၁၉၃၀ ပြည့်နှစ်ကစတင်ပြီး ကျင်းပလာခဲ့တဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ သက်တမ်းအားဖြင့်ဆိုရင်နှစ်ပေါင်း (၉၂) နှစ်ရှိပြီဖြစ်ပါတယ်။ ဒီနှစ်ပေါင်း (၉၀) ကျော်ကာလအတွင်း ဒုတိယကမ္ဘာစစ်ကာလတွေကလွဲရင် လေးနှစ်ကိုတစ်ကြိမ်ပုံမှန်ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိကာတာနိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဟာ (၂၂) ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပါတယ်။ shwekhitonlinetv.com
ခြေစစ်ပွဲကာလကနေကြည့်မယ်ဆိုရင်နိုင်ငံပေါင်း (၂၀၀) ကျော်ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲဖြစ်ပေမယ့် ချန်ပီယံဖြစ်ဖူးတာကတော့ (၈) နိုင်ငံပဲရှိပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ …… shwekhitonlinetv.com
၁။ ဘရာဇီးလ် – (၅) ကြိမ်
တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာအအောင်မြင်ဆုံးလို့ဆိုရမယ့် နိုင်ငံဖြစ်ပြီး (၅) ကြိမ်အထိဗိုလ်စွဲထားပါတယ်။ ဘရာဇီးလ်အသင်းဟာ ( ၁၉၅၈ ၊ ၁၉၆၂ ၊ ၁၉၇၀ ၊ ၁၉၉၄ ၊ ၂၀၀၂ ) စတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဂျာမနီ – (၄) ကြိမ်
ဘရာဇီးလ်နိုင်ငံပြီးရင် ဒုတိယအအောင်မြင်ဆုံးလို့ဆိုရမယ့်နိုင်ငံကတော့ ဥရောပတိုက်က ဂျာမနီနိုင်ငံဖြစ်ပါတယ်။ ဂျာမနီနိုင်ငံဟာ ဘရာဇီးလ်နိုင်ငံထက်အရင် ချန်ပီယံအရသာကိုမြည်းစမ်းခွင့်ရခဲ့တာဖြစ်ပြီး ( ၁၉၅၄ ၊ ၁၉၇၄ ၊ ၁၉၉၀ ၊ ၂၀၁၄ ) စတဲ့ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တာပါ။ shwekhitonlinetv.com
၃။ အီတလီ – (၄) ကြိမ်
ဂျာမနီနိုင်ငံလိုပဲ ချန်ပီယံ (၄) ကြိမ်ဖြစ်ဖူးတဲ့နောက်ထပ် ဥရောပနိုင်ငံကတော့ အီတလီဖြစ်ပါတယ်။ ( ၁၉၃၄ ၊ ၁၉၃၈ ၊ ၁၉၈၂ ၊ ၂၀၀၆ ) ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖူးတဲ့ အီတလီဟာ ဒီနှစ် ၂၀၂၂ ကမ္ဘာ့ဖလားကိုတော့ ခြေစစ်ပွဲမအောင်လို့ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ shwekhitonlinetv.com
၄။ အာဂျင်တီးနား – (၂) ကြိမ်
ဘောလုံးရေခံမြေခံကောင်းတဲ့ တောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံကတော့ ကမ္ဘာ့ဖလားချန်ပီယံ (၂) ကြိမ်ဖြစ်ဖူးပါတယ်။ အာဂျင်တီးနားအနေနဲ့ ( ၁၉၇၈ ၊ ၁၉၈၆ ) စတဲ့ခုနှစ်တွေမှာ မာရာဒိုနာတို့လို ကစားသမားတွေရဲ့ မှော်ဝင်အခိုက်အတန့်တွေနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ဥရုဂွေး – (၂) ကြိမ်
ကမ္ဘာ့ဖလားသမိုင်းမှတ်တမ်းမှာ ပထမဆုံးချန်ပီယံဖြစ်ဖူးတဲ့နိုင်ငံကတော့ တောင်အမေရိကတိုက်က ဥရုဂွေးနိုင်ငံဖြစ်ပါတယ်။ ဥရုဂွေးနိုင်ငံဗိုလ်စွဲခဲ့တာကတော့ ( ၁၉၃၀ ၊ ၁၉၅၀ ) ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ပြင်သစ် – (၂) ကြိမ်
ဥရောပတိုက်က ဘောလုံးအင်အားကြီးနိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံကတော့ ဥရုဂွေးလိုပဲ ကမ္ဘာ့ဖလားကို (၂) ကြိမ်ဗိုလ်စွဲထားပါတယ်။ ( ၁၉၉၈ ၊ ၂၀၁၈ ) ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံလည်းဖြစ်ပါတယ်။shwekhitonlinetv.com
၇။ အင်္ဂလန် – (၁) ကြိမ်
ကမ္ဘာ့ဖလားကိုနောက်ထပ်ကိုင်မြှောက်ဖူးတဲ့ ဥရောပအသင်းတစ်သင်းကတော့ ဘောလုံးဘိုးအေလို့တင်စားခေါ်ဝေါ်ကြတဲ့ အင်္ဂလန်နိုင်ငံပဲဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံအနေနဲ့ (၁၉၆၆) ကမ္ဘာ့ဖလားမှာသာ တစ်ကြိမ်ပဲဗိုလ်စွဲခဲ့ဖူးတာပါ။shwekhitonlinetv.com
၈။ စပိန် – (၁) ကြိမ်
အီတလီ၊ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ် တို့ပြီးရင် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တဲ့နောက်ထပ်ဥရောပနိုင်ငံတစ်နိုင်ငံကတော့ စပိန် ဖြစ်ပါတယ်။ စပိန်တွေဟာ (၂၀၁၀) ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။