ဒီတစ်ခါမှာတော့ Shwe Khitt ပရိသတ်ကြီးအတွက် ထူးဆန်းလွန်းတဲ့ နေရာတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။ဘယ်လိုထူးဆန်းမှုတွေနဲ့ ပဟေဠိဆန်ဆန် တည်ရှိနေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်လားဗျာ….. shwekhitonlinetv.com
- Nazca Lines

ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးနေရာတွေထဲက တစ်ခုကို ညွှန်ပြပါဆိုရင် Naza Lines တွေကို ကြည့်လိုက်ပါလို့ အကြံပေးမိမှာပါ။ ပီရူးနိုင်ငံမှာရှိတဲ့ ဒီ Nazca Lines တွေဟာ သက်တမ်းအားဖြင့် AD 400 ကနေ 650 သက်တမ်းရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ထူးဆန်းတာက ဒီလို မိုင် ၅၀ အရွယ်အစားနီးပါးရှိတဲ့ Nazca Lines တွေကို ဘယ်လိုနည်းပညာနဲ့ တည်ဆောက်ခဲ့လဲဆိုတာစဉ်းစားချင်စရာပါ။ တစ်ချို့သိပ္ပံပညာရှင်တွေကတော့ တစ်ချို့တွေရတဲ့ Lines တွေဟာ Space Craft လိုပုံစံမျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းပညာ သိပ်မထွန်းကားသေးတဲ့ အာ့ဒီအချိန်တွေတုန်းက တည်ဆောက်ခဲ့တဲ့ Lines တွေဟာ ယနေ့အချိန်အထိ လူသားတွေအတွက်တော့ အဖြေရှာရခက်တဲ့ ပုစ္ဆာတစ်ခုလို ကျန်ရစ်နေဆဲပါပဲ… shwekhitonlinetv.com





- The Great Sphinx of Giza

ဒုတိယတစ်ခုကတော့ အီဂျစ်နိုင်ငံမှာတည်ရှိတဲ့ စဖင့် ရုပ်တုကြီးပါပဲ။ ဒီရုပ်တုကြီးဟာ ကမ္ဘာ့အကြီးပိရမစ်အဖြစ် ကျော်ကြားတဲ့ ဂီဇာပိရမစ်ကြီးနဲ့ အတူတည်ရှိနေတာပဲ ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် 2500 BC လောက်ထဲက တည်ဆောက်ထားတာဖြစ်တယ်လို့ ပညာရှင်တွေက ပြောကြားထားပါတယ်။ ဒီ စဖင့် ရုပ်တုကြီးရဲ့ ထူးခြားချက်ကတော့ နှစ်ပေါင်းများစွာ ကြာသွားတာတောင် လုံး၀ပျက်စီးမသွားအောင် တည်ဆောက်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်တုတော်တော်များများဟာ နှစ်ပေါင်းများစွာ ကြာလာရင် ရာသီဥတုဒဏ် နဲ့ တစ်ခြားသော ဒဏ်တွေကြောင့် အတော်လေးကို ပျက်စီးသွားနိုင်ကြပါတယ်။ ဒါပေမယ့် စဖင့်ရုပ်တု ကြီးကတော့ နှစ်ထောင်ပေါင်းများစွာ ကြာတာတောင် အနည်းငယ် ပျက်စီးတာလေးပဲရှိခဲ့ပါတယ်။ ဒီလို ရေရှည်မှာ အာ့ဒီခေတ်အခါက ဘယ်လိုတည်ဆောက်ခဲ့လဲဆိုတာ ယနေ့အချိန်အထိ ဘယ်သူမှ မပြောပြနိုင်သေးပါဘူး။ shwekhitonlinetv.com


- Stonehenge

Stonehenge ဆိုတဲ့ အင်္ဂလန်နိုင်ငံ Wiltshire မှာရှိတဲ့ ကျောက်တုံးကြီးတွေကို ခေါ်တဲ့ နာမည်ပါ..ဒီကျောက်တုံးကြီးတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်တုန်းက ရှေးခေတ် လူမျိူးစုတစ်စုက တည်ဆောက်ခဲ့တာလို့ ပြောကြပါတယ်။ ဘယ်လို လူမျိုးစုလဲဆိုတာကတော့ အခုထိ မသိနိုင်ကြသေးပါဘူး။ ဒါ့အပြင် ဘယ်လို အကြောင်းကြောင့် အခုလို တည်ဆောက်ခဲ့လဲဆိုတာကိုလည်း ဘယ်သူမှ သေချာ မပြောနိုင်ကြပါဘူး။ တစ်ချို့ပညာရှင်တွေကတော့ Stonehenge တွေဟာ ရှေးခေတ်က ဘာသာတစ်မျိုးရဲ့ ဆုတောင်းပွဲ အခမ်းအနားပွဲတွေ လုပ်တဲ့နေရာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ နောက်ပြီး ထူးဆန်းတာတစ်ခုက ဝန်ချီစက်တွေ မပေါ်သေးတဲ့ ခေတ်မှာ ဒီလို ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို ဘယ်လို တင်ဆောင်ကြလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။ shwekhitonlinetv.com




- Easter Island

နောက်တစ်ခုကတော့ ချီလီနိုင်ငံ အီစတာကျွန်းပေါ်မှာ တည်ရှိတဲ့ Moi ရုပ်တုကြီးတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း AD 1250 -1500 တွေတုန်းက အီစတာကျွန်းပေါ်မှာ Rapa Nui ဆိုတဲ့ လူမျိုး စုတစ်စု အခြေချ နေထိုင်ခဲ့ပါတယ်။ ရှေးတုန်းက ဒီလူမျိုးစုတွေဟာ သူတို့ရဲ့ အဘိုး၊အဘွားတွေ၊ အကြီးအကဲခေါင်းဆောင်တွေ အတွက် အမှတ်တရအနေနဲ့ Moi ရုပ်တုကြီးတွေကို ထုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုးကြီးမားတဲ့ Moi ရုပ်တုကြီးတွေကို အာ့ခေတ်က ဘယ်လို နည်းပညာနဲ့ ပုံဖော်တည်ဆောက်ခဲ့ကြလဲဆိုတာ စဉ်းစားစရာပါ။ နောက်တစ်ချက်က Moi ရုပ်တုတွေရဲ့ ခေါင်းပေါ်မှာ ကျောက်တုံးတစ်ခု အမြဲတင်ထားတာကို တွေ့ရမှာပါ။ တိုင်းတာချက်တွေအရ အာ့ဒီကျောက်တုံးတွေရဲ့ အလေးချိန်ဟာ ၁၂တန်လောက်အထိ အလေးချိန်ရှိတာကြောင့် ကရိန်းလိုစက်တွေ ဝန်ချီစက်တွေ မပေါ်သေးတဲ့ခေတ်မှာ ဘယ်လိုနည်းပညာတွေသုံးပြီး အပေါ်ကိုတင်ထားနိုင်လဲဆိုတာကတော့ အခုထိပညာရှင်တွေ အဖြေရှာနေရတုန်း ကိစ္စပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com






အခုဖော်ပြပေးထားတဲ့ အကြောင်းအရာတွေဟာဆိုရင် ကမ္ဘာကြီးပေါ်က ထူးဆန်းတဲ့ နေရာတွေအကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်ဗျ။ နောက်ပိုင်းမှာလည်း အခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khittကို စောင့်မျှော် ဖတ်ရှု ပေးပါအုန်းနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။