Fun

ကြည့်မိသူတိုင်း အတွေးပေါင်းစုံ ဝင်ရောက်လာပြီး နားလည်လို့ မရနိုင်ဖြစ်သွားစေတဲ့ ဓာတ်ပုံ ၁၅ ပုံ

အခုဖော်ပြပေးမယ့်ပုံတွေကတော့ ရွှေခေတ်ပရိသတ်တွေကို အပျင်းပြေခေါင်းစားမယ့်ပုံတွေပါ။ ဘယ်ပုံတွေက ဘယ်လိုမျိုး ကြည့်တဲ့သူတွေကို နားမလည်ဘဲဖြစ်သွားစေမလဲဆိုတာ ကြည့်ကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ ဒီမိန်းကလေးနှစ်ဦးက တစ်ကယ့်ဘိုထိုင်အိမ်သာထဲကို အစားအစာတွေထည့်ပြီး စားနေကြတာလား။ shwekhitonlinetv.com ၂။ ဒါကလည်းရုတ်တရက်ကြည့်မယ်ဆိုရင် လူပါးစပ်၊ လူနှာခေါင်းနဲ့ ခွေးကလေးတစ်ကောင်လို့ထင်ချင်စရာပါ။ shwekhitonlinetv.com ၃။ ဒီ ဓာတ်ပုံကရော ဖိုတိုရှော့နဲ့ပြုပြင်ထားတာလား ? တစ်ကယ်ဆိုရင်တော့ အတော်လေးကိုကျောချမ်းစရာပါ။ shwekhitonlinetv.com ၄။ သစ်ပင်အကိုင်းခွမှာ အခုလိုမျိုး Underwear ကို ဘယ်သူကဘယ်လိုများဝတ်ပေးခဲ့ပါလိမ့်။ shwekhitonlinetv.com ၅။ ဒီ ဆင်ကြီးကလည်းအတော်လေးကို […]

News

အအေးဘူးအဖုံးတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ အလှမယ်

Anna Sueangam-iam ဆိုတာကတော့ ထိုင်းနိုင်ငံက Miss တစ်ဦးဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံရဲ့ Miss Universe ပြိုင်ပွဲမှာ အခြားပြိုင်ပွဲဝင်တွေနဲ့ မတူဘဲ ထူးခြားပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ဝတ်စုံကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ အတော်လေးကိုကျော်ကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com အကောင်းဆုံးနဲ့အလှပဆုံးဖြစ်စေမယ့် ဝတ်စုံတွေကိုသာ အခြားပြိုင်ပွဲဝင်တွေက အသီးသီးဝတ်ဆင်ယှဉ်ပြိုင်နေတဲ့အချိန်မှာ သူမကတော့ အအေးဘူး၊ ဘီယာဘူးတွေရဲ့ အဖုံးက ကလစ်လေးတွေကို အသုံးပြုပြီးဖန်တီးထားတဲ့ ဝတ်စုံကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ ပြိုင်ပွဲကိုကြည့်ရှုနေတဲ့သူတွေရော အခြားပြိုင်ပွဲဝင်တွေနဲ့ ဒိုင်လူကြီးတွေကိုပါ အံ့သြမှင်သက်သွားစေခဲ့ပါတယ်။ သူမအနေနဲ့ […]

Knowledge

ဘယ်မှာမှ ရှာလို့ မတွေ့နိုင် လောက်တဲ့ ရှားပါးဓာတ်ပုံလေးတွေ

ရှားရှားပါးပါး သမိုင်းထဲကဓာတ်ပုံတွေကို လေ့လာရတာဝါသနာပါတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်မှာလည်း ဘယ်မှာမှ မတွေ့နိုင်လောက်တဲ့ ရှားပါးဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေမှဘယ်လိုနောက်ခံ အကြောင်းအရာတွေရှိမလဲဆိုတာကို လေ့လာကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ အီလစ်ကျွန်း (Ellis Island) ကနေ မန်ဟတ်ထန် (Manhattan) မြို့ဘက်အခြမ်းကို လှမ်းမျှော်ကြည့်ရှုနေကြတဲ့ ရွှေ့ပြောင်းမိသားစုတစ်စု။ (၁၉၂၅ ၊ သြဂုတ် ၊ ၁၃ ) shwekhitonlinetv.com ၂။ ပန်ဆယ်လ်ဗေးနီးယားရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုမှ ကလေးအလုပ်သမားများ။ (၁၉၁၁ မှာ […]

Amazing

ရှေးဟောင်းမာယာလူမျိုးစုတွေရဲ့ အငွေ့အသက်တွေကိုခံစားရမယ့် မက္ကဆီကိုတောနက်ထဲက အပန်းဖြေစခန်း

မက္ကဆီကိုနိုင်ငံ၊ Tulum မှာရှိတဲ့ တောနက်ထဲမှာတော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ အငွေ့အသက်တွေကို ခံစားရအောင်ဖန်တီးတည်ဆောက်ထားတဲ့ Azulik Eco Resort ဆိုတဲ့ ကမ်းခြေအပန်းဖြေစခန်းတစ်ခုရှိပါတယ်။ shwekhitonlinetv.com ရှေးမာယာလူမျိုးစုတွေရဲ့ နေထိုင်ပုံအတိုင်းအနီးကပ်ဆုံး ခံစားရအောင်လို့ ဖန်တီးထားတာကြောင့် ဒီ ဟိုတယ်မှာလာရောက်တည်းခိုသူတွေအနေနဲ့ လျှပ်စစ်မီးချောင်းတွေ၊ တီဗွီတွေ၊ အဲကွန်းတွေကိုတော့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ shwekhitonlinetv.com ဒီဟိုတယ်မှာတော့ မာယာလူမျိုးစုတွေရဲ့ လက်ရာတွေထည့်သွင်းတည်ဆောက်ထားတဲ့ ဘန်ဂလိုပုံစံအိမ် (၄၈) လုံးရှိနေပြီး ဝန်ထမ်းတွေကအစ မာယာလူမျိုးစုတွေရဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း သဘာဝကျကျခံစားနိုင်အောင်လို့ ဝတ်စားဆင်ယင်ပြုမူပြီး ဝန်ဆောင်မှုပေးကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com […]

Knowledge

ကမ္ဘာကြီးက ယခင် နဲ့ ယခု ကြားမှာ ဘယ်လောက်တောင် ကွာခြားသွားပြီလဲ ဆိုတာ ပြသနေတဲ့ ဓာတ်ပုံများ

အခုတစ်ခေါက်ဖော်ပြပေးခြင်းတာကတော့ ကမ္ဘာကြီးရဲ့တိုးတက်ပြောင်းလဲမှုမြင်ကွင်းတွေပါ။ ဒီအကြောင်းအရာလေးမှာတော့ ထင်သာမြင်သာရှိပြီး သိသိသာသာပြောင်းလဲသွားခဲ့တဲ့ ကမ္ဘာ့မြို့ကြီးအချို့ရဲ့ပုံတွေကို ဦးစားပေးဖော်ပြထားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဂျာမနီနိုင်ငံ ဒက်ဆယ်ဒေါ့ဖ်မြို့ရဲ့ ၁၉၉၀ ခုနစ်ကမြင်ကွင်းနဲ့ ၂၀၁၉ ခုနှစ်မြင်ကွင်း။ shwekhitonlinetv.com ၂။ ပြင်သစ်နိုင်ငံ နန်စီမြို့ရဲ့ ၁၉၈၀ ခုနစ်ကမြင်ကွင်းနဲ့ ၂၀၂၁ ခုနစ်မြင်ကွင်း။ shwekhitonlinetv.com ၃။ အီတလီနိုင်ငံ နေပယ်မြို့ရဲ့ ၁၉၆၀ ခုနှစ်ကမြင်ကွင်းနဲ့ ၂၀၁၉ ခုနစ်မြင်ကွင်း။ shwekhitonlinetv.com ၄။ အမေရိကန်နိုင်ငံ မက်ဆာချုးဆက်ပြည်နယ်က ဘော်စတွန်မြို့ရဲ့ ၁၉၈၇ ခုနှစ်ကမြင်ကွင်းနဲ့ ၂၀၂၂ […]

Amazing

နှလုံးရောဂါရှိတဲ့ သူတွေ လုံးဝ ဖွင့်မကြည့်သင့်သော ဓာတ်ပုံ (၁၅) ပုံ

Megaliphobia ဆိုတာကတော့ အလွန်ကြီးမားတဲ့အရာဝတ္ထုတွေကိုကြောက်ရွံ့တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်ပုံတွေကတော့ ဒီလိုရောဂါရှိသူတွေအနေနဲ့ စပ်စုပြီးတော့ မကြည့်သင့်တဲ့ပုံတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေက ပုံမှန်မြင်တွေ့နေကြအရာတွေထက် ကြောက်စရာကောင်းလောက်အောင် အဆမတန် ကြီးမားနေတဲ့ အရာတွေမို့လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ကြီးမားတဲ့တံတားကြီးတစ်စင်းအောက်မှ ဖြတ်သန်းသွားသော လှေတစ်စီး။ ၂။ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့က မိုးမျှော်လူနေအဆောက်အအုံကြီးတစ်ခုဖြစ်တဲ့ Ponte City Apartments ။ ၃။ အမြင့် (၃၈၅) မီတာမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတာဝါတိုင်။ ၄။ ရေအောက်ထဲမှ ကြောက်စရာကောင်းလောက်အောင်ကြီးမားလှတဲ့ […]

Amazing

ခေတ်မီနည်းပညာတွေ မရှိခင်က ရှေးခေတ်လူသားတွေ အသုံးပြုခဲ့ကြသော အံ့ဖွယ် ဆောက်လုပ်ရေးနည်းလမ်းများ

ယနေ့ခေတ် အင်ဂျင်နီယာပညာရပ်တွေ၊ ဗိသုကာပညာရပ်တွေဟာ အံ့ချီးဖွယ်ကောင်းလောက်အောင်ကို လှပဆန်းကြယ်လွန်းလှပါတယ်။ ဒါပေမယ့်လည်း ကွမ်တမ်မက္ကင်းနစ် နဲ့ နှိုင်းရသီအိုရီတွေမပေါ်ပေါက်ခင်ကာလက ရှေးခေတ်လူသားတွေရဲ့ ဗိသုကာနဲ့ အင်ဂျင်နီယာလက်ရာတွေဟာလည်း အထင်သေးလို့မရပါဘူး။ သူတို့ခေတ်အခြေအနေနဲ့ ဖန်တီးခဲ့ကြတဲ့ အချို့အရာတွေဟာ ဒီနေ့ခေတ်ဖြစ်တည်မှုတွေရဲ့ အတူယုစရာ ရှေ့ပြေးုပုံစံတွေဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ ရှေးခေတ်နှစ်ထောင်ပေါင်းများစွာက လူသားတွေရဲ့ အံ့အားသင့်ဖွယ် အင်ဂျင်နီယာနည်းပညာအချို့ကိုဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ မိုသွင်း ပုံလောင်းခြင်းအတက်ပညာ မိုသွင်းခြင်း ပုံလောင်းခြင်း စတဲ့အတက်ပညာတွေဟာ ရှေးနှစ်ထောင်ပေါင်းများစွာကတည်းကထွန်းကားခဲ့တာဖြစ်ပါတယ်။ ရှေးယခင်အချိန်တွေတုန်းက ကြီးမားတဲ့ကျောက်တုံးကြီးတွေကို လိုသလိုပုံသွင်းကာ လက်နက်ကိရိယာနဲ့ […]

Amazing

လူတွေရှိတုန်းကတော့ ပျော်စရာကောင်းပေမယ့် စွန့်ပစ်ခံရပြီး နောက်ပိုင်းမှာ ခြောက်ခြားစရာ ဖြစ်သွားတဲ့ နေရာများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးခြားတဲ့စွန့်ပစ်ခံနေရာလေးတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ ဒီနေရာလေးတွေဟာ စွန့်ပစ်ခံဖြစ်သွားပြီးနောက်ပိုင်းမှာ လှပမှု၊ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းမှု စတာတွေနဲ့ပြည့်နှက်နေတဲ့ နေရာလေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်က စွန့်ပစ်ထာားတဲ့ Children Camp တစ်ခုမှာရှိတဲ့ အာကာသယာဉ်မှုး ဗလာဒီမာကိုမာရော့ဗ် ရဲ့ရုပ်တု။ (ဗလာဒီမာကိုမာရော့ဗ်ဟာ အာကာသဒုံးပျံယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ ပထမဆုံး အာကာသယာဉ်မှုးဖြစ်ပါတယ်) shwekhitonlinetv.com ၂။ ဆော်လမွန်ကျွန်းစုက သန္တာကျောက်တန်းတစ်ခုမှာသောင်တင်နေတဲ့ ဂျာမန်စူးစမ်းလေ့လာရေးအပျော်စီးသင်္ဘော MS World Discover။ shwekhitonlinetv.com ၃။ ရုရှားနိုင်ငံ Komi Republic […]

Knowledge

ကမ္ဘာ့ အထူးခြားဆုံး မျက်နှာဖုံး (၉) ခု နှင့် သူတို့ နောက်ကွယ်က အကြောင်းအရာများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်ကြီးကို မတူညီတဲ့လူ့အဖွဲ့အစည်းတွေကနေ ဖန်တီးပြုလုပ်ခဲ့တဲ့ မျက်နှာဖုံးတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီ မျက်နှာဖုံးတွေက ဘယ်လောက်တောင်မှခေတ်မီဆန်းသစ်ပြီး အထင်ကြီးလောက်စရာကောင်းသလဲဆိုတာ လေ့လာကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com ၁။ ကမ္ဘာ့ရှေးအကျဆုံးမျက်နှာဖုံး ဒီမျက်နှာဖုံးကိုရှာတွေ့ခဲ့တာကတော့ အစ္စရေးနိုင်ငံ ယုဒသဲကန္တာရ (Judean Desert) အတွင်းမှာရှိတဲ့ နာဟယ်ဟီးမားလှိုဏ်ဂူ (Nahal Hemar Cave) ထဲမှာဖြစ်ပါတယ်။ ဒါဟာ မက်ဆိုပိုတေးမီးယားဒေသက Pre-Pottery Neolithic B ဆိုတဲ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုထွန်းကားချိန်ကပြုလုပ်ခဲ့တဲ့ မျက်နှာဖုံးတစ်ခုဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၉၀၀၀) […]

Knowledge

ယနေ့ခေတ်လူငယ်တွေ မြင်တွေ့ရခဲတဲ့ ရှေးခေတ်က ထူးထူးခြားခြားဓာတ်ပုံများ

အခုတစ်ခေါက်မှာတော့ရွှေခေတ်ပရိသတ်တွေအတွက် ဒီဘက်ခေတ်လူငယ်တွေမြင်တွေ့ရဖို့ ခဲယဉ်းလှတဲ့ ရှေးခေတ်ကဓာတ်ပုံလေးတွေနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေဖို့အတွက် ကလေးများကို အပြင်ဘက်ထုတ်ကာလေ့ကျင့်ပေးခြင်း။ (၁၉၅၈ ၊ မော်စကို ၊ ရုရှား) shwekhitonlinetv.com ၂။ ခြေထောက်အလှပြိုင်ပွဲ တစ်ခုတွင်အမှတ်ပေးနေသော ဒိုင်လူကြီးတစ်ဦး။ (၁၉၅၀ ၊ ပဲရစ် ၊ ပြင်သစ်) shwekhitonlinetv.com ၃။ တရားမဝင်အရက်ချက်စက်ရုံတစ်ခုမှ အရက်များကိုပြတင်းပေါက်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာက သွန်ချနေမှု။ (၁၉၂၉ ၊ ဒက်စထရိုက် ၊ အမေရိကန်) shwekhitonlinetv.com ၄။ အော်တိုမိုဘိုင်းမဂ္ဂဇင်းတစ်ခုမှာ […]