Paranormal

ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တဲ့ တစ္ဆေသင်္ဘောကြီးတွေ အကြောင်း

ထူးဆန်းတဲ့အကြောင်းအရာ၊ အဖြစ်အပျက်လေးတွေကိုစိတ်ဝင်စားကြတဲ့ ရွှေခေတ်ပရိသတ်ကြီးအတွက်အခုတစ်ခေါက်မှာတော့ ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်တွေနဲ့ သမိုင်းမှာအကျော်ကြားဆုံးဖြစ်ခဲ့တဲ့ တစ္ဆေသင်္ဘောကြီးတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ မေရီဆီလက်စတီ (Mary Celeste) မေရီဆီလက်စတီကတော့ ကမ္ဘာပေါ်မှာလူသိအများဆုံးနဲ့ အကျော်ကြားဆုံးသရဲသင်္ဘောကြီးဖြစ်ပါတယ်။ ဒီသင်္ဘောကြီးဟာ ၁၈၇၂ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ East River ဆိပ်ကမ်းကနေ အရက်စည်ပေါင်း (၁၇၀၀) ကိုတင်ဆောင်ပြီး အီတလီနိုင်ငံ ဂျီနိုအာမြို့ဆိပ်ကမ်းဆီကို ရွက်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီသင်္ဘောကြီးဟာဘယ်တော့မှရောက်ရှိလာခြင်းမရှိခဲ့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ shwekhitonlinetv.com ဒီလိုနဲ့ ၁၈၇၂ […]

Amazing

သဘာဝအတိုင်း အရောင် နှစ်ရောင်စပ်ပြီး လှပနေကြတဲ့ တိရိစ္ဆာန်လေးများ

လောကကြီးမှာရှိတဲ့ လူသားတွေဟာတစ်ခါတစ်ရံမှာ ပုံမှန်မဟုတ်ဘဲထူးခြားတဲ့ အသွေးအမွေး အမှတ်အသားတွေနဲ့ မွေးဖွားလာတက်ကြပါတယ်။ ဒီလိုပါပဲ တိရိစ္ဆာန်တွေဟာလည်း ထူးခြားဆန်းပြားတဲ့ အသွင်အပြင်တွေနဲ့ မွေးဖွားလာတာမျိုးတွေရှိတက်ပါတယ်။ ဒီအချက်ကိုသက်သေပြနေတာကတော့ အောက်မှာဖော်ပြထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဒီကြောင်လေးလိုမျိုး မျက်ခုံးမွှေးလိုချင်ကြလား ? shwekhitonlinetv.com ၂။ ဒီကြက်တူရွေးလေးရဲ့ ခန္ဓာကိုယ်အရောင်ကလည်း မသိရင်ဆေးခြယ်ထားသလိုပါပဲ။ အစိမ်းတစ်ဝက် အပြာတစ်ဝက်နဲ့ ။ shwekhitonlinetv.com ၃။ ဒါကတော့ စပိုက်ဒါမန်းအထာဖမ်းနေတဲ့ ပုတ်သင်ညိုလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၄။ ဒီခွေးကလေးကလည်း မွေးကတည်းကနှာခေါင်းမှာထူးထူးခြားခြား ခြေရာလေးပါလာတယ်လေ။ shwekhitonlinetv.com ၅။ ဘာလို့သူ့ရဲ့ဆံပင်အရောင်ကို […]

Fun

နှစ်ခါပြန်ကြည့်မှ ကောင်းကောင်း သဘောပေါက်နားလည်မယ့် လျှပ်တစ်ပြက်ရိုက်ချက်များ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်ကြီးရဲ့တစ်နေ့တာဘဝအမောတွေကို ဖြေဖျောက်ပေးဖို့အတွက် ဟာသပုံလေးတွေကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ ဟာသပုံတွေဆိုပေမယ့် သေချာမကြည့်ရင်တော့ အဓိပ္ပါယ်တစ်မျိုးအထင်ရောက်စေမှာပါနော် ….. ၁။ ဒီပုံကို သေချာမကြည့်မိရင်တော့ အိုလံပစ်အားကစားပြိုင်ပွဲဝင် မသန်စွမ်းအားကစားသမားတစ်ဦးလို့ထင်မိမှာပါ။ ၂။ ဒီပုံကရော ဘယ်လိုမျိုးရှုထောင့်ကနေရိုက်ထားတာပါလိမ့်။ Photoshop နဲ့ပြုပြင်ထားတာဖြစ်ဖို့များပါတယ်။ ၃။ ဒီမိန်းကလေးနှစ်ဦးရဲ့ပုံကလည်း အနည်းဆုံးသင့်ကို နှစ်ခေါက်လောက်ပြန်ကြည့်မိစေမှာပါ။ ၄။ ဒီပုံကိုရုတ်တရက်ကြည့်ပြီး ဘာကိုအရင်မြင်မိကြလဲ။ ၅။ ဒီလူကတော့အတော် ခန္ဓာကိုယ်ရှည်လျားတာပဲနော်။ ၆။ မသိရင်တော့တစ်ကယ့်ခြင်္သေ့တစ်ကောင်ကို ဆွဲခေါ်လာသလိုပါပဲ။ လက်ရာမြောက်လိုက်တာ။ ၇။ ဒီကလေးမရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက […]

World Top

၂၀၂၁ ခုနှစ်အတွင်း Wikipedia မှာ လူစိတ်ဝင်စားမှုအရှိဆုံးနဲ့ ဝင်ရောက်ဖတ်ရှုမှုအများဆုံးစာမျက်နှာ (၁၀) ခု

Wikipedia ဆိုတာဟာ အင်တာနက်ပေါ်ကစွယ်စုံကျမ်းကြီးတစ်ခုအဖြစ်လူအများသိရှိထားကြပါတယ်။ Wikipedia မှာ တစ်လောကလုံးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာအဖြစ်အပျက်မျိုးစုံကို အင်တာနက်အသုံးပြုသူတွေအနေနဲ့ လေ့လာဖတ်ရှုနိုင်ပါတယ်။ စစ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း Wikipedia မှာလူစိတ်ဝင်စားမှုအရှိဆုံးနဲ့ ဝင်ရောက်ဖတ်ရှုမှုအများဆုံးစာမျက်နှာ (၁၀) ခုကိုဖော်ပြရမယ်ဆိုရင်တော့ …… shwekhitonlinetv.com ၁။ Death in 2021 ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဝီကီပီဒီးယားမှာ ဝင်ရောက်ဖတ်ရှုမှုအများဆုံးအကြောင်းအရာကတော့ Death in 2021 ပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ ဝင်ရောက်ဖတ်ရှုသူစုစုပေါင်း (၄၅,၃၈၅,၉၁၄) […]

Entertainment

ဘယ်သူမှ မစဥ်းစားမိတဲ့ အရာတွေကို ဖန်တီးခဲ့ကြတဲ့ ဇနီးမောင်နှံ နှစ်ဦး

ခရစ္စတို နဲ့ ဂျင်းမ်ကလော်ဒီ ဆိုတာကတော့ ပတ်ဝန်းကျင်ဆိုင်ရာ Installation Arts တွေကို ထူးထူးခြားခြားဖန်တီးခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပါတယ်။ ဝါသနာတူတဲ့ ဒီဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) အတွင်းမှာ ဘယ်သူမှမစဉ်းစားမိတဲ့ အရာတွေကိုအတူတကွဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ဘယ်လိုအရာတွေဖန်တီးခဲ့သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော် ……. shwekhitonlinetv.com ၁။ ထုပ်ပိုးထားတဲ့သစ်ပင်များ ထူးထူးဆန်းဆန်းပရောဂျက်တွေကို တီထွင်ဖန်တီးရတာဝါသနာပါတဲ့အနုပညာရှင် (၂) ဦးဖြစ်တဲ့ခရစ္စတိုနဲ့ ဂျင်းမ်ကလော်ဒီ တို့ဟာ ၁၉၉၈ ခုနှစ်မှာတော့ Berower Park မှာရှိတဲ့ […]

News

ဒုတိယမြောက်အဲလိဇဘတ်ဘုရင်မကြီး (Queen Elizabeth II) နတ်ရွာစံပြီးနောက်ဘာတွေဖြစ်လာမလဲ

၁။ “Operation London Bridge” ကိုစတင်မှာဖြစ်ပါတယ်။ Operation London Bridge ဆိုတာကတော့ အဲလိဇဘတ်ဘုရင်မကြီးအတွက် နိုင်ငံတော်ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အစီအစဉ်တွေလို့ အလွယ်မှတ်ယူလို့ရပါတယ်။ shwekhitonlinetv.com ၂။ ချားလ်မင်းသားဟာ ဘုရင်ဖြစ်လာမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ လန်ဒန်မြို့အနှံ့က ဘုရားကျောင်းတွေမှာခေါင်းလောင်းသံတွေ ညံနေမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၄။ White Hall အပါအဝင်နေရာအများစုမှာနိုင်ငံတော်အလံကို တစ်ဝက်သာလွှင့်ထူကြမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၅။ လွှတ်တော်နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို (၁၀) ရက်ကြာရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၆။ ယူကေမှာတော့ ဘုရင်မကြီးကွယ်လွန်တဲ့နေ့ကို တစ်မျိုးသားလုံးဆိုင်ရာဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ shwekhitonlinetv.com […]

Knowledge

သမိုင်းထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဓာတ်ပုံများ

ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ရှားပါးပြီးမြင်ရခဲလှတဲ့ သမိုင်းထဲက ဓာတ်ပုံလေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့ ဓာတ်ပုံလေးတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရှုလိုက်ကြပါဦးနော် ….. ၁။ မီချီဂန်ပြည်နယ် Fort Shelby Hotel ရဲ့ ထိပ်ဖျားကိုတက်ပြီး ဖျော်ဖြေနေတဲ့ ကောင်းကင်ကျွမ်းဘားမယ် Betty Fox ။ (၁၉၄၅) shwekhitonlinetv.com ၂။ လန်ဒန်ရောက် ကယန်း (ပဒေါင်) တိုင်းရင်းသူများ ။ (၁၉၃၅) shwekhitonlinetv.com ၃။ ရေငုပ်သမားတစ်ဦးဖြစ်တဲ့ Emile Racovitza ရဲ့ ပထမဆုံးရေအောက်မှာရိုက်ကူးခဲ့တဲ့ဓာတ်ပုံ […]

News

ကမ္ဘာ့အမြင့်ဆုံး သစ်ပင်ကြီး အနားကပ်တဲ့သူမှန်သမျှ ထောင်ဒဏ် (၆) လ နဲ့ ဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ အမြင့်ဆုံးသစ်ပင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးအနီးကို ယခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကပ်လို့မရအောင် ပြင်းထန်တဲ့ကန့်သတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com အဲ့ဒီကန့်သတ်ချက်မှာတော့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးရဲ့ အနားကို အခွင့်မရှိဘဲ ဘယ်လိုအကြောင်းမျိုးနဲ့မှကပ်ခွင့်ပေးတော့မှာမဟုတ်ပါဘူး။ တစ်ကယ်လို့ ဒီကန့်သတ်ချက်ကိုဖောက်ဖျက်ပြီး သစ်ပင်ကြီးရဲ့ အနီးကိုသွားရောက်ဖို့ ကြိုးပမ်းမှုခဲ့ရင် ထောင်ဒဏ်ခြောက်လအထိကျခံရနိုင်ပြီး ဒဏ်ငွေ ဒေါ်လာ ၅,၀၀၀ (ပေါင် ၄,၁၀၃) ချမှတ်ခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com ကယ်လီဖိုးနီးယားပြည်နယ် Redwood အမျိုးသားဥယျာဉ်ထဲက ဟိုက်ပါရီယံ (Hyperion) လို့အမည်ပေးထားတဲ့ […]

Entertainment

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတောင် အလုပ်လုပ်ခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ

ကိုယ်ဝန်ဆောင်တယ်ဆိုတာကတော့ အမျိုးသမီးတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။ ဒီအချိန်ကာလဟာ အမျိုးသမီးတွေအတွက် အသွားအလာ၊ အနေအထိုင်၊ အစားအသောက် ကစလို့အစစ အရာရာဆင်ခြင်ရတဲ့ကာလတစ်ခုဆိုလည်းမမှားပါဘူး။ ဒါပေမယ့်စစ်တမ်းတွေအရတော့ ကမ္ဘာပေါ်က ကိုယ်ဝန်ဆောင်အမျိုးသမီးစုစုပေါင်းရဲ့ (၅၆) ရာခိုင်နှုန်းလောက်ကအချိန်ပြည့်လုပ်ငန်းခွင်ဝင်နေကြပြီး အချို့ကလည်း နာရီအပိုင်းအခြားနဲ့ မိမိတို့အသက်မွေးဝမ်းကြောင်းအလုပ်တွေကိုလုပ်နေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်ဆယ်လီတွေထဲက ကိုယ်ဝန်ဆောင်နေစဉ် မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေကို လုပ်ကိုင်ခဲ့ကြသူတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ Adriana Lima စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Adriana Lima ကတော့ ပြီးခဲ့တဲ့ ဧပြီလထဲမှာသူမရဲ့ရင်သွေးလေးကိုလွယ်ထားရင်းနဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ […]

Amazing

ခရမ်းရောင်ကြိုက်သူတွေအတွက် တောင်ကိုရီးယားနိုင်ငံက သီးသန့်ကမ္ဘာလေး တစ်ခု

သင့်အနေနဲ့အရောင်တွေထဲမှာ ဘယ်အရောင်ကို ကြိုက်နှစ်သက်ဆုံးဖြစ်ပါသလဲ ? တစ်ကယ်လို့များသင်က ခရမ်းရောင်ကိုအလွန်တရာမှ ကြိုက်နှစ်သက်တဲ့သူတစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်တော့ အခုဖော်ပြမယ့် ကျွန်းကလေးကို တစ်ကြိမ်တစ်ခါလောက်တော့ သွားရောက်လည်ပတ်ဖို့အကြံပြုပါရစေ …. shwekhitonlinetv.com ဘာကြောင့်အခုလိုအကြံပေးရသလဲဆိုတော့ ဒီကျွန်းပေါ်မှာ မြင်တွေ့ရသမျှ အရာအားလုံးဟာခရမ်းရောင်တွေချည်းပဲ ဖြစ်နေလို့ပါ။ ဟုတ်ပါတယ်။ ဒီကျွန်းလေးကတော့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Banwol လို့အမည်ရတဲ့ကျွန်းလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကျွန်းပေါ်မှာရှိတဲ့ အဆောက်အုံတွေ၊ ပရိဘောဂအသုံးအဆောင်တွေ၊ စိုက်ခင်းတွေ၊ မော်တော်ယာဉ်တွေနဲ့ အခြားအသုံးအဆောင်အကုန်လုံးက ခရမ်းရောင်တစ်မျိုးတည်းဖြစ်နေတာပါ။ ဒါဟာဒီကျွန်းကို ကမ္ဘာလှည့်ခရီးသွားတွေလာရောက်ဖို့အတွက် အဓိကဆွဲဆောင်နေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ shwekhitonlinetv.com တောင်ကိုးရီးယားနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ […]