ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါမျိုးစိတ်တွေကတော့ လေ့လာလို့ မကုန်ခမ်းနိုင်လာက်အောင်ကိုများပြားလှပါတယ်။ သင့်အနေနဲ့ကော သတ္တဝါ ဘယ်နှစ်မျိုးလောက်ကို ဘဝမှာမြင်ဖူး၊ တွေ့ဖူး ကြားသိဖူးပါသလဲ ? အခုဖော်ပြပေးမယ့် သတ္တဝါအကောင်ပေါက်လေးတွေကိုကော မြင်တွေ့ဖူးပြီးပြီလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com
၁။ Baby Tree Kangaroo
ဒါကတော့ Tree Kangroo လို့ခေါ်တဲ့ သားပိုက်ကောင်ပေါက်စလေးဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ Queensland နဲ့ နယူးဂီနီ နိုင်ငံမိုးသစ်တောတွေထဲမှာတွေ့ရတက်တဲ့ ရှားပါးမျိုးစိတ်တွေဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Baby Fennec Fox
Fennec Fox လို့ခေါ်နဲ့ ကန္တာရမြေခွေးတစ်မျိုးရဲ့ အကောင်ပေါက်လေးဖြစ်ပါတယ်။ ကြီးမားတဲ့နားရွက်တွေကိုပိုင်ဆိုင်ထားတဲ့ ဒီအကောင်လေးတွေကိုတော့ ဆာဟာရ သဲကန္တာရထဲမှာ အတွေ့ရများပါတယ်။ shwekhitonlinetv.com
၃။ Baby Dumbo Octopus
ဒီရေဘဝဲပေါက်စလေးကတော့ Dumbo လို့အမည်ရတဲ့ ရေဘဝဲမျိုးစိတ်တစ်မျိုး ပဲဖြစ်ပါတယ်။ တစ်ချို့ကလည်းသူတို့ကို Umbrella Octopus လို့ခေါ်ကြပါတယ်။ shwekhitonlinetv.com
၄။ Baby Pangolin
သင်းခွေချပ်ပေါက်စလေး ကိုတော့မြင်ဖူးတဲ့သူအတော်ရှားမယ်လို့ထင်ပါတယ်။ ချစ်ဖို့တော့ကောင်းသားနော် …. shwekhitonlinetv.com
၅။ Baby Tapir
ကြံ့သူတော်လို့ခေါ်တဲ့ အကောင်လေးတွေကိုတော့ ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ကို ရောက်ဖူးတဲ့သူတွေအနေနဲ့မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါကတော့ ချစ်ဖို့ကောင်းတဲ့ ကြံ့သူတော် (Tapir) ပေါက်စလေးဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Baby Elephant Shrew
အာဖရိကတိုက်မှာ အတွေ့ရများတဲ့ ဆင်နှာမောင်းကြွက်စုတ် ပေါက်စလေးတွေဖြစ်ပါတယ်။ သူတို့တွေနေထိုင်ကျက်စားကြတာကတော့ ကြမ်းတမ်းလွန်းတဲ့ Namib သဲကန္တာရနဲ့ ဆိုမာလီ၊ ဂျဘူတီ နိုင်ငံတွေမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Fluffy Honduran White Bat Baby
လင်းနို့တွေဟာ အများအားဖြင့်တော့ ပုံပန်းသဏ္ဍာန်အရ နှစ်လိုဖွယ်မကောင်းတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလင်းနို့ပေါက်စလေးတွေကိုမြင်ရင်တော့ သင့်အနေနဲ့ ချစ်မိသွားမယ်လို့ထင်ပါတယ်။ သူတို့ကိုတော့ ဟွန်ဒူးရပ်စ်လင်းနို့ဖြူလို့ ခေါ်ကြပြီး လက်တင်အမေရိကနိုင်ငံတွေဖြစ်ကြတဲ့ ဟွန်ဒူးရပ်စ်၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွာ နိုင်ငံတွေမှာတွေ့ရတက်ပါတယ်။ shwekhitonlinetv.com
၈။ Baby Tarsier
Tarsier လို့ခေါ်တဲ့ ဒီအကောင်လေးတွေကို မြင်ဖူးကြတဲ့သူရှိမလားမသိဘူးနော်။ ဒီပုံကတော့ ဖိလစ်ပိုင်နိုင်ငံမှာတွေ့ရတဲ့ Tarsier အကောင်ပေါက်လေးကို အမိအရရိုက်ကူးထားတဲ့ ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Chacoan Peccary Baby
ဒါကတော့ တောင်အမေရိကတိုက်အလယ်ပိုင်းမှာတွေ့ရတဲ့ ဝက်တစ်မျိုးလို့ဆိုနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ အကောင်ပေါင်း (၃၀၀၀) လောက်ပဲကျန်ရှိတော့တဲ့ အကောင်လေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Adorable Baby Sugarglider
Sugarglider ဆိုတဲ့အကောင်လေးတွေကိုတော့ ရွှေခေတ်ပရိသတ်တွေအနေနဲ့ မြင်ဖူး၊ ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ချို့တွေကတော့ ဒီအကောင်လေးတွေကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူကြပါတယ်။ ဒါကတော့ သေးငယ်ပြီး ချစ်စရာကောင်းလွန်းလှတဲ့ Sugarglider ပေါက်စလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။