News

ရေလွှာလျောစီးသူရဲ့ဘေးက ထူးဆန်းတဲ့အရာကြောင့် အွန်လိုင်းမှာအထိတ်တလန့်ဖြစ်ခဲ့ရတဲ့ Video ဖိုင်

ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ Iпstagram မှာတင်ခဲ့တဲ့ Footage Video တစ်ခုဟာ အတော်လေးကိုလူပြောများခဲ့ပါတယ်။ ဒီ Video ထဲမှာပါတဲ့ ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်တစ်ခုကြောင့်လည်း အွန်လိုင်းပေါ်ကကြည့်ရှုသူတွေအနေနဲ့ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ shwekhitonlinetv.com ပုံမှာပြထားတာကတော့ ဒီ Video ရဲ့တစ်စိတ်တပိုင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်ဖိုးနီးယားပြည်နယ်က ဆန်ဒီယေဂို ကမ်းခြေမှာ Ryland Rubens ဆိုတဲ့သူတစ်ယောက် လှိုင်းစီးနေတဲ့ပုံဖြစ်ပါတယ်။ သူ့အနေနဲ့ Regioпal Wave Of The Wiпter ပြိုင်ပွဲဝင်ခွင့်အတွက် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com […]

News

ဘရာဇီးလ်မြစ်အတွင်း ဧရာမအန်နာကွန်ဒါမြွေကြီးနဲ့ ပက်ပင်းတိုးခဲ့တဲ့ ရေငုပ်သမားနှစ်ဦး

ဒီအဖြစ်အပျက်ကတော့ ဘရာဇီးလ်နိုင်ငံ ဖော်မော်ဆို (Formoso) မြစ်ထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ပါ။ Bartolomeo Bove နဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Juca Ygarape တို့ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးမြွေမျိုးစိတ်ဖြစ်တဲ့ အစိမ်းရောင် အန်နာကွန်ဒါ (Green Anaconda) မြွေကြီးတစ်ကောင်နဲ့ အလွန်နီးကပ်တဲ့အနေအထားတစ်ခုမှာ ပက်ပင်းတိုးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com “ကျွန်တော်တို့မြင်တွေခဲ့ရတဲ့အရာဟာအတော်လေးကို မယုံကြည်နိုင်စရာပါပဲ။ အဲ့ဒီအခိုက်အတန့်မှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်အတော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုပါပဲလို့” Bove ကဆိုပါတယ်။ shwekhitonlinetv.com ပရော်ဖက်ရှင်နယ် ရေငုပ်သမားနှင့် အဏ္ဏဝါဗီဒီယိုရိုက်ကူးသူတစ်ဦးဖြစ်တဲ့ Bove ဟာ […]

Knowledge

သင်မသိလောက်သေးတဲ့ နွားတွေရဲ့ စိတ်ဝင်စားဖွယ်အချက်များ

နွားဆိုတဲ့သတ္တဝါကိုတော့ လူတိုင်းပဲမြင်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် နွားတွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာအချက်ကလေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com ၁။ ကမ္ဘာပေါ်မှာမတူညီတဲ့ နွားမျိုးစိတ်ပေါင်း (၈၀၀) ကျော်ရှိပါတယ်။ အဓိကအားဖြင့်တော့နွားတွေကို အမဲသားထုတ်လုပ်ဖို့နဲ့ နို့ထုတ်လုပ်ဖို့အတွက်မွေးမြူကြတာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ နွားတွေဟာ (၃၆၀) ဒီဂရီနီးပါးမြင်နိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့မြင်ကွင်းဟာ Panoramic View ပုံစံဖြစ်ပြီး အခြားသားရဲတွေကို ရှုထောင့်အစုံကနေစောင့်ကြည့်နိုင်ပါတယ်။ shwekhitonlinetv.com ၃။ နွားတွေဟာ စူးရှတဲ့အနံ့ခံအာရုံလည်းရှိကြပါတယ်။ အများဆုံးခြောက်မိုင်လောက် အကွာကအနံ့ဆိုးတွေကို ခံစားသိရှိနိုင်ကြပါတယ်။ shwekhitonlinetv.com ၄။ နွားတွေဟာအဖော်အရမ်းမက်တဲ့သတ္တဝါတွေဖြစ်ကြပြီး […]

Fun

နားလည်ဖို့အတွက် အချိန်ယူပြီး စဥ်းစားရမယ့် ဓာတ်ပုံများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ဓာတ်ပုံလေးအချို့ဖော်ပြပေးချင်ပါတယ်။ ဒီဓာတ်ပုံလေးတွေကို ကြည့်ပြီး ပုံထဲမှာဘာတွေဖြစ်ပျက်နေသလဲဆိုတာကို နည်းနည်းလောက်ရှင်းပြပေးသွားကြပါဦးနော် ….. shwekhitonlinetv.com ၁။ ဒါကတော့ ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်ထင်ပါရဲ့။ shwekhitonlinetv.com ၂။ ဒါကတော့ အပေါ့အလေးသွားချင်သူတွေ စောင့်ဆိုင်းဖို့အတွက် ဖန်တီးပေးထားတဲ့နေရာလေးပါ။ shwekhitonlinetv.com ၃။ ဒါကဘာလဲဟ ? အိမ်သာတက်တာကို မမြင်ဖူးတဲ့သူတွေကြည့်ဖို့အခုလိုခုံတန်းတွေထားပေးထားတာလား။ shwekhitonlinetv.com ၄။ ဒီ ကောင်မလေးကတော့ လုပ်ငန်းခွင်ထဲမှာကံဆိုးတဲ့နေ့တစ်နေ့ကို ပိုင်ဆိုင်လိုက်ရပုံပါပဲ။ shwekhitonlinetv.com ၅။ ဒီကားတစ်စီးက ဘာများဖြစ်နေတာပါလိမ့်။ shwekhitonlinetv.com ၆။ ကျွန်တော်တို့တိုက်ခန်း အပြင်ဘက်လေးတင်ဖြစ်သွားတာပါ။ ဘာကြောင့် အခုလိုဆေးပုံးတွေအများကြီး […]

Amazing

ဆောက်လုပ်ရေး ပြုလုပ်နေစဥ် မတော်တဆ တွေ့ရှိခဲ့တဲ့ ထူးခြားဆန်းပြား အရာများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းကနေ မထင်မှတ်ဘဲတွေ့ရှိခဲ့ရတဲ့ ထူးထူးဆန်းဆန်းအရာတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအရာတွေကို တွေ့ရှိခဲ့ကြသလဲဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com ၁။ အရိုးစုများ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းရှိ Modular Project မှ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Troy Eiken ဟာ သူတို့ပရောဂျက်အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ်မှာ မြေအောက်ထဲကနေ ခွေး နဲ့ ကြောင် အကောင် (၂၀) လောက်ရဲ့ ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ ရုပ်ကြွင်းတွေဟာ လွန်ခဲ့တဲ့ […]

World Top

ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်ရေအများဆုံး ပါဝင်ဆင်နွှဲထားသည့်ကစားသမားများ

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာကတော့ အားလုံးသိတဲ့အတိုင်း (၄) နှစ်ကိုမှ တစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သာမန်ကစားသမားတစ်ယောက်အနေနဲ့ ကစားသမားဘဝသက်တမ်းတစ်လျောက်များ ပျမ်းမျှအားဖြင့် ဒီပြိုင်ပွဲကို အများဆုံး (၄) ကြိမ်သာကစားဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ဘောလုံးသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ ကစားသမားဘဝအရွယ်လွန်ချိန်အထိ ခြေစွမ်းကိုထိန်းထားနိုင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅) ကြိမ်အထိပါဝင်ခွင့်ရခဲ့တဲ့ ကစားသမားအချို့လည်းရှိနေပါတယ်။ အဲ့ဒီကစားသမားတွေကတော့ ….. shwekhitonlinetv.com ၁။ လီယွန်နယ်မက်ဆီ – အာဂျင်တီးနား၊ (၅) ကြိမ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အများဆုံးအဖြစ် (၇) ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှုး […]

News

အိန္ဒိယသမုဒ္ဒရာထဲမှာတွေ့ရှိခဲ့တဲ့ Megalodon ငါးမန်းများရဲ့ ကြီးမားလှတဲ့းသွားများ

သြစတြေးလျသိပ္ပံပညာရှင်တွေဟာ အိန္ဒိယသမုဒ္ဒရာရေနက်ပိုင်းမှာ ငါးမန်းတွေရဲ့ဘိုးဘေးလို့ဆိုရမယ့် Megalodon ငါးမန်းတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေပါဝင်တဲ့ ငါးမန်းသင်္ချိုင်းတစ်ခုကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ငါးမန်းမျိုးစိတ်အသစ်တစ်မျိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com သြစတြေးလျနိုင်ငံ အမျိုးသားသိပ္ပံအေဂျင်စီ၊ ဓနသဟာယသိပ္ပံနှင့်စက်မှုသုတေသနအဖွဲ့ (သို့မဟုတ်) CSIRO မှလုပ်ဆောင်နေတဲ့ သုတေသနရေယာဉ် (RV) Investigator က အခုလိုစူးစမ်းရှာဖွေမှုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၎င်းသုတေသနရေယာဉ်ဟာ သြစတြေးလျရဲ့ အဏ္ဏဝါဘေးမဲ့တောများကို စူးစမ်းလေ့လာခဲ့သလို ဝေးလံခေါင်သီလှတဲ့ အိန္ဒိယသမုဒ္ဒရာထဲက Cocos (Keeling) ကျွန်းစု၊ အဏ္ဏဝါပန်းခြံနဲ့ သြစတြေးလျအနောက်ပိုင်းကမ်းရိုးတန်းရှိ […]

Entertainment

မျက်နှာ နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်ပြီးမှ ပိုမိုအောင်မြင်ကျော်ကြားလာတဲ့ ဆယ်လီများ

ယနေ့ ကမ္ဘာကျော်အမျိုးသမီးဆယ်လီတစ်ချို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ မျက်နှာသွင်ပြင်တွေဟာတစ်ချိန်ကတော့ အလွန်ချောမောပြေပြစ်နေကြတာမဟုတ်ပါဘူး။ ပလက်စတစ်ဆာဂျရီလုပ်ပြီး ခွဲစိတ်ပြုပြင်ထားလို့သာ ဒီနေ့လိုအောင်မြင်ကျော်ကြားလူသိများတဲ့ အခြေအနေတွေကိုရောက်ရှိလာကြတာဖြစ်ပါတယ်။ သူတို့တွေထဲကတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ ကေတီပယ်ရီ (Katy Perry) ၂။ မီဂန်ဖောက်စ် (Megan Fox) ၃။ တေလာဆွစ်ဖ် (Taylor Swift) ၄။ ကိုင်လီဂျန်နာ (Kylie Jenner) ၅။ ကာဒီဘီ (Cardi B) ၆။ ကင်မ်ကာဒါရှီယန် (Kim Kardashian) […]

News

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း ဆုကြေးဘယ်လောက်ရခဲ့သလဲ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အားကစားပြိုင်ပွဲတွေအနက် အကြီးကျယ်ဆုံးနဲ့အခမ်းနားဆုံး ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ မိမိတို့ကိုယ်စားပြုတဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားကြတဲ့ပြိုင်ပွဲဆိုရင်လည်းမမှားပါဘူး။ shwekhitonlinetv.com ဒါဆိုရင် ဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့အသင်းအနေနဲ့ နိုင်ငံအတွက်အမြင့်ဆုံးဂုဏ်သိက္ခာအပြင် ဆုကြေးငွေကရော ဘယ်လောက်အထိတောင် ရရှိကြမလဲ ? အားကစားပရိသတ်အများစုကတော့ ဒီအကြောင်းအရာကို သိရှိပြီးဖြစ်နိုင်ပေမယ့် မသိသေးတဲ့သူတွေအတွက် ဗဟုသုတအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင့်အလိုက်ချီးမြှင့်တဲ့ ဆုကြေးငွေတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာသန်း (၄၄၀) ပေးအပ်ချီးမြှင့်သွားဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က […]

Knowledge

ကာတာဘုရင် ကိုယ်တိုင်မက်ဆီကို ဆင်မြန်းပေးခဲ့တဲ့ ဝတ်ရုံက ဘာအဓိပ္ပါယ်ဆောင်သလဲ

ကမ္ဘာ့ဖလားဆုချီးမြှင့်ပွဲမှာ ကာတာဘုရင် မက်ဆီကို ဆင်မြန်းပေးခဲ့တဲ့ အနက်ရောင် ဝတ်ရုံက Bisht (The Robe) လို့ ခေါ်ပါတယ်။ အာရေဗျစစ်သည်တော်တွေဟာ အောင်ပွဲရရှိပြီးချိန်မှာ ဒီဝတ်ရုံကို ဝတ်ဆင့်လေ့ရှိပြီး တော်ဝင်မိသားစုကလည်း တန်ဖိုးထားဝတ်ဆင်ကြပါတယ်။ shwekhitonlinetv.com ကာတာနိုင်ငံမှာ အလွန်ချမ်းသာတဲ့ဘီလျံနာတစ်ယောက်ဖြစ်နေပါစေအုံးတော့ ဒီဝတ်ရုံဝတ်ခွင့်ရဖို့ အခွင့်အရေးမရှိပါဘူး။ ဒီဝတ်ရုံကို ကာတာတော်ဝင်မိသားစုအပြင် ဝတ်ဆင်ခွင့်ရကောင်းရနိုင်တာက အောင်ပွဲရပြီးပြန်လာတဲ့စစ်သူကြီးတွေသာရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com ဒီဝတ်ရုံဝတ်ခွင့်ရရင် ကာတာတော်ဝင်မိသားစုဝင်အဖြစ် အသိအမှတ်ပြုခံရပြီ။ ဒီဝတ်ရုံကို ကာတာဘုရင်ကိုယ်တိုင်က မက်ဆီကို ခြုံပေးခဲ့တယ်။ ဒါဟာ မက်ဆီကို […]