Fun

နှစ်ခေါက် ပြန်ကြည့်မှ နားလည်နိုင်မယ့် ရုတ်တရက် ရိုက်ကူးမိသော ဓာတ်ပုံများ

တစ်ခါတစ်ရံမှာ အမှတ်တရဓာတ်ပုံ၊ ရှုခင်းဓာတ်ပုံ၊ အလှဓာတ်ပုံ စတာတွေကိုရိုက်ကူးတဲ့အခါမှာ မထင်မှတ်ထားတဲ့ ရှုထောင့်အနေအထားနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် အံ့အားသင့်စရာ ပုံတွေထွက်ပေါ်လာတက်ပါတယ်။ အခုတစ်ခေါက်မှာတော့ အဲ့ဒီလိုရိုက်ကူးမိခဲ့တဲ့ အလန်းစားပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ ဒီပုံမှာတော့ ပိတုန်းတစ်ကောင်က နေလုံးကြီးကိုချီမလာတဲ့ ပုံပေါက်နေပါတယ်။ shwekhitonlinetv.com ၂။ လေရဟတ် (၁၄) ခုကိုတစ်တန်းတည်းအနေအထားနဲ့ ရိုက်ကူးထားတဲ့ပုံကလည်း တစ်မျိုးကြည့်ရတာ ထူးခြားနေပါတယ်။ shwekhitonlinetv.com ၃။ ဒီတိမ်တိုက်တွေရဲ့ အသွင်ကတော့ နဂါးတစ်ကောင်မီးမှုတ်နေသလိုမျိုး ခပ်ဆန်းဆန်းလေးဖြစ်ပေါ်နေပြန်ပါတယ်။ shwekhitonlinetv.com ၄။ လေယာဉ်ပေါ်ကနေလက်ပြနှုတ်ဆက်တဲ့အချိန် သက်တံနဲ့ ချိန်သားကိုက်ဖြစ်သွားတဲ့အခါမှာတော့ […]

News

လမ်းပေါ်မှာ မျောက်မောင်းမလေး တစ်ကောင် ထိုင်နေလို့ ရဲက သွားကြည့်တဲ့အခါ

တောထဲမှာသာနေထိုင်ကျက်စားကြတဲ့ တောရိုင်းတိရိစ္ဆာန်တွေဟာ တစ်ခါတစ်ရံမှာတော့ လူသားတွေနဲ့နီးစပ်တဲ့ အဝေးပြေးလမ်းမလိုနေရာမျိုးတွေကို မျက်စိလည်လမ်းမှားပြီးရောက်ရှိလာတက်ကြပါတယ်။ အဲ့လိုအခါမျိုးမှာတော့ သူတို့ဟာ ပုံမှန်နေထိုင်ရာနေရာနဲ့ ကွဲပြားခြားနားတဲ့ဝန်းကျင်သစ်ကြောင့် ကြောက်ရွံ့ထိတ်လန့်နေတက်ကြပါတယ်။ shwekhitonlinetv.com အဝေးပြေးလမ်းတွေဟာ လူသားတွေအတွက်တော့ ကားတွေကိုအရှိန်နှုန်းမြှင့်ပြီး လိုရာခရီးကို အချိန်ကုန်သက်သာစွာနဲ့ အလျင်အမြန်သွားနိုင်အောင်လို့ ဖန်တီးပြုလုပ်ထားတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအရှိန်ပြင်းပြင်းမောင်းနှင်နေကြတဲ့ လမ်းတွေပေါ်မှာ တောရိုင်းတိရိစ္ဆာန်တွေအနေနဲ့ ရုတ်တရက်ဖြတ်ကူး၊ ဖြတ်သွားမယ်ဆိုရင်တော့ အလွန်အန္တရာယ်များပြားလှပါတယ်။ shwekhitonlinetv.com အထူးသဖြင့်သွားလာလှုပ်ရှားမှုနှေးကွေးတဲ့ သတ္တဝါငယ်လေးတွေအတွက်ဆိုရင်ပိုလို့တောင် အန္တရာယ်များလှပြီး မတော်တဆဖြစ်ကာ သေဆုံးနိုင်ခြေရာခိုင်နှုန်းပိုမိုမြင့်မားမှာဖြစ်ပါတယ်။ shwekhitonlinetv.com Sloth (မျောက်မောင်းမ) လေးတွေဟာ သွားလာလှုပ်ရှားမှုအလွန်နှေးကွေးတဲ့ […]

Knowledge

လုံးဝ သွားရောက်ဖို့ မသင့်တဲ့ ကမ္ဘာပေါ်က နေရာ (၇) ခု

ယူရေနီယံ၊ ပလူတိုနီယံ စတဲ့သတ္တုဒြပ်စင်တွေဟာ လူသားတွေကိုအကျိုးပြုနိုင်တဲ့ စွမ်းအင်တွေအများအပြားထုတ်ပေးနိုင်သလိုပဲ ဒီအရာတွေကို သေချာစွာကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိရင်တော့ လူသားတွေအတွက်အန္တရာယ်အလွန်များတဲ့ ဆိုးကျိုးတွေကိုပေးနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီအရာတွေကိုကောင်းမွန်စွာမထိန်းချုပ်နိုင်ခဲ့တာကြောင့် ယနေ့တိုင် အန္တရာယ်ဆိုးကျိုးတွေပေးနိုင်တဲ့ ပတ်ဝန်းကျင်တွေဖြစ်ခဲ့ရတဲ့ နေရာတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ The Somali Coast , Somali အာဖရိကတိုက်မှာရှိတဲ့ ဆိုမာလီနိုင်ငံကတော့ အတော်ဆိုးတဲ့ ပင်လယ်ဓားပြတွေကြောင့် ကမ္ဘာနဲ့ချီပြီးကို နာမည်ကျော်ကြားလှပါတယ်။ ဒါတင်မကသေးပါဘူး ဆိုမာလီကမ်းရိုးတန်းကလည်း ရေဒီယိုသတ္တိကြွပစ္စည်းတွေကြောင့် နာမည်ကျော်ကြားလှပါသေးတယ်။ ဆိုမာလီလိုဆင်းရဲတဲ့နိုင်ငံက နျူကလီးယားလက်နက်မပိုင်ဆိုင်သလို နျူကလီးယားဓာတ်ပေါင်းဖိုတွေလည်းရှိမနေပါဘူး။ ရေဒီယိုသတ္တိကြွနေရတဲ့အကြောင်းအရင်းက […]

Fun

ငိုအားထက် ရယ်အားသန် ဖြစ်စေမယ့် ဓာတ်ပုံများ

ရွှေခေတ်ပရိသတ်တွေကိုအခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ အလွန်အံ့သြစရာကောင်းလောက်အောင် တိုက်ဆိုင်လွန်းလှသလို ရယ်စရာလည်းကောင်းလှတဲ့ ဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ တစ်ပုံချင်းစီကြည့်ပေးကြပါဦးနော် ….. shwekhitonlinetv.com ၁။ ဒီပုံမှာတော့ တိုက်ဆိုင်စွာနဲ့ပဲ သတင်းကြေညာသူရဲ့ ရုပ်ရည်သွင်ပြင်ဟာ ဓားပြနဲ့သွားပြီးချွတ်စွတ်တူနေတာပဲဖြစ်ပါတယ်။ တစ်ကယ် ဓားပြတိုက်ခဲ့တာက သူများဖြစ်နေမလား စဉ်းစားစရာပါပဲ။ shwekhitonlinetv.com ၂။ ဒီ ဘတ်စ်ကားပေါ်မှာပါလာတဲ့ အဖိုးအိုကတော့ Lord of the ring , Hobbit ဇာတ်ကားတွေထဲမှာပါတဲ့ မှော်ဆရာကြီး Gandalf နဲ့ တထေရာတည်းတူလွန်းနေပါတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက သူ့ရဲ့အနောက် တစ်ခုံကျော်မှာ […]

Fun

ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး ဒီဇိုင်းများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို သူများထက်ဉာဏ်ကောင်းပြီး အိုင်ဒီယာကွန့်မြူးထားတဲ့သူတွေ ဖန်တီးထားတဲ့ အရာတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ အဲ့ဒီ ဒီဇိုင်းတွေက အလန်းစားတွေလို့ဆိုနိုင်မလား ? စိတ်ပျက်စရာကောင်းလောက်အောင် ကြည့်ရဆိုးနေလား ? ဆိုတာတော့ ကြည့်ပြီးအကဲဖြတ်ပေးကြပါဦး။ shwekhitonlinetv.com ၁။ သူ့ရဲ့ ဆံပင်စတိုင်က ကြည့်ရတာအတော်လေးကို ဆိုးတယ်လို့ထင်ရပေမယ့် ဖန်တီးမှုကတော့အတော်ကိုပီပြင်တယ်လို့ဆိုရမှာပါ။ shwekhitonlinetv.com ၂။ အခုလိုမျိုး လက်သည်းတုတွေကိုဆေးလိပ်တိုပုံစံတွေဖန်တီးထားတာကတော့ မြင်ရသူကိုအော်ဂလီဆန်သွားစေမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com ၃။ ဒီဆိုင်ကယ်ကားကလည်း ကြည့်ရတာလန်းတယ်လို့ထင်ရပေမယ့် နောက်က ကားဘောနက်ပုံစံ အတွဲကြီးက ဘာအသုံးဝင်သလဲဆိုတာ စဉ်းစားစရာပါပဲ။ shwekhitonlinetv.com ၄။ ဘိုထိုင်အိမ်သာဖုံးက […]

Entertainment

ထူးခြားအံ့သြစရာ အကျင့်စရိုက်တွေရှိနေတဲ့ ကမ္ဘာကျော် (၁၀) ဦး

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဆိုတာကလည်း လူတွေထဲက လူတွေပဲဖြစ်ကြပါတယ်။ ဒါကြောင့်လည်းသူတို့ဟာ သာမန်လူတွေလိုပဲ ရူးသွပ်မှု၊ အယူသီးမှု၊ အစွဲအလန်းကြီးမှု စတာတွေကိုယ်စီရှိနေကြပါတယ်။ အခုတစ်ခေါက်မှာတော့ ထူးခြားတဲ့အလေ့အထတွေကို ပြုမူတက်တဲ့ ကမ္ဘာကျော် ဆယ်လီတွေရဲ့ အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ကင်မရွန်းဒိုင်ယာ့ဇ် ကမ္ဘာကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ကင်မရွန်းဒိုင်ယာ့ဇ်ကတော့ တံခါးတွေကို အမြဲတမ်းလိုလို တံတောင်ဆစ်သုံးပြီးဖွင့်တဲ့ အလေ့အထကိုစွဲလန်းနေသူတစ်ဦးဖြစ်ပါတယ်။ ဒါဟာတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ဘက်တီးရီးယားတွေမပြန့်ပွားအောင်၊ မကူးစက်အောင် ထိန်းသိမ်းရာတော့ရောက်ပါတယ်။ shwekhitonlinetv.com ၂။ အိန်ဂျလီနာဂျိုလီ ပရဟိတမင်းသမီးတစ်ဦးလို့လူသိများတဲ့ အိန်ဂျလီနာဂျိုလီကတော့ ပိုးကောင်တွေ အင်းဆက်တွေကို စားသုံးရတာကျေနပ်နှစ်သက်သူတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ […]

Knowledge

ဒီကမ္ဘာမြေကြီးပေါ်မှာ ထူးထူးခြားခြား ဖြစ်တည်နေတဲ့ သိပ္ပံနယ်လွန် အကြောင်းအရာများ

ကမ္ဘာကြီးဟာထူးခြားဖြစ်စဉ်တွေနဲ့ ပြည့်နှက်နေတဲ့ အံ့အားသင့်ဖွယ်ဂြိုဟ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီလိုထူးခြားဖြစ်စဉ်တွေထဲမှာတော့ အချို့ဖြစ်စဉ်တွေဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ပေါ်နေရသလဲဆိုတာကို ယနေ့တိုင်အဖြေထုတ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီအထဲက စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်စဉ်တွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ Sailing Stones အမေရိကန်နိုင်ငံ Death Valley ဒေသကတော့ ရွက်လွှင့်နေတဲ့ကျောက်တုံးများ (Sailing Stones) တည်ရှိတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာကကျောက်တုံးတွေဟာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းတို့ဘာသာရွှေ့လျားနိုင်ကြတယ်လို့သိရပါတယ်။ ဒီနေရာကကျောက်တုံးတွေသူ့အလိုလျောက်ရွေ့လျားတာကို လွန်ခဲ့တဲ့နှစ် (၁၀၀) လောက်ကစတင်ပြီးသတိထားမိခဲ့ကြပေမယ့် ဘယ်လိုအကြောင်းကြောင့်ခုလိုမျိုးရွေ့လျားနေကြသလဲဆိုတာကိုတော့ ဘယ်သူကမှအတိအကျ ဖြေရှင်းချက်မပေးနိုင်ကြသေးပါဘူး။ သီအိုရီတွေအရတော့ သံလိုက်ဓာတ်ကြောင့်ရွှေ့လျားကြတယ်၊ အားကောင်းတဲ့လေပြင်းတွေကြောင့် ရွှေ့လျားကြတယ် […]

Entertainment

ပထမဆုံး ပွဲဦးထွက် ဇာတ်ကားနဲ့တင် နာမည်ကြီးသွားတဲ့ သရုပ်ဆောင် (၉) ယောက်

ရွှေခေတ်ပရိသတ်ကြီးကိုအခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားမှာတင် အကြီးအကျယ်အောင်မြင်မှုရရှိပြီး ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ သရုပ်ဆောင် (၉) ဦးရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးနော် …. shwekhitonlinetv.com ၁။ Ho Yeon Jung Ho Yeon Jung ကတော့ Netflix ရဲ့လူကြည့်အများဆုံး စီးရီးတွေထဲကတစ်ခုဖြစ်တဲ့ Squid Game ဇာတ်ကားမှပါဝင်သရုပ်ဆောင်ခဲတဲ့သူဖြစ်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးတဲ့နောက်မှာတော့ သူမဟာ Instagram မှာ Followers အများဆုံး ကိုရီးယားသရုပ်ဆောင်တွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်အေဂျင်စီ CAA နဲ့အနာဂတ်သရုပ်ဆောင်လုပ်ငန်းတွေလုပ်ကိုင်ဖို့ […]

Fun

တစ်နှစ်တာအတွင်း ဖြတ်ထိုးဥာဏ်အကောင်းဆုံးဆု ရရှိသင့်တဲ့ သူများ

အခုတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ တစ်နှစ်တာဉာဏ်အကောင်းဆုံးဆုပေးသင့်အောင်ကို ဖြတ်ထိုးဉာဏ်သုံးပြီးအခက်အခဲတွေကို ဖြေရှင်းခဲ့တဲ့လူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုလူတွေက ဘယ်လိုတွေတောင်ဉာဏ်ကောင်းထားကြသလဲကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ ဒီကလေးမလေးရဲ့ ဖက်ရှင်ကိုတော့ “Thorella” လို့နာမည်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့သူက “Cinderella” လဲဖြစ်ချင်သလို “Thor” လဲဖြစ်ချင်တယ်လေ။ shwekhitonlinetv.com ၂။ အသက် (၉၆) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဘီးတပ်ကုလားထိုင်မပါဘဲလမ်းလျှောက်နိုင်တဲ့ အဖွားကို နေ့စဉ်သူ့ရဲ့ပန်းပင်တွေကိုရေလောင်းနိုင်အောင်လို့ ကရိန်းနဲ့အကူအညီပေးနေတာပါ။ shwekhitonlinetv.com ၃။ ဒီအိမ်ပိုင်ရှင်ကတော့သူ့မှာခြံစောင့်ခွေးမရှိတဲ့အတွက် သူ့အိမ်ရှေ့ကအပင်လေးတွေကို ခွေးတစ်ကောင်ပုံဖြစ်အောင် ဖန်တီးလိုက်တယ်လေ။ shwekhitonlinetv.com ၄။ ဒါကတော့နှင်းတွေကျပြီးညစ်ပတ်နေတဲ့ ကားလမ်းမပေါ်မှာ လူကူးမျဉ်းကြားကိုထင်ရှားအောင်လို့ ဖန်တီးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com […]

World Top

ကိုင်လီယန်ဘာပေ ဦးဆောင်နေတဲ့ လက်ရှိလုပ်ခလစာအမြင့်ဆုံး ဘောလုံးသမား (၁၀) ဦး

အသက် (၂၃) နှစ်အရွယ်သာရှိသေးတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှုးလေး ကိုင်လီယန်ဘာပေဟာ မကြာသေးမီကမှအသင်းနဲ့ စာချုပ်သက်တမ်းသစ်တိုးခဲ့ပါတယ်။ စာချုပ်သစ်အရ ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၂၅ ခုနှစ်အထိဆက်လက်ရှိနေတော့မှာဖြစ်ပါတယ်။ နောက်ပြီးစာချုပ်ပါအချက်အလက်တွေအရဆိုရင် ဘာပေဟာ တစ်ပတ်ကို ပေါင် (၁) သန်းအထိရရှိမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ လက်ရှိဘောလုံးကမ္ဘာမှာဘယ်ကစားသမားမှ မရရှိဖူးတဲ့ လုပ်ခလစာတစ်ရပ်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘာပေနဲ့အတူ လစာနှုန်းထားအမြင့်ဆုံးရရှိနေတဲ့ ဘောလုံးသမား (၁၀) ဦးကိုဖော်ပြရရင်တော့ ….. shwekhitonlinetv.com ၁၀။ ရောဘတ်လီဝန်ဒေါစကီး – တစ်ပတ်လုပ်ခ ပေါင် […]