြစ်တဲ့ Zaha Hadid ရဲ့ အကောင်းဆုံးသော လက်ရာ တစ်ခု ဆိုရင် မမှားပါဘူး….ဒီcenter ဟာဆိုရင် အဇာဘိုင်ဂျန်နိုင်ငံ Baku မြို့မှာ တည်ရှိတာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ တည်ဆောက်ပြီးစီး ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကတော့ lines တွေနဲ့ ဖုံးအုပ်ထားပြီး ထောင့်အချွန်တွေ လုံး၀မပါတာမို့လို့ အတော်လေးကို ကွဲပြားဆန်းသစ်လွန်း ပါတယ်။ ဒီ အဆောက်အဦးရဲ့ ဗိသုကာပညာရှင် Zaha ဟာဆိုရင်လည်း သူ့ရဲ့ ကောင်းမွန်လှတဲ့ ဒီဇိုင်းကြောင့် ၂၀၀၇ ခုနှစ်မှာ အကောင်းဆုံး ဗိသုကာဆုကို ရရှိခဲ့ပါတယ်။ shwekhitonlinetv.com


- Cathedral of Brasilia, Brasilia

Brazil နိုင်ငံမှာရှိတဲ့ ဒီအဆောက်အဦးကတော့ ဖန်သားတွေနဲ့ ကိုမှ သရဖူ ပုံစံ ဒီဇိုင်းဖော်ပြီး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်အထိ တည်ဆောက်ခဲ့တာ ဖြစ်ပြီး Oscar Niemeyer and Lúcio Costa ဆိုသူ နှစ်ယောက်ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီအဆောက်အဦးကို ဒီဇိုင်းဆွဲခဲ့တုန်းက အမြင်တစ်မျိုးနဲ့ ဖောက်ထွက်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ပုံဖော်ခဲ့တာလို့ရပါတယ်။ shwekhitonlinetv.com


- Harpa Concert Hall, Reykjavik

Harpa လို့အမည်ရတဲ့ ခန်းမဲကြီးကို ဒတ်ချ်-အိုက်စလန်နွယ်ဖွား ဗိသုကာပညာရှင် Olafur Elíasson က ဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။ အဆောက်အဦးရဲ့ အတော်များများကို Crystal ပုံစံမျိုး ဖြစ်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး ညဘက်မှာ မီးတွေထွန်းထားလိုက်ရင် အတော်လေးကို မျက်စိပဒသာ ဖြစ်သွားရပါတယ်။ shwekhitonlinetv.com


- Milwaukee Art Museum, Wisconsin

The Milwaukee လို့အမည်ရတဲ့ ဂီတ ပြတိုက်ဟာဆိုရင် အဆောက်အဦး ၃ခုကို မတူညီတဲ့ ပုံစံနဲ့ ပေါင်းပြီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုချင်းစီတိုင်းကို ဗိသုကာပညာရှင် တစ်ယောက်စီတိုင်းက ရေးဆွဲထားတာ ဖြစ်လို့ အတော်လေးကို ထူးဆန်းလှပါတယ်။ မြင်လိုက်တာနဲ့ အတော်လေးကို ပြောင်မြောက်လှတဲ့ ဒီဇိုင်းဖြစ်လို့ ကမ္ဘာ့အလှဆုံး အဆောက်အဦးစာရင်းထဲကို ဝင်ထားပါတယ်။ shwekhitonlinetv.com


- The Dancing House, Prague

Dancing House လို့ အမည်ပြောင်ပေးထားတဲ့ ပါရာဂွေးနိုင်ငံက Office building ကတော့ သူ့ကို ပေးထားတဲ့ အမည်နဲ့ကို လိုက်ဖက်လွန်းလှပါတယ်။ ဒီအဆောက်အဦးရဲ့ ဒီဇိုင်းပညာရှင်ကတော့ ကနေဒီယန်-အမေရိကန် နွယ်ဖွား Vlado Milunić ဆိုသူပဲ ဖြစ်ပါတယ်။ ဒီအဆောက်အဦးကို တည်ဆောက်တဲ့အခါမှာ dancing shape ပုံစံကို ရဖို့အတွက် ကွန်ကရစ် panels ၉၉ ခုလောက်နဲ့ ပုံစံချခဲ့ရတယ်လို့ သိရပါတယ်။ shwekhitonlinetv.com


အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်မှာ အလှဆုံးလို့ သတ်မှတ်ခံထားရတဲ့ အဆောက်အဦးထဲက အချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်ဗျ…နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကိုလည်း တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။