ပရိသတ်တွေကို ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်က အပြေးမြန်ဆုံး သတ္တဝါတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ် ။ လက်ရှိမှာ အပြေးမြန်ဆုံးစာရင်းထဲ ဘယ်အကောင်လေးတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com
၁၀ ။ အာဖရိက ခွေးအ

အာဖရိက ခွေးအတွေဟာ မျိုးတုန်းပျောက်ကွယ်လုနီးပါး အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အမဲလိုက်ရာမှာ အောင်မြင်မှုနှုန်း ( ၆၀ ) ရာခိုင်နှုန်းလောက် ရှိပြီး သားကောင်ကို အမိဖမ်းနိုင်တဲ့ အကောင်တွေပဲ ဖြစ်ပါတယ် ။ ဒီလို အထင်ကြီးစရာ ကောင်းတဲ့ အမဲလိုက် အောင်မြင်မှု ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ အကြောင်းကတော့ သူတို့ရဲ့ သက်လုံနဲ့ အမြန်နှုန်းကြောင့်ပါ ။

တိုတောင်းလှတဲ့ အကွာဝေးဆိုရင် သူတို့ရဲ့ ပြေးအားက ( ၆၆ ) ကီလိုမီတာ ရှိပြီး အကွာအဝေး နည်းနည်း ရှည်ရင်တော့ တစ်နာရီကို ( ၆၀ ) ကီလိုမီတာ အရှိန်နှုန်းနဲ့ ပြေးနိုင်ပါတယ်တဲ့ ။ shwekhitonlinetv.com
၉ ။ သားပိုက်ကောင်

သားပိုက်ကောင်တွေကိုတော့ ဩစတေးလျနိုင်ငံ နဲ့ တစ်ချို့သော နယူးဂီနီ ကျွန်းတစ်ဝိုက်မှာ အတွေ့ရများပါတယ် ။ သူတို့ရဲ့ ကြီးမားလှတဲ့ နောက်ခြေထောက် နှစ်ချောင်း ၊ ကြွက်သားတွေ ရှိတဲ့ အမြှီးဟာ သားပိုက်ကောင်တွေကို လျင်မြန်စွာ သွားနိုင်ဖို့ ပံ့ပိုးပေးထားတာပါ ။

သားပိုက်ကောင်တွေရဲ့ အမြန်နှုန်းကတော့ မှတ်တမ်းတွေအရ အတိုချုံး ခုန်မယ်ဆိုရင် တစ်နာရီကို ( ၇၁ ) ကီလိုမီတာ အရှိန်ရှိပြီး အကွာဝေး ရှည်ရှည်ပြေးမယ်ဆိုရင်တော့ တစ်နာရီကို ( ၂၅ ) ကီလိုမီတာလောက် မြန်အောင် သွားနိုင်ပါတယ် ။ shwekhitonlinetv.com
၈ ။ Greyhound

Greyhound တွေဟာ အမဲလိုက် ခွေးအမျိုးအစားထဲမှာပါဝင်ပြီး သူတို့ကို sighthounds လို့လည်းခေါ်ကြပါသေးတယ် ။ မှတ်တမ်း မှတ်ရာတွေအရ Greyhound တစ်ကောင်ရဲ့ အမြန်ဆုံး အရှိန်နှုန်းကတော့ တစ်နာရီကို ( ၇၄ ) ကီလိုမီတာအထိ အပြေးမြန်ပါတယ်တဲ့ ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဒီလိုမျိုး မြန်ဆန်တဲ့ Greyhound မျိူးစိတ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက မွေးမြူခဲ့ကြတာ ဖြစ်တယ်လို့ ဆိုထားပါတယ် ။ ဒါ့ကြောင့် Greyhounds ခွေးတွေဟာ ရှေးဟောင်း ခွေးမျိူးစိတ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ် ။ shwekhitonlinetv.com

၇ ။ တောယုန်ကြီး

တောယုန်ကြီးတွေဟာဆိုရင် သူတို့ကို အမဲလိုက်တဲ့ သားကောင်လက်ကနေ လွတ်အောင်ပြေးဖို့အတွက် မြန်ဆန်တဲ့ နောက် ခြေထောက်တွေကို ပိုင်ဆိုင်ထားကြပါတယ် ။ သူတို့ရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို ( ၈၀ ) ကီလိုမီတာအထိ အရှိန်ရှိပြီး တော်ရုံအခြေအနေ အမျိုးမှာ အမဲလိုက်ခံရာကနေ လွတ်မြောက်အောင် ပြေးနိုင်စွမ်းရှိပါတယ် ။ တောယုန်ကြီးတွေဟာ သာမန် ယုန်တွေလိုမျိုး ပုံစံတူလှပြီး နားရွက်ကတော့ တစ်ခြား ယုန်တွေထက် ပိုရှည်ကာ မြေပြင်မှာ တစ်ကိုယ်တည်း အစာရှာထွက်လေ့ရှိကြပါတယ် ။ shwekhitonlinetv.com

၆ ။ အနက်ရောင် သမင်

အနက်ရောင် သမင်မျိုးစိတ်တွေကိုတော့ အိန္ဒိယနိုင်ငံ ၊ နီပေါ နိုင်ငံ နဲ့ ပါကစ္စတန် နိုင်ငံ တို့မှာ အတွေ့ရများပါတယ် ။ သူတို့ရဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ တစ်နာရီကို ( ၈၀ ) ကီလိုမီတာ အထိ ပြေးနိုင်ပြီး ( ၆.၅ ) မီတာ အထိ မနားတမ်း ပြေးနိုင်ပါတယ် တဲ့ ။ ဒီလို လျင်မြန်တဲ့ အနက်ရောင် သမင်တွေဟာ အမဲလိုက် မုဆိုးတွေရဲ့ ပစ်မှတ်ထားခံနေရတဲ့ သားကောင် ဖြစ်ပြီး အကြောင်းကတော့ သူတို့ရဲ့ လှပလွန်းတဲ ဦးချိုကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ခြင်္သေ့

ကမ္ဘာ့အမြန်ဆုံး ကုန်းမြေ အကောင်စာရင်းမှာ နောက်ထပ်ပါဝင်တာကတော့ ခြင်္သေ့ပဲ ဖြစ်ပါတယ်။ ခြင်္သေ့တွေဟာ ကြောင်ကြီး မျိုးနွယ်တွေထဲမှာတော့ ကမ္ဘာ့အမြန်ဆုံး အကောင်အဖြစ် သတ်မှတ်ခံထားရတာပါ ။ ( ကျားသစ်က ကြောင်မျိုးနွယ်ထဲမှာ မပါဝင်ပါဘူး။ ) တိုင်းတာချက်တွေအရတော့ ခြင်္သေ့တွေရဲ့ အမြင့်ဆုံး အမြန်နှုန်းဟာ တစ်နာရီကို ( ၈၀ ) ကီလိုမီတာနှုန်း ရှိပါတယ်တဲ့ ။ ဒါပေမယ့်လည်း ခြင်္သေ့တွေဟာ အကွာအဝေး ရှည်ရှည်မှာဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့ အမြန်နှုန်းအထိ မပြေးနိုင်ပါဘူး ။ ဒါ့ကြောင့်မို့ သူတို့တွေ အမဲလိုက်တဲ့အခါ သားကောင် က အဝေးကြီးကို မပြေးနိုင်အောင် အုပ်စုဖွဲ့ပြီး အမဲလိုက်ကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ ဆတ်ကျွဲ

ဆတ်ကျွဲတွေကို နူးလို့လည်း ခေါ်ကြပြီး အခြေခံအားဖြင့် မျိုးစိတ် ( ၂ ) မျိုးရှိကာ ဆတ်ကျွဲပြာ နဲ့ ဆတ်ကျွဲနက် ပဲ ဖြစ်ပါတယ် ။ ဗဟုသုတ အနေနဲ့ ဆတ်ကျွဲတွေဟာ ဘိုဒီးဗီး မျိုးရင်းထဲမှာ ပါဝင်ပါတယ်တဲ့ ။ ဒီ မျိုးစိတ် ( ၂ ) ခု စလုံးဟာ လျင်မြန်မှု အပိုင်းမှာတော့ တူညီပြီး တော်တော်လေးလည်း အပြေးမြန်ကြပါတယ် ။ ထူးခြားတာက ဆတ်ကျွဲတွေဟာ တာတို ပြေးတာထက် တာဝေးပြေးတဲ့နေရာမှာ ပိုပြီး ခံနိုင်ရည် ရှိကြပါတယ်တဲ့ ။ ဒါ့ကြောင့်ပဲ စားကျက်ပြောင်းရွှေ့တဲ့အခါ ဒီစွမ်းအားတွေက ဆတ်ကျွဲတွေ အတွက် အသုံးတည့်စေတာပဲ ဖြစ်ပါတယ် ။ သူတို့ရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို ( ၈၀.၅ ) ကီလိုမီတာ အမြန်နှုန်း ပြေးနိုင်ပါတယ် ။ shwekhitonlinetv.com

၃ ။ စပရင်းဗုတ် တောဆိတ်

စပရင်းဗုတ် လို့ခေါ်တဲ့ တောဆိတ် မျိုးစိတ်ကတော့ အရွယ်အစားက အလယ်အလတ်ရှိပြီး အရောင်အနေနဲ့ အဖြူနဲ့ အညိုရောင် စပ်ထားတဲ့ တောဆိတ် မျိုးပဲ ဖြစ်ပါတယ် ။ စပရင်းဗုတ်တွေကို တောင်အာဖရိက မှာ အတွေ့ရများပြီး တာတိုပြေးတဲ့နေရာမှာတော့ အတော်လေးကို မြန်တယ်လို့ ပြောရမှာပါ ။ ဒါ့အပြင် သူတို့ရဲ့ တစ်ခြား စွမ်းဆောင်ရည်တွေကတော့ အမြင့် ( ၃ ) မီတာ အထိ ခုန်နိုင်တာတွေ ၊ အရှိန်နဲ့ ပြေးနေတုန်း ရုတ်တရက် လမ်းကြောင်းပြောင်းနိုင်တာတွေပဲ ဖြစ်ပါတယ် ။ စပရင်းဗုတ် တောဆိတ်တွေရဲ့ အမြန်နှုန်းကတော့ တစ်နာရီကို ( ၈၈ ) ကီလိုမီတာ အမြန်နှုန်း ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၂ ။ ပရောင်းဟွန်း တောဆိတ်

ပရောင်းဟွန်း တောဆိတ်တွေကို ခေါ်ရလွယ်စေရန်အတွက် အမေရိကန် တောဆိတ်လို့လည်း အလွယ်တကူ ခေါ်ကြပါသေးတယ် ။ သူတို့ဟာ တောဆိတ် မျိုးရင်း အစစ်ထဲမှာ မပါဝင်ပေမယ့် ကျွဲ ၊ နွား ပုံစံ နဲ့ ယှဉ်ရင် တောဆိတ် နဲ့ ပိုပြီး နီးစပ်စွာ တူပါတယ် ။ တိုင်းတာချက်တွေအရတော့ ကနေဒါ ကနေ ကယ်လီဖိုးနီးယား ပြည်နယ် ကြား အကွာအဝေးကို ပြေးတဲ့အခါ ပရောင်းဟွန်း တောဆိတ်တွေဟာ ဒုတိယ အမြန်ဆုံးပြေးနိုင်တဲ့ စာရင်းထဲမှာ ပါဝင်လို့နေပါတယ် ။ သူတို့ဟာ တာဝေးပြေးတဲ့နေရာမှာ အထူးကျွမ်းကျင်ပြီး အမြန်နှုန်းကတော့ ( ၆ ) ကီလိုမီတာ ရှိတဲ့ အကွာအဝေးကို တစ်နာရီ ( ၅၆ ) ကီလိုမီတာ အမြန်နှုန်းနဲ့ ပြေးနိုင်ပါတယ် ။ shwekhitonlinetv.com

၁ ။ ကျားသစ်

အခုနောက်ဆုံးပြောပြပေးမှာကတော့ ကမ္ဘာပေါ်မှာ အပြေးအမြန်ဆုံး အကောင်ရယ်လို့ သတ်မှတ်ခံထားရတဲ့ ကျားသစ် အကြောင်းပဲ ဖြစ်ပါတယ် ။ ကျားသစ်တွေဟာ မတ်တပ်ရပ်တဲ့ အနေအထားကနေ ( ၃ ) စက္ကန့်အတွင်း တစ်နာရီ ( ၉၅ ) ကီလိုမီတာ နှုန်းအထိ အရှိန်တင်ပြီး ပြေးနိုင်ပါတယ်တဲ့ ။ တိုင်းတာချက်တွေမှာတော့ ကျားသစ်တစ်ကောင်ရဲ့ အမြန်ဆုံး ပြေးနှုန်းဟာ တစ်နာရီကို ( ၁၂၀ ) ကီလိုမီတာ နှုန်းနဲ့ ပြေးနိုင်တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီ အမြန်နှုန်းဟာ တာတိုပြေးတဲ့ နေရာတွေမှာသာ ရနိုင်ပြီး စက္ကန့် ( ၆၀ ) လောက်အထိ ကျားသစ်တွေဟာ အရှိန်အမြင့်ဆုံးတင်ပြီး ပြေးနိုင်ကြပါတယ် ။ ဗဟုသုတ အနေနဲ့ ကျားသစ်တွေ ပြေးတာကို လေ့လာကြည့်တဲ့အခါ မြေကြီးပေါ်မှာ ပြေးနေတာထက် လေပေါ်မှာ ဝဲနေတဲ့ အချိန်က ပိုပြီး များပါတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်မှာ အပြေးအမြန်ဆုံး အကောင်တွေထဲက တစ်ချို့ကို ရွေးချယ်ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။