ရေပေါ်အိမ်ကလေးတွေရှိတဲ့ ဒီမြို့ငယ်လေးကိုတော့ The Garden of Eden , The Mesopotamian Venice (ဒါမှမဟုတ်) Ma’dan လို့အမျိုးမျိုးခေါ်ဆိုကြပါတယ်။ ဒီရေပေါ်မြို့ငယ်ကလေးတည်ရှိတာကတော့ အီရတ်နိုင်ငံရဲ့ တောင်ပိုင်းမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီရေပေါ်မြို့ကလေးမှာရှိတဲ့ အိမ်လေးတွေကိုတည်ဆောက်ရာမှာတော့ သံ နှင့် သစ်သားလုံးဝအသုံးမပြုဘဲ ရွှံ့စေး၊ ကောက်ရိုးစတာတွေသာ အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီအိမ်လေးတွေကို တည်ဆောက်ဖို့အတွက်အချိန်များစွာယူရခြင်းမရှိဘဲ အိမ်တစ်လုံးကို အများဆုံး (၂) ရက်ခန့်ပဲအချိန်ယူတည်ဆောက်ကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com
တစ်ကယ်တော့ ဒီဆောက်လုပ်ရေးနည်းပညာဟာ နှစ်ထောင်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။ ဒီရွှံ့အိမ်ကလေးတွေရဲ့ နာမည်ကိုတော့ “mudhif” လို့ခေါ်ကြပါတယ်။ shwekhitonlinetv.com
၁၉၉၁ ခုနှစ်မှာ ဆက်ဒမ်ဟူစိန်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို အီရတ်နိုင်ငံတောင်ပိုင်းက စိုစွတ်ပြီးနေထိုင်လို့ မသင့်တော်တဲ့နေရာကို ပို့ဆောင်ခဲ့ရာကနေ ဒီဆောက်လုပ်ရေးနည်းပညာကတစ်ခေတ်ပြန်ထလာတာဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ ဒီနေရာမှာ အသက်ဆက်ရှင်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းနေထိုင်ခဲ့ကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂၀၀၃ ခုနှစ်မှာ အမေရိကန်အနေနဲ့ အီရတ်ကိုကျူးကျော်ပြီးနောက်မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့အတူ ဒီနေရာမှာနေထိုင်တဲ့သူတွေအနေနဲ့လည်း ၎င်းတို့ရဲ့ မွေးရပ်ကိုပြည်လည်ခြေချခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အချို့လူတွေကတော့ ဒီနေရာမှာပဲ ယနေ့ထိတိုင်ဆက်လက်နေထိုင်ကြဆဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။