ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်က အမေရိကန်မှာရှိတဲ့ အမျိုးသားတစ်စုဟာ အလွန်ကြီးမားတဲ့ မိချောင်းခေါင်းတိုတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီမိချောင်းရဲ့ ဝမ်းဗိုက်ထဲကနေ အလွန်ရှေးကြတဲ့ ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းဟာ အင်တာနက်သတင်းမီဒီယာတွေအကြားမှာ ပျံ့နှံ့သွားပြီး အတော်လေးနာမည်ကြီးခဲ့လို့ ရွှေခေတ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

ရှိန်းစမစ်လို့ အမည်ရတဲ့ မုဆိုးတစ်ဦးနဲ့ သူ့ရဲ့ အပေါင်းအသင်းတွေဟာ မစ္စစပီမြစ်ထဲမှာ အမဲလိုက်ရင်း အခုလိုကြီးမားတဲ့ မိချောင်းကြီးကို တွေ့ရှိဖမ်းမိခဲ့တာဖြစ်ပါတယ်။ အဆိုပါမိချောင်းကြီးဟာ အရွယ်အစားအားဖြင့် (၁၃) ပေလောက်ရှည်လျားပြီး အလေးချိန် (၇၅၀) ပေါင် နီးပါးရှိတဲ့ နှစ်ချို့ မိချောင်းကြီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီမိချောင်းကြီးကိုဖမ်းဆီးရမိပြီးချိန်မှာ သူတို့အားလုံးဟာ သာမန်နေ့တစ်နေ့လိုပဲ ဖမ်းဆီးရမိတဲ့ မိချောင်းကြီးနဲ့ အတူဓာတ်ပုံရိုက်၊ အောင်ပွဲခံတာမျိုးတွေပြုမူနေခဲ့ကြပါတယ်။ ဒါပေမယ့် မိချောင်းကြီးကို ခုတ်ထစ်ပိုင်းဖြတ်ကြတဲ့အခါမှာတော့ အံ့အားသင့်ဖွယ်ရာကောင်းတဲ့ အရာတွေကို သူတို့အနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ shwekhitonlinetv.com

အဲ့ဒီအရာတွေကတော့ မိချောင်းကြီးရဲ့ ဝမ်းဗိုက်အတွင်းမှာတွေ့ရှိခဲ့ရတာဖြစ်ပြီး ရှေးခေတ်အမေရိကန် (ရက်ဒ်အင်ဒီးယန်းလူမျိုး) တွေအသုံးပြုခဲ့တယ်လို့ထင်ရတဲ့ မြှားထိပ်ဖူးနဲ့ ကျောက်တုံးတစ်တုံးလို့ထင်ရတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒီအရာတွေဟာ အတော်လေးမာကျောတဲ့ အရာတွေဖြစ်တာကြောင့် မိချောင်းကြီးအနေနဲ့လအစာမချေဖျက်နိုင်ဘဲ ဝမ်းဗိုက်ထဲမှာကျန်ရစ်နေပုံရပါတယ်။ shwekhitonlinetv.com

ဒီအရာတွေကို ကြည့်ရတာ အတော်လေးကိုရှေးကျတဲ့ပုံပေါ်တာကြောင့် သူ့တို့ဟာ ဘူမိဗေဒ ပညာရှင်တစ်ယောက်ကို ပြသပြီး လေ့လာဆန်းစစ်စေခဲ့ရာမှာတော့ ဒီမြှားထိပ်ဖူးနဲ့ ကျောက်တုံးလိုအရာတွေရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀၀၀ ကနေ ၆၀၀၀ ကြားမှာရှိတယ်လို့ သိခဲ့ရပါတယ်။ ဒီလိုသိလိုက်ရတော့ ရှိန်းစမစ်တို့လူစုလည်း အတော်လေးကို တုန်လှုပ် အံ့သြသွားခဲ့ရသလို ပဟေဠိ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ shwekhitonlinetv.com

ဒီအရာတွေကို ဒီမိချောင်းကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှေးအမေရိကန်လူမျိုးတွေနဲ့ တိုက်ခိုက်ရင်း မျိုချမိခဲ့တာလား ? မိချောင်းတစ်ကောင်အနေနဲ့ ဒီလောက်သက်တမ်းအကြာကြီး အသက်ရှင်နေထိုင်ဖို့က မဖြစ်နိုင်တာကြောင့် ဒီယူဆချက်ကတော့ သိပ်ယုတ္တိမရှိလှပါဘူး။ ဒါဆိုရင် ဒီအရာတွေကို မိချောင်းကြီးအနေနဲ့ ဘယ်နေရာကတွေ့ရှိပြီး မျိုချထားခဲ့တာလဲ ? စသဖြင့် သိပ္ပံပညာရှင်တွေနဲ့ လေ့လာစူးစမ်းသူတွေအတွက် ဒီမိချောင်းကြီးကို ဖမ်းဆီးရရှိခဲ့ခြင်းက မေးခွန်းများစွာ ကျန်ရစ်နေစေခဲ့ပါတယ်။ shwekhitonlinetv.com

ကဲ …. ရွှေခေတ်ပရိသတ်ကြီးကရော ဒီအဖြစ်အပျက်အပေါ် ဘယ်လိုများ မြင်ပြီး သုံးသပ်ချက်များ ပေးချင်ပါသလဲ ? မိမိတို့ရဲ့ ထင်မြင်ယူဆချက်တွေကို Comment မှာ ဆွေးနွေးပေးသွားကြပါဦးနော် ….. shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။