Amazing

စတုရန်းပေ (၁၃,၉၉၀) ရှိတဲ့ ဧရာမပီဇာကြီးပြုလုပ်ပြီး ဂင်းနစ်စံချိန်တင်ခဲ့တဲ့ Youtuber တစ်ဦး

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကမ္ဘာကျော်ပီဇာကုမ္ပဏီတစ်ခုဖြစ်တဲ့ Pizza Hut နဲ့ Youtube မှာ Subscribers (၁၁) သန်းကျော် ရှိတဲ့ နာမည်ကျော် Youtuber Airrack တို့ပူးပေါင်းပြီး ဂင်းနစ်စံချိန်မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com အဲ့ဒီစံချိန်ကတော့ စုစုပေါင်း စတုရန်းပေ (၁၃,၉၉၀) ရှိတဲ့ ဧရာမပီဇာကြီးတစ်ခုကို အောင်မြင်စွာနဲ့ ဖန်တီးပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပီဇာကြီးဖန်တီးခဲ့ပုံကို Airrack ရဲ့ Youtube Channel မှာလည်းတင်ဆက်ခဲ့ပြီး (၂၄) နာရီအတွင်း ကြည့်ရှုသူ (၅) […]

World Top

အရှေ့တောင်အာရှရဲ့ အသက်အကြီးဆုံး မြို့ (၁၀) မြို့

ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခါမှာတော့ ရှေးဟောင်းဗိသုကာလက်ရာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေ ရိုးရာဓလေ့ထုံးတမ်းတွေ များစွာရှိနေတဲ့ အရှေ့တောင်အာရှရဲ့ အသက်အကြီးဆုံးမြို့ (၁၀) မြို့ကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁၀။ ရန်ကုန် ၊ မြန်မာ – (၉၇၉) နှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာအကျဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန် (Yangon) မြို့ကတော့ အရှေ့တောင်အာရှမှာ (၁၀) ခုမြောက်သက်တမ်းအရင့်ဆုံးမြို့တော်ဖြစ်ပါတယ်။ ရန်ကုန်မြို့ကိုစတင်တည်ထောင်ခဲ့တာကတော့ အေဒီ (၁၀၄၃) ခုနှစ်ကဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်အချိန်တွေကတည်းက ရန်ကုန်ဟာ နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာဏာပိုင်တွေက ရန်ကုန်ကို […]

Entertainment

အကောင်းဆုံးရုပ်ရှင်တွေကိုသာ ရိုက်ကူးဖန်တီးခဲ့တဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာများ

ဒီကနေ့ အနုပညာနယ်ပယ်မှာအောင်မြင်ကျော်ကြားလှတဲ့ ဒါရိုက်တာများစွာရှိပါတယ်။ ဒီအထဲကမှ အအောင်မြင်အကျော်ကြားဆုံးနဲ့ ဖန်တီးသမျှရုပ်ရှင်တိုင်းကလည်းပေါက်ခဲ့တဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာ (၅) ဦးအကြောင်းကို ဖော်ပြလိုပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ Christopher Nolan အသက် (၅၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Christopher Nolan ကတော့ ဗြိတိန်နွယ်ဖွား အမေရိကန် ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်ပါတယ်။ Christopher Nolan လို့ဆိုလိုက်ရင် ရုပ်ရှင်လောကမှာ မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားလှတဲ့သူလည်းဖြစ်ပြီး ငယ်စဉ်ကတည်းက ရုပ်ရှင်ရိုက်ကူးရေးကို စိတ်ဝင်စားခဲ့တဲ့သူဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ […]

Amazing

ဥရောပတိုက်ရဲ့ မြို့ကြီးအချို့မှာရှိတဲ့ ဆန်းပြားတဲ့ဗိသုကာလက်ရာနဲ့ ထူးထူးခြားခြားအဆောက်အအုံများ

ဒီတစ်ခေါက်မှာတော့ သင်လုံးဝမြင်ဖူးသေးမှာမဟုတ်တာ ဥရောပက ဗိသုကလက်ရာဒီဇိုင်းတွေကို ဖော်ပြပေးချင်ပါတယ်။ ဘယ်အဆောက်အအုံရဲ့ ဒီဇိုင်းကအလန်းဆုံးဖြစ်မလဲ ကြည့်လိုက်ကြရအောင်နော် … shwekhitonlinetv.com ၁။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့က အဆောက်အအုံတစ်ခုမှာရှိတဲ့ Tondo Footbridge ။ shwekhitonlinetv.com ၂။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က အဆောက်အအုံတစ်ခု ။ shwekhitonlinetv.com ၃။ စပိန်နိုင်ငံ ဘာစီလိုနာမြို့က အဆောက်အအုံတစ်ခု ။ shwekhitonlinetv.com ၄။ နယ်သာလန်နိုင်ငံ Almere-Stad , Flevoland မှာရှိတဲ့အဆောက်အအုံတစ်ခု ။ shwekhitonlinetv.com ၅။ နယ်သာလန်နိုင်ငံ […]

Knowledge

တစ်နေ့ကိုနှစ်ကြိမ်နဲ့ အထက်ရေချိုးခြင်းဟာ ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေရှိမလဲ

လေ့လာတွေ့ရှိချက်တွေအရတော့ တစ်နေ့ကိုနှစ်ကြိမ်နဲ့ အထက်ရေချိုးခြင်းဟာ သင့်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကိုပိုများစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ မကြာခဏရေချိုးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ကျန်းမာရေးဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ အသားအရေပျက်စီးနိုင်ခြင်း ပုံမှန်ရေမချိုးခြင်းဟာ နှစ်သက်စရာမကောင်းပေမယ့် မကြာခဏရေချိုးခြင်းကတော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ရေချိုးဂျယ် (Shower Gel)၊ ဆပ်ပြာနဲ့ ရေနွေးတွေဟာအရေပြားပေါ်က ကျန်းမာတဲ့ဘက်တီးရီးယားတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ဒီအဆီတွေဟာ သင့်အသားအရေကို ကြာရှည်နုပျိုတောက်ပနေစေအောင်ကူညီပေးနိုင်စွမ်းရှိပါတယ်။ အရေပြားဆရာဝန်တွေကတော့ အသားအရေအလွန်ခြောက်သွေ့မှုနဲ့ အရေပြားယားယံမှုတွေကနေ ကာကွယ်ဖို့အတွက် တစ်ပတ်ကို (၂) […]

Entertainment

နာမည်ကြီး လူကြိုက်များတဲ့ ဇာတ်ကားတွေ နောက်ကွယ်မှာ အသုံးပြုခဲ့ ကြတဲ့ CGI နည်းပညာ

CGI နည်းပညာ ဒီနေ့ခေတ်ရုပ်ရှင်လောကမှာမရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်လာနေပါပြီ။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ နာမည်ကျော်လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ချို့ရဲ့ နောက်ကွယ်က CGI အသုံးပြုပြီး အံ့အားသင့်ဖွယ်ဖန်တီးထားတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Alice in Wonderland (2010) ၂။ Game of Thrones (2011) ၃။ The Matrix (1999) ၄။ The Jungle Book (2016) ၅။ War […]

World Top

လူ့သက်တမ်းအတိုဆုံး ကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံ

လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝမှာသက်တမ်းစေ့နေထိုင်နိုင်ဖို့ဆိုတာ အစားအစာ၊ ပတ်ဝန်းကျင်အခြေအနေ၊ နေထိုင်မှုစနစ် နဲ့ အခြားမျှော်လင့်မထားတဲ့ ကိစ္စရပ်တွေများစွာပေါ်မှာ မူတည်ပါတယ်။ ဒီနေ့မှာတော့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လူ့ဘဝသက်တမ်းအတိုတောင်းဆုံး ရှင်သန်နေထိုင်ရတဲ့ နိုင်ငံ (၁၀) နိုင်ငံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁၀။ အီကွေတိုရီယယ်ဂီနီယာ (Equatorial Guinea) အီကွေတိုရီယယ်ဂီနီယာကတော့ ၁၉၆၈ ခုနှစ်ကမှလွတ်လပ်ရေးရခဲ့တဲ့ အာဖရိကတိုက်အနောက်ပိုင်းက နိုင်ငံငယ်လေးဖြစ်ပါတယ်။ လူဦးရေ (၁.၆) သန်းကျော်နေထိုင်တဲ့ အီကွေတိုရီယယ်ဂီနီယာနိုင်ငံဟာ အခြားအာဖရိကနိုင်ငံအတော်များများထက်စာရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် လူနေမှုစနစ်တိုးတက်ဖို့လိုအပ်ချက်တွေရှိနေတာကြောင့် […]

News

Gym ခန်းမ၊ ရေကူးကန်၊ ဈေးဝယ်စင်တာတွေပါဝင်တဲ့ နျူကလီးယားစွမ်းအင်အသုံးပြု ဧရာမ ဇိမ်ခံလေယာဉ်ကြီး

ခရီးသည် (၃၀၀၀) ကျော်တင်ဆောင်နိုင်တဲ့ တိုက်တန်းနစ်သင်္ဘောထက် ပိုကြီးတဲ့အရာတစ်ခုကိုလေပေါ်မှာ ကာလအတန်ကြာပျံသန်းနေနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမယ့် ဒီမဖြစ်နိုင်တဲ့ကိစ္စကို အနာဂတ်ကာလမှာလက်တွေ့အကောင်အထည့်ဖော်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com ဒီ ပရောဂျက်ကိုချပြခဲ့တဲ့သူကတော့ ဂျာမနီနိုင်ငံ Jacobs University Bremen က ယီမင်နိုင်ငံသား မော်လီကျူးဇီဝပညာရှင် Hashem Al-Ghaili ဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ်သာရှိသေးတဲ့ Hashem Al-Ghaili ဟာ သူ့ရဲ့စီမံကိန်းကို CGI ဗီဒီယိုနဲ့ အသေးစိတ်ဖော်ပြပြီး Youtube […]

Entertainment

ကမ္ဘာကျော်ဆယ်လီတွေနဲ့ သူတို့ရရှိခဲ့တဲ့ထူးခြားတဲ့ ဘွဲ့ဒီဂရီတွေအကြောင်း

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာကျော်ဆယ်လီတွေနဲ့ သူတို့ရရှိခဲ့တဲ့ထူးခြားတဲ့ ဘွဲ့ဒီဂရီတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုမထင်မှတ်ထားလောက်တဲ့ ဘွဲ့တွေရထားသလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com ၁။ အီဗာလောင်ဂိုးရီးယား အမေရိကန်သရုပ်ဆောင်မင်းသမီး အီဗာလောင်ဂိုးရီးယား (Eva Longria) ကတော့ထူးခြားတဲ့ ဘွဲ့ဒီဂရီကိုပိုင်ဆိုင်ထားသူပါ။ သူမရရှိထားတဲ့ဘွဲ့ဒီဂရီကတော့ လူ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုသိပ္ပံနည်းကျလေ့လာတဲ့ Kinesiology ဘာသာရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်ဟာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ၊ အာရုံကြောဆိုင်ရာသဘောတရားများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှုများ စတာတွေနဲ့ဆက်နွယ်နေပြီး ရှုပ်ထွေးခက်ခဲတဲ့ဘာသာရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com ၂။ နစ်ကန်နွန် အမေရိကန်ရက်ပါနှင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နစ်ကန်နွန် […]

Amazing

ဖိုတိုရှော့နဲ့ ပြုပြင်ထားခြင်း လုံးဝ မရှိတဲ့ အစစ်အမှန် ဓာတ်ပုံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တာကတော့ အံ့အားသင့်ဖွယ်ရာကောင်းလွန်းတဲ့ ဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီ ဓာတ်ပုံတွေဟာ Photoshop နဲ့ပြုပြင်ထားခြင်းမရှိတဲ့ မူရင်းပုံတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ သြစတြေးလျအနုပညာရှင်ကြီး Ron Mueck ရဲ့ ထူးခြားအံ့သြဖွယ် အနုပညာလက်ရာတစ်ခု။ (သူဟာမနုဿတွေရဲ့ ပုံစံတူတွေကို တစ်ကယ့်အစစ်နဲ့ခွဲခြားမရအောင် ဖန်တီးတဲ့နေရာမှာတော့ သူမတူအောင်ထူးချွန်တဲ့သူဖြစ်ပါတယ်) shwekhitonlinetv.com ၂။ ဒါကမုန်တိုင်းမိပြီးသောင်တင်နေတဲ့သင်္ဘောကြီးမဟုတ်ပါဘူးနော်။ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ပထမဆုံးမြေပေါ် သင်္ဘောဟိုတယ်ကြီးဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိတာတော့ကြားဖူးတယ်။ ငါးမျှားချိတ်တစ်ခု ငါးနှစ်ကောင်မိတာကတော့အခုမှပဲတွေ့ဖူးတော့တယ်။ shwekhitonlinetv.com ၄။ ဗြိတိန် အနုပညာရှင် Benedict Redcliffe […]