လူသားတွေဆိုတာဟာ ကမ္ဘာပေါ်မှာရှိသမျှသတ္တဝါတွေအနက် ညဏ်ရည်အမြင့်ဆုံးသတ္တဝါမျိုးစိတ်တွေလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုဉာဏ်ရည်မြင့်ပါတယ် ဆိုတဲ့လူူသားတွေရဲ့ ဦးနှောက်နဲ့တောင် လိုက်မမှီနိုင်တဲ့ကိစ္စရပ်တွေကလည်း ကမ္ဘာကြီးနဲ့ စကြဝဠာကြီးထဲမှာ ပြောမကုန်လောက်အောင်ကို အများအပြားရှိနေပါတယ်။ ဒီနေ့ ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဒီလိုမျိုူး လူသားတွေဦးနှောက်နဲ့ စဉ်းစားတွေးခေါ်ပြီးတပ်အပ်မပြောနိုင်တဲ့ အဖြစ်အပျက်လေးအချို့ပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com
၁။ အင်္ဂါဂြိုဟ်ပေါ်က အလင်းရောင်တစ်ခု
ဒီပုံကိုရုတ်တရက်ကြည့်မယ်ဆိုရင်တော့ သဲကန္တာရတစ်ခုထဲမှာရိုက်ထားတဲ့ ပုံတစ်ပုံလို့ထင်ရပါတယ်။ ဒါပေမယ့် ဒါဟာ NASA ကမားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်) ကိုလွှတ်လိုက်တဲ့ Rover ဂြိုဟ်ဆင်းယာဉ်လေးကနေ ရိုက်ကူးပေးပို့ထားတဲ့ ပုံဖြစ်ပါတယ်။ ဒီပုံထဲမှာတော့အဖြူရောင်အလင်းတစ်ခုကို သင့်အနေနဲ့တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီအလင်းရောင်က ဘာလဲ၊ ဘယ်လိုအရာကထွက်ပေါ်လာသလဲဆိုတာကတော့ NASA က သိပ္ပံပညာရှင်တွေ အရမ်းသိချင်နေကြတဲ့ အဖြေတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Queensland ရေအောက်ထဲက သတ္တဝါဆန်းကြီး
သြစတြေးလျနိုင်ငံဟာဆိုရင်ကုန်းမြေပေါ်မှာ ပင့်ကူ၊ မြွေ၊ အခြားအဆိပ်ရှိတဲ့ ထူးထူးဆန်းဆန်းသတ္တဝါမျိုးစိတ်များစွာရှိနေသလို ရေထဲမှာလည်းပဲ ထူးဆန်းတဲ့ရေသတ္တဝါတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီပုံကတော့ ၁၉၆၄ ခုနှစ်က Queensland မှာဓာတ်ပုံဆရာတစ်ယောက်ရိုက်ကူူးမိခဲ့တဲ့ ပုံဖြစ်ပါတယ်။ ပုံထဲက ရှည်မျောမျောအနက်ရောက် သဏ္ဍာန်ကြီးက ဧရာမမြွေကြီးလား ဒါမှမဟုတ် ဘယ်လိုသတ္တဝါကြီးလဲဆိုတာတော့ ဘယ်သူမှတိတိကျကျအဖြေမပေးနိုင်ကြပါဘူး။ တစ်ချို့ကတော့ ဒါဟာ ပေ (၈၀) လောက်ရှိတဲ့ ရှားပါး ငါးရှဉ့်ကြီးမျိုးတွေဖြစ်တယ်လို့ ဆိုနေကြပါတယ်။ သင်ရောဘယ်လိုထင်ပါသလဲ ? shwekhitonlinetv.com
၃။ Big Foot ကြီးများလား
Big Foot ဆိုတာအမေရိကန်နိုင်ငံမှာတော့ ဟိုးယခင်ကာလတွေကနေ့ ဒီကနေ့ထက်တိုင် အပြင်မှာတစ်ကယ်ရှိမရှိ အငြင်းပွားနေရဆဲ သတ္တဝါဆန်းတစ်မျိုးလို့ဆိုနိုင်ပါတယ်။ မျောက်ဝံ၊ ဂေါ်ရီလာ တို့နဲ့ ပုံသဏ္ဍာန်ခပ်ဆင်ဆင်ရှိပြီး အရွယ်အစားက သိသိသာသာကြီးမားလှသလို အင်မတန်မှလည်းခွန်အားကြီးတဲ့ သတ္တဝါတစ်မျိုးပေါ့။ ထိတ်လန့်သည်းဖိုရုပ်ရှင်တွေထဲမှာသာ ပီပီပြင်ပြင်တွေ့မြင်ဖူးပြီး အပြင်မှတော့ ဘယ်သူမှ ခိုင်လုံစွာသက်သေပြနိုင်လောက်တဲ့ အထောက်အထားမျိုး မရှိပါဘူး။ ဒါကလည်း Big Foot လို့ယူဆရတဲ့ ပုံတစ်ပုံဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ဘုရားကျောင်းထဲက ဝိညာဉ်တစ်ခု
ဒီပုံမှာတော့ အမျိုးသမီးတစ်ဦးကဦးခေါင်းငိုက်စိုက်ပြီးတစ်စုံတစ်ရာကိုရေရွတ်ဆုတောင်းနေပုံရပါတယ်။ ဒါကို ဓာတ်ပုံဆရာက အမှတ်တမဲ့ရိုက်ထားလိုက်မိပြီး ဓာတ်ပုံကိုပြန်ကြည့်တဲ့အခါမှာတော့ အမျိုးသမီးရဲ့ အနောက်မှာ ဝိညာဉ်လား၊ တစ္ဆေလား ဝေခွဲမရတဲ့ သဏ္ဍာန်တစ်ခုကို အထင်းသားတွေ့မြင်ခဲ့ရပါတယ်။ ဒီပုံကိုဘုန်းတော်ကြီးတွေကိုပြသကြည့်ခဲ့ရာမှာတော့ တစ်ချို့က ဆေးဆရာတစ်ယောက်ရဲ့ ဝိညာဉ်တစ်ခုဖြစ်ကြောင်း ဆိုကြပါတယ်။ shwekhitonlinetv.com
၅။ ရေပေါ်မှာ ပြေးလွှားနိုင်တဲ့လူသားတစ်ဦး
Jesus Christ Lizard လို့ခေါ်တဲ့ ပုတ်သင်ညိုတစ်မျိုးဟာ ရေပေါ်မှာပြေးလွှားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒီပုံထဲကလူကလည်း အလားတူစွမ်းရည်မျိုးရှိနေသလားလို့ ထင်မှတ်ရပါတယ်။ သူဟာရေမြုပ်နေတဲ့လမ်းပေါ်မှာ ရေပေါ်ကနေအလျင်အမြန်ဖြတ်ပြေးသွားတာကို တစ်စုံတစ်ယောက်က ရိုက်ကးထားမိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီးတော့ တစ်ချို့က ရေကြီးနေတဲ့အချိန်မှာ အခက်အခဲတွေ့နေသူတွေကို ကူညီပေးမယ့် Aquaman လို့တင်စားခေါ်ဝေါ်ကြတာတွေရှိပါတယ်။ shwekhitonlinetv.com
၆။ ဒီကားသစ်ပင်ပေါ်ကို ဘယ်လိုရောက်သွားတာလဲ
ဒီပုံကိုကြည့်လိုက်ရင်တော့ အတော်လေးမြင့်တဲ့သစ်ပင်တစ်ပင်ရဲ့ ဂွကြားမှာကျကျနန တင်နေတဲ့မော်တော်ကားတစ်စီးကို တွေ့ရမှာဖြစ်ပါတယ်။ ဒီကားအနေနဲ့ ဒီနေရာကိုဘယ်လိုလုပ်ရောက်သွားသလဲဆိုတာကတော့ အတော်လေးကိုစဉ်းစားရခက်ပါတယ်။ မောင်းရင်းနဲ့တစ်စုံတစ်ခုကြောင့် မိုးပေါ်မြောက်ပြီးသစ်ပင် ဂွကြားမှာညှပ်သွားတာလား၊ လေဆင်နှာမောင်းလိုအရမျိုးက သစ်ပင်ပေါ်ကိုရောက်စေခဲ့တာလား၊ ကရိန်းနဲ့မပြီးတင်ထားတာလား ? စဉ်းစားရအတော်ကြပ်တဲ့ ကိစ္စတစ်ခုပါ။ shwekhitonlinetv.com
၇။ လူ့ဘီလူးကြီးတွေ ကမ္ဘာပေါ်မှာတစ်ကယ်ရှိခဲ့သလား
ဒါကတော့ ၁၉၈၅ ခုနှစ်တုန်းက သုဘရာဇာတစ်ဦးတွင်းတူးရင်းတွေ့ရှိခဲ့တဲ့ ဧရာမလက်ချောင်းရုပ်ကြွင်းကြီးဖြစ်ပါတယ်။ ဒီလက်ချောင်းကြီးကတော့ (၁၅) လက်မလောက်ရှည်လျားပြီး ဘယ်လိုသတ္တဝါမျိုးရဲ့ ကိုယ်ခန္ဓာအပိုင်းအစဖြစ်မလဲဆိုတာတော့ အတိအကျပြောဖို့ခက်ပါတယ်။ ကြည့်ရတာကတော့ လူတစ်ယောက်ရဲ့ လက်ချောင်းနဲ့ နီးစပ်တဲ့အသွင်သဏ္ဍာန်ရှိတာကြောင့် ပုံပြင်တွေ ဒဏ္ဍာရီတွေထဲကလို လူ့ဘီလူးကြီးတွေရဲ့ လက်ချောင်းများဖြစ်နေမလားဆိုတာ စဉ်းစားစရာပါပဲ ….. shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။