ပရိသတ်ကြီးကို အခုတစ်ခါမှာတော့ ရုတ်တရက် ကြည့်ရင် အမြင်မှားသွားအောင် ဖန်တီးထားတဲ့ ဓာတ်ပုံတွေ အကြောင်းကို ပြောပြပေးမှာပဲ ဖြစ်ပါတယ် ။ ဘယ်လို ပုံလေးတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁ ။ ခြေထောက် ပေါက်နေတဲ့ အိတ်

ဒီပုံလေးကို အမှတ်တမဲ့ ကြည့်လိုက်ရင် အိတ်က ခြေထောက် ပေါက်နေတဲ့ ပုံစံမျိုး ဖြစ်နေတာပါ ။ တစ်ကယ်တမ်းကတော့ ဒီခြေထောက်ရဲ့ ပိုင်ရှင်က ဒရင်းဘတ်ရဲ့ အနောက်မှာ နေပူဆာလှုံပြီး လှဲနေတဲ့ အမျိုးသမီးရဲ့ ခြေထောက်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၂ ။ မှန်မှာ ပေါ်နေတဲ့ တလွဲပုံရိပ်

ဒီပုံလေးကတော့ ဟိုတယ်တစ်ခုက Reception နေရာမှာ ရှိနေတဲ့ မှန်ကြောင့် မျက်လုံးပြူးချင်စရာ ဖြစ်သွားတဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ အပေါ်ပိုင်းကတော့ အမျိုးသား ပုံ ဖြစ်ပေမယ့် ခြေထောက်ကတော့ အမျိုးသမီး ခြေထောက် ဖြစ်နေတာကြောင့် အမှတ်တမဲ့ ကြည့်လိုက်ရင် တော်တော်လေး စဉ်းစားချင်စရာပါ ။ shwekhitonlinetv.com
၃ ။ ကီးဘုတ်ပေါ်က လက် အကြီးကြီး

အခုပုံလေးကို အမှတ်တမဲ့ ကြည့်လိုက်ရင် ကီးဘုတ်နှိပ်ဖို့ ပြင်နေတဲ့ လက်အကြီးကြီးလို့ပဲ မြင်မိကြမှာပါ ။ တစ်ကယ်ကတော့ Screen ကို စိတ်ဝင်တစား ကြည့်နေတဲ့ ခွေးလေးတစ်ကောင်ရဲ့ ကိုယ်လုံးပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄ ။ ပုံစံထူးတဲ့ အဆောက်အအုံ

ဒါကတော့ တောင်ကိုရီးယားနိုင်ငံထဲက ဂန်းနမ်မှာ ဆောက်ထားတဲ့ တိုက်တစ်ခုရဲ့ ပုံပဲ ဖြစ်ပါတယ် ။ ချီးကျူးစရာ ကောင်းတာ တစ်ခုကတော့ ဒီ တိုက်ရဲ့ ပုံစံကို အချိန်အတော်ကြာတဲ့ အထိ ကြည့်တာတောင် သူ့ပုံစံကို သေချာ မဝေခွဲနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၅ ။ သမုဒ္ဒရာ နဲ့ တူနေတဲ့ နံရံ

အမှတ်တမဲ့ ကြည့်လိုက်ရင် သမုဒ္ဒရာ ပေါ်က ကျွန်းလေး တစ်ကျွန်းပေါ်မှာ တွေ့ရတဲ့ ငှက်လှောင်အိမ်လေး တစ်ခုလို့ ထင်မိကြမှာပါ ။ တစ်ကယ်တမ်းကတော့ နံရံ ဆေးအဖြူသုတ်ထားတဲ့ အပေါ်ဘက်မှာ နေရောင် ကျနေပြီး အောက်ဘက်ကတော့ ဆေးအဖြူရောင် ဖြစ်နေတာမို့ ရုတ်တရက်ကြည့်လိုက်ရင် အမြင်မှားသွားချင်စရာပါ ။ shwekhitonlinetv.com
၆ ။ လေပေါ်လွင့်နေတဲ့ အလံတိုင်

လူတော်တော်များများ ကတော့ ဒီပုံလေးကို ပထမ တစ်ကြိမ် ကြည့်ပြီး တာနဲ့ အလံတိုင်က လေပေါ်ဝဲနေတယ်လို့ ပြောကြပါတယ် ။ တစ်ကယ်တမ်းကတော့ ချုံပုတ်တွေထဲမှာ အလံတိုင် ကို စိုက်ထားတာမို့လို့ အောက်ခြေက အပင်လေးတွေနဲ့ ကွယ်နေပြီး အဝေးကကြည့်ရင် လေပေါ်ဝဲနေတဲ့ ပုံစံပေါက်နေတာပါ ။ shwekhitonlinetv.com
၇ ။ နေရောင်ပေါ်က ကြိုးအခွေ

ပုံမှာ မြင်ရတဲ့ အတိုင်း ဝါယာကြိုး တစ်ချောင်း ကောက်နေတာကို နေရောင်ထဲမှာ တွေ့နေရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ကြိုးက အပြင်မှာ ဒီအတိုင်း ကောက်ရုံပဲ ကောက်နေပေမယ့် အရိပ်ထဲမှာတော့ အခွေ အသေးလေး တစ်ခု ပေါ်နေတာကို တွေ့ရမှာပါ ။ shwekhitonlinetv.com
၈ ။ ကိုယ် ကြီးပြီး ခေါင်းသေး နေတဲ့ ခွေးလေး

အမှတ်တမဲ့ ကြည့်လိုက်ရင် ခေါင်းသေးပြီး ကိုယ်ကြီးနေတဲ့ ထူးထူးဆန်းဆန်း ခွေးလေးလို့ ထင်ကြမှာပါ ။ တစ်ကယ်ကတော့ ခွေးနှစ်ကောင် နေရာ ထပ်ပြီး ရပ်နေတာကို တစ်ပြိုင်တည်း ဓာတ်ပုံရိုက်မိလိုက်လို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၉ ။ ပုံ ( ၂ ) ပုံ ဆက်ထားသလို ဖြစ်နေတဲ့ ဘူတာရုံ

ဒီပုံလေးကို ကြည့်လိုက်ရင် Photo Edit နဲ့ ပုံ ( ၂ ) ပုံကို ဆက်ထားတယ်လို့ပဲ မြင်မိကြမှာပါ ။ တစ်ကယ်ကတော့ နယ်သာလန်နိုင်ငံ ကိုပင်ဟေဂင် မြို့မှာ ရှိတဲ့ ဘူတာရုံ အတွင်းပိုင်းကို တစ်ပုံတည်း ရိုက်ထားတာ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ မျက်စိ အမြင်မှားသွားအောင် လှည့်စားနိုင်ခဲ့တဲ့ ပုံလေး တစ်ချို့ကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။