Entertainment

ရုပ်ရှင်သမိုင်းတစ်လျှောက် စိတ်ခံစားမှုအပေးနိုင်ဆုံး ရုပ်ရှင်ဇာတ်ကားများ

ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သမိုင်းတစ်လျှောက်စိတ်ခံစားမှုဆိုင်ရာ ရသအပေးစွမ်းနိုင်ဆုံးရုပ်ရှင်ဇာတ်ကားတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်ဇာတ်ကားတွေများဖြစ်နေမလဲဆိုတာ ရှုစားလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ Titanic (1997) Titanic ရုပ်ရှင်ဇာတ်ကားကတော့ အချစ်နဲ့ ကံကြမ္မာဖြစ်ရပ်ဆိုးကြီးတစ်ခုအကြောင်းကို ရောနှောရိုက်ကူးထားတဲ့ ဂန္ဒဝင်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ မင်းသားလီယိုနာဒိုဒီကာပရီယို နဲ့ မင်းသမီးကိတ်ဝင်းစလက်တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားဟာ အော်စကာဆု (၁၁) ဆုရရှိခဲ့တဲ့အထိအောင်မြင်ခဲ့ပြီး Box Office ရဲ့ထာဝရဝင်ငွေအကောင်းဆုံးရုပ်ရှင်ကား (၁၀) ကားမှာလည်း ဒီနေ့ချိန်ထိအောင် ထိပ်တန်းအဆင့်မှာရပ်တည်လျှက်ရှိပါတယ်။ ဒီကားကိုကြည့်ဖူးတဲ့သူတိုင်း ကြေကွဲလွမ်းမောဖွယ်ရာအချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရင်ထဲမှာစွဲနေအောင်ခံစားမိကြမှာအမှန်ပါပဲ။ shwekhitonlinetv.com ၂။ […]

News

၂၀၅၀ မှာ အာကာသဓာတ်လှေကားတည်ဆောက်ဖို့စီစဉ်နေပြီဖြစ်တဲ့ ဂျပန်ကုမ္ပဏီ

ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Obayashi ဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ အာကာသနဲ့ဆက်သွယ်နိုင်မယ့် ဓာတ်လှေကားကိုတည်ဆောက်ဖို့အတွက် အစီအစဉ်ဆွဲနေပြီဖြစ်ကြောင်းသိရပါတယ်။shwekhitonlinetv.com ဒီဓာတ်လှေကားကတစ်ဆင့် ကမ္ဘာမြေကနေ အာကာသထဲက၎င်းတို့လွှတ်တင်ထားမယ့် အာကာသစခန်းကို အာကာသယာဉ်မလိုဘဲသွားရောက်နိုင်မှာဖြစ်ပါတယ်။ အာကသယာဉ်မှုးတွေအတွက်လည်း အာကာသထဲကအခြားနေရာတွေကိုသွားရောက်ဖို့အတွက် အဲ့ဒီစခန်းကို ဆိပ်ကမ်းသဘောမျိုး တည်ဆောက်ထားမှာလည်းဖြစ်ပါတယ်။shwekhitonlinetv.com ဒီအာကသစခန်းနဲ့ ဆက်သွယ်ထားတဲ့ဓာတ်လှေကားမှာတော့ Carbon Nanotube Pulley နည်းပညာကို အသုံးပြုပြီး အလွန်ခိုင်ခံ့တဲ့ Cable တွေကိုအသုံးပြုသွားမှာဖြစ်တယ်လို့သိရပြီး တစ်ကြိမ်ကို လူအယောက် (၃၀) နည်းပါးတင်ဆောင်သွားနိုင်ဖို့ စီစဉ်ထားကြောင်းလည်းသိရပါတယ်။shwekhitonlinetv.com […]

World Top

ဘောလုံးသမိုင်းတစ်လျောက် ငွေကြေးအကုန်အကျအများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲများ

(၄) နှစ်တစ်ကြိမ်ကျင်းပပြုလုပ်တဲ့ ဖီဖာအမျိုးသားကမ္ဘာ့ဖလားရဲ့ (၂၂) ကြိမ်မြောက်ပြိုင်ပွဲကိုတော့ အာရှတိုက်က ကာတာနိုင်ငံမှာလာမယ့် နိုဝင်ဘာ (၂၀) ရက်နေ့ကနေ ဒီဇင်ဘာ (၁၈) ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အငြင်းပွားဖွယ်ရာအများအပြားရှိခဲ့ပြီး ဆောင်းရာသီမှာကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် အိမ်ရှင်ကာတာနိုင်ငံဟာ အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံအထိအသုံးပြုထားလို့ ဖီဖာရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ငွေကြေးအများဆုံးသုံးစွဲခဲ့ရတဲ့ ပြိုင်ပွဲအဖြစ်လည်းစံချိန်တင်သွားခဲ့ရပါတယ်။ ဖီဖာရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ငွေကြေးကုန်ကျမှုအများဆုံးအသုံးပြုခဲ့ရတဲ့ ပြိုင်ပွဲတွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ ၁၉၉၈ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၂.၃) […]

Knowledge

ကမ္ဘာကြီးအတွက်အာကာသထဲကို စောင့်ကြည့်ပေးနေသူ (သို့မဟုတ်) ဟက်ဘယ်တယ်လီစကုပ်

ဟက်ဘယ်တယ်လီစကုပ် (Hubble Space Telescope) ဟာ အာကာသအတွင်းမှာရှိတဲ့ ကြီးမားတဲ့ တယ်လီစကုပ်ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ဧပြီလ (၂၄) ရက်နေ့မှာ အာကာသလွန်းပျံယာဉ် Discovery ဖြင့် လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ၅၄၇ ကီလိုမီတာ (၃၄၀ မိုင်) ခန့်အကွာမှာလည်ပတ်နေပါတယ်။ shwekhitonlinetv.com ဟက်ဘယ်တယ်လီစကုပ်ရဲ့အရှည်ဟာ ၄၃.၅ ပေ (၁၃.၂ မီတာ) ရှိကာ ကျောင်းကားတစ်စီးရဲ့ အရှည်လောက်ရှိပြီး အလေးချိန်ကတော့ အရွယ်ရောက်ပြီးတဲ့ ဆင်နှစ်ကောင်ရဲ့ အလေးချိန်နဲ့ […]

Knowledge

ခွေးလေးတွေက သင့်ကိုချစ်ခင်တယ်ဆိုတာကို ဖော်ပြတက်တဲ့ အမူအရာများ

အိမ်မွေးတိရိစ္ဆာန်တွေထဲမှာ ခွေးလေးတွေဟာ အရမ်းကိုချစ်ဖို့ကောင်းကြပြီး သခင်အပေါ်မှာလည်း အရမ်းကိုသစ္စာရှိတတ်ကြပါတယ်။ သူတို့ဟာ လူအများစုကို ခင်တတ်ပေမယ့် သူတို့ တကယ်ချစ်ရတဲ့သူကိုတော့ တစ်မူထူးခြားတဲ့ အမူအရာလေးတွေ လုပ်ပြတတ်ကြပါတယ်။ တကယ်လို့ သင့်မှာ ခွေးလေးတစ်ကောင် ပိုင်ဆိုင်ထားတယ်ဆိုရင် သင့်ကို သူတို့အနေနဲ့ ချစ်ခင်ကြောင်းပြသတက်သလဲဆိုတာ သတိထားမိဖို့အတွက် အခုအကြောင်းအရာလေးကို လေ့လာဖတ်ရှုသင့်ပါတယ်။ shwekhitonlinetv.com ၁။ သင့်အနောက်ကိုတကောက်ကောက်လျှောက်လိုက်တယ် ခွေးလေးတွေရှိတယ်ဆိုတာ တစ်ကယ်တော့သင့်မှာ ဒုတိယမြောက်အရိပ်တစ်ခုရှိနေတာနဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးလေးတွေကကိုယ့်ရဲ့သခင်ကိုချစ်တဲ့အခါ သခင်သွားလေရာလျှောက်လိုက်တာ၊ လိုက်ပို့တာမျိုးတွေပြုလုပ်တက်လို့ပါ။ ဒါပေမယ့်တစ်ချို့ခွေးလေးတွေက သူတို့ဘာသာလွတ်လွတ်လပ်လပ်နေတက်ကြတာမျိုးလည်းရှိလို့ ဒီလိုအနောက်ကလျှောက်မလိုက်တိုင်း […]

Entertainment

ပုံမှန်မဟုတ်တဲ့နေရာတွေမှာ ထူးခြားတဲ့တက်တူးတွေ ထိုးထားကြတဲ့ ကမ္ဘာကျော်ဆယ်လီများ

ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်မှာတော့ ထူးထူးခြားခြားအဓိပ္ပါယ်နဲ့တက်တူးတွေကို ပုံမှန်မဟုတ်တဲ့နေရာတွေမှာ ရေးထိုးထားကြတဲ့ ကမ္ဘာကျော် Cele တွေအကြောင်းလေးဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ ဟာဝိုင်အီနွယ်ဖွားအမေရိကန်သရုပ်ဆောင် ဂျေဆွန်မိုမိုအာ (Jason Momoa) ကတော့သူ့ရဲ့ဦးခေါင်း ဘေးခြမ်းမှာ တက်တူးတွေထိုးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ လေဒီဂါဂါ (Lady Gaga) ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အင်္ဂလိပ်လူမျိုး တေးရေး၊ တေးဆို ဒေးဗစ်ဘိုဝီ (David Bowie) ရဲ့မျက်နှာပုံကိုသူမရဲ့ ကိုယ်မှာတက်တူးထိုးထားပါတယ်။ shwekhitonlinetv.com ၃။ နာမည်ကျော်အဆိုတော် ပို့စ်မာလုန်း (Post Malone) […]

Amazing

Anechoic Chambers (သို့မဟုတ်) လူတွေကို စိတ္တဇဖြစ်စေနိုင်တဲ့အခန်းများ

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်က (Minnesota)၊ အော်လ်ဖီးလ်စမ်းသပ်ခန်း (Orfield Labs) မှာတော့ ရူးတွေကိုရူးသွပ်အောင်ပြုလုပ်နိုင်တဲ့ Anechoic Chamber ဆိုတဲ့စမ်းသပ်ခန်းတစ်ခုရှိပါတယ်။ shwekhitonlinetv.com အခန်းတစ်ခန်းကဘယ်လိုကြောင့် လူတွေကိုရူးသွပ်သွားစေနိုင်ရသလဲလို့မေးလာခဲ့ရင်တော့ အဲ့ဒီလူကို ဒီအခန်းထဲနာရီအနည်းငယ်လောက် တစ်ယောက်တည်း ထည့်ထားတာကအကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်။ နာရီအနည်းငယ်ကြာလို့ ဒီအခန်းထဲကနေပြန်ထွက်လာပြီးမရူးသွပ်ဘူးဆိုရင်တော့ ဒီလူက ပုံမှန်မဟုတ်တဲ့ အာဂလူဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com ဘာကြောင့်အခုလိုပြောရသလဲဆိုတော့ ဒီအခန်းက သင့်အိမ်ကလိုသာမန်အခန်းတစ်ခုမဟုတ်ဘဲ သုတေသနလုပ်ငန်းတွေအတွက် အထူးပြုလုပ်ထားတဲ့အခန်းတစ်ခန်းဖြစ်နေလို့ပါ။ shwekhitonlinetv.com ကမ္ဘာပေါ်မှာအတိတ်ဆိတ်ဆုံးအခန်းဆိုပြီး ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ဒီအခန်းအတွင်းပျမ်းမျှတိတ်ဆိတ်မှု အဆင့်ဟာ အနုတ် (၉) ဒက်ဆီဘယ် (-9 […]

Fun

လုပ်အားခအပြည့်အဝမရရှိတဲ့ အလုပ်သမားတွေရဲ့ ပညာပြမှုများ

ဆောက်လုပ်ရေးအင်ဂျင်နီယာတွေ၊ အလုပ်သမားတွေကို ငှားရမ်းစေခိုင်းတဲ့အခါ လုပ်အားခကိုအတိအကျရှင်းပေးသင့်ပါတယ်။ နောက်ပြီး သူဌေးတစ်ယောက်၊ အထက်လူကြီးတစ်ယောက်အနေနဲ့လည်း လုပ်ငန်းခွင်ထဲမှာ လက်အောက်ငယ်သားတွေကို ပျော်အောင်ထားသင့်ပါတယ်။ ဘာကြောင့်အခုလိုပြောရသလဲဆိုတာ အောက်ကပုံလေးတွေကို ကြည့်ရင်သဘောပေါက်သွားပါလိမ့်မယ် ….. shwekhitonlinetv.com ၁။ ဒီ TV ကို ဘယ်လိုသဘောနဲ့ကြောင့်များ အခုလိုမျိုးလုပ်ပစ်လိုက်တာပါလိမ့်။ shwekhitonlinetv.com ၂။ တော်တော်ဆိုးတဲ့သစ်ပင်တွေ ကိုယ့်နေရာကိုယ်လာမပေါက်ကြဘူး။ shwekhitonlinetv.com ၃။ သံပုရာရည်သောက်ချင်တယ်ဆိုလို့ ရေထဲကိုသံပုရာသီးထည့်ပေးထားခဲ့တယ်။ shwekhitonlinetv.com ၄။ ငါက ဆေးသုတ်သမားလေ မြက်ရိတ်သမားမှဟုတ်တာ။ shwekhitonlinetv.com ၅။ သကြားလုံးတွေထုတ်တဲ့စက်ထဲ သကြားလုံးတွေထပ်ဖြည့်ဆိုလို့ ဖြည့်ထားတယ်လေ။ shwekhitonlinetv.com ၆။ […]

Fun

မြင်တွေ့သူတိုင်း နှစ်ခါပြန်ငေးမောသွားရစေမယ့် အထာကျကျအိတ်ဒီဇိုင်းများ

အခုတစ်ခေါက်မှာတော့ နိုင်ငံတကာကအိုင်ဒီယာအလွန်ကောင်းလွန်းတဲ့ဒီဇိုင်နာတွေရဲ့ အထာကျကျဖန်တီးထားတဲ့ အိတ်ပုံစံဒီဇိုင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူသလို အမြင်ဆန်းစေမယ့်ဒီဇိုင်းတွေဖြစ်တာကြောင့် ဒီအိတ်လေးတွေကို ကိုင်ဆောင်ထားတဲ့သူတွေကို မြင်သူတိုင်းကအနည်းဆုံး (၂) ခါလောက်တော့လည်ပြန်ကြည့်မိစေမှာ အမှန်ပါပဲ။ shwekhitonlinetv.com ၁။ Blush Lingerie: X-Ray Bag ၂။ YKM: Jump Rope Bag ၃။ ASPE Crime Stories: Revolver Bag ၄။ Buddies: Pet On A Leash […]

World Top

နိုင်ငံသားတစ်ဦးချင်းစီအလိုက် ပျမ်းမျှ IQ အမြင့်ဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံ

ဒီတစ်ခေါက်မှာတော့ သုတေသနစစ်တမ်းတွေကနေရရှိတဲ့အချက်အလက်တွေအရ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားတစ်ဦးချင်းစီအလိုက် ပျမ်းမျှ IQ အမြင့်ဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁၀။ နယ်သာလန် – (၁၀၀.၇၄) ဒီစာရင်းရဲ့ အဆင့် (၁၀) မှာရှိနေတာကတော့ဥရောပတိုက်ကနယ်သာလန်နိုင်ငံဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာလူဦးရေ (၁၇.၄၄) သန်းနေထိုင်တဲ့နိုင်ငံဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level ဟာ (၁၀၀.၇၄) ရှိပါတယ်။ shwekhitonlinetv.com ၉။ လက်ချင်စတိန်း – (၁၀၁.၀၇) လူဦးရေ (၃၈၀၀၀) ကျော်ပဲရှိတဲ့ ဥရောပနိုင်ငံငယ်လေး […]