Amazing

ကမ္ဘာ့ထိတ်လန့်ဖွယ်အကောင်းဆုံး တံတား (၅) စင်းနှင့် နောက်ကွယ်က သမိုင်းကြောင်းများ

ကမ္ဘာပေါ်မှာထူးထူးခြားခြားပုံစံဒီဇိုင်းတွေနဲ့ စိတ်ဝင်စားဖွယ်နောက်ခံသမိုင်းကြောင်းတွေရှိနေတဲ့ တံတားတွေအများအပြားရှိပါတယ်။ ဒီအထဲကမှ ရွှေခေတ်ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့် တံတား (၅) ခုကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ခွေးတွေကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့ တံတား (Dog Sucide Bridge) ကမ္ဘာပေါ်မှာလျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ အန္တရာယ်အရှိဆုံးတံတားတစ်စင်းကတော့ စကော့တလန်နိုင်ငံ ရဲ့ ဒမ်ဘာတန်ဒေသမှာတည်ရှိပါတယ်။ ဒီတံတားက အန္တရာယ်ရှိတယ်ဆိုတာကတော့ လူသားတွေအတွက်ပဲ ခွေးတွေအတွက် အန္တရာယ်ရှိတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတံတားကိုရောက်ရှိဖြတ်သန်းခဲ့ကြဖူးတွေ ခွေးတွေဟာ အကြောင်းမဲ့တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ်သေကြောင်း ကြံကြလေ့ရှိလို့ပဲဖြစ်ပါတယ်။ ဘာအကြောင်းပြချက်ကြောင့် ခွေးတွေဟာ […]

Knowledge

ကမ္ဘာကျော် သူဌေးကြီး Elon Musk ရဲ့ စိတ်ဝင်စားစရာ အကြောင်းများ

Elon Musk ဆိုတဲ့ပုဂ္ဂိုလ်ကတော့ ဒီနေ့ခေတ်လူကြီးလူငယ်မရွေး သိရှိပြီးသားကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူနဲ့ပတ်သတ်ပြီးအထွေအထူးပြောစရာမရှိဘဲ လူသိနည်းတဲ့သူ့ရဲ့ အကြောင်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Telsa အား Google သို့ရောင်းချဖို့ ဆက်သွယ်ခဲ့ဖူးခြင်း Elon Musk ဟာ Telsa ရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာ Google သူဌေးကြီး Larry Page ကိုဆက်သွယ်ပြီး Telsa ကိုရောင်းချဖို့အတွက်ဆက်သွယ်ခဲ့ဖူးပါတယ်။ သူတို့ဟာ အမေရိကန်ဒေါ်လာ (၆) ဘီလီယံနဲ့ ကနဦးဈေးသဘောတူညီမှုရရှိခဲ့ပေမယ့် တစ်ကယ်တမ်းလက်တွေ့အရောင်းအဝယ်ကတော့ […]

World Top

အစားအသောက်နှင့် ပတ်သတ်ပြီး အသန့်ရှင်းဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့်ဘယ်လောက်ရသလဲ

Economist ဆိုတဲ့ဝက်ဘ်ဆိုက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့နိုင်ငံအသီးသီးရဲ့ အစားအသောက်တွေနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကို စစ်တမ်းတွေကောက်ယူပြီး ကြေညာချက်တွေထုတ်ပြန်ပေးလေ့ရှိတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်အနေနဲ့ ၂၀၂၂ ခုနှစ်မှာ အစားအသောက်နဲ့ပတ်သက်လို့ အန္တရာယ်အကင်းဆုံးနဲ့ ဘေးဥပါဒ်အနည်းဆုံး နိုင်ငံတွေကိုထုတ်ပြန်ပေးခဲ့ပါတယ်။ shwekhitonlinetv.com အစားအစာသန့်ရှင်းလတ်ဆတ်မှုဟာ နိုင်ငံတစ်နိုင်ငံမှာမှီတင်းနေထိုင်တဲ့ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့တိုက်ရိုက်အချိုးကျနေပြီး ကျွန်တော်တို့မြန်မာနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၇၂) နေရာမှာ ရမှတ် (၅၇.၆) မှတ်နဲ့ရပ်တည်လျှက်ရှိပါတယ်။ ဒီစာရင်းမှာဦးဆောင်နေတဲ့ ထိပ်ဆုံး (၁၀) နိုင်ငံကိုဖော်ပြရမယ်ဆိုရင်တော့ …. shwekhitonlinetv.com ၁၀။ ပေါ်တူဂီ – (၇၈.၇) မှတ် […]

Amazing

သင့်ရဲ့အမြင်အာရုံကို ကောင်းကောင်းကြီးလှည့်စားပစ်နိုင်တဲ့ အမိုက်စား ဓာတ်ပုံများ

အမြင်အာရုံကိုလှည့်စားနိုင်တဲ့ ဓာတ်ပုံတွေအနုပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာအမြောက်အမြားရှိပါတယ်။ ဒါပေမယ့်အခုဖော်ပြပေးမယ့် ပုဂ္ဂိုလ်တွေကတော့ သူတို့ကျွမ်းကျင်တဲ့ဘာသာရပ်မှာ သူမတူအောင်ထူးချွန်ပြီး ပြောစမှတ်တွင်စေမယ့် ကမ္ဘာကျော်အနုပညာလက်ရာတွေကိုဖန်တီးခဲ့ကြသူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရာတွေက သင့်ကိုဘယ်လိုများအံ့အားသင့်စေမလဲဆိုတာကြည့်ရှုလိုက်ပါဦးနော် …..  shwekhitonlinetv.com ၁။ နံရံပေါ်မှာလမ်းလျှောက်နေသူများ Strk လို့လူသိများကြတဲ့ နော်ဝေး Street Artist တစ်ဦးဖြစ်သူ Anders Gjennestad မျက်လုံးကိုလှည့်စားနိုင်တဲ့ 3D ပန်းချီပေါင်းများစွာကိုဖန်တီးခဲ့တဲ့သူဖြစ်ပါတယ်။ ဒီပုံမှာတော့ ကျောင်းတစ်ခုရဲ့ နံရံပေါ်မှာလမ်းလျှောက်နေကြတဲ့ သူတွေကိုသူ့အနေနဲ့အကောင်းဆုံးပုံဖော်ထားပါတယ်။ လက်ရာမြောက်ပြီး သဘာဝကျလွန်းတဲ့ အရိပ်ဖန်တီးမှုတွေကြောင့် ဒီပုံဟာ […]

News

မြန်မာငွေသိန်း (၁၁၂၀) ကျော်နဲ့လေလံအောင်သွားခဲ့တဲ့ ပထမဆုံး iPhone (iPhone 1st Gen)

iPhone တွေကိုထုတ်လုပ်နေတဲ့ Apple ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပြုလုပ်ခဲ့တဲ့ LCG လေလံပွဲမှာ iPhone ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ (First Generation) ဖြစ်တဲ့ ဖုန်းကိုလေလံတင်ရောင်းချခဲ့ပါတယ်။ shwekhitonlinetv.com ဒီလိုရောင်းချရမှာတော့ ဒီဖုန်းကိုတစ်စုံတစ်ယောက်က အမေရိကန်ဒေါ်လာ (၃၉၃၃၉.၆၀) နဲ့ လေလံဆွဲဝယ်ယူသွားခဲ့ပါတယ်။ ဒါဟာ ဒီဖုန်းရဲ့မူရင်းဈေးဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၅၉၉) ဒေါ်လာရဲ့ (၆၅) ဆကျော် ပမာဏလည်းဖြစ်ပြီး မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုတော့ သိန်း (၁၁၂၀) ကျော်ရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com ဒီဖုန်းကိုစတင်ထုတ်လုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ (၁၅) […]

Uncategorized

သင်သိရင် မျက်လုံးပြူးသွားမယ့် စျေးအကြီးဆုံး အလှစိုက်ပန်းပင်တွေရဲ့ စျေးနှုန်းများ

“အလှစိုက်တဲ့ပန်းပင်တစ်ပင်က ဘယ်လောက်တန်မှာမို့လို့လဲကွာ” အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကိုဖတ်ပြီးရင်တော့ သင့်အနေနဲ့ ဒီစကားကိုပြောထွက်ဖို့အတွက် အနည်းငယ်စဉ်းစားသွားရပါလိမ့်မယ်။ ဘာကြောင့်လဲသိချင်ရင်တော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၈။ Pink Plant Sensation အိမ်တွင်းအလှစိုက်တဲ့အပင်တွေထဲမှာတော့ Pink Plant Sensation ပန်းပင်ကအတော်လေးကိုဈေးကြီးတယ်လို့ဆိုရမှာပါ။ မြန်မာအခေါ် ပိန်းပန်းပင်မျိုးနွယ်တစ်မျိုးဖြစ်တဲ့ ဒီပန်းပင်ဟာ မျိုးစပ်စမ်းသပ်အောင်မြင်ထားတာဖြစ်ပြီး တစ်ပင်ကို ဒေါ်လာ (၂၀၀) လောက်တန်ကြေးရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com ၇။ Variegated Philodendron Minima ဒီအပင်ကိုတော့ ဆွစ်ဒိန်ခဲပင်လို့လည်း အလွယ်ခေါ်ကြပါတယ်။ သာမန်အပင်တစ်ပင်ကို ပျမ်းမျှအားဖြင့် […]

Knowledge

သမိုင်းထဲက စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့ ဓာတ်ပုံ (၁၀) ပုံ

ရှေးဟောင်းဓာတ်ပုံတွေနဲ့ပတ်သတ်ပြီးစိတ်ဝင်တစားရှိကြတဲ့ ရွှေခေတ်ပရိသတ်ကြီးအတွက် အခုတစ်ခါမှာလည်း သမိုင်းတွင်ခဲ့တဲ့ ရှားပါးဓာတ်ပုံလေးအချို့ကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် …… shwekhitonlinetv.com ၁။ UK မှာရှိတဲ့ Stonehenge ကို ပြန်လည်ပြုပြင်တည်ဆောက်နေမှု။ ကျောက်တုံးကြီးတွေဟာ အလေးချိန် တန် (၆၀) နီးပါးထိလေးလံတယ်လို့သိရပါတယ်။ shwekhitonlinetv.com ၂။ ၁၉၆၃ ခုနှစ်က ရန်ကုန်မြို့မှာတွေ့ရတဲ့ ဘတ်စကားစပါယ်ယာ အမျိုးသမီးများ။ shwekhitonlinetv.com ၃။ ကမ္ဘာ့အကြီးဆုံး သစ်လုံးအိမ်ကြီး။ ဒီအိမ်ကြီးကိုတော့ ၁၉၀၅ ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှာတော့ မီးလောင်တဲ့ထဲပါသွားခဲ့ပါတယ်။ shwekhitonlinetv.com ၄။ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ရဲ့ ကျောက်မီးသွေးမိုင်းတစ်ခုမှ […]

Knowledge

ကမ္ဘာပေါ်မှာတော့ တိရိစ္ဆာန်တွေနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ ဗဟုသုတ (၁၀) ချက်

ကမ္ဘာပေါ်မှာတော့ တိရိစ္ဆာန်မျိုးစိတ်ပေါင်းဟာ သန်းချီပြီးတော့ကိုရှိနေပါတယ်။ ဒီနေ့မှာတော့ ဒီလိုသန်းချီပြီးရှိတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေထဲကမှ ထူးခြားပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ တိရိစ္ဆာန်လေးတွေရဲ့ အကြောင်းအချက်လေးတစ်ချို့ကိုဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်နော် ….. shwekhitonlinetv.com ၁။ ရေခူ (Jellyfish) တွေဟာ ဒိုင်နိုဆောတွေထက်ပိုပြီး ရှေးကျတဲ့ သက်ရှိတွေဖြစ်ပါတယ်။ ရေခူ (Jellyfish) တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းသန်း (၅၀၀) လောက်ကတည်းက ကမ္ဘာပေါ်မှာရှင်သန်နေထိုင်ခဲ့ကြတာဖြစ်ပြီး ဒိုင်နိုဆောတွေထက် နှစ်ပေါင်းသန်း (၂၅၀) လောက်ပိုရှေးကျတဲ့ သက်ရှိတွေဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါးဟာ ရေဓာတ်တွေနဲ့ပြည့်ဝနေတာကြောင့်မို့လို့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရတာကတော့ အလွန်ကိုရှားပါးပါတယ်။ shwekhitonlinetv.com […]

Amazing

သိပ္ပံပညာနဲ့ လက်လှမ်းမမှီနိုင်ဘဲ အဖြေရှာမရတဲ့ကိစ္စကြီး (၅) ခု

တိုးတက်နေတဲ့ဒီနေ့ခေတ်မှာတော့ လူသားတွေရဲ့နေ့စဉ်ဘဝမှာ သိပ္ပံပညာရပ်ဟာအလွန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာနဲ့ လက်လှမ်းမမှီနိုင်ဘဲ အဖြေရှာမရတဲ့ကိစ္စတွေကတော့ ဟိုးပဝေသဋီကနေ ယနေ့ထက်ထိတိုင် ရှိနေပြန်ပါတယ်။ အဲ့ဒီထဲက အထင်ရှားဆုံးဖြစ်ရပ်တစ်ချို့ကို ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ တိရိစ္ဆာန်များအစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းခြင်း တိရိစ္ဆာန်တွေဟာ GPS ကိုအသုံးမပြုဘဲနဲ့မိုင်ထောင်ပေါင်းများစွာဝေးတဲ့ နေရာတွေကိုရွှေ့ပြောင်း နေထိုင်နိုင်ကြပါတယ်။ သူတို့တွေအနေနဲ့ရည်ရွယ်ရာအရပ်ကိုလမ်းမှားသွားတာ၊ လမ်းပျောက်သွားတာမျိုးမရှိတာကတော့ အတော်လေးကိုအံ့သြဖို့ကောင်းလှပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးတော့ သီအိုရီတွေများစွာရှိပေမယ့်လည်း ဘယ်သူမှတော့အတိအကျသိရှိခြင်းမရှိပါဘူး။ ခိုတွေနေရာရွှေ့ပြောင်းခြင်းနဲ့ပတ်သတ်ပြီးအမြဲတစေလေ့လာနေသူတစ်ဦးရဲ့ အင်ဒီပန်းဒန့်သတင်းစာမှာရေးသားခဲ့တဲ့ ဆောင်းပါးမှာတော့ ခိုတွေဟာအမြင်အာရုံ၊ အနံ့ခံအာရုံတွေအပြင် သံလိုက်ဓာတ်ကိုပါအသုံးပြုသွားလာကြတယ်လို့ဖော်ပြထားပါတယ်။ ဒါကလည်းအလုံးစုံးတိတိကျကျသိရှိခြင်းမျိုးမဟုတ်တဲ့အပြင် အခြားတိရိစ္ဆာန်တွေကရော ဘယ်လိုနည်းလမ်းတွေနဲ့လမ်းကြောင်းရှာဖွေမှတ်သားပြီး […]

Fun

နှစ်ခေါက်လောက် သေချာပြန်မကြည့်ရင် အထင်နဲ့အမြင်ကို တက်တက်စင်အောင်လွဲသွားစေနိုင်တဲ့ ပုံလေးတွေ

ဟာသပုံလေးကိုတွေကြည့်ရှုရတာနှစ်သက်တဲ့ ရွှေခေတ်ပရိသတ်တွေအတွက်အခုတစ်ခေါက်မှာတော့ အနည်းဆုံးနှစ်ခေါက်လောက်သေချာပြန်မကြည့်ရင် အထင်နဲ့အမြင်ကို တက်တက်စင်အောင်လွဲသွားစေနိုင်တဲ့ ပုံလေးတွေကိုတင်ဆက်လိုက်ပါတယ်။ သေချာလေးကြည့်ရှုကြည့်ပါဦးနော် ….. shwekhitonlinetv.com ၁။ ဒီပုံကိုကြည့်ပြီးတော့ မှောင်မနေကြနဲ့ဦး။ shwekhitonlinetv.com ၂။ ဒါကတောအုပ်တစ်ခုကိုအပေါ်စီးကနေမြင်နေရတဲ့မြင်ကွင်းမဟုတ်ပါဘူး။ ရေဗွက်အိုင်ငယ်လေးတစ်ခုပါ။ shwekhitonlinetv.com ၃။ မသိရင်တစ်ကယ့်ဝက်ဝံတစ်ကောင် မွေ့ရာပေါ်တက်အိပ်နေတယ်ထက်မိမှာပါ။ shwekhitonlinetv.com ၄။ ဒီကလေးလေးရဲ့ လက်ကတစ်မျိုးပါလား။ shwekhitonlinetv.com ၅။ ဒီကျောင်းဆရာကတော့ စကားပြောရင်းဆီးမအောင့်နိုင်လို့ထင်ပါရဲ့။ shwekhitonlinetv.com ၆။ ရေပန်းနဲ့အမျိုးသားတစ်ဦးချိန်သားကိုက်ဖြတ်လျှောက်သွားပုံက တစ်မျိုးထင်ချင်စရာပါ။ shwekhitonlinetv.com ၇။ ဒါကပန်းချီကားတစ်ချပ်မဟုတ်ပါဘူး။ မှန်တစ်ချပ်ကိုထောင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၈။ ဒီ Bartender ကတစ်မျိုးပါလား။ shwekhitonlinetv.com ၉။ ဒီပုံကိုနားလည်ဖို့အတွက် […]