ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးသွားမှာကတော့ ထူးထူးခြားခြားအမူအကျင့်တွေ၊ လျှို့ဝှက်ချက်တွေရှိနေတဲ့ ချစ်စဖွယ်တိရိစ္ဆာန်လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအကောင်လေးတွေက ဘယ်လိုထူးခြားတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဆက်လက်လေ့လာကြည့်လိုက်ပါဦးနော် …… shwekhitonlinetv.com
၁။ ကိုယ်ဝန်ရှိယောင်ဆောင်တက်တဲ့ ပန်ဒါလေးများ

ချစ်စရာကောင်းတဲ့ ပုံပန်းသဏ္ဍာန်နဲ့ပန်ဒါဝက်ဝံလေးတွေဟာ တစ်ခါတစ်ရံမှာ ကိုယ်ဝန်ရှိယောင်ဆောင်တက်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကို အစာပိုကျွေးတာ ပိုဂရုစိုက်ခံရတာမျိုးကို ကြိုက်နှစ်သက်လို့ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဥစ္စာခြောက်လွန်းတဲ့ ရှဥ့်လေးတွေ

ရှဥ့်ဆိုတဲ့အကောင်လေးတွေကတော့ သတ္တဝါတွေထဲမှာအတော်ဥစ္စာခြောက်ပြီး အဖွက်တော်တဲ့ ကောင်လေးတွေဖြစ်ပါတယ်။ ဘယ်လောက်ထိအောင်အဖွက်တော်သလဲဆိုတော့ သူတို့ရှာဖွေရရှိလာတဲ့ အခွံမာသီးတွေ သစ်စေ့တွေရဲ့ (၈၀) ရာခိုင်နှုန်းလောက်ကို သူတို့ဘာသာပြန်မရှာတက်အောင်ပါပဲ။ shwekhitonlinetv.com
၃။ ပင်ဂွင်းလေးတွေရဲ့ Propose ပစ္စည်း

ချစ်စဖွယ်အမူမရာနဲ့ ပင်ဂွင်းလေးတွေရဲ့သဘာဝကလည်းအတော်လေးကိုထူးခြားလှပါတယ်။ သူတို့သဘာဝမှာ သူတို့သဘောကျတဲ့ ပင်ဂွင်းအမလေးတွေကို လှပတဲ့ကျောက်စရစ်ခဲလေးတွေနဲ့ Propose လုပ်ကြတာဖြစ်ပါတယ်။ အဲ့အတွက်လည်း Propose လုပ်တော့မယ် ပင်ဂွင်းအထီးလေးတွေဟာ အလှဆုံးကျောက်စရစ်ခဲလေးတွေကိုရှာတက်ကြပါတယ်။ shwekhitonlinetv.com
၄။ အချောင်ခိုတက်တဲ့ ကိုရွှေပျား

ဝတ်ရည်စုဆောင်းရတဲ့ လုပ်သားပျားလေးတွေထဲမှာ တစ်ချို့က အချောင်ခိုတက်ကြပါတယ်။ သူတို့တွေက တစ်ခါတစ်လေ ဝတ်ရည်စုပ်ရမယ့်ပန်းပွင့်တွေအပေါ်မှာ အိပ်စက်နေတက်ကြတယ်လေ။ shwekhitonlinetv.com
၅။ ကြင်နာတက်လွန်းတဲ့ ရှဥ့်လေးများ

ဒါကလည်းရှဥ့်လေးတွေနဲ့ပတ်သက်ပြီး နောက်ထပ်ထူးခြားတဲ့ အမူအကျင့်လေးတစ်ခုပါ။ သူတို့တွေရဲ့ သဘာဝမှာ အရွယ်ရောက်ပြီးသားရှဥ့်တွေက မိဘမရှိတော့တဲ့ ရှဥ့်လေးတွေကို မွေးစားတက်ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ သေအတူရှင်မကွာ ပင်လယ်ဖျံလေးများ

ပင်လယ်ဖျံလေးတွေရဲ့ သဘာဝကတော့ တစ်ကောင်နဲ့တစ်ကောင် အတော်လေးကိုသံယောဇဥ်ကြီးမားတဲ့ပုံပါပဲ။ သူတို့တွေက အိပ်ရင်တောင် တစ်ကောင်ရဲ့လက်ကို တစ်ကောင်ကိုင်ထားပြီးမှ အိပ်ကြတာပါ။ shwekhitonlinetv.com
၇။ ပန်းပွင့်လေးတွေကိုချစ်တဲ့ Vole လေးများ

Voles ဆိုတာကတော့ ကြွက်နဲ့ပုံသဏ္ဍာန်တင်တူပီး အသီးအရွက်တွေ အပင်တွေကို စားတဲ့တွင်းအောင်းသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က အိပ်ရင်တော့ ပန်းပွင့်လေးတွေထဲကိုဝင်အိပ်လေ့ရှိကြပါတယ်။ shwekhitonlinetv.com
၈။ လူတွေလိုကောင်းနေ (ပြဲနေ) တက်တဲ့ လင်းပိုင်များ

လင်းပိုင်တွေဟာ တိရိစ္ဆာန်တွေထဲမှာ အတော်လေးကို ညဏ်ရည်မြင့်မားတဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံသူတို့ဟာ အဆိပ်ရှိတဲ့ ငါးပူတင်း (Puffer Fish) တွေကို အသုံးချပြီး လူတွေလိုမူးယစ်ရီဝေနေ တက်လို့ပါပဲ။ shwekhitonlinetv.com
၉။ အိပ်ပုတ်ကြီးလွန်းတဲ့ ခိုအားလား

ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်တဲ့ အသွင်အပြင်လေးတွေနဲ့ ခိုအားလားလေးတွေကတော့ အိပ်ပုတ်ကြီးလွန်းတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ သူတို့ဟာ တစ်နေ့ကို အနည်းဆုံး (၂၂) နာရီ လောက်ထိအိပ်စက်နေတဲ့ကောင်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ ဦးနှောက် (၉) ခု၊ နှလုံး (၃) ခုနဲ့ ရေဘဝဲ

ရေဘဝဲတွေကတော့ သတ္တဝါတွေထဲကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထူးထူးခြားခြား အပိုပါရှိတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ သူတို့တွေမှာတော့ စုစုပေါင်း ဦးနှောက် (၉) ခု နဲ့ နှလုံး (၃) ခုစီပါရှိလို့နေပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။